ရေသ့ေတာင္နဲ႔ ေက်ာက္ေတာ္မွာ မိုင္းခြဲတိုက္ခိုက္မႈမ်ားျဖစ္ပြား

ရေသ့ေတာင္နဲ႔ ေက်ာက္ေတာ္မွာ မိုင္းခြဲတိုက္ခိုက္မႈမ်ားျဖစ္ပြား  
Zawgyi
စစ္ေရးပဋိပကၡျပင္းထန္ေနဆဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသအတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႕ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား ဗုံးခြဲတိုက္ခိုက္မွဳအပါ၀င္တိုက္ပြဲေတြဆက္လက္ျဖစ္ပြါးေနတာပါ။

ဒီကေန႕ ရေသ့ေတာင္ျမိဳ႕နယ္၊ ခ်ိန္ခါလီေက်းရြာကားလမ္းအေပၚမွာ ျမန္မာစစ္ယာဥ္တန္းဗုံးခြဲတိုက္ခိုက္ခံရတယ္လို႕ ေဒသခံေတြနဲ႕ လႊတ္ေတာ္ကိုယ္စား လွယ္ေတြကေျပာပါတယ္။ မေန႕ကလဲေက်ာက္ေတာ္ျမိဳ႕နယ္အတြင္ းဗုံးခြဲပစ္ခတ္တိုက္ခိုက္မွဳျဖစ္စဥ္မွာ အရပ္သားေတြ ထိခိုက္ေသဆုံးမွဳရွိခဲ့တယ္လ္ုိ႕လဲ တပ္မေတာ္နဲ႕ ေဒသခံရြာသားေတြကဆိုပါတယ္။ ရခိုင္ျပည္နယ္အတြင္းစစ္ေရးေနာက္ဆုံး အေျခအေနကိုေတာ့ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္၊ ရေသ႔ေတာင္ျမိဳ႕နယ္၊ ေမာင္ေတာ-အငူေမာ္ကားလမ္း ခ်ိန္ခါလီေက်းရြာေတာင္ဖက္ ေရေက်ာ္တံတား အနီးမွာ တပ္မေတာ္ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရတယ္လို႕ ခ်ိန္ခါလီေက်းရြာသားတဦးကေျပာပါတယ္။

“ခ်ိန္ခါလီရဲ႕ေတာင္ဖက္ ေရေက်ာ္တံတားထိပ္မွာေပါက္တယ္လ္ုိ႕ေျပာတယ္။ ဘာမွေတာ့ထိခိုက္မွဳမရွိဘူး။ စစ္ကား(၃)စီး တက္လာတယ္လို႕ေတာ့ၾကားတယ္။ အဲဒီတုန္းမိုင္းေပါက္တယ္လို႕ေျပာတယ္ဗ်။”

ဗုံးေပါက္ကြဲအျပီး ပစ္ခတ္မွဳအနဲငယ္ရွိခဲ့ေပမဲ့ ထိခိုက္မွဳတစုံတရာမရွိဘူးလို႕သူကဆိုပါတယ္။

ခ်ိန္ခါလီေက်းရြာအတြင္းလူ၀င္မွဳၾကီးၾကပ္ေရးအဖြဲ႕ေတြေရာက္ေနစဥ္အတြင္း မိုင္းခြဲျဖစ္စဥ္ျဖစ္ပြါးျပီး အငူေမာ္ ေတာင္ဦး ေစတီဘက္မွာလဲ ဒီမနက္ဗုံးေပါက္ကြဲမွဳရွိေနတယ္လို႕ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာပါတယ္။

“မနက္(၈)နာရီေလာက္မွာ ခ်ိန္ခါလီရြာရဲ႕ေတာင္ဖက္မွာတံတားေလးတခုရွိတယ္။ ေတာင္က်ေခ်ာင္းျဖတ္ကူးတဲ့တံတား။ အဲဒီနားမွာမိုင္းေပါက္တယ္လို႕သိရတယ္။ လ၀ကတဖြဲ႕ေရာက္ေနတယ္လို႕သိရတယ္။ အငူေမာ္ဆိပ္ကမ္းနားမွာ အငူေမာ္ကုန္တန္းဆိုတဲ့ရြာရွိတယ္။ အဲဒီရြာရဲ႕ေျမာက္ဖက္ ေတာင္ဦးဘုရားဆိုတာရွိတယ္။ အဲဒီေတာင္ဦးဖက္မွာလဲ မိုင္းတလုံးထပ္ကြဲေသးတယ္လို႕ေျပာတယ္။”

ဒီကေန႕မိုင္းေပါက္ကြဲမွဳျဖစ္စဥ္နဲ႕ပက္သက္ျပီးတပ္မေတာ္ေျပာခြင့္ရနဲ႕AAျပန္ၾကားေရးတာ၀န္ခံကိုေမးျမန္းရာမွာ မသိရွိေသးဘူးလို႕ဆိုပါတယ္။

မေန႕ကေတာ့ ေက်ာက္ေတာ္ျမိဳ႕နယ္ျပိန္းေတာင္းေက်းရြာမွာတပ္မေတာ္စစ္ေၾကာင္းတခုမိုင္းခြဲတိုက္ခိုက္ခံရတယ္လို႕ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“ကြ်န္ေတာ္တို႕မေန႕က ေန႕လည္တနာရီနဲ႕ တနာရီ(၅)မိနစ္ၾကားထဲမွာ ကြ်န္ေတာ္တို႕ကန္ေစာက္ရဲ႕အေရွ႕ေျမာက္ဖက္ မီတာ(၃၀၀၀)ေလာက္မွာ AAေသာင္းက်န္းသူအင္အား(၁၀)ဦးေလာက္က ရီမုမိုင္းဆြဲျပီးေတာ့တပ္မေတာ္စစ္ေၾကာင္းကို တိုက္ခိုက္ခဲ့တာရွိတယ္။ ကြ်န္ေတာ္တို႕ျပန္လည္ပစ္ခတ္ေတာ့ ရန္သူအေနာက္ဖက္ဆုတ္သြားတယ္။”

မိုင္းခြဲခံရအျပီး ပစ္ခတ္မွဳေၾကာင့္ျပိန္းေတာရြာသား (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ျပီး အေပါက္၀ေက်းရြာသား တဦးလဲ ေသဆုံးခဲ့တယ္လို႕ အေပါက္၀ေက်းရြာသားတဦးက ဆိုပါတယ္။

“စစဦးကေတာ့ဗုံးေပါက္တယ္လို႕ေျပာပါတယ္။ ေနာက္ျပီးေတာ့လက္နက္ၾကီးလက္နက္ငယ္ပစ္သံေတြလဲၾကားပါတယ္။ ရြာသားေတြေၾကာက္အားတၾကီးနဲ႕ ဘုန္းၾကီးေက်ာင္းမွာ ဓမၼာရံုမွာ ျပားျပား၀ပ္ေနၾကပါတယ္။ အဲဒီမွာလက္နက္ၾကီး တလုံးလာထိမွန္ျပီးေတာ့ ရြာသားေယာက်ာ္းတဦးရယ္ မိန္းမတဦးရယ္ အဲဒီႏွစ္ေယာက္မွာ လက္နက္ၾကီးအစထိပါတယ္။ မေန႕ကကြ်န္ေတာ္တို႕အေပါက္၀က ေပၚေတာ္မူရပ္ကြက္ကေပါက္ေခ်(ေခၚ) ထြန္းေအးျမတ္ဆိုတဲ့အရပ္သားတဦး ေသဆုံးသြားပါတယ္။ သူ႕မွာညာဖက္လက္ေမာင္းလဲက်ိဳးသြားပါတယ္။ ေနာက္ျပီးေတာ့ညာဖက္ေျခေထာက္လဲ က်ိဳးသြားပါတယ္။ ဖူးေယာင္ဒဏ္ရာေတြနဲ႕မဲေနတယ္အကိုရ။”

တပ္မေတာ္ကေနလမ္းျပအျဖစ္ေခၚသြားတဲ့အေပါက္၀ေက်းရြာသားေသဆုံးမွဳမွာ သံသယျဖစ္စရာအေန အထား ရွိေနတယ္လို႕ရြာသားေတြကေျပာဆိုေနသလို တပ္မေတာ္ဖက္ကေတာ့ AAေထာင္ထားတဲ့မိုင္းေၾကာင့္လို႕ တပ္မ ေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“မိုင္းကြဲတဲ့ေနရာနဲ႕(၅)ေပေလာက္အကြာမွာဘဲ ေပါက္၀ေက်းရြာမွာ ထြန္းေအးျမတ္(၄၂)ႏွစ္ကိုကြ်န္ေတာ္တို႕ သူ႕အေလာင္းကို ေတြ႕ရွိတယ္။ အေလာင္းမွာေတာ့ဦးေခါင္းမွာေနာက္ေစ့မွာ မိုင္းစ၀င္ထားတာေတြ႕ရတယ္။ လက္ျပင္မွာလဲမိုင္းစေဖါက္၀င္ထားတယ္။ ညာဖက္ေပါင္မွာလဲ မိုင္းစေဖါက္၀င္ျပီးေသဆုံးေနတာေတြ႕ရပါတယ္။

မေန႕ကလဲေျမာက္ဦးျမိဳ႕နယ္၊ တိမ္ည္ိဳေက်းရြာဖက္ကတပ္မေတာ္ ယာယီေထာက္ပို႔စခန္းတခုကို AAဖက္က သိမ္းပိုက္ရရွိခဲ့တယ္လို႕(AA)ျပန္ၾကားေရးတာ၀န္ခံခိုင္သုခကေျပာပါတယ္။

“ေျမာက္ဦးျမိဳ႕နယ္တိမ္ညိဳနားမွာရွိတဲ့ ဗမာစစ္တပ္ရဲ႕ေထာက္ပို႕စခန္းကိုကြ်န္ေတာ္တို႕ ရခိုင့္တပ္ေတာ္ကေနျပီးေတာ့ သိမ္းပိုက္ခဲ့တာရွိတယ္။ အဲဒီမွာေတာ့လက္နက္ခဲယမ္း ဒီစစ္အသုံးေဆာင္ စာရြက္စာတန္း ရိကၡာပစၥည္းေတြကို သိမ္းဆီးရမိတာရွိတယ္။”

တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဒီသတင္းမွန္ကန္မႈ မရွိဘူးလို႕ေျပာပါတယ္။

“ကြ်န္ေတာ္ျမင္တာကမရွိပါဘူးဗ်။ ကြ်န္ေတာ္သိထားသေလာက္ေတာ့ မေန႕ကအထိေတာ့မရွိဘူး။”

ဒီကေန႕မွာလဲ ပုဏၰားကၽြန္းၿမိဳ႕နယ္ ေျမာက္ဘက္ ေအာင္ျမေက်ာ္ေက်းရြာတဝိုက္မွာ ျမန္မာစစ္တပ္နဲ႕AAရခိုင္ လက္ နက္ကိုင္ အဖြဲ႕တို႕တိုက္ပြဲျဖစ္ပြားေနဆဲျဖစ္ျပီး တိုက္ပြဲအေျခအေနကိုမသိရေသးဘူးလို႕ AAဖက္ကေျပာပါတယ္။

မေန႕ကတရက္ထဲမွာ ရခိုင္ျပည္နယ္ေျမာက္ဦး၊ ပုဏၰားကၽြန္း၊ ေက်ာက္ေတာ္နဲ႕ ခ်င္းျပည္နယ္ပလက္၀တို႕မွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႕AAေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြနဲ႕အတူ ဗုံးခြဲတိုက္ခိုက္မွဳျဖစ္စဥ္ဟာဆက္တိုက္ျဖစ္ပြားေနပါတယ္။

ေအာက္တိုဘာ ၁၅၇က္ေန႕ကမင္းျပားၿမိဳ႕နယ္၊ ကမ္းနီေက်းရြာအနီးမွာ မိုုင္းေထာင္ေနတဲ့AA အဖြဲ႕၀င္ႏွစ္ဦးနဲ႕ ေက်ာက္ေတာ္ျမိဳ႕နယ္ စစ္ေအာင္ေက်းရြာအနားမွာ ဗုံးေထာင္ေနတဲ့ AAအဖြဲ႕၀င္တဦးကိုျမန္မာစစ္တပ္ကေနေတြ႕ရွိျပီး အေသ ဖမ္းဆီးရမိလို႕ တပ္မေတာ္ဖက္က သတင္းထုတ္ျပန္ထားပါတယ္။ တပ္မေတာ္ရဲ႕ထုတ္ျပန္ခ်က္အေပၚရခိုင္လက္နက္ကိုင္AAအဖြဲ႕ေျပာခြင့္ရကျငင္းဆိုထားပါတယ္။

..................

ရသေ့တောင်နဲ့ ကျောက်တော်မှာ မိုင်းခွဲတိုက်ခိုက်မှုများဖြစ်ပွား

စစ်ရေးပဋိပက္ခပြင်းထန်နေဆဲရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဗုံးခွဲတိုက်ခိုက်မှုအပါဝင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတာပါ။

ဒီကနေ့ ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာကားလအ်းပေါ်မှာ မြန်မာစစ်ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေကပြောပါတယ်။ မနေ့ကလဲကျောက်တော်မြို့နယ်အတွင်းဗုံးခွဲပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်မှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လဲ တပ်မတော်နဲ့ ဒေသခံရွာသားတွေကဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းစစ်ရေးနောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တော-အငူမော်ကားလမ်း ချိန်ခါလီကျေးရွာတောင်ဖက် ရေကျော်တံတား အနီးမှာ တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ချိန်ခါလီကျေးရွာသားတဦးကပြောပါတယ်။

“ချိန်ခါလီရဲ့တောင်ဖက် ရေကျော်တံတားထိပ်မှာပေါက်တယ်လို့ပြောတယ်။ ဘာမှတော့ထိခိုက်မှုမရှိဘူး။ စစ်ကား(၃)စီး တက်လာတယ်လို့တော့ကြားတယ်။ အဲဒီတုန်းမိုင်းပေါက်တယ်လို့ပြောတယ်ဗျ။”

ဗုံးပေါက်ကွဲအပြီး ပစ်ခတ်မှုအနဲငယ်ရှိခဲ့ပေမဲ့ ထိခိုက်မှုတစုံတရာမရှိဘူးလို့သူကဆိုပါတယ်။

ချိန်ခါလီကျေးရွာအတွင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေရောက်နေစဉ်အတွင်း မိုင်းခွဲဖြစ်စဉ်ဖြစ်ပွါးပြီး အငူမော် တောင်ဦး စေတီဘက်မှာလဲ ဒီမနက်ဗုံးပေါက်ကွဲမှုရှိနေတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“မနက်(၈)နာရီလောက်မှာ ချိန်ခါလီရွာရဲ့တောင်ဖက်မှာတံတားလေးတခုရှိတယ်။ တောင်ကျချောင်းဖြတ်ကူးတဲ့တံတား။ အဲဒီနားမှာမိုင်းပေါက်တယ်လို့သိရတယ်။ လဝကတဖွဲ့ရောက်နေတယ်လို့သိရတယ်။ အငူမော်ဆိပ်ကမ်းနားမှာ အငူမော်ကုန်တန်းဆိုတဲ့ရွာရှိတယ်။ အဲဒီရွာရဲ့မြောက်ဖက် တောင်ဦးဘုရားဆိုတာရှိတယ်။ အဲဒီတောင်ဦးဖက်မှာလဲ မိုင်းတလုံးထပ်ကွဲသေးတယ်လို့ပြောတယ်။”

ဒီကနေ့မိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ပက်သက်ပြီးတပ်မတော်ပြောခွင့်ရနဲ့AAပြန်ကြားရေးတာဝန်ခံကိုမေးမြန်းရာမှာ မသိရှိသေးဘူးလို့ဆိုပါတယ်။

မနေ့ကတော့ ကျောက်တော်မြို့နယ်ပြိန်းတောင်းကျေးရွာမှာတပ်မတော်စစ်ကြောင်းတခုမိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ကျွန်တော်တို့မနေ့က နေ့လည်တနာရီနဲ့ တနာရီ(၅)မိနစ်ကြားထဲမှာ ကျွန်တော်တို့ကန်စောက်ရဲ့အရှေ့မြောက်ဖက် မီတာ(၃၀၀၀)လောက်မှာ AAသောင်းကျန်းသူအင်အား(၁၀)ဦးလောက်က ရီမုမိုင်းဆွဲပြီးတော့တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာရှိတယ်။ ကျွန်တော်တို့ပြန်လည်ပစ်ခတ်တော့ ရန်သူအနောက်ဖက်ဆုတ်သွားတယ်။”

မိုင်းခွဲခံရအပြီး ပစ်ခတ်မှုကြောင့်ပြိန်းတောရွာသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပေါက်ဝကျေးရွာသား တဦးလဲ သေဆုံးခဲ့တယ်လို့ အပေါက်ဝကျေးရွာသားတဦးက ဆိုပါတယ်။

“စစဦးကတော့ဗုံးပေါက်တယ်လို့ပြောပါတယ်။ နောက်ပြီးတော့လက်နက်ကြီးလက်နက်ငယ်ပစ်သံတွေလဲကြားပါတယ်။ ရွာသားတွေကြောက်အားတကြီးနဲ့ ဘုန်းကြီးကျောင်းမှာ ဓမ္မာရုံမှာ ပြားပြားဝပ်နေကြပါတယ်။ အဲဒီမှာလက်နက်ကြီး တလုံးလာထိမှန်ပြီးတော့ ရွာသားယောကျာ်းတဦးရယ် မိန်းမတဦးရယ် အဲဒီနှစ်ယောက်မှာ လက်နက်ကြီးအစထိပါတယ်။ မနေ့ကကျွန်တော်တို့အပေါက်ဝက ပေါ်တော်မူရပ်ကွက်ကပေါက်ချေ(ခေါ်) ထွန်းအေးမြတ်ဆိုတဲ့အရပ်သားတဦး သေဆုံးသွားပါတယ်။ သူ့မှာညာဖက်လက်မောင်းလဲကျိုးသွားပါတယ်။ နောက်ပြီးတော့ညာဖက်ခြေထောက်လဲ ကျိုးသွားပါတယ်။ ဖူးယောင်ဒဏ်ရာတွေနဲ့မဲနေတယ်အကိုရ။”

တပ်မတော်ကနေလမ်းပြအဖြစ်ခေါ်သွားတဲ့အပေါက်ဝကျေးရွာသားသေဆုံးမှုမှာ သံသယဖြစ်စရာအနေ အထား ရှိနေတယ်လို့ရွာသားတွေကပြောဆိုနေသလို တပ်မတော်ဖက်ကတော့ AAထောင်ထားတဲ့မိုင်းကြောင့်လို့ တပ်မ တော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“မိုင်းကွဲတဲ့နေရာနဲ့(၅)ပေလောက်အကွာမှာဘဲ ပေါက်ဝကျေးရွာမှာ ထွန်းအေးမြတ်(၄၂)နှစ်ကိုကျွန်တော်တို့ သူ့အလောင်းကို တွေ့ရှိတယ်။ အလောင်းမှာတော့ဦးခေါင်းမှာနောက်စေ့မှာ မိုင်းစဝင်ထားတာတွေ့ရတယ်။ လက်ပြင်မှာလဲမိုင်းစဖေါက်ဝင်ထားတယ်။ ညာဖက်ပေါင်မှာလဲ မိုင်းစဖေါက်ဝင်ပြီးသေဆုံးနေတာတွေ့ရပါတယ်။

မနေ့ကလဲမြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာဖက်ကတပ်မတော် ယာယီထောက်ပို့စခန်းတခုကို AAဖက်က သိမ်းပိုက်ရရှိခဲ့တယ်လို့(AA)ပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။

“မြောက်ဦးမြို့နယ်တိမ်ညိုနားမှာရှိတဲ့ ဗမာစစ်တပ်ရဲ့ထောက်ပို့စခန်းကိုကျွန်တော်တို့ ရခိုင့်တပ်တော်ကနေပြီးတော့ သိမ်းပိုက်ခဲ့တာရှိတယ်။ အဲဒီမှာတော့လက်နက်ခဲယမ်း ဒီစစ်အသုံးဆောင် စာရွက်စာတန်း ရိက္ခာပစ္စည်းတွေကို သိမ်းဆီးရမိတာရှိတယ်။”

တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီသတင်းမှန်ကန်မှု မရှိဘူးလို့ပြောပါတယ်။

“ကျွန်တော်မြင်တာကမရှိပါဘူးဗျ။ ကျွန်တော်သိထားသလောက်တော့ မနေ့ကအထိတော့မရှိဘူး။”

ဒီကနေ့မှာလဲ ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် အောင်မြကျော်ကျေးရွာတဝိုက်မှာ မြန်မာစစ်တပ်နဲ့AAရခိုင် လက် နက်ကိုင် အဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေကိုမသိရသေးဘူးလို့ AAဖက်ကပြောပါတယ်။

မနေ့ကတရက်ထဲမှာ ရခိုင်ပြည်နယ်မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ချင်းပြည်နယ်ပလက်ဝတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့အတူ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်ဟာဆက်တိုက်ဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၁၅ရက်နေ့ကမင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီးမှာ မိုင်းထောင်နေတဲ့AA အဖွဲ့ဝင်နှစ်ဦးနဲ့ ကျောက်တော်မြို့နယ် စစ်အောင်ကျေးရွာအနားမှာ ဗုံးထောင်နေတဲ့ AAအဖွဲ့ဝင်တဦးကိုမြန်မာစစ်တပ်ကနေတွေ့ရှိပြီး အသေ ဖမ်းဆီးရမိလို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်အပေါ်ရခိုင်လက်နက်ကိုင်AAအဖွဲ့ပြောခွင့်ရကငြင်းဆိုထားပါတယ်။

 ကိုႏိုင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရေသ့ေတာင္နဲ႔ ေက်ာက္ေတာ္မွာ မိုင္းခြဲတိုက္ခိုက္မႈမ်ားျဖစ္ပြား ရေသ့ေတာင္နဲ႔ ေက်ာက္ေတာ္မွာ မိုင္းခြဲတိုက္ခိုက္မႈမ်ားျဖစ္ပြား  Reviewed by THITHTOOLWIN on 01:37 Rating: 5
Powered by Blogger.