၂၀၁၈ နဲ႔ ၂၀၁၉ စာေပႏိုဘယ္ဆုေၾကညာ


၂၀၁၉ ခုႏွစ္အတြက္ စာေပဆိုင္ရာ Nobel ဆုကို Austria ႏိုင္ငံက စာေရးဆရာ Peter Handke နဲ႔ ၂၀၁၈ ခုႏွစ္အတြက္ စာေပဆိုင္ရာ Nobel ဆုကို Poland ႏိုင္ငံကစာေရးဆရာမ Olga Tokarczuk တို႔ကို ေ႐ြးခ်ယ္လိုက္ပါတယ္။

၂၀၁၈ ခုႏွစ္က ႏိုင္ငံတကာ Man Booker ဆုကို ရ႐ွိခဲ့တဲ့ စာေရးဆရာမ Olga Tokarczuk ရဲ႕ Flights ဆိုတဲ့ ဝတၴဳဟာ စြယ္စံုက်မ္းမွာ အဓိပၸါယ္ဖြင့္ဆုိတဲ့ ၾကင္နာမႈကို ကိုယ္စားျပဳသလို အတားအဆီး အကာအရံေတြကို ေက်ာ္ျဖတ္ၿပီး စိတ္ကူးနဲ႔ ဘဝသရုပ္ေဖၚသဖြယ္ ေဖၚညႊန္းႏိုင္ခဲ့တဲ့အတြက္ Nobel ဆုေပးဖုိ႔ ဆံုးျဖတ္ခဲ့တယ္လို႔ Swedish Academy ကေျပာပါတယ္။

စာေရးဆရာ Peter Handke ကေတာ့ လူသားတို႔ရဲ႕ အေတြ႔အႀကံဳကို အေသးစိတ္ေရာ၊ အစြန္အဖ်ားေလးပါမက်န္ စူးစမ္းခဲ့ၿပီး စစ္မွန္တဲ့ ဘာသာေဗဒနဲ႔ ေဖာ္က်ဴးၿပီး လႊမ္းမိုး သက္ေရာက္ေအာင္ ေဆာင္ရြက္မႈအတြက္ ဆုေပးခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က စာေပဆိုင္ရာ ဆုေ႐ြးခ်ယ္ေရးအဖဲြ႔မွာ လိင္ပုိင္းဆိုင္ရာ အ႐ႈပ္ေတာ္ပံုေတြ ႐ွိခဲ့တာေၾကာင့္ ဆုမေပးျဖစ္ခဲ့တဲ့အတြက္ ဒီႏွစ္မွာ ၂၀၁၈ ခုႏွစ္အတြက္ေရာ ၂၀၁၉ ခုႏွစ္အတြက္ပါ ဆု ႏွစ္ ခုကို ေပးတာျဖစ္ပါတယ္။

စကာတင္ ရွစ္ ေယာက္ထဲကေန ႏွစ္ ေယာက္ကို ေ႐ြးခ်ယ္ခ့ဲတယ္လို႔ Swedish Academy ရဲ႕ Nobel ေကာ္မတီဥကၠ႒ Anders Olsson ကေျပာၾကားပါတယ္။

Sweden ႏိုင္ငံ Stockholm ၿမိဳ႕မွာ ဒီဇင္ဘာ ၁၀ ရက္က်ရင္ က်င္းပမယ့္ ဆုေပးပြဲအခမ္းအနားက်ရင္ စာေပဆိုင္ရာ Nobel ဆု႐ွင္ ၂ ေယာက္အေနနဲ႔ ေဒၚလာ ၉၂၀,၀၀၀ ေလာက္နဲ႔ ညီမွ်တဲ့ ဆုေၾကးအျပင္ ေ႐ႊဆုတံဆိပ္နဲ႔ Diploma ဆုလက္မွတ္ေတြကိုရ႐ွိၾကမွာျဖစ္ပါတယ္။

မနက္ျဖန္ ေသာၾကာေန႔က်ရင္ေတာ့ ၂၀၁၉ ခုႏွစ္အတြက္ Nobel ၿငိမ္းခ်မ္းေရးဆုကို ေၾကညာမွာ ျဖစ္ပါတယ္။

[Unicode Version]

၂၀၁၉ ခုနှစ်အတွက် စာပေဆိုင်ရာ Nobel ဆုကို Austria နိုင်ငံက စာရေးဆရာ Peter Handke နဲ့ ၂၀၁၈ ခုနှစ်အတွက် စာပေဆိုင်ရာ Nobel ဆုကို Poland နိုင်ငံကစာရေးဆရာမ Olga Tokarczuk တို့ကို ရွေးချယ်လိုက်ပါတယ်။

၂၀၁၈ ခုနှစ်က နိုင်ငံတကာ Man Booker ဆုကို ရရှိခဲ့တဲ့ စာရေးဆရာမ Olga Tokarczuk ရဲ့ Flights ဆိုတဲ့ ဝတ္ထုဟာ စွယ်စုံကျမ်းမှာ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ကြင်နာမှုကို ကိုယ်စားပြုသလို အတားအဆီး အကာအရံတွေကို ကျော်ဖြတ်ပြီး စိတ်ကူးနဲ့ ဘဝသရုပ်ဖေါ်သဖွယ် ဖေါ်ညွှန်းနိုင်ခဲ့တဲ့အတွက် Nobel ဆုပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Swedish Academy ကပြောပါတယ်။

စာရေးဆရာ Peter Handke ကတော့ လူသားတို့ရဲ့ အတွေ့အကြုံကို အသေးစိတ်ရော၊ အစွန်အဖျားလေးပါမကျန် စူးစမ်းခဲ့ပြီး စစ်မှန်တဲ့ ဘာသာဗေဒနဲ့ ဖော်ကျူးပြီး လွှမ်းမိုး သက်ရောက်အောင် ဆောင်ရွက်မှုအတွက် ဆုပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စာပေဆိုင်ရာ ဆုရွေးချယ်ရေးအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေ ရှိခဲ့တာကြောင့် ဆုမပေးဖြစ်ခဲ့တဲ့အတွက် ဒီနှစ်မှာ ၂၀၁၈ ခုနှစ်အတွက်ရော ၂၀၁၉ ခုနှစ်အတွက်ပါ ဆု နှစ် ခုကို ပေးတာဖြစ်ပါတယ်။

စကာတင် ရှစ် ယောက်ထဲကနေ နှစ် ယောက်ကို ရွေးချယ်ခဲ့တယ်လို့ Swedish Academy ရဲ့ Nobel ကော်မတီဥက္ကဋ္ဌ Anders Olsson ကပြောကြားပါတယ်။

Sweden နိုင်ငံ Stockholm မြို့မှာ ဒီဇင်ဘာ ၁၀ ရက်ကျရင် ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားကျရင် စာပေဆိုင်ရာ Nobel ဆုရှင် ၂ ယောက်အနေနဲ့ ဒေါ်လာ ၉၂၀,၀၀၀ လောက်နဲ့ ညီမျှတဲ့ ဆုကြေးအပြင် ရွှေဆုတံဆိပ်နဲ့ Diploma ဆုလက်မှတ်တွေကိုရရှိကြမှာဖြစ်ပါတယ်။

မနက်ဖြန် သောကြာနေ့ကျရင်တော့ ၂၀၁၉ ခုနှစ်အတွက် Nobel ငြိမ်းချမ်းရေးဆုကို ကြေညာမှာ ဖြစ်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
၂၀၁၈ နဲ႔ ၂၀၁၉ စာေပႏိုဘယ္ဆုေၾကညာ ၂၀၁၈ နဲ႔ ၂၀၁၉ စာေပႏိုဘယ္ဆုေၾကညာ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.