ပလက္ဝနယ္က ကုိယ္၀န္ေဆာင္ အမ်ဳိးသမီးနဲ႔ အရပ္သား ေလးဦးေပ်ာက္ဆုံး

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က တိုက္ပြဲေရွာင္ဒုကၡသည္မ်ား။
Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလကတည္းက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး အပါအဝင္ အရပ္သား ငါးဦး ေပ်ာက္ဆံုးေနတယ္လို႔ ခ်င္းလူ႔အခြင့္ေရးအဖြဲ႔က ဒီေန႔ထုတ္ျပန္လိုက္ပါတယ္။

ေအာက္တိုဘာလ အေစာပုိင္းတုန္းက သာယာကုန္းေက်းရြာသား ဦးကူးေဟြးဟာ ေတာင္ယာသြားၿပီး ေနအိမ္ ျပန္မေရာက္တာေၾကာင့္ ကိုယ္ဝန္ ၆ လ လြယ္ထားတဲ့ သူ႔အမ်ဳိးသမီးက ေယာက်္ားျဖစ္သူကုိ ေတာထဲ လုိက္ရွာရင္း ေပ်ာက္ဆုံးေနတာျဖစ္တယ္လုိ႔ ခ်င္းလူ႔အခြင့္ေရးအဖြဲ႔ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းေတရကေျပာပါတယ္။

"သာယာကုန္းရြာသား ဦးကူးေဟြး ေတာင္ယာသြားစဥ္မွာ ေပ်ာက္သြားလို႔ သူ႔ဇနီးသည္က ေတာင္ယာမွာလိုက္ရွာတာ။ အဲမွာ သူဇနီးပါေပ်ာက္သြားတယ္၊ ႏွစ္ေယာက္စလံုး ေပ်ာက္သြားတယ္ သူ႔ဇနီးက ကိုယ္ဝန္ ၆ လလြယ္ထားတာ၊ ၇ ရက္ေန႔မွာ ရြာသားေတြက သူတို႔ေပ်ာက္သြားတဲ့ေနရာတဝိုက္မွာ သြားရွာၾကတာ ဘာမွမေတြၾကလို႔ျပန္လာၾကတာ"

ပလက္၀ၿမဳိ႕နယ္ရဲ႕ ေျမာက္ဘက္ အနည္းဆုံးမုိင္ ၃၀ ၀န္းက်င္ေ၀းတဲ့ ခေမာင္း၀ေက်းရြာမွာ တပ္မေတာ္စစ္ဗ်ဴဟာ ကုန္းထုိင္ထားတာရွိၿပီးေတာ့၊ အိမ္နီးနားခ်င္းေက်းရြာေတြျဖစ္တဲ့ သာယာကုန္း၊ ကင္းတလင္း၊ ကၽြန္းေခ်ာင္း၀ စတဲ့ ေက်းရြာေတြရွိပါတယ္။ တပ္မေတာ္ဗ်ဴဟာကုန္းရွိရာေနရာနဲ႔ ရကိၡဳင့္တပ္ေတာ္ AA အဖြဲ႕တုိ႔ လႈပ္ရွားရာေနရာနဲ႔ ေလးမုိင္၀န္းက်င္သာ ေ၀းတယ္လုိ႔ ခ်င္းလူ႔အခြင့္ေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စက္တင္ဘာ ၁၄ ရက္ေန႔တုန္းကလည္း ပလက္၀နယ္ဘက္က ဝန္ေခ်ာင္းဝေက်းရြာသား သံုးဦးဟာ ရခိုင္ျပည္ေျမာက္ပုိင္း၊ ေျမာက္ဦးၿမိဳ႕နယ္က ဆန္အိုးေက်းရြာကို စက္ေလွနဲ႔ ဆန္သြား၀ယ္ယူၿပီး အျပန္လမ္းမွာ စက္ေလွနဲ႔အတူ ေလးၿမဳိ႕ျမစ္ထဲမွာ ေပ်ာက္ဆံုးေနတယ္လို႔ ခ်င္းလူ႔အခြင့္ေရးအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ဝန္ေခ်ာင္းေက်းရြာက အသက္၂၃ ႏွစ္အရြယ္ ေမာင္လွခိုင္၊ အသက္ ၃၂ ႏွစ္အရြယ္ ေမာင္ေမာင္ေရွနဲ႔ အသက္ ၄၀ အရြယ္ ဦးေမာင္ေဆာတုိ႔ ေပ်ာက္ဆုံးေနေပမယ့္၊ လက္နက္ကုိင္အုပ္စုက ဖမ္းဆီးျခင္းလား၊ သဘာ၀ ေဘးအႏၱရာယ္ေၾကာင့္လား ရွင္းရွင္းလင္းလင္းမသိရပါဘူး။

ဒါေပမဲ့ ေလးၿမဳိ႕ျမစ္ေၾကာင္းေနရာေတြဟာ ျမန္မာ့တပ္မေတာ္နဲ႔ AA အဖြဲ႔တို႔ လႈပ္ရွားတဲ့ေနရာျဖစ္တယ္လို႔ CHRO အဖြဲ႕က ေဖာ္ျပထားပါတယ္။

ေပ်ာက္ဆံုးေနတဲ့ ခ်င္းတိုင္းရင္းသား ငါးဦးနဲ႔ပက္သက္ၿပီး ျမန္မာ့တပ္မေတာ္နဲ႔ ရကိၡဳင့္တပ္ေတာ္ ႏွစ္ဘက္စလုံးက ဖမ္းဆီးထားတာမရွိဘူးလုိ႔ ျငင္းဆုိၾကပါတယ္။

"ပလက္ဝဘက္မွာ က်ေနာ္တို႔ဆီက ဖမ္းဆီးထိန္းသိမ္းစစ္ေဆးတာ က်ေနာ္သိထားတာေတာ့ မရွိေသးဘူးဗ်"

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ေျပာျပသြားတာပါ။

ရခုိင့္တပ္ေတာ္ ေျပာခြင့္ရ ခုိင္သုခကလည္း …

"က်ေနာ္တို႔ဘက္ကေတာ့ အဲလိုမ်ိဳး လူမသိသူမသိ ဖမ္းဆီးထိန္းသိမ္းထားတာမ်ိဳး လံုးဝမရွိဘူးဗ်၊ က်ေနာ္တို႔မွာ အဲလိုမ်ိဳးလုပ္ဖို႔ ညႊန္ၾကားထားတာလည္း လံုးဝမရွိဘူး၊ ဗမာစစ္တပ္ကေတာ့ ဥပမာရြာသားေတြကို ေတာထဲမွာေတြရင္ ေတာင္ယာမွာပဲ ေတြ႔ေတ႔ြ၊လမ္းမွာပဲ ေတြ႔ေတြ႔ သူတို႔လိုခ်င္တဲ့ေနရာအထိ လမ္းျပေခၚသြားတယ္၊ ၿပီးလို႔ရိွရင္ အဲလူေတြကို အျခားလူေတြမသိရင္ သူတု႔ိက အစေဖ်ာက္လိုက္တယ္"

ခ်င္းတိုင္းရင္းသားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ မၾကာခဏ ေပ်ာက္ဆုံးေနတာေၾကာင့္ ပလက္ဝေဒသ ခ်င္းတုိင္းရင္းသားေတြ လုံျခံဳမႈကင္းမဲ့ေနတယ္လုိ႔ ခူးမီးခ်င္းမ်ိဳးႏြယ္ေရးရာ ေပါင္းစပ္ညွိႏိႈင္းေရးေကာ္မတီ ဥကၠ႒ ဦးေက်ာ္ၿငိမ္းကေျပာပါတယ္။

"အဲလိုဘဲ တစ္ေယာက္စ ႏွစ္ေယာက္စ ေပ်ာက္တာ ေတာ္ေတာ္မ်ားေနၿပီ အဲဒါကိုဘယ္လို႔လုပ္ရင္ ေကာင္းမလဲဆိုၿပီး က်ေနာ္တို႔ကခု အဲဒါကိုျပည္နယ္အစုိးရအဖြဲ႔လည္း သိပါတယ္ ဒီကိစၥကို က်ေနာ္တို႔က သူတို႔ ဘယ္လိုေဆာင္ရြက္မလဲဆိုတာကို ေစာင့္ၾကည့္ေနတာ အခုက ၊ လံုးဝလံုျခံဳမႈမရွိဘူးလို႔ ေျပာရမွာေပါ့။ ဟိုကလည္းဆြဲ၊ ဒီကလည္းဆြဲ က်ေနာ္တို႔ကၾကားမွာ ေျမဇာပင္ျဖစ္ေနၿပီ"

ခ်င္းလူ႔အခြင့္ေရးအဖြဲ႔တာဝန္ရွိသူေတြကေတာ့ အခုလိုခ်င္းတုိင္းရင္းသားေတြ ေပ်ာက္ဆံုးေနတဲ့အေပၚ အစိုးရအေနနဲ႔ တာဝန္ယူေျဖရွင္းေပးသင့္သလို႔ လက္နက္ကိုင္အဖြဲ႔ေတြအေနနဲ႔လည္း ဖမ္းဆီးထားရင္ဖမ္းထားေၾကာင္း ထုတ္ျပန္သင့္တယ္လို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ တာဝန္ရွိသူေတြကို ဆက္သြယ္ေမးျမန္းေပမယ့္ လက္ခံေျဖၾကားျခင္းမရွိပါဘူး။

အစိုးရတပ္မေတာ္နဲ႔ ရကိၡဳင့္တပ္ေတာ္ AA တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္မွာ တစ္ႏွစ္အတြင္း ခ်င္းတိုင္းရင္းသား ၁၅ ဦး ေပ်ာက္ဆံုးေနၿပီး သတင္းအစအနမရဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

ပလက္၀ၿမိဳ႕နယ္ ကင္းတလင္းေက်းရြာေန ခူမီးတိုင္းရင္းသားေတြကို ရကိၡဳင့္တပ္ေတာ္ AA အဖြဲ႕က တုိက္ပြဲျဖစ္ပြားေန၍ ရြာသားမ်ားကို ေဘးကင္းရာေခၚသြားမယ္လုိ႔ေျပာဆုိၿပီး  ဘဂၤလားေဒ့ရွ္နယ္စပ္ဘက္ကုိ ေခၚေဆာင္သြားတာျဖစ္ေၾကာင္းနဲ႕၊ ေျခာက္လ အၾကာတြင္ AA အဖြဲ႕က ရြာသား ၅၂ ေယာက္ကုိ အုန္းသီး၀ ေက်းရြာသုိ႔ ျပန္လည္ပုိ႔ေပးခဲ့တာရွိပါတယ္။

RFA Burmese
https://www.rfa.org
--------------
Unicode

ပလက်ဝနယ်က ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အရပ်သား လေးဦးပျောက်ဆုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ငါးဦး ပျောက်ဆုံးနေတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ အစောပိုင်းတုန်းက သာယာကုန်းကျေးရွာသား ဦးကူးဟွေးဟာ တောင်ယာသွားပြီး နေအိမ် ပြန်မရောက်တာကြောင့် ကိုယ်ဝန် ၆ လ လွယ်ထားတဲ့ သူ့အမျိုးသမီးက ယောကျ်ားဖြစ်သူကို တောထဲ လိုက်ရှာရင်း ပျောက်ဆုံးနေတာဖြစ်တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတေရကပြောပါတယ်။

"သာယာကုန်းရွာသား ဦးကူးဟွေး တောင်ယာသွားစဉ်မှာ ပျောက်သွားလို့ သူ့ဇနီးသည်က တောင်ယာမှာလိုက်ရှာတာ။ အဲမှာ သူဇနီးပါပျောက်သွားတယ်၊ နှစ်ယောက်စလုံး ပျောက်သွားတယ် သူ့ဇနီးက ကိုယ်ဝန် ၆ လလွယ်ထားတာ၊ ၇ ရက်နေ့မှာ ရွာသားတွေက သူတို့ပျောက်သွားတဲ့နေရာတဝိုက်မှာ သွားရှာကြတာ ဘာမှမတွေကြလို့ပြန်လာကြတာ"

ပလက်ဝမြို့နယ်ရဲ့ မြောက်ဘက် အနည်းဆုံးမိုင် ၃၀ ဝန်းကျင်ဝေးတဲ့ ခမောင်းဝကျေးရွာမှာ တပ်မတော်စစ်ဗျူဟာ ကုန်းထိုင်ထားတာရှိပြီးတော့၊ အိမ်နီးနားချင်းကျေးရွာတွေဖြစ်တဲ့ သာယာကုန်း၊ ကင်းတလင်း၊ ကျွန်းချောင်း၀ စတဲ့ ကျေးရွာတွေရှိပါတယ်။ တပ်မတော်ဗျူဟာကုန်းရှိရာနေရာနဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့တို့ လှုပ်ရှားရာနေရာနဲ့ လေးမိုင်ဝန်းကျင်သာ ဝေးတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့တုန်းကလည်း ပလက်ဝနယ်ဘက်က ဝန်ချောင်းဝကျေးရွာသား သုံးဦးဟာ ရခိုင်ပြည်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်က ဆန်အိုးကျေးရွာကို စက်လှေနဲ့ ဆန်သွားဝယ်ယူပြီး အပြန်လမ်းမှာ စက်လှေနဲ့အတူ လေးမြို့မြစ်ထဲမှာ ပျောက်ဆုံးနေတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဝန်ချောင်းကျေးရွာက အသက်၂၃ နှစ်အရွယ် မောင်လှခိုင်၊ အသက် ၃၂ နှစ်အရွယ် မောင်မောင်ရှေနဲ့ အသက် ၄၀ အရွယ် ဦးမောင်ဆောတို့ ပျောက်ဆုံးနေပေမယ့်၊ လက်နက်ကိုင်အုပ်စုက ဖမ်းဆီးခြင်းလား၊ သဘာ၀ ဘေးအန္တရာယ်ကြောင့်လား ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ဒါပေမဲ့ လေးမြို့မြစ်ကြောင်းနေရာတွေဟာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့ လှုပ်ရှားတဲ့နေရာဖြစ်တယ်လို့ CHRO အဖွဲ့က ဖော်ပြထားပါတယ်။

ပျောက်ဆုံးနေတဲ့ ချင်းတိုင်းရင်းသား ငါးဦးနဲ့ပက်သက်ပြီး မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် နှစ်ဘက်စလုံးက ဖမ်းဆီးထားတာမရှိဘူးလို့ ငြင်းဆိုကြပါတယ်။

"ပလက်ဝဘက်မှာ ကျနော်တို့ဆီက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးတာ ကျနော်သိထားတာတော့ မရှိသေးဘူးဗျ"

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောပြသွားတာပါ။

ရခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခကလည်း …

"ကျနော်တို့ဘက်ကတော့ အဲလိုမျိုး လူမသိသူမသိ ဖမ်းဆီးထိန်းသိမ်းထားတာမျိုး လုံးဝမရှိဘူးဗျ၊ ကျနော်တို့မှာ အဲလိုမျိုးလုပ်ဖို့ ညွှန်ကြားထားတာလည်း လုံးဝမရှိဘူး၊ ဗမာစစ်တပ်ကတော့ ဥပမာရွာသားတွေကို တောထဲမှာတွေရင် တောင်ယာမှာပဲ တွေ့တေ့ွ၊လမ်းမှာပဲ တွေ့တွေ့ သူတို့လိုချင်တဲ့နေရာအထိ လမ်းပြခေါ်သွားတယ်၊ ပြီးလို့ရှိရင် အဲလူတွေကို အခြားလူတွေမသိရင် သူတု့ိက အစဖျောက်လိုက်တယ်"

ချင်းတိုင်းရင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် မကြာခဏ ပျောက်ဆုံးနေတာကြောင့် ပလက်ဝဒေသ ချင်းတိုင်းရင်းသားတွေ လုံခြုံမှုကင်းမဲ့နေတယ်လို့ ခူးမီးချင်းမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကပြောပါတယ်။

"အဲလိုဘဲ တစ်ယောက်စ နှစ်ယောက်စ ပျောက်တာ တော်တော်များနေပြီ အဲဒါကိုဘယ်လို့လုပ်ရင် ကောင်းမလဲဆိုပြီး ကျနော်တို့ကခု အဲဒါကိုပြည်နယ်အစိုးရအဖွဲ့လည်း သိပါတယ် ဒီကိစ္စကို ကျနော်တို့က သူတို့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်နေတာ အခုက ၊ လုံးဝလုံခြုံမှုမရှိဘူးလို့ ပြောရမှာပေါ့။ ဟိုကလည်းဆွဲ၊ ဒီကလည်းဆွဲ ကျနော်တို့ကကြားမှာ မြေဇာပင်ဖြစ်နေပြီ"

ချင်းလူ့အခွင့်ရေးအဖွဲ့တာဝန်ရှိသူတွေကတော့ အခုလိုချင်းတိုင်းရင်းသားတွေ ပျောက်ဆုံးနေတဲ့အပေါ် အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးသင့်သလို့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ဖမ်းဆီးထားရင်ဖမ်းထားကြောင်း ထုတ်ပြန်သင့်တယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ တစ်နှစ်အတွင်း ချင်းတိုင်းရင်းသား ၁၅ ဦး ပျောက်ဆုံးနေပြီး သတင်းအစအနမရဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာနေ ခူမီးတိုင်းရင်းသားတွေကို ရက္ခိုင့်တပ်တော် AA အဖွဲ့က တိုက်ပွဲဖြစ်ပွားနေ၍ ရွာသားများကို ဘေးကင်းရာခေါ်သွားမယ်လို့ပြောဆိုပြီး  ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ခေါ်ဆောင်သွားတာဖြစ်ကြောင်းနဲ့၊ ခြောက်လ အကြာတွင် AA အဖွဲ့က ရွာသား ၅၂ ယောက်ကို အုန်းသီး၀ ကျေးရွာသို့ ပြန်လည်ပို့ပေးခဲ့တာရှိပါတယ်။

RFA Burmese
https://www.rfa.org
ပလက္ဝနယ္က ကုိယ္၀န္ေဆာင္ အမ်ဳိးသမီးနဲ႔ အရပ္သား ေလးဦးေပ်ာက္ဆုံး ပလက္ဝနယ္က ကုိယ္၀န္ေဆာင္ အမ်ဳိးသမီးနဲ႔ အရပ္သား ေလးဦးေပ်ာက္ဆုံး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.