NVC ကုိင္္ေဆာင္သူေတြကို စိစစ္ၿပီး ၆ လ အတြင္း ႏိုင္ငံသားေပးမည္

ဆြြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာ UNHCR အမႈေဆာင္ေကာ္မတီ အစည္းအေ၀း ၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအး တက္ေရာက္။ (ဓာတ္ပံု - ျပန္ၾကားေရး ၀န္ႀကီးဌာန)
NVC ႏိုင္ငံသားစိစစ္ေရးကတ္ ကိုင္ေဆာင္ထားသူေတြကို စိစစ္ၿပီး ၆ လအတြင္း ႏိုင္ငံသားျဖစ္ေအာင္ ေဆာင္႐ြက္ေပးမွာ ျဖစ္ေၾကာင္း လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားခဲ့ပါတယ္။ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ ေအာက္တိုဘာလ ၇ - ၁၁ ရက္ေန႔ထိ က်င္းပေနတဲ့ အႀကိမ္ (၇၀) ေျမာက္ UNHCR ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး အမႈေဆာင္ေကာ္မတီ အစည္းအေဝးကို တက္ေရာက္ေနတဲ့ ေဒါက္တာဝင္းျမတ္ေအး ကေန ဒုကၡသည္ေတြ ဌာေနျပန္ေရး အဓိကျဖစ္ေနတဲ့ ႏိုင္ငံသားျဖစ္ခြင့္ ကိစၥအေၾကာင္း ရွင္းျပခဲ့တာပါ။ မအင္ၾကင္းႏိုင္က အေသးစိတ္ကို ဆက္ၿပီးတင္ျပမွာပါ။

ဘဂၤလားေဒ့ရွ္ နယ္စပ္က ဒုကၡသည္ေတြ ရခိုင္ျပည္နယ္က ေနရပ္ကို ျပန္ႏိုင္ေရး ျမန္မာအစိုးရက စီစဥ္ေဆာင္႐ြက္ေနတဲ့ အေျခအေနေတြကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေအာက္တိုဘာလ (၈) ရက္ေန႔က UNHCR အမႈေဆာင္ေကာ္မတီ အစည္းအေဝးမွာ ရွင္းျပခဲ့ပါတယ္။ သူကိုယ္တိုင္ ဘဂၤလားေဒ့ရွ္ Cox’s Bazar ဒုကၡသည္စခန္းေတြကို သြားေရာက္ၿပီး ဌာေနျပန္ေရး အစီအစဥ္ကို ဒုကၡသည္ေတြကို ရွင္းျပခဲ့ေၾကာင္းလည္း ေဒါက္တာဝင္းျမတ္ေအးက ဆိုပါတယ္။
ရခိုင္ျပည္နယ္သာမက အျခား ျမန္မာနယ္စပ္တေလ်ာက္ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအစီအစဥ္မွာ NVC ႏိုင္ငံသားစိစစ္ေရးကတ္ ရရွိထားသူေတြ အေနနဲ႔ ႏိုင္ငံသားျဖစ္ခြင့္ ၾကာျမင့္တဲ့အခ်ိန္ဟာ အရင္လို ၂ ႏွစ္ မဟုတ္ေတာ့ပဲ ၆ လပဲ ၾကာမွာျဖစ္တယ္လို႔ ေဒါက္တာ ဝင္းျမတ္ေအးက အခုလိုေျပာပါတယ္။

" ျမန္မာတႏိုင္ငံလုံးမွာ ရွိေနတဲ့ မွတ္ပုံတင္ အေထာက္အထား မရွိသူေတြရဲ႕ ျပႆနာကို ေျဖရွင္းရာမွာ အခ်က္အလက္ေတြကို စနစ္တက် ျပဳစုဖို႔ အလြန႔္အလြန္ကို အေရးႀကီးပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ဆက္စပ္ၿပီး ေျပာရရင္ NVC ႏိုင္ငံသား စိစစ္ေရးကတ္ျပားကို ျမန္မာႏိုင္ငံသား ဥပေဒအရ ထုတ္ေပးထားတာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္က အိုးအိမ္စြန႔္ခြာထြက္ေျပးသူေတြ၊ ထိုင္း ဒုကၡသည္စခန္းေတြ ကေန ေနရပ္ျပန္လာသူေတြ အပါအဝင္ တႏိုင္ငံလုံးမွာ ဒီအစီစဥ္အတိုင္း ေဆာင္႐ြက္ပါတယ္။ NVC ဆိုတာဟာ ႏိုင္ငံသားျဖစ္ဖို႔ လမ္းေၾကာင္းျဖစ္ပါတယ္။ အရင္က NVC ကတ္ ကိုင္ထားသူေတြ အေနနဲ႔ ႏိုင္ငံသားျဖစ္ဖို႔ ၂ ႏွစ္ ၾကာေပမယ့္ အခုေတာ့ အခ်ိန္တို ၆ လအတြင္း ရေအာင္ လုပ္ေပးမွာျဖစ္ပါတယ္။"

ျမန္မာႏိုင္ငံတြင္း ေမြးဖြားတဲ့ ကေလးမွန္သမွ် အခုအသစ္ျပဌာန္းလိုက္တဲ့ ကေလးသူငယ္ဆိုင္ရာ ဥပေဒသစ္အရ ေမြးဖြားစားရင္းလက္မွတ္ ရရွိမွာျဖစ္တယ္လို႔လည္း သူက အခုလို ရွင္းျပပါတယ္။

" ျမန္မာႏိုင္ငံရဲ႕ ကေလးသူငယ္ဆိုင္ရာ ဥပေဒသစ္အရ လူမ်ိဳး၊ဘာသာ၊ က်ား၊မ မခြဲျခားဘဲ ကေလးအားလုံးအတြက္ ေမြးဖြားခ်ိန္မွာ မွတ္ပုံတင္ႏိုင္ခြင့္ကို အာမခံေပးထားပါတယ္။ ဘယ္ကေလးမွ ေနာက္က် မက်န္ေစရဘူးဆိုတဲ့ ရည္မွန္းခ်က္ အေကာင္အထည္ေဖၚဖို႔ တႏိုင္ငံလုံးမွာ ကေလးေမြးစာရင္းကို အခမဲ့ မွတ္ပုံတင္လို႔ရေအာင္ ေဆာင္႐ြက္ေပးေနပါတယ္။ ဒီအတြက္ လႈပ္ရွားတဲ့အဖြဲ႕ေတြကို ေဝးလံတဲ့ ေဒသေတြဆီ ေစလႊတ္ထားသလို၊ တခ်ိဳ႕ျပည္နယ္ေတြမွာ အင္တာနက္ အြန္လိုင္းစနစ္ကို စမ္းသပ္လုပ္ေဆာင္ ေနပါတယ္။"

၂၀၁၆ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္မွာ ARSA အဖြဲ႕က ရခိုင္ျပည္နယ္ေျမာက္ပိုင္း နယ္စပ္က လုံၿခဳံေရးစခန္းေတြကို ဝင္ေရာက္ တိုက္ခိုက္ခဲ့တာေၾကာင့္ ျမန္မာစစ္တပ္က ျပန္လည္ႏွိမ္နင္းတဲ့ ျပင္းထန္လွတဲ့ နယ္ေျမရွင္းလင္းေရးမွာ ေဒသခံ ႐ိုဟင္ဂ်ာေတြ သိန္းနဲ႔ခ်ီၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကတာျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာ ဆိုတဲ့ အေခၚအေဝၚကို ျမန္မာအစိုးရက အသိအမွတ္ျပဳ လက္ခံျခင္း မရွိပါဘူး။

ေဒါက္တာ ဝင္းျမတ္ေအးကေတာ့ ျမန္မာႏိုင္ငံမွာ ေနထိုင္ခဲ့ၾကတဲ့ ဒုကၡသည္ေတြကို ျပန္ၿပီးလက္ခံဖို႔ အစိုးရက အဆင္သင့္ျဖစ္ေနေၾကာင္း UNHCR အစည္းအေဝးမွာ ေျပာသြားပါတယ္။ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရၾကား သေဘာတူညီမႈမွာ ဌာေနျပန္သူေတြအတြက္ သက္ေသခံကတ္ျပားထုတ္ ေပးေရး အာမခံဖို႔ ဆိုတဲ့အခ်က္ပါဝင္ပါတယ္။ Cox’s Bazar ဒုကၡသည္စခန္းေတြမွာ ရွိေနတဲ့ ရခိုင္ျပည္နယ္မွာ ေနထိုင္ခဲ့ၾကသူေတြထဲမွာ ေနထိုင္ခြင့္ ရထားတဲ့ ပုံစံအမ်ိဳးမ်ိဳး ရွိေနတယ္လို႔လည္း ေဒါက္တာဝင္းျမတ္ေအးက ဆိုပါတယ္။

ဒါေၾကာင့္ အခ်က္အလက္ျပည့္စုံသူေတြဆိုရင္ ႏိုင္ငံသားမွတ္ပုံတင္ကတ္ကို ထုတ္ေပးမွာျဖစ္ၿပီး၊ ဘာသက္ေသခံ ကတ္ျပားမွ မရွိသူေတြကိုေတာ့ NVC ကတ္ကို ခ်က္ျခင္းထုတ္ေပးမွာျဖစ္ေၾကာင္း ေဒါက္တာ ဝင္းျမတ္ေအးက အစည္းအေဝးမွာ အခုလို ရွင္းျပသြားပါတယ္။

" သူတို႔အားလုံးကို ႏိုင္ငံမဲ့ေတြပါလို႔ က်ေနာ္တို႔ သတ္မွတ္လို႔မရပါဘူး။ တခ်ိဳ႕မွာ ျမန္မာအစိုးရက ထုတ္ေပးထားတဲ့ သက္ေသခံကတ္ျပားေတြရွိပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာျပဌာန္းထားတဲ့ ႏိုင္ငံသားဥပေဒအရ တခ်ိဳ႕သူေတြရဲ႕ အခ်က္အလက္ေတြ ျပည့္မီတယ္ဆိုရင္ ႏိုင္ငံသားမွတ္ပုံတင္ ကတ္ ထုတ္ေပးမွာျဖစ္ပါတယ္။ သက္ေသခံကတ္ျပား ဘာမွမရွိသူေတြအတြက္ေတာ့ NVC ကတ္ကို ခ်က္ျခင္း ထုတ္ေပးမွာျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ သူတို႔ကို ႏိုင္ငံသားအျဖစ္ ေလွ်ာက္ထားဖို႔ သတ္မွတ္ခ်က္ေတြအတိုင္း ဆက္လက္ လုပ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။"

ဘဂၤလားေဒ့ရွ္နယ္စပ္က ေနရပ္ျပန္လာမယ့္ ဒုကၡသည္ေတြထဲ NVC ကဒ္ကိုင္ထားမယ့္သူေတြအတြက္ သြားလာလႈပ္ရွားခြင့္ ကိစၥကို သူက အခုလိုေျပာပါတယ္။

" NVC ကတ္ ကိုင္ထားသူေတြအတြက္ လုံၿခဳံေရး အတိုင္းအတာ ခြင့္ျပဳထားသေလာက္ လြတ္လပ္စြာ သြားလာခြင့္ရွိမွာ ျဖစ္ပါတယ္။ ဒါအျပင္ NVC ကတ္ ကိုင္ထားသူေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို နယ္စပ္ျဖတ္ေက်ာ္ခြင့္ လက္မွတ္နဲ႔ သြားခြင့္ရမွာျဖစ္ပါတယ္။ NVC ကတ္ အတြက္ သူတို႔အေနနဲ႔ ျမန္မာအာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သင့္ပါတယ္။ သူတို႔မွာ လြတ္လပ္စြာသြားလာခြင့္နဲ႔ ပတ္သက္လို႔ လူမႈဆိုင္ရာ ကန႔္သတ္ခ်က္ေတြ ရွိေနတယ္ဆိုတဲ့အခ်က္ကို က်ေနာ္တို႔ လ်စ္လ်ဴ ျပဳထားလို႔ မရပါဘူး။ လူမႈအသိုင္းအဝိုင္းေတြၾကားမွာ ယုံၾကည္မႈနဲ႔ သဟဇာတျဖစ္မႈေတြကို တည္ေဆာက္ၿပီး ဒီျပႆနာကို က်ေနာ္တို႔ ေျဖရွင္းေနပါတယ္။"

ျမန္မာအစိုးရအေနနဲ႔ ဌာေနျပန္ေရးအစီအစဥ္ကို ျမန္ႏိုင္သမွ် ျမန္ဆန္ေအာင္ ေဆာင္႐ြက္ဖို႔ ဦးစားေပးထားေၾကာင္း ေဒါက္တာဝင္းျမတ္ေအးက ဆိုပါတယ္။ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕အေနနဲ႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြကို သုံးႀကိမ္တိုင္ သြားေရာက္ခဲ့ေၾကာင္းလည္း သူကေျပာပါတယ္။

ဒါအျပင္ ႏွစ္ေပါင္း ၇၀ ၾကာ ျပည္တြင္းစစ္နဲ႔ ႏွစ္ေပါင္း ၅၀ ၾကာ စစ္တပ္က အုပ္ခ်ဳပ္ခဲ့တာ၊ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရး ႏွစ္အနည္းငယ္ေလာက္ပဲ ရွိေနေသးတာ စတဲ့ ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကိုလည္း ေဒါက္တာဝင္းျမတ္ေအးက ေျပာသြားပါတယ္။

ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအစီအစဥ္မွာ UNHCR ၊ UNDP တို႔ဘက္က ကူညီေဆာင္႐ြက္မယ့္ ကိစၥအတြက္ ျမန္မာအစိုးရနဲ႔ နားလည္မႈ စာခြၽန္လႊာ လက္မွတ္ေရးထိုးထားတဲ့ ကိစၥကိုလည္း ဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးက ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး အမႈေဆာင္ေကာ္မတီအစည္းအေဝးမွာ အေလးေပး ေျပာၾကားခဲ့ပါတယ္။

(Unicode)

NVC ကိုင်ဆောင်သူတွေကို စိစစ်ပြီး ၆ လ အတွင်း နိုင်ငံသားပေးမည်

NVC နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေကို စိစစ်ပြီး ၆ လအတွင်း နိုင်ငံသားဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အောက်တိုဘာလ ၇ - ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ အကြိမ် (၇၀) မြောက် UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အမှုဆောင်ကော်မတီ အစည်းအဝေးကို တက်ရောက်နေတဲ့ ဒေါက်တာဝင်းမြတ်အေး ကနေ ဒုက္ခသည်တွေ ဌာနေပြန်ရေး အဓိကဖြစ်နေတဲ့ နိုင်ငံသားဖြစ်ခွင့် ကိစ္စအကြောင်း ရှင်းပြခဲ့တာပါ။ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးတင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဒုက္ခသည်တွေ ရခိုင်ပြည်နယ်က နေရပ်ကို ပြန်နိုင်ရေး မြန်မာအစိုးရက စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အောက်တိုဘာလ (၈) ရက်နေ့က UNHCR အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ရှင်းပြခဲ့ပါတယ်။ သူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် Cox’s Bazar ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဌာနေပြန်ရေး အစီအစဉ်ကို ဒုက္ခသည်တွေကို ရှင်းပြခဲ့ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။
ရခိုင်ပြည်နယ်သာမက အခြား မြန်မာနယ်စပ်တလျောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်မှာ NVC နိုင်ငံသားစိစစ်ရေးကတ် ရရှိထားသူတွေ အနေနဲ့ နိုင်ငံသားဖြစ်ခွင့် ကြာမြင့်တဲ့အချိန်ဟာ အရင်လို ၂ နှစ် မဟုတ်တော့ပဲ ၆ လပဲ ကြာမှာဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက အခုလိုပြောပါတယ်။

" မြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ မှတ်ပုံတင် အထောက်အထား မရှိသူတွေရဲ့ ပြဿနာကို ဖြေရှင်းရာမှာ အချက်အလက်တွေကို စနစ်တကျ ပြုစုဖို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ပြောရရင် NVC နိုင်ငံသား စိစစ်ရေးကတ်ပြားကို မြန်မာနိုင်ငံသား ဥပဒေအရ ထုတ်ပေးထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ၊ ထိုင်း ဒုက္ခသည်စခန်းတွေ ကနေ နေရပ်ပြန်လာသူတွေ အပါအဝင် တနိုင်ငံလုံးမှာ ဒီအစီစဉ်အတိုင်း ဆောင်ရွက်ပါတယ်။ NVC ဆိုတာဟာ နိုင်ငံသားဖြစ်ဖို့ လမ်းကြောင်းဖြစ်ပါတယ်။ အရင်က NVC ကတ် ကိုင်ထားသူတွေ အနေနဲ့ နိုင်ငံသားဖြစ်ဖို့ ၂ နှစ် ကြာပေမယ့် အခုတော့ အချိန်တို ၆ လအတွင်း ရအောင် လုပ်ပေးမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံတွင်း မွေးဖွားတဲ့ ကလေးမှန်သမျှ အခုအသစ်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေသစ်အရ မွေးဖွားစားရင်းလက်မှတ် ရရှိမှာဖြစ်တယ်လို့လည်း သူက အခုလို ရှင်းပြပါတယ်။

" မြန်မာနိုင်ငံရဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေသစ်အရ လူမျိုး၊ဘာသာ၊ ကျား၊မ မခွဲခြားဘဲ ကလေးအားလုံးအတွက် မွေးဖွားချိန်မှာ မှတ်ပုံတင်နိုင်ခွင့်ကို အာမခံပေးထားပါတယ်။ ဘယ်ကလေးမှ နောက်ကျ မကျန်စေရဘူးဆိုတဲ့ ရည်မှန်းချက် အကောင်အထည်ဖေါ်ဖို့ တနိုင်ငံလုံးမှာ ကလေးမွေးစာရင်းကို အခမဲ့ မှတ်ပုံတင်လို့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီအတွက် လှုပ်ရှားတဲ့အဖွဲ့တွေကို ဝေးလံတဲ့ ဒေသတွေဆီ စေလွှတ်ထားသလို၊ တချို့ပြည်နယ်တွေမှာ အင်တာနက် အွန်လိုင်းစနစ်ကို စမ်းသပ်လုပ်ဆောင် နေပါတယ်။"

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ARSA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်က လုံခြုံရေးစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် မြန်မာစစ်တပ်က ပြန်လည်နှိမ်နင်းတဲ့ ပြင်းထန်လှတဲ့ နယ်မြေရှင်းလင်းရေးမှာ ဒေသခံ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာအစိုးရက အသိအမှတ်ပြု လက်ခံခြင်း မရှိပါဘူး။

ဒေါက်တာ ဝင်းမြတ်အေးကတော့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီးလက်ခံဖို့ အစိုးရက အဆင်သင့်ဖြစ်နေကြောင်း UNHCR အစည်းအဝေးမှာ ပြောသွားပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား သဘောတူညီမှုမှာ ဌာနေပြန်သူတွေအတွက် သက်သေခံကတ်ပြားထုတ် ပေးရေး အာမခံဖို့ ဆိုတဲ့အချက်ပါဝင်ပါတယ်။ Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ကြသူတွေထဲမှာ နေထိုင်ခွင့် ရထားတဲ့ ပုံစံအမျိုးမျိုး ရှိနေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

ဒါကြောင့် အချက်အလက်ပြည့်စုံသူတွေဆိုရင် နိုင်ငံသားမှတ်ပုံတင်ကတ်ကို ထုတ်ပေးမှာဖြစ်ပြီး၊ ဘာသက်သေခံ ကတ်ပြားမှ မရှိသူတွေကိုတော့ NVC ကတ်ကို ချက်ခြင်းထုတ်ပေးမှာဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက အစည်းအဝေးမှာ အခုလို ရှင်းပြသွားပါတယ်။

" သူတို့အားလုံးကို နိုင်ငံမဲ့တွေပါလို့ ကျနော်တို့ သတ်မှတ်လို့မရပါဘူး။ တချို့မှာ မြန်မာအစိုးရက ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြားတွေရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ နိုင်ငံသားဥပဒေအရ တချို့သူတွေရဲ့ အချက်အလက်တွေ ပြည့်မီတယ်ဆိုရင် နိုင်ငံသားမှတ်ပုံတင် ကတ် ထုတ်ပေးမှာဖြစ်ပါတယ်။ သက်သေခံကတ်ပြား ဘာမှမရှိသူတွေအတွက်တော့ NVC ကတ်ကို ချက်ခြင်း ထုတ်ပေးမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူတို့ကို နိုင်ငံသားအဖြစ် လျှောက်ထားဖို့ သတ်မှတ်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နယ်စပ်က နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေထဲ NVC ကဒ်ကိုင်ထားမယ့်သူတွေအတွက် သွားလာလှုပ်ရှားခွင့် ကိစ္စကို သူက အခုလိုပြောပါတယ်။

" NVC ကတ် ကိုင်ထားသူတွေအတွက် လုံခြုံရေး အတိုင်းအတာ ခွင့်ပြုထားသလောက် လွတ်လပ်စွာ သွားလာခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် NVC ကတ် ကိုင်ထားသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ သွားခွင့်ရမှာဖြစ်ပါတယ်။ NVC ကတ် အတွက် သူတို့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ သူတို့မှာ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်လို့ လူမှုဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတဲ့အချက်ကို ကျနော်တို့ လျစ်လျူ ပြုထားလို့ မရပါဘူး။ လူမှုအသိုင်းအဝိုင်းတွေကြားမှာ ယုံကြည်မှုနဲ့ သဟဇာတဖြစ်မှုတွေကို တည်ဆောက်ပြီး ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းနေပါတယ်။"

မြန်မာအစိုးရအနေနဲ့ ဌာနေပြန်ရေးအစီအစဉ်ကို မြန်နိုင်သမျှ မြန်ဆန်အောင် ဆောင်ရွက်ဖို့ ဦးစားပေးထားကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို သုံးကြိမ်တိုင် သွားရောက်ခဲ့ကြောင်းလည်း သူကပြောပါတယ်။

ဒါအပြင် နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်း ၅၀ ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တာ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှစ်အနည်းငယ်လောက်ပဲ ရှိနေသေးတာ စတဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း ဒေါက်တာဝင်းမြတ်အေးက ပြောသွားပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်မှာ UNHCR ၊ UNDP တို့ဘက်က ကူညီဆောင်ရွက်မယ့် ကိစ္စအတွက် မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ ကိစ္စကိုလည်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အမှုဆောင်ကော်မတီအစည်းအဝေးမှာ အလေးပေး ပြောကြားခဲ့ပါတယ်။

အင္ၾကင္းႏုုိင္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
NVC ကုိင္္ေဆာင္သူေတြကို စိစစ္ၿပီး ၆ လ အတြင္း ႏိုင္ငံသားေပးမည္ NVC ကုိင္္ေဆာင္သူေတြကို စိစစ္ၿပီး ၆ လ အတြင္း ႏိုင္ငံသားေပးမည္ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.