ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ပါတီက အေရးယူခံရႏိုင္လား

ဆရာၿမဲေစဖို႔အတြက္ ေဒသခံလူငယ္ေတြက ဆရာမေတြကို ရည္းစားစကားလိုက္ေျပာၾကဖို႔ ေျပာခဲ့တာျဖစ္
Zawgyi
ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းရဲ႕ ေျပာဆိုမႈ ဟာ ပါတီ ပုံရိပ္ကို ထိခိုက္ေစတဲ့ အျပဳအမူ အေျပာအဆိုေတြရွိလို႔ ပါတီက စစ္ေဆးမွာ ျဖစ္ၿပီး ထင္ရွားတယ္ဆိုရင္ အေရးယူ သြားမယ္လို႔ NLD ပါတီေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫႊန႔္က ဘီဘီစီကို ေျပာပါတယ္။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းဟာ ေအာက္တိုဘာလ ၅ ရက္ေန႔က နတ္တလင္းက လူထုေတြ႕ဆုံပြဲတစ္ခုမွာ ဆရာ၊ ဆရာမေတြရဲ႕ ေနထိုင္ေရးနဲ႔ ပတ္သက္လို႔ ေက်း႐ြာသားေတြရဲ႕ တင္ျပခ်က္အေပၚ ျပန္လည္ေျဖၾကားရာမွာ ဝန္ထမ္းအိမ္ရာ မလိုဘဲ ဆရာၿမဲေစဖို႔အတြက္ ေဒသခံလူငယ္ေတြက ဆရာမေတြကို ရည္းစားစကားလိုက္ေျပာၾကဖို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ကေတာ့ ရပ္ေဝးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမေတြဟာ ရည္႐ြယ္ခ်က္ရွိရွိ အတင္းအဓမၼလက္ထပ္ယူတာေတြနဲ႔ မုဒိမ္းျပဳက်င့္ခံရတဲ့ အျဖစ္မ်ိဳးေတြ ရွိေနၿပီး ဒီလိုေျပာၾကားခ်က္ေၾကာင့္ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြကို ဖိတ္ေခၚရာေရာက္ေနတယ္လို႔ ထုတ္ျပန္ေၾကညာပါတယ္။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ကေတာ့ သူစကားနဲ႔ ပတ္သက္လို႔ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းမီဒီယာ အခ်ိဳ႕ကေန တဆင့္ ျပန္ေတာင္းပန္ခဲ့ပါတယ္။

 အျမန္ဆုံးစစ္ေပးပါမယ္ လို႔ NLDပါတီကေျပာ

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဟာ ဒီအျဖစ္ပ်က္မတိုင္ခင္ကလည္း စဥ့္လုပ္ငန္းရွင္ေတြကို နယူးကလီးယားဓာတ္ေပါင္းဖို႔ထုတ္လုပ္ႏိုင္ရန္ ႀကိဳးစားၾကပါ ။လယ္သမားေတြကို လယ္ေပးလည္းျပန္ေရာင္းမွာပဲ ။ စတဲ့ လူေတြေဝဖန္ခံရတဲ့ စကားေတြေျပာခဲ့ဘူးတာရွိတယ္လို႔ ပဲခူးတိုင္း ေဒသခံ သတင္းေထာက္တစ္ဦး ကဘီဘီစီ ကို ေျပာပါတယ္။

အေျခခံပညာေက်ာင္းေတြက ဆရာမေတြနဲ႔ ပတ္သက္လို႔ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ရဲ႕ေျပာဆိုခ်က္အေပၚ အေရးယူေပးဖို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ တိုင္ၾကားခ်က္ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက လက္ခံရရွိ အၿပီးမွာ စစ္ေဆးမႈေတြ လုပ္ေတာ့မယ္လို႔ေျပာတာ ျဖစ္ပါတယ္။

"အျမန္ဆုံးစစ္ေပးပါမယ္၊ သူ႔ရဲ႕ရည္႐ြယ္ခ်က္တို႔ဘာတို႔ေပါ့ ၊သူ႔ရဲ႕ခုခံပိုင္ခြင့္ကိုလည္းေပးရဦးမယ္၊ အားလုံးၿခဳံၿပီးမွ ဆုံးျဖတ္မွာပါ။" လို႔လည္း NLD ပါတီေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫႊန႔္က ဘီဘီစီကို ေျပာပါတယ္ ။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေျပာၾကားခ်က္ဟာ ဆရာမေတြရဲ႕ ဂုဏ္သိကၡာပိုင္းကို ထိခိုက္ေစလို႔ အေရးယူေပးဖို႔နဲ႔ ဆရာ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ NLD ပါတီကို တိုင္ၾကားထားတာျဖစ္ပါတယ္။

ဆရာမအေရအတြက္ဟာ ဆရာထက္မ်ားေနၿပီး ရပ္ေဝးေဒသေတြမွာ ေနေရးစားေရး အခက္ခဲေတြ ႀကဳံ

ပန္းတေနာ္ၿမိဳ႕နယ္ ေအာက္ေဒါင့္ႀကီးေက်း႐ြာမွာ မူလတန္းေက်ာင္းအုပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမ ေဒၚပန္းအိအိကို ကလည္း လက္ရွိေက်း႐ြာေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမတခ်ိဳ႕ရဲ႕ဘဝက မလုံၿခဳံဘူးလို႔ ေျပာပါတယ္။

လက္ရွိအေျခခံပညာေက်ာင္းေတြမွာ ဆရာမအေရအတြက္ဟာ ဆရာထက္မ်ားေနၿပီး ရပ္ေဝးေဒသေတြမွာ တာဝန္ထမ္းေဆာင္တဲ့အခါ ေနေရးစားေရး အခက္အခဲေတြ ႀကဳံေနရတာျဖစ္ပါတယ္။

NLD ပါတီ ဘက္ကေတာ့ ဆရာမေတြနဲ႔ ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းရဲ႕ ေျပာဆိုခ်က္ဟာ ပါတီ ပုံရိပ္ကို ထိခိုက္ေစတဲ့ အျပဳအမူ အေျပာအဆိုေတြ ထင္ရွားတယ္ဆိုရင္ အေရးယူမႈေတြ လုပ္မွာျဖစ္တယ္လို႔ လည္း ေျပာပါတယ္။

ဘယ္ေတာ့စတင္စစ္ေဆးမယ္ ၊ဘယ္သူေတြက စစ္မယ္ ဆိုတာနဲ႔ပတ္သက္လို႔ေတာ့ ပါတီဘက္ကထုတ္မေျပာေသးပါဘူး။

တနသၤာရီတိုင္း NLD ပါတီ က ဘ႑ာေရးမႉး စည္းကမ္းထိန္းသိမ္းေရး ေခါင္းေဆာင္နဲ႔ ျပန္ၾကားေရးတာဝန္ခံ တာဝန္ယူထားသူ ထိပ္ပိုင္း ေခါင္းေဆာင္ ၃ ဦးကို ပါတီက ၿပီးခဲ့တဲ့ၾသဂုတ္လ က အေရးယူခဲ့ပါတယ္ ။

BBC Burmese
https://www.bbc.com
---------------
Unicode
ပဲခူးတိုင်းဝန်ကြီးချုပ် ပါတီက အရေးယူခံရနိုင်လား

ဓာတ်ပုံ မူပိုင် Myanmar State Counsellor office
Image caption ဆရာမြဲစေဖို့အတွက် ဒေသခံလူငယ်တွေက ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဖို့ ပြောခဲ့တာဖြစ်

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောဆိုမှု ဟာ ပါတီ ပုံရိပ်ကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေရှိလို့ ပါတီက စစ်ဆေးမှာ ဖြစ်ပြီး ထင်ရှားတယ်ဆိုရင် အရေးယူ သွားမယ်လို့ NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ အောက်တိုဘာလ ၅ ရက်နေ့က နတ်တလင်းက လူထုတွေ့ဆုံပွဲတစ်ခုမှာ ဆရာ၊ ဆရာမတွေရဲ့ နေထိုင်ရေးနဲ့ ပတ်သက်လို့ ကျေးရွာသားတွေရဲ့ တင်ပြချက်အပေါ် ပြန်လည်ဖြေကြားရာမှာ ဝန်ထမ်းအိမ်ရာ မလိုဘဲ ဆရာမြဲစေဖို့အတွက် ဒေသခံလူငယ်တွေက ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကတော့ ရပ်ဝေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေဟာ ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မလက်ထပ်ယူတာတွေနဲ့ မုဒိမ်းပြုကျင့်ခံရတဲ့ အဖြစ်မျိုးတွေ ရှိနေပြီး ဒီလိုပြောကြားချက်ကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ကတော့ သူစကားနဲ့ ပတ်သက်လို့ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းမီဒီယာ အချို့ကနေ တဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အမြန်ဆုံးစစ်ပေးပါမယ် လို့ NLDပါတီကပြော

ပဲခူးတိုင်းဝန်ကြီးချုပ် ဟာ ဒီအဖြစ်ပျက်မတိုင်ခင်ကလည်း စဉ့်လုပ်ငန်းရှင်တွေကို နယူးကလီးယားဓာတ်ပေါင်းဖို့ထုတ်လုပ်နိုင်ရန် ကြိုးစားကြပါ ။လယ်သမားတွေကို လယ်ပေးလည်းပြန်ရောင်းမှာပဲ ။ စတဲ့ လူတွေဝေဖန်ခံရတဲ့ စကားတွေပြောခဲ့ဘူးတာရှိတယ်လို့ ပဲခူးတိုင်း ဒေသခံ သတင်းထောက်တစ်ဦး ကဘီဘီစီ ကို ပြောပါတယ်။

အခြေခံပညာကျောင်းတွေက ဆရာမတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အပေါ် အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ တိုင်ကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လက်ခံရရှိ အပြီးမှာ စစ်ဆေးမှုတွေ လုပ်တော့မယ်လို့ပြောတာ ဖြစ်ပါတယ်။

"အမြန်ဆုံးစစ်ပေးပါမယ်၊ သူ့ရဲ့ရည်ရွယ်ချက်တို့ဘာတို့ပေါ့ ၊သူ့ရဲ့ခုခံပိုင်ခွင့်ကိုလည်းပေးရဦးမယ်၊ အားလုံးခြုံပြီးမှ ဆုံးဖြတ်မှာပါ။" လို့လည်း NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ် ။

ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြားချက်ဟာ ဆရာမတွေရဲ့ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေလို့ အရေးယူပေးဖို့နဲ့ ဆရာ ဆရာမများအဖွဲ့ချုပ်က သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ NLD ပါတီကို တိုင်ကြားထားတာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆရာမအရေအတွက်ဟာ ဆရာထက်များနေပြီး ရပ်ဝေးဒေသတွေမှာ နေရေးစားရေး အခက်ခဲတွေ ကြုံ

ပန်းတနော်မြို့နယ် အောက်ဒေါင့်ကြီးကျေးရွာမှာ မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ပန်းအိအိကို ကလည်း လက်ရှိကျေးရွာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတချို့ရဲ့ဘဝက မလုံခြုံဘူးလို့ ပြောပါတယ်။

လက်ရှိအခြေခံပညာကျောင်းတွေမှာ ဆရာမအရေအတွက်ဟာ ဆရာထက်များနေပြီး ရပ်ဝေးဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့အခါ နေရေးစားရေး အခက်အခဲတွေ ကြုံနေရတာဖြစ်ပါတယ်။

NLD ပါတီ ဘက်ကတော့ ဆရာမတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောဆိုချက်ဟာ ပါတီ ပုံရိပ်ကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေ ထင်ရှားတယ်ဆိုရင် အရေးယူမှုတွေ လုပ်မှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

ဘယ်တော့စတင်စစ်ဆေးမယ် ၊ဘယ်သူတွေက စစ်မယ် ဆိုတာနဲ့ပတ်သက်လို့တော့ ပါတီဘက်ကထုတ်မပြောသေးပါဘူး။

တနင်္သာရီတိုင်း NLD ပါတီ က ဘဏ္ဍာရေးမှူး စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင်နဲ့ ပြန်ကြားရေးတာဝန်ခံ တာဝန်ယူထားသူ ထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကို ပါတီက ပြီးခဲ့တဲ့သြဂုတ်လ က အရေးယူခဲ့ပါတယ် ။

BBC Burmese
https://www.bbc.com
ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ပါတီက အေရးယူခံရႏိုင္လား ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ပါတီက အေရးယူခံရႏိုင္လား Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.