
Zawgyi





(Xinhua)
-------------------
Unicode
အမေရိကန်နိုင်ငံ ပစ်စ်ဘာ့ခ်မြို့ရှိ လမ်းပေါ်ရှိ ကျင်းပေါက်အတွင်းသို့ ဘတ်စ်ကားပြုတ်ကျ


လမ်းပေါ်ရှိကျင်းအပေါက်အတွင်းသို့ ကျသွားသည့် ဘတ်စ်ကားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) North America

 ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပန်ဆေလ်ဗေးနီးယားပြည်နယ် ပစ်စ်ဘာ့ခ်မြို့လယ်၌ လမ်းပေါ်ရှိကျင်းပေါက်တစ်ခုအတွင်းသို့ အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ကားတစ်စီး၏အနောက်ပိုင်း ပြုတ်ကျသွားခဲ့ရာ ကားပေါ်ပါလာသည့် လူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ပစ်စ်ဘာ့ခ်မြို့ Penn ရိပ်သာ ၁၀ လမ်း၌ ဘတ်စ်ကားတစ်စီးက မီးနီသဖြင့် ရပ်လိုက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Allegheny နယ်မြေ ဆိပ်ကမ်းအာဏာပိုင်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အဆိုပါ ဘတ်စ်ကားပေါ်၌ လိုက်ပါလာသူ ၂ ဦးအနက် တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ပစ်စ်ဘာ့ခ် အများပြည်သူဘေးကင်းရေးဌာနအရ သိရသည်။

လမ်းပေါက်အတွင်းကျသွားသည့် ဘတ်စ်ကားကို ဆွဲတင်ရန် ကရိန်းကားနှစ်စီးခေါ်ယူခဲ့ရပြီး အခင်းဖြစ်ရာ အနီးဝန်းကျင်ရှိ လမ်းများအား အချိန် ၈ နာရီမှ ၁၀ နာရီကြာ ပိတ်ခဲ့သဖြင့် ယာဉ်အသွားအလာ ကြန့်ကြာသွားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံ ပစ်စ်ဘာ့ခ်မြို့ရှိ လမ်းပေါ်ရှိ ကျင်းပေါက်အတွင်းသို့ ဘတ်စ်ကားပြုတ်ကျ အမေရိကန်နိုင်ငံ ပစ်စ်ဘာ့ခ်မြို့ရှိ လမ်းပေါ်ရှိ ကျင်းပေါက်အတွင်းသို့ ဘတ်စ်ကားပြုတ်ကျ Reviewed by THITHTOOLWIN on 02:36 Rating: 5
Powered by Blogger.