ရန္ကုန္တိုင္း လႊတ္ေတာ္မွာ ၾကားနာမယ့္ ဝန္ႀကီးမ်ား႐ုံးထဲက Spa ကိစၥ

 အတြင္းဝန္႐ုံးဟာ အဂၤလိပ္အကၡရာ ယူပုံသဏၰန္ ရွိၿပီးေတာ့ ျမန္မာ့သမိုင္းမွာ အေရးပါတဲ့ အေဆာက္အအုံ ျဖစ္ပါတယ္။
Zawgyi
ရန္ကုန္ ၿမိဳ႕ ဗိုလ္ေအာင္ေက်ာ္လမ္းက ဝန္ႀကီးမ်ား႐ုံးေဟာင္းမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်န္းမာေရးဝန္ေဆာင္မႈ စင္တာတစ္ခု ဖြင့္လွစ္ခဲ့ၿပီး အဲဒီမွာ spa ဝန္ေဆာင္မႈ ပါေနတဲ့ကိစၥ ကို လႊတ္ေတာ္ လူမႈေရးရာေကာ္မတီက ႏိုဝင္ဘာ လပထမပတ္ထဲမွာ ၾကားနာပြဲ လုပ္သြားဖို႔ ရွိေနတယ္လို႔ ရန္ကုန္တိုင္းလႊတ္ေတာ္ရဲ႕ လူမႈေရးႏွင့္စီမံခန႔္ခြဲေရးေကာ္မတီ ဝင္ ဦးလွေဌး က ဘီဘီစီကို ေျပာပါတယ္။

ေအာက္တိုဘာလ ၂၆ ရက္ေန႔က ဖြင့္ပြဲ အၿပီး မွာ အဲဒီေနရာမွာ spa ဝန္ေဆာင္မႈ ပါေနတယ္ ဆိုတာကို လူမႈကြန္ရက္ကေနတစ္ဆင့္ လႊတ္ေတာ္ဘက္က သိရွိခဲ့တာျဖစ္ၿပီးေတာ့ လူေတြက ကန႔္ကြက္မႈေတြရွိလို႔ ဒီကိစၥကို ၾကားနာဖို႔ ရန္ကုန္တိုင္းလႊတ္ေတာ္ရဲ႕ လူမႈေရးႏွင့္ စီမံခန႔္ခြဲေရးေကာ္မတီ က ဆုံးျဖတ္လိုက္တာလို႔လည္း သူက ဘီဘီစီကို ေျပာပါတယ္။

ဝန္ႀကီးမ်ား႐ုံးဟာ အာဇာနည္ ေခါင္းေဆာင္ ေတြ က်ဆုံးခဲ့တဲ့ ေနရာ ျဖစ္သလို ျမန္ႏိုင္ငံ လြတ္လပ္ေရး သမိုင္းနဲ႔လည္း ဆက္စပ္ေနတဲ့ သမိုင္းဝင္ ေနရာ ျဖစ္တယ္လို႔ လူအမ်ားစုက လက္ခံထားၾကပါတယ္။

ရန္ကုန္ ၿမိဳ႕ က ဝန္ႀကီးမ်ား႐ုံးကို ၿပီးခဲ့ တဲ့ အစိုးရလက္ထက္က စၿပီး ထိန္းသိမ္းဖို႔နဲ႔ စီမံခန႔္ခြဲဖို႔ အတြက္ အေနာ္မာ ကုမၸဏီ အုပ္စုက လုပ္ပိုင္ခြင့္ ရ ထားတာ ျဖစ္ၿပီး အခု spa ဝန္ေဆာင္မႈ ပါေနတဲ့ လုပ္ငန္းစုကို စကၤာပူက လာေရာက္ရင္းႏွီးျမဳပ္ႏွံၿပီး လုပ္ကိုင္တာ ျဖစ္တယ္လို႔လည္း ဦးလွေဌး က ဘီဘီစီကို ေျပာပါတယ္။
ဘာေတြပါေနလို႔လဲ

Spa ဆိုတာက ေတာ့ အသားအေရ ထိန္းသိမ္းေပါင္းတင္တာ အျပင္ ႏွိပ္နယ္တာေတြလည္း ေယဘုယ်အားျဖင့္ေတာ့ ပါတတ္ပါတယ္။

"ကြၽန္ေတာ္တို႔ ၾကားရ၊ ျမင္ ရတဲ့ ပုံေတြ အရေတာ့ ထိုင္ခုံေတြနဲ႔ အမ်ားတန္းစီၿပီး ႏွိပ္တာတို႔ ဘာတို႔ရွိမွာေပါ့။ သီးျခား ကန္႔လန္႔ကာ ကာၿပီးႏွိပ္တဲ့လုပ္ငန္းမ်ိဳးေတာ့ မဟုတ္ဘူး။ ဖြင့္ပြဲလုပ္ၿပီး ပုံေတြ၊ သတင္းေတြ တက္လာမွ ပဲ သိရ တာ။ အဲဒီမတိုင္ခင္ ဘာ သတင္းမွ မသိရ ဘူး "လို႔လည္း ဦးလွေဌး ကေျပာပါတယ္။

ဒီလုပ္ငန္းဟာ စည္ပင္က လုပ္ငန္းလိုင္စင္လည္း ရမထားဘူးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ၾကားနာပြဲ လုပ္ရတာ သတင္းအခ်က္ အလက္ အမွန္ရ ခ်င္လို႔ လုပ္ရတာပါ လို႔လည္း ရန္ကုန္တိုင္းလႊတ္ေတာ္ရဲ႕ လူမႈေရးနဲ႔ စီမံခန႔္ခြဲေရး ေကာ္မတီ ကေျပာပါတယ္။

ၾကားနာပြဲမွာ ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္လိုက္ရင္ေတာ့ ရလဒ္ တစ္ခု ထြက္လာ မယ္လို႔ ထင္တယ္ လို႔ လည္း ရန္ကုန္တိုင္းလႊတ္ေတာ္ဘက္ ကေျပာပါတယ္။

ဝန္ႀကီးမ်ား႐ုံး ကို ထိန္းသိမ္းေစာင့္ေရွာက္ေနတဲ့ အေနာ္မာ ကုမၼဏီ အုပ္စု ဘက္ကေတာ့ အခုေဝဖန္သံေတြညံေနတဲ့ စင္တာဟာ spa မဟုတ္သလို အႏွိပ္ခန္းလည္း မဟုတ္ဘဲ က်န္းမာေရးနဲ႔ အလွအပစင္တာ တစ္ခုသာျဖစ္တယ္လို႔ ျပည္တြင္း သတင္းမီဒီယာေတြကို ေျဖၾကားထားပါတယ္။
၂၀၀၈ အေျခခံ ဥ ပေဒ ဇယား၂ အရ တိုင္း လႊတ္ေတာ္မွာ ၾကားနာလို႔ရ

ဘယ္သူေတြတက္မွာလဲ

လႊတ္ေတာ္က လုပ္မယ့္ၾကားနာပြဲကို အေနာ္မာ ကုမၸဏီ ၊ ရန္ကုန္စည္ပင္ ၊ရန္ကုန္တိုင္း ရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မရွင္၊ ရန္ကုန္တိုင္းအစိုးရ ဘက္က တာဝန္ရွိသူေတြအျပင္ တျခားသက္ဆိုင္ရာ ဌာနေတြ ကို ဖိတ္ၾကားသြားမယ္လို႔လည္း ဦးလွေဌး ကေျပာပါတယ္။

"ကႊၽန္ေတာ္ တို႔ ကလႊတ္ေတာ္ ျဖစ္ေတာ့ ျပည္သူလူထု အသံနားေထာင္ရပါတယ္။ အခုလို ေဝဖန္သံေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္လာလို႔ ျပည္သူ႔ဆႏၵက ဘာလဲ၊ ျပည္သူေတြ ျမင္ေနတဲ့ဟာက ဘာလဲ ဆိုတာကို ပြင့္လင္းျမင္သာစြာ သိဖို႔လုပ္ရတာပါ "လို႔လည္း ဦးလွေဌး ကရွင္းျပပါတယ္။

အတြင္းဝန္မ်ား႐ုံး ဟာရန္ကုန္ၿမိဳ႕ရဲ႕ ေရွးေဟာင္း အေမြအႏွစ္ အေဆာက္အအုံ ျဖစ္ပါတယ္။

၂၀၀၈ အေျခခံ ဥပေဒ အရ ရန္ကုန္တိုင္းလႊတ္ေတာ္ရဲ႕ လူမႈေရးနဲ႔စီမံခန႔္ခြဲေရးေကာ္မတီ က ၿမိဳ႕ျပ အေဆာက္ အအုံေတြနဲ႔ ပတ္သက္လို႔ တာဝန္ရွိတယ္လို႔ လည္း ျပဌာန္းထားပါတယ္ ။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ က်ဆုံးခဲ့တဲ့ ေနရာျဖစ္သလို၊ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးလႊတ္ေတာ္၊ ပထမဆုံး အေျခခံဥပေဒ တို႔ကို ေရးခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္ ။

ျမန္မာ့သမိုင္းမွာ အေရးပါတဲ့ အေဆာက္အအုံ

အတြင္းဝန္႐ုံး ဟာ ရန္ကုန္ၿမိဳ႕လယ္မွာ ရွိၿပီးေတာ့ ၁၆ ဧက က်ယ္ဝန္းပါတယ္။

၂၀၁၇ခုႏွစ္က စတင္ၿပီး အေနာ္မာ ကုမၸဏီက ျပဳျပင္ထိန္းသိမ္းေနၿပီး အတြင္းဝန္႐ုံးကို အာဇာနည္ျပတိုက္အျဖစ္ အမ်ားျပည္သူ လာေရာက္ေလ့လာႏိုင္ဖို႔ ဒီႏွစ္ထဲမွာပဲ ဖြင့္လွစ္ထားပါတယ္။

အတြင္းဝန္႐ုံးဟာ အဂၤလိပ္အကၡရာ ယူပုံသဏၰန္ ရွိၿပီးေတာ့ ျမန္မာ့သမိုင္းမွာ အေရးပါတဲ့ အေဆာက္အအုံ ျဖစ္ပါတယ္။

ဒီေနရာဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ က်ဆုံးခဲ့တဲ့ ေနရာျဖစ္သလို၊ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးလႊတ္ေတာ္၊ ပထမဆုံး အေျခခံဥပေဒ တို႔ကို ေရးခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္ ။

ရွစ္ေလးလုံးျပတိုက္ ကို အတြင္းဝန္႐ုံးမွာပဲ ဖြင့္လွစ္ဖို႔ ဇူလိုင္လတုန္း ႀကိဳးပမ္းမႈေတြရွိေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး ။

အတြင္းဝန္႐ုံးကို ပုဂၢလိကထံ လႊဲေျပာင္းခဲ့ရာမွာ အေနာ္မာအဖြဲ႕က တင္ဒါေအာင္ျမင္ခဲ့ၿပီး ျပင္ဆင္ျပဳျပင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ ဝင္ေၾကးေပးရတဲ့ Tour အစီစဥ္ေတြနဲ႔ ဝင္ေရာက္ေလ့လာခြင့္ျပဳေနတာ ျဖစ္ပါတယ္။

လူေတြကေတာ့သမိုင္းအရ အခုလိုအေရးပါတဲ့ေနရာကို အခုလိုSpa ဝန္ေဆာင္မႈေတြလုပ္လာတာ မသင့္ဘူးလို႔ ေထာက္ျပၾကတာလည္း ျဖစ္ပါတယ္။
ၾကားနာပြဲကရလဒ္ထြက္မလား

ငွားရမ္းစဥ္က သေဘာတူညီထား တဲ့ အခ်က္အလက္ေတြ၊ လက္ရွိလုပ္ကိုင္ေနတဲ့ အေဆာက္အဦးႏွင့္ ဆိုင္ေတြဟာ ဥပေဒႏွင့္ညီၫႊတ္မႈရွိမရွိ တဲ့ အခ်က္ေတြကို လႊတ္ေတာ္မွာ ၾကားနာၾကမွာ ျဖစ္ပါတယ္။

အဲဒီ Spa မွာ တစ္ဦးကို ၃ နာရီအတြက္ ၅၅ ေဒၚလာမွ ၁၃၀ ေဒၚလာအထိ ဝန္ေဆာင္ခရွိၿပီး မိသားစုလိုက္ လာေရာက္ပါက ေဒၚလာ ၇၀၀ ေက်ာ္မွ ၁၀၀၀ ေက်ာ္အထိ ေဈးႏႈန္းရွိတယ္လို႔ လည္း အဲဒီကို ေရာက္ရွိခဲ့ သူတစ္ဦးက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ၾကားနာပြဲ က ဥပေဒေတြသတ္မွတ္ခ်က္ေတြနဲ႔ ညီမညီကိုပဲ ၾကည့္မွာပါ "လို႔ လည္း ဦးလွေဌး ကေျပာပါတယ္ ။

BBC Burmese
https://www.bbc.com
-----------------
Unicode
ရန်ကုန်တိုင်း လွှတ်တော်မှာ ကြားနာမယ့် ဝန်ကြီးများရုံးထဲက Spa ကိစ္စ

Image caption အတွင်းဝန်ရုံးဟာ အင်္ဂလိပ်အက္ခရာ ယူပုံသဏ္ဏန် ရှိပြီးတော့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။

ရန်ကုန် မြို့ ဗိုလ်အောင်ကျော်လမ်းက ဝန်ကြီးများရုံးဟောင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးဝန်ဆောင်မှု စင်တာတစ်ခု ဖွင့်လှစ်ခဲ့ပြီး အဲဒီမှာ spa ဝန်ဆောင်မှု ပါနေတဲ့ကိစ္စ ကို လွှတ်တော် လူမှုရေးရာကော်မတီက နိုဝင်ဘာ လပထမပတ်ထဲမှာ ကြားနာပွဲ လုပ်သွားဖို့ ရှိနေတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဝင် ဦးလှဌေး က ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့က ဖွင့်ပွဲ အပြီး မှာ အဲဒီနေရာမှာ spa ဝန်ဆောင်မှု ပါနေတယ် ဆိုတာကို လူမှုကွန်ရက်ကနေတစ်ဆင့် လွှတ်တော်ဘက်က သိရှိခဲ့တာဖြစ်ပြီးတော့ လူတွေက ကန့်ကွက်မှုတွေရှိလို့ ဒီကိစ္စကို ကြားနာဖို့ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ က ဆုံးဖြတ်လိုက်တာလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီးများရုံးဟာ အာဇာနည် ခေါင်းဆောင် တွေ ကျဆုံးခဲ့တဲ့ နေရာ ဖြစ်သလို မြန်နိုင်ငံ လွတ်လပ်ရေး သမိုင်းနဲ့လည်း ဆက်စပ်နေတဲ့ သမိုင်းဝင် နေရာ ဖြစ်တယ်လို့ လူအများစုက လက်ခံထားကြပါတယ်။

ရန်ကုန် မြို့ က ဝန်ကြီးများရုံးကို ပြီးခဲ့ တဲ့ အစိုးရလက်ထက်က စပြီး ထိန်းသိမ်းဖို့နဲ့ စီမံခန့်ခွဲဖို့ အတွက် အနော်မာ ကုမ္ပဏီ အုပ်စုက လုပ်ပိုင်ခွင့် ရ ထားတာ ဖြစ်ပြီး အခု spa ဝန်ဆောင်မှု ပါနေတဲ့ လုပ်ငန်းစုကို စင်္ကာပူက လာရောက်ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်တာ ဖြစ်တယ်လို့လည်း ဦးလှဌေး က ဘီဘီစီကို ပြောပါတယ်။
ဘာတွေပါနေလို့လဲ

Spa ဆိုတာက တော့ အသားအရေ ထိန်းသိမ်းပေါင်းတင်တာ အပြင် နှိပ်နယ်တာတွေလည်း ယေဘုယျအားဖြင့်တော့ ပါတတ်ပါတယ်။

"ကျွန်တော်တို့ ကြားရ၊ မြင် ရတဲ့ ပုံတွေ အရတော့ ထိုင်ခုံတွေနဲ့ အများတန်းစီပြီး နှိပ်တာတို့ ဘာတို့ရှိမှာပေါ့။ သီးခြား ကန့်လန့်ကာ ကာပြီးနှိပ်တဲ့လုပ်ငန်းမျိုးတော့ မဟုတ်ဘူး။ ဖွင့်ပွဲလုပ်ပြီး ပုံတွေ၊ သတင်းတွေ တက်လာမှ ပဲ သိရ တာ။ အဲဒီမတိုင်ခင် ဘာ သတင်းမှ မသိရ ဘူး "လို့လည်း ဦးလှဌေး ကပြောပါတယ်။

ဒီလုပ်ငန်းဟာ စည်ပင်က လုပ်ငန်းလိုင်စင်လည်း ရမထားဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကြားနာပွဲ လုပ်ရတာ သတင်းအချက် အလက် အမှန်ရ ချင်လို့ လုပ်ရတာပါ လို့လည်း ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီ ကပြောပါတယ်။

ကြားနာပွဲမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လိုက်ရင်တော့ ရလဒ် တစ်ခု ထွက်လာ မယ်လို့ ထင်တယ် လို့ လည်း ရန်ကုန်တိုင်းလွှတ်တော်ဘက် ကပြောပါတယ်။

ဝန်ကြီးများရုံး ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အနော်မာ ကုမ္မဏီ အုပ်စု ဘက်ကတော့ အခုဝေဖန်သံတွေညံနေတဲ့ စင်တာဟာ spa မဟုတ်သလို အနှိပ်ခန်းလည်း မဟုတ်ဘဲ ကျန်းမာရေးနဲ့ အလှအပစင်တာ တစ်ခုသာဖြစ်တယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
ဓာတ်ပုံ မူပိုင် Yangon Hluttaw
Image caption ၂၀၀၈ အခြေခံ ဥ ပဒေ ဇယား၂ အရ တိုင်း လွှတ်တော်မှာ ကြားနာလို့ရ
ဘယ်သူတွေတက်မှာလဲ

လွှတ်တော်က လုပ်မယ့်ကြားနာပွဲကို အနော်မာ ကုမ္ပဏီ ၊ ရန်ကုန်စည်ပင် ၊ရန်ကုန်တိုင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင်၊ ရန်ကုန်တိုင်းအစိုးရ ဘက်က တာဝန်ရှိသူတွေအပြင် တခြားသက်ဆိုင်ရာ ဌာနတွေ ကို ဖိတ်ကြားသွားမယ်လို့လည်း ဦးလှဌေး ကပြောပါတယ်။

"ကွျှန်တော် တို့ ကလွှတ်တော် ဖြစ်တော့ ပြည်သူလူထု အသံနားထောင်ရပါတယ်။ အခုလို ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလို့ ပြည်သူ့ဆန္ဒက ဘာလဲ၊ ပြည်သူတွေ မြင်နေတဲ့ဟာက ဘာလဲ ဆိုတာကို ပွင့်လင်းမြင်သာစွာ သိဖို့လုပ်ရတာပါ "လို့လည်း ဦးလှဌေး ကရှင်းပြပါတယ်။

အတွင်းဝန်များရုံး ဟာရန်ကုန်မြို့ရဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ အရ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနဲ့စီမံခန့်ခွဲရေးကော်မတီ က မြို့ပြ အဆောက် အအုံတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ လည်း ပြဌာန်းထားပါတယ် ။
Image caption ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့တဲ့ နေရာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်၊ ပထမဆုံး အခြေခံဥပဒေ တို့ကို ရေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ် ။
မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ

အတွင်းဝန်ရုံး ဟာ ရန်ကုန်မြို့လယ်မှာ ရှိပြီးတော့ ၁၆ ဧက ကျယ်ဝန်းပါတယ်။

၂၀၁၇ခုနှစ်က စတင်ပြီး အနော်မာ ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းနေပြီး အတွင်းဝန်ရုံးကို အာဇာနည်ပြတိုက်အဖြစ် အများပြည်သူ လာရောက်လေ့လာနိုင်ဖို့ ဒီနှစ်ထဲမှာပဲ ဖွင့်လှစ်ထားပါတယ်။

အတွင်းဝန်ရုံးဟာ အင်္ဂလိပ်အက္ခရာ ယူပုံသဏ္ဏန် ရှိပြီးတော့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။

ဒီနေရာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့တဲ့ နေရာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်၊ ပထမဆုံး အခြေခံဥပဒေ တို့ကို ရေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ် ။

ရှစ်လေးလုံးပြတိုက် ကို အတွင်းဝန်ရုံးမှာပဲ ဖွင့်လှစ်ဖို့ ဇူလိုင်လတုန်း ကြိုးပမ်းမှုတွေရှိပေမယ့် မအောင်မြင်ခဲ့ပါဘူး ။

အတွင်းဝန်ရုံးကို ပုဂ္ဂလိကထံ လွှဲပြောင်းခဲ့ရာမှာ အနော်မာအဖွဲ့က တင်ဒါအောင်မြင်ခဲ့ပြီး ပြင်ဆင်ပြုပြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဝင်ကြေးပေးရတဲ့ Tour အစီစဉ်တွေနဲ့ ဝင်ရောက်လေ့လာခွင့်ပြုနေတာ ဖြစ်ပါတယ်။

လူတွေကတော့သမိုင်းအရ အခုလိုအရေးပါတဲ့နေရာကို အခုလိုSpa ဝန်ဆောင်မှုတွေလုပ်လာတာ မသင့်ဘူးလို့ ထောက်ပြကြတာလည်း ဖြစ်ပါတယ်။
ကြားနာပွဲကရလဒ်ထွက်မလား

ငှားရမ်းစဉ်က သဘောတူညီထား တဲ့ အချက်အလက်တွေ၊ လက်ရှိလုပ်ကိုင်နေတဲ့ အဆောက်အဦးနှင့် ဆိုင်တွေဟာ ဥပဒေနှင့်ညီညွှတ်မှုရှိမရှိ တဲ့ အချက်တွေကို လွှတ်တော်မှာ ကြားနာကြမှာ ဖြစ်ပါတယ်။

အဲဒီ Spa မှာ တစ်ဦးကို ၃ နာရီအတွက် ၅၅ ဒေါ်လာမှ ၁၃၀ ဒေါ်လာအထိ ဝန်ဆောင်ခရှိပြီး မိသားစုလိုက် လာရောက်ပါက ဒေါ်လာ ၇၀၀ ကျော်မှ ၁၀၀၀ ကျော်အထိ ဈေးနှုန်းရှိတယ်လို့ လည်း အဲဒီကို ရောက်ရှိခဲ့ သူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ကြားနာပွဲ က ဥပဒေတွေသတ်မှတ်ချက်တွေနဲ့ ညီမညီကိုပဲ ကြည့်မှာပါ "လို့ လည်း ဦးလှဌေး ကပြောပါတယ် ။

BBC Burmese
https://www.bbc.com
ရန္ကုန္တိုင္း လႊတ္ေတာ္မွာ ၾကားနာမယ့္ ဝန္ႀကီးမ်ား႐ုံးထဲက Spa ကိစၥ ရန္ကုန္တိုင္း လႊတ္ေတာ္မွာ ၾကားနာမယ့္ ဝန္ႀကီးမ်ား႐ုံးထဲက Spa ကိစၥ Reviewed by THITHTOOLWIN on 02:41 Rating: 5
Powered by Blogger.