တပ္ကေခၚသြားတဲ့ ေျမာက္ဦးက ၁ဝ ဦး ျပန္လြတ္လာ

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ ေျမပံုကို ေတြ႔ရစဥ္
Zawgyi
ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ ေပါက္ေတာျပင္ေက်းရြာကုိ မေန႔က ေရာက္လာတဲ့ တပ္မေတာ္စစ္ေၾကာင္းက လမ္းျပအျဖစ္ ေခၚေဆာင္သြားတယ္လို႔ ဆိုတဲ့ ေဒသခံ အမ်ိဳးသမီး ရွစ္ေယာက္နဲ႔ အမ်ိဳးသား ႏွစ္ေယာက္ ထြက္ေျပးလြတ္ေျမာက္လာတယ္လို႔ အမည္မေဖာ္လိုတဲ့ ရြာသားတစ္ဦးက RFA ကုိေျပာပါတယ္။

ေအာက္တိုဘာလ ၁၂ ရက္ မေန႔ည ၆ နာရီခြဲေလာက္က ရန္ကုန္-စစ္ေတြ ကားလမ္းကေန ေျမာက္ဦးၿမိဳ႕နယ္ ေပါက္ေတာျပင္ ေက်းရြာထဲကို ေသနတ္ပစ္ေဖာက္ဝင္ေရာက္လာတဲ့ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ရြာသားေတြကုိ စစ္ေဆးေမးျမန္းၿပီးတဲ့ေနာက္ အမ်ိဳးသမီး ရွစ္ေယာက္နဲ႔ အမ်ိဳးသား ႏွစ္ေယာက္ကို ရြာအေရွ႕ဘက္ သင္းက်စ္ေတာင္ေပၚကို လမ္းျပအျဖစ္ ေရွ႕ကေနထားၿပီး ေခၚေဆာင္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

"သူတို႔က ရန္ကုန္ စစ္ေတြကားလမ္းေပါ့၊ အဲဒီကားလမ္းကေနၿပီးေတာ့ သူတို႔က ေသနတ္နဲ႔ပစ္ေဖာက္ၿပီးေတာ့လာတာ၊ ညေျခာက္နာရီခြဲမွာေလ တပ္မေတာ္စစ္ေၾကာင္းက သင္းက်စ္ေတာင္ဘုရားကိုတက္တယ္၊ သင္းက်စ္ေတာင္ဘုရားတက္ေတာ့ လမ္းတစ္၀က္မွာ ပစ္ၾကတာေပါ့၊ သူ႔ဘက္ကုိယ့္ဘက္ျဖစ္ၾကတာေပါ့ ဒါေပမဲ့ ေသတာေပ်ာက္တာေတာ့ ဦးအေနနဲ႔ မသိႏိုင္ဘူး၊ ဒါေပမဲ့ျဖစ္ေတာ့ျဖစ္တယ္၊ စစ္ေၾကာင္းကေတာ့ သင္းက်စ္ေတာင္ဘုရားေရာက္သြားၿပီ၊ ကၽြန္ေတာ္တို႔ ေပါက္ေတာျပင္ရြာကေတာ့ မိန္းကေလး ရွစ္ေယာက္ရယ္ ေယာက္က်ားေလး ႏွစ္ေယာက္ရယ္ သူတုိ႔ကေခၚသြားတယ္၊ ေခၚသြားေတာ့ ေရွ႕ကသြားခုိင္းတာေပါ့ေနာ့၊ ရြာသားေတြေတာ့ အကုန္ေရာက္ၿပီ၊ မိန္းကေလးေတြေရာ ေယာက္က်ားေလးေတြေရာ အကုန္ေရာက္ၿပီ၊ ဘာမွေတာ့ ထိခိုက္မႈမရွိဘူး၊ တပ္မေတာ္စစ္ေၾကာင္းကလည္း ျပန္လႊတ္ေပးလုိက္တာေပါ့ သူတုိ႔ကို"

အမည္မေဖာ္လိုတဲ့ ေပါက္ေတာျပင္ရြာ ေဒသခံတစ္ေယာက္ ေျပာသြားတာပါ။

အဲ့ဒီလိုေခၚေဆာင္သြားၿပီး မိနစ္ႏွစ္ဆယ္ခန္႔အၾကာ ေတာင္ထိပ္ေပၚ မေရာက္ခင္မွာ တပ္မေတာ္နဲ႔ AA တပ္ဖြဲ႔တို႔ တုိက္ပြဲျဖစ္ပြားခဲ့ေပမယ့္ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတာ မျဖစ္ခဲ့ဘူးလို႔ သိရပါတယ္။

တိုက္ပြဲေၾကာင့္ ရြာခံေတြဟာ နီးစပ္ရာ ေက်းရြာေတြကို ထြက္ေျပးခိုလႈံေနၾကၿပီး ရြာထဲမွာလည္း အမ်ိဳးသမီးအမ်ားစုသာ က်န္ရွိတယ္လို႔ သိရပါတယ္။

စစ္ေဘးေရွာင္ေနတဲ့ ေပါက္ေတာျပင္ေဒသခံ အမ်ိဳးသားတစ္ေယာက္ကလည္း ဒီသတင္းကို ၾကားေပမယ့္ အတိအက်ေတာ့ မသိဘူးလို႔ RFA ကိုေျပာပါတယ္။

"ကၽြန္ေတာ္က ရြာမွာေတာ့မဟုတ္၊ အဲဒီလိုေတာ့ သတင္းၾကားတယ္၊ သူတို႔က တုိက္ပြဲျဖစ္ၿပီးမွ အဲဒီက AA ကလူေတြ ျပန္ေခၚသြားတယ္လို႔ၾကားတယ္၊ ကၽြန္ေတာ္လည္းမသိ ေျမာက္ဦးမွာေရာက္ေနတာ အတိအက်မသိ၊ သတင္းၾကားတာ အတိအက်ေတာ့မသိ"

ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊြတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေတာ့ ဒီျဖစ္စဥ္အေပၚ မွန္ကန္ေၾကာင္း RFA ကို အတည္ျပဳေျပာပါတယ္။

"သိထားတာကေတာ့ အဲဒီရြာဘက္က အမ်ိဳးသမီး ၈ ေယာက္ရယ္ ကေလးတစ္ေယာက္ရယ္ ေနာက္ၿပီးေတာ့ ဆြမ္းဒကာတစ္ေယာက္ရယ္ အဲဒီလူ ၁၀ ေယာက္ကို စစ္ေၾကာင္းတစ္ခုက ေခၚသြားတယ္၊ အခုေတာ့ အိမ္ကိုျပန္ေရာက္ေနၿပီလို႔ ေျပာပါတယ္၊ အဲ့ဘက္က ရြာသားေတြကေတာ့ အဲ့လိုေျပာၾကပါတယ္၊ တိုက္ပြဲျဖစ္တယ္လား မျဖစ္ဘူးလား အဲ့သူတို႔ဘက္ရြာသားေတြေျပာတာေတာ့ တိုက္ပြဲျဖစ္တယ္လု႔ိ ေျပာတယ္"

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကုိ RFA က ဆက္သြယ္ေမးျမန္းရာမွာ ေပါက္ေတာျပင္ဘက္မွာ သူတို႔တပ္ေတြ မရွိေၾကာင္း ျငင္းဆိုပါတယ္။

"အာ အဲ့ဒါမဟုတ္ဘူး၊ ကၽြန္ေတာ္တို႔မေန႔က ေပါက္ေတာျပင္ကို မေရာက္ဘူး၊ ေပါက္ေတာျပင္ကို မေရာက္သလို ကၽြန္ေတာ္တို႔ တပ္ေတြလည္း ေပါက္ေတာျပင္မွာ မရွိဘူး၊ ေပါက္ေတာ့ျပင္ေတာ့ မဟုတ္ဘူး ကၽြန္ေတာ္တို႔ ထမရဇ္ေပါ့၊ မေန႔တုန္းက ကၽြန္ေတာ္တို႔ တျမန္မေန႔က မီးသတ္တပ္ဖြဲ႔၀င္ေတြနဲ႔ အရပ္သားေတြကိုေခၚသြားတာ ေခၚသြားတဲ့ေနာက္ကို ကၽြန္ေတာ္တို႔ ေနာက္ကေနလိုက္ၿပီးေတာ့ စစ္ေၾကာင္းေတြထိုးၿပီးေတာ့မွ နယ္ေျမရွင္းလင္းေရး လိုက္လုပ္တာေပါ့၊ အဲ့လိုနယ္ေျမရွင္းလင္းေရး လုပ္တဲ့တပ္နဲ႔ မေန႔ကေတာ့ ထိေတြ႔မႈျဖစ္တာ၊ ကၽြန္ေတာ္တို႔ဆီက အေလာင္း၊ လက္နက္ရတာေတာ့ရွိတယ္၊ အခုေတာ့ဆက္ၿပီးေတာ့မွ လိုက္ၿပီးေတာ့မွ လုပ္ဆဲရွိေသးတာေပါ့၊ အဲ့အဆင့္ပဲေျပာလုိ႔ရမယ္၊ က်န္တာေတာ့ေျပာလို႔မရဘူး"

သင္းက်စ္ေတာင္မွာ တုိက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ျပန္ၾကားေရး တာ၀န္ခံခိုင္သုခကို RFA ကဆက္သြယ္ထားေပမယ့္ ဒီကေန႔ညေနပိုင္းအထိ အေၾကာင္းျပန္တာ မရွိေသးပါဘူး။

တုိက္ပြဲေတြအတြင္း ေဒသခံေတြ အရပ္သားေတြကို လမ္းျပအျဖစ္ဖမ္းဆီးေခၚေဆာင္တာ၊ လူသားဒိုင္းအျဖစ္ အသံုးျပဳတာ၊ မသကၤာသူေတြကို ဖမ္းဆီးစစ္ေဆးတာ၊ ခရီးသြားျပည္သူေတြနဲ႔ အစိုးရ၀န္ထမ္းေတြကို ဖမ္းဆီးတာေတြ မၾကာခဏျဖစ္ေပၚေနေပမယ့္ တပ္မေတာ္နဲ႔ AA ႏွစ္ဖက္စလံုးကေတာ့ သူတို႔လုပ္တာ မဟုတ္ဘူးလို႔ အျမဲျငင္းဆိုၾကပါတယ္။

ၾသဂုတ္ ၂၁  ကေန စက္တင္ဘာ ၂၀ အထိ ရခိုင္ျပည္နယ္ထဲမွာ  တိုက္ပြဲျဖစ္မႈကလည္း အႀကိမ္ ၄၀ နီးပါး ရွိပါတယ္။

တိုက္ပြဲေတြေၾကာင့္ စစ္ေဘးသင့္ရသူ အေရအတြက္ ေျခာက္ေသာင္းေက်ာ္အထိရိွေနသလို အရပ္သား ေသဆံုးသူ ကိုးဆယ္ နီးပါးရွိၿပီး ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကေန ဒီေန႔အထိ တပ္မေတာ္က သံသယနဲ႔ ဖမ္းဆီးစစ္ ေဆးခံေနရတဲ့သူကလည္း ရာခ်ီရွိေနပါၿပီ။

RFA Burmese
https://www.rfa.org
-----------------
Unicode
တပ်ကခေါ်သွားတဲ့ မြောက်ဦးက ၁ဝ ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာကို မနေ့က ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဆိုတဲ့ ဒေသခံ အမျိုးသမီး ရှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက် မနေ့ည ၆ နာရီခွဲလောက်က ရန်ကုန်-စစ်တွေ ကားလမ်းကနေ မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာသားတွေကို စစ်ဆေးမေးမြန်းပြီးတဲ့နောက် အမျိုးသမီး ရှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်ကို ရွာအရှေ့ဘက် သင်းကျစ်တောင်ပေါ်ကို လမ်းပြအဖြစ် ရှေ့ကနေထားပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့က ရန်ကုန် စစ်တွေကားလမ်းပေါ့၊ အဲဒီကားလမ်းကနေပြီးတော့ သူတို့က သေနတ်နဲ့ပစ်ဖောက်ပြီးတော့လာတာ၊ ညခြောက်နာရီခွဲမှာလေ တပ်မတော်စစ်ကြောင်းက သင်းကျစ်တောင်ဘုရားကိုတက်တယ်၊ သင်းကျစ်တောင်ဘုရားတက်တော့ လမ်းတစ်ဝက်မှာ ပစ်ကြတာပေါ့၊ သူ့ဘက်ကိုယ့်ဘက်ဖြစ်ကြတာပေါ့ ဒါပေမဲ့ သေတာပျောက်တာတော့ ဦးအနေနဲ့ မသိနိုင်ဘူး၊ ဒါပေမဲ့ဖြစ်တော့ဖြစ်တယ်၊ စစ်ကြောင်းကတော့ သင်းကျစ်တောင်ဘုရားရောက်သွားပြီ၊ ကျွန်တော်တို့ ပေါက်တောပြင်ရွာကတော့ မိန်းကလေး ရှစ်ယောက်ရယ် ယောက်ကျားလေး နှစ်ယောက်ရယ် သူတို့ကခေါ်သွားတယ်၊ ခေါ်သွားတော့ ရှေ့ကသွားခိုင်းတာပေါ့နော့၊ ရွာသားတွေတော့ အကုန်ရောက်ပြီ၊ မိန်းကလေးတွေရော ယောက်ကျားလေးတွေရော အကုန်ရောက်ပြီ၊ ဘာမှတော့ ထိခိုက်မှုမရှိဘူး၊ တပ်မတော်စစ်ကြောင်းကလည်း ပြန်လွှတ်ပေးလိုက်တာပေါ့ သူတို့ကို"

အမည်မဖော်လိုတဲ့ ပေါက်တောပြင်ရွာ ဒေသခံတစ်ယောက် ပြောသွားတာပါ။

အဲ့ဒီလိုခေါ်ဆောင်သွားပြီး မိနစ်နှစ်ဆယ်ခန့်အကြာ တောင်ထိပ်ပေါ် မရောက်ခင်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

တိုက်ပွဲကြောင့် ရွာခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြပြီး ရွာထဲမှာလည်း အမျိုးသမီးအများစုသာ ကျန်ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်နေတဲ့ ပေါက်တောပြင်ဒေသခံ အမျိုးသားတစ်ယောက်ကလည်း ဒီသတင်းကို ကြားပေမယ့် အတိအကျတော့ မသိဘူးလို့ RFA ကိုပြောပါတယ်။

"ကျွန်တော်က ရွာမှာတော့မဟုတ်၊ အဲဒီလိုတော့ သတင်းကြားတယ်၊ သူတို့က တိုက်ပွဲဖြစ်ပြီးမှ အဲဒီက AA ကလူတွေ ပြန်ခေါ်သွားတယ်လို့ကြားတယ်၊ ကျွန်တော်လည်းမသိ မြောက်ဦးမှာရောက်နေတာ အတိအကျမသိ၊ သတင်းကြားတာ အတိအကျတော့မသိ"

မြောက်ဦးမြို့နယ် ပြည်နယ်လွှွတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ ဒီဖြစ်စဉ်အပေါ် မှန်ကန်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။

"သိထားတာကတော့ အဲဒီရွာဘက်က အမျိုးသမီး ၈ ယောက်ရယ် ကလေးတစ်ယောက်ရယ် နောက်ပြီးတော့ ဆွမ်းဒကာတစ်ယောက်ရယ် အဲဒီလူ ၁၀ ယောက်ကို စစ်ကြောင်းတစ်ခုက ခေါ်သွားတယ်၊ အခုတော့ အိမ်ကိုပြန်ရောက်နေပြီလို့ ပြောပါတယ်၊ အဲ့ဘက်က ရွာသားတွေကတော့ အဲ့လိုပြောကြပါတယ်၊ တိုက်ပွဲဖြစ်တယ်လား မဖြစ်ဘူးလား အဲ့သူတို့ဘက်ရွာသားတွေပြောတာတော့ တိုက်ပွဲဖြစ်တယ်လု့ိ ပြောတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ပေါက်တောပြင်ဘက်မှာ သူတို့တပ်တွေ မရှိကြောင်း ငြင်းဆိုပါတယ်။

"အာ အဲ့ဒါမဟုတ်ဘူး၊ ကျွန်တော်တို့မနေ့က ပေါက်တောပြင်ကို မရောက်ဘူး၊ ပေါက်တောပြင်ကို မရောက်သလို ကျွန်တော်တို့ တပ်တွေလည်း ပေါက်တောပြင်မှာ မရှိဘူး၊ ပေါက်တော့ပြင်တော့ မဟုတ်ဘူး ကျွန်တော်တို့ ထမရဇ်ပေါ့၊ မနေ့တုန်းက ကျွန်တော်တို့ တမြန်မနေ့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကိုခေါ်သွားတာ ခေါ်သွားတဲ့နောက်ကို ကျွန်တော်တို့ နောက်ကနေလိုက်ပြီးတော့ စစ်ကြောင်းတွေထိုးပြီးတော့မှ နယ်မြေရှင်းလင်းရေး လိုက်လုပ်တာပေါ့၊ အဲ့လိုနယ်မြေရှင်းလင်းရေး လုပ်တဲ့တပ်နဲ့ မနေ့ကတော့ ထိတွေ့မှုဖြစ်တာ၊ ကျွန်တော်တို့ဆီက အလောင်း၊ လက်နက်ရတာတော့ရှိတယ်၊ အခုတော့ဆက်ပြီးတော့မှ လိုက်ပြီးတော့မှ လုပ်ဆဲရှိသေးတာပေါ့၊ အဲ့အဆင့်ပဲပြောလို့ရမယ်၊ ကျန်တာတော့ပြောလို့မရဘူး"

သင်းကျစ်တောင်မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေး တာဝန်ခံခိုင်သုခကို RFA ကဆက်သွယ်ထားပေမယ့် ဒီကနေ့ညနေပိုင်းအထိ အကြောင်းပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲတွေအတွင်း ဒေသခံတွေ အရပ်သားတွေကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ခရီးသွားပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ မကြာခဏဖြစ်ပေါ်နေပေမယ့် တပ်မတော်နဲ့ AA နှစ်ဖက်စလုံးကတော့ သူတို့လုပ်တာ မဟုတ်ဘူးလို့ အမြဲငြင်းဆိုကြပါတယ်။

သြဂုတ် ၂၁  ကနေ စက်တင်ဘာ ၂၀ အထိ ရခိုင်ပြည်နယ်ထဲမှာ  တိုက်ပွဲဖြစ်မှုကလည်း အကြိမ် ၄၀ နီးပါး ရှိပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ရသူ အရေအတွက် ခြောက်သောင်းကျော်အထိရှိနေသလို အရပ်သား သေဆုံးသူ ကိုးဆယ် နီးပါးရှိပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တပ်မတော်က သံသယနဲ့ ဖမ်းဆီးစစ် ဆေးခံနေရတဲ့သူကလည်း ရာချီရှိနေပါပြီ။

RFA Burmese
https://www.rfa.org
တပ္ကေခၚသြားတဲ့ ေျမာက္ဦးက ၁ဝ ဦး ျပန္လြတ္လာ တပ္ကေခၚသြားတဲ့ ေျမာက္ဦးက ၁ဝ ဦး ျပန္လြတ္လာ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.