လားရွိုးၿမိဳ႕တြင္ အုပ္စုဖြဲ႕ လုယက္မွုမ်ား ေသာင္းက်န္းေန


Zawgyi

ေအာက္တိုဘာလ ၁၀ ရက္ ၂၀၁၉

သၽွမ္းျပည္နယ္ ေျမာက္ပိုင္းလားရွိုးၿမိဳ႕နယ္ အတြင္း ယခုရက္ပိုင္း အုပ္စုဖြဲ႕ လုယက္မွုမ်ားေသာင္းက်န္းေနသျဖင့္ ေဒသခံမ်ား စိုးရိမ္ ထိတ္လန႔္မွုျဖင့္ သြားလာေနရေၾကာင္း သိရသည္။

လားရွိုးၿမိဳ႕တြင္ စက္တင္ဘာ လႏွင့္ ေအာက္တိုဘာ လဆန္းအတြင္း အုပ္စုဖြဲ႕ လုယက္မွု၊ ဓါးၿပ တိုက္မွုမ်ား ေသာင္းက်န္းေနေၾကာင္း၊ ထိုအုပ္စုဖြဲ႕ လုယက္မွု သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ မွ အျမန္ဆုံး ရွင္းလင္းေပးရန္ လားရွိုးေဒသခံ တဦးျဖစ္သည့္ ကိုေနမ်ိဳး က သၽွမ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အခုေနာက္ပိုင္း ေန႔တိုင္းနီးပါး ဖုန္း ၊ ပိုက္ဆံအိတ္ေတြ လုယက္ခံရတယ္။ အိမ္ထဲထိ ဝင္ခိုးတယ္။ ေဖာက္ထြင္းတယ္။ အုပ္စုလိုက္ က်ဴးလြန္ေနတာပါ။ မဖမ္းမိဘူး” ဟု ကိုေနမ်ိဳး က ဆိုသည္။

အုပ္စုဖြဲ႕ ခိုးယူလုယက္သူမ်ားသည္ ယခုေနာက္ပိုင္း ေနအိမ္အုတ္တံတိုင္းကို ေက်ာ္ကာ ဆိုင္ကယ္မ်ားကို လူအုပ္ျဖင့္ ထမ္းထုတ္ခိုးယူသည္အထိရွိေနေၾကာင္းလည္း ကိုေနမ်ိဳး က ေျပာသည္။

လြန္ခဲ့သည့္ တပတ္ကလည္း ကေမၻာဇဘဏ္ သို႔ ေငြလာထုတ္သည့္ ပညာေရး ေကာလိပ္ ဆရာမ ၂ ဦး လည္း ေငြလုယက္ခံခဲ့ၿပီး လုယက္သြား သူမ်ားကို ခုခ်ိန္အထိ စုံစမ္းေနဆဲေၾကာင္း ၊ ညပိုင္းလမ္းသြားလမ္းလာမ်ားထံမွလည္း ဓါးေထာက္ၿပီး ဖုန္းႏွင့္ ပိုက္ဆံအိတ္မ်ားဓါးျပတိုက္ခဲ့သည္လည္းရွိေၾကာင္း သိရသည္။

“ ေန႔တိုင္း ျဖစ္ေပမယ့္ တရားခံေတြကေတာ့ မွ ရဲေတြဖမ္းမိတာ မရွိဘူး။ လုံျခဳံေရးကေတာ့ ကိုယ့္ဘာသာကိုယ္ယူေနရတဲ့ အဆင့္ပါပဲ။ ရဲတိုင္ရင္လည္း ထူးမွ မထူးတာ” ဟု လားရွိုး ေဒသခံ စိုင္းလွ က ေျပာသည္။

လားရွိုးၿမိဳ႕ ေပၚတြင္ တရားမဝင္ ဂိမ္းဆိုင္မ်ား၊ မူးယစ္ေဆးမ်ား အလြယ္တကူ ဝယ္ယူသုံးစြဲနိုင္ၿပီး ထို အုပ္စုဖြဲ႕ လုယက္သူမ်ားသည္ မူးယစ္သားေကာင္မ်ား ျဖစ္နိုင္ေၾကာင္းလည္း စိုင္းလွ က မွတ္ခ်က္ျပဳသည္။

တခ်ိဳ႕ ေနအိမ္ အိမ္စီးကားမ်ား၊ ဆိုင္ကယ္မ်ားပါ ခိုးခံရေၾကာင္း၊ ထိုခိုးခံရသည္ ကို သြားေရာက္တိုင္ၾကားေသာ္လည္း တရားခံ မဖမ္းမိေၾကာင္းလည္း သိရသည္။
“ တခ်ိဳ႕ကေတာ့ ကား၊ဆိုင္ကယ္ က လိုင္စင္မရွိလို႔ ခိုးခံရလည္း ၿငိမ္ခံေနရတယ္။ တခ်ိဳ႕ ကား၊ဆိုင္ကယ္ကေတာ့ လိုင္စင္ရွိတယ္ ဒါေပမယ့္ တိုင္လည္း ခိုးတဲ့သူကို ဖမ္းမမိပါဘူး” ဟု စိုင္းလွ က ထပ္ေလာင္းေျပာသည္။

ထို အုပ္စုဖြဲ႕ လုယက္မွု၊ ခိုးမွုမ်ားကို သက္ဆိုင္ရာ က အျမန္ဆုံး ရွင္းလင္းေပးရန္၊ ဖမ္းဆီးေပးရန္လည္းလားရွိုးေဒသခံမ်ား က ေျပာဆိုလိုက္သည္။

သၽွမ္းျပည္နယ္ ေျမာက္ပိုင္း လားရွိုးၿမိဳ႕ ျပည္သူမ်ားသည္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ ႏွင့္ ျမန္မာ့ တပ္မေတာ္ တိုက္ပြဲျဖစ္ပြားမည္ကို ေၾကာက္ေနရသလို၊ တဖက္မွာလည္း ခိုးလုယက္မွုကို စိုးရိမ္ထိတ္လန႔္ေနရသည္။

“ ဒီမွာက အရာရာကို ေၾကာက္ေနရတယ္။ ဘာမွ မလုံျခဳံဘူး ခံစားရတယ္။ တိုက္ပြဲျဖစ္လိုက္၊ ခိုးလုယက္ျဖစ္လိုက္ပါပဲ။ ဘယ္သူ႔ကို အားကိုးရမွန္းမသိဘူး” ဟု စိုင္းလွ က ထပ္ေလာင္းျဖည့္စြတ္ေျပာသည္။

လားရွိုးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မ်ားအေနျဖင့္ ေဒသခံမ်ား လုံျခဳံမွုရွိေၾကာင္း ခိုးမွု လုယက္မွု ကင္းေအာင္ ေဆာင္ရြက္ေပးရန္လည္း ေဒသခံမ်ားက ေျပာဆိုလိုက္သည္။

ထို လားရွိုး ၿမိဳ႕ လုံျခဳံေရး ႏွင့္ပတ္သက္ၿပီး လားရွိုးၿမိဳ႕မ ရဲစခန္းမွ တာဝန္ရွိသူ က “ က်ေနာ္တို႔ လုံျခဳံေရး ေတြ ကင္းလွည့္ေနပါတယ္။ ခိုးမွုေတြ လုယက္မွုေတြ ကိုလည္း ဖမ္းဆီး အေရးယူတာေတြရွိပါတယ္” လို႔ သၽွမ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
Unicode

လားရှိုးမြို့တွင် အုပ်စုဖွဲ့ လုယက်မှုများ သောင်းကျန်းနေ

အောက်တိုဘာလ ၁၀ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့နယ် အတွင်း ယခုရက်ပိုင်း အုပ်စုဖွဲ့ လုယက်မှုများသောင်းကျန်းနေသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုဖြင့် သွားလာနေရကြောင်း သိရသည်။

လားရှိုးမြို့တွင် စက်တင်ဘာ လနှင့် အောက်တိုဘာ လဆန်းအတွင်း အုပ်စုဖွဲ့ လုယက်မှု၊ ဓါးပြ တိုက်မှုများ သောင်းကျန်းနေကြောင်း၊ ထိုအုပ်စုဖွဲ့ လုယက်မှု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ အမြန်ဆုံး ရှင်းလင်းပေးရန် လားရှိုးဒေသခံ တဦးဖြစ်သည့် ကိုနေမျိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အခုနောက်ပိုင်း နေ့တိုင်းနီးပါး ဖုန်း ၊ ပိုက်ဆံအိတ်တွေ လုယက်ခံရတယ်။ အိမ်ထဲထိ ဝင်ခိုးတယ်။ ဖောက်ထွင်းတယ်။ အုပ်စုလိုက် ကျူးလွန်နေတာပါ။ မဖမ်းမိဘူး” ဟု ကိုနေမျိုး က ဆိုသည်။

အုပ်စုဖွဲ့ ခိုးယူလုယက်သူများသည် ယခုနောက်ပိုင်း နေအိမ်အုတ်တံတိုင်းကို ကျော်ကာ ဆိုင်ကယ်များကို လူအုပ်ဖြင့် ထမ်းထုတ်ခိုးယူသည်အထိရှိနေကြောင်းလည်း ကိုနေမျိုး က ပြောသည်။

လွန်ခဲ့သည့် တပတ်ကလည်း ကမ္ဘောဇဘဏ် သို့ ငွေလာထုတ်သည့် ပညာရေး ကောလိပ် ဆရာမ ၂ ဦး လည်း ငွေလုယက်ခံခဲ့ပြီး လုယက်သွား သူများကို ခုချိန်အထိ စုံစမ်းနေဆဲကြောင်း ၊ ညပိုင်းလမ်းသွားလမ်းလာများထံမှလည်း ဓါးထောက်ပြီး ဖုန်းနှင့် ပိုက်ဆံအိတ်များဓါးပြတိုက်ခဲ့သည်လည်းရှိကြောင်း သိရသည်။

“ နေ့တိုင်း ဖြစ်ပေမယ့် တရားခံတွေကတော့ မှ ရဲတွေဖမ်းမိတာ မရှိဘူး။ လုံခြုံရေးကတော့ ကိုယ့်ဘာသာကိုယ်ယူနေရတဲ့ အဆင့်ပါပဲ။ ရဲတိုင်ရင်လည်း ထူးမှ မထူးတာ” ဟု လားရှိုး ဒေသခံ စိုင်းလှ က ပြောသည်။

လားရှိုးမြို့ ပေါ်တွင် တရားမဝင် ဂိမ်းဆိုင်များ၊ မူးယစ်ဆေးများ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ပြီး ထို အုပ်စုဖွဲ့ လုယက်သူများသည် မူးယစ်သားကောင်များ ဖြစ်နိုင်ကြောင်းလည်း စိုင်းလှ က မှတ်ချက်ပြုသည်။

တချို့ နေအိမ် အိမ်စီးကားများ၊ ဆိုင်ကယ်များပါ ခိုးခံရကြောင်း၊ ထိုခိုးခံရသည် ကို သွားရောက်တိုင်ကြားသော်လည်း တရားခံ မဖမ်းမိကြောင်းလည်း သိရသည်။
“ တချို့ကတော့ ကား၊ဆိုင်ကယ် က လိုင်စင်မရှိလို့ ခိုးခံရလည်း ငြိမ်ခံနေရတယ်။ တချို့ ကား၊ဆိုင်ကယ်ကတော့ လိုင်စင်ရှိတယ် ဒါပေမယ့် တိုင်လည်း ခိုးတဲ့သူကို ဖမ်းမမိပါဘူး” ဟု စိုင်းလှ က ထပ်လောင်းပြောသည်။

ထို အုပ်စုဖွဲ့ လုယက်မှု၊ ခိုးမှုများကို သက်ဆိုင်ရာ က အမြန်ဆုံး ရှင်းလင်းပေးရန်၊ ဖမ်းဆီးပေးရန်လည်းလားရှိုးဒေသခံများ က ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပြည်သူများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်နေရသလို၊ တဖက်မှာလည်း ခိုးလုယက်မှုကို စိုးရိမ်ထိတ်လန့်နေရသည်။

“ ဒီမှာက အရာရာကို ကြောက်နေရတယ်။ ဘာမှ မလုံခြုံဘူး ခံစားရတယ်။ တိုက်ပွဲဖြစ်လိုက်၊ ခိုးလုယက်ဖြစ်လိုက်ပါပဲ။ ဘယ်သူ့ကို အားကိုးရမှန်းမသိဘူး” ဟု စိုင်းလှ က ထပ်လောင်းဖြည့်စွတ်ပြောသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ များအနေဖြင့် ဒေသခံများ လုံခြုံမှုရှိကြောင်း ခိုးမှု လုယက်မှု ကင်းအောင် ဆောင်ရွက်ပေးရန်လည်း ဒေသခံများက ပြောဆိုလိုက်သည်။

ထို လားရှိုး မြို့ လုံခြုံရေး နှင့်ပတ်သက်ပြီး လားရှိုးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ က “ ကျနော်တို့ လုံခြုံရေး တွေ ကင်းလှည့်နေပါတယ်။ ခိုးမှုတွေ လုယက်မှုတွေ ကိုလည်း ဖမ်းဆီး အရေးယူတာတွေရှိပါတယ်” လို့ သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရွိုးၿမိဳ႕တြင္ အုပ္စုဖြဲ႕ လုယက္မွုမ်ား ေသာင္းက်န္းေန လားရွိုးၿမိဳ႕တြင္ အုပ္စုဖြဲ႕ လုယက္မွုမ်ား ေသာင္းက်န္းေန Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.