ဂ်ပန္ဧကရာဇ္ နန္းတက္ပြဲ အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္မည္

၂၀၁၃ ဧၿပီတုန္းက ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္ႏိုင္ငံကို လာေရာက္စဥ္
ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာလုပ္မယ့္ ဂ်ပန္ဧကရာဇ္ Naruhito နန္းတက္ပြဲ အခမ္းအနားကို ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မယ္ဆိုတာ ဂ်ပန္ NHK ႐ုပ္သံသတင္းဌာနရဲ႕ အြန္လိုင္းသတင္းတပုဒ္မွာ ေရးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂ်ပန္ႏုိင္ငံခရီးစဥ္နဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရဘက္ကေတာ့ တရားဝင္ထုတ္ျပန္တာ မရွိေသးပါဘူး။

ႏုိင္ငံ ၂၀၀ ေလာက္က အထူးဧည့္သည္ေတာ္ေတြနဲ႔ ႏုိင္္ငံတကာအဖြဲ႔အစည္းေတြကို နန္းတက္ပြဲ အခမ္းအနားတက္ေရာက္ဖို႔ ဖိတ္ၾကားထားၿပီး အဲဒီထဲမွာ ႏုိင္ငံ ၅၀ ေလာက္က အထူးဧည့္သည္ေတာ္ေတြနဲ႔ ဝန္ႀကီးခ်ဳပ္ Shinzo Abe ေတြ႔ဆံုဖို႔ စီစဥ္ထား တယ္လို႔ NHK သတင္းမွာ ေဖာ္ျပထားပါတယ္။

ဂ်ပန္ႏုိင္ငံျခားေရးဌာနကို ကိုးကားၿပီး NHK က နာမည္နဲ႔တကြေဖာ္ျပထားတဲ့ တက္ေရာက္မယ့္ သူေတြထဲမွာ ေဒၚေအာင္ဆန္းစု ၾကည္နဲ႔အတူ ၿဗိတိန္ အိမ္ေရွ႕မင္းသား Charles နဲ႔ တ႐ုတ္ဒုတိယဝန္ႀကီးခ်ဳပ္ Wang Qishan တို႔ပါဝင္ပါတယ္။ ေတာင္ကိုရီးယား သမၼတ Moon Jae-in အခမ္းအနားတက္ေရာက္မွာ မဟုတ္ဘူးလုိ႔ ခန္႔မွန္းထားၾကၿပီး သူ႔ကိုယ္စား ဝန္ႀကီးခ်ဳပ္ Lee Nak-yon တက္ေရာက္ဖြယ္ရွိၿပီးေတာ့ ဝန္ႀကီးခ်ဳပ္ Abe နဲ႔ ခဏတာ ေတြ႔ဆံုဖြယ္ရွိတယ္လုိ႔ NHK ကေရးပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ တကယ္တမ္း ဂ်ပန္္ဧကရာဇ္ဘုရင္ နန္းတက္ပြဲကို သြားေရာက္မယ္ဆိုရင္ ဒါဟာ သူ႔ရဲ႕ ၄ ႀကိမ္ေျမာက္ ဂ်ပန္ႏုိင္ငံခရီးစဥ္ ျဖစ္ပါလိမ့္မယ္။

၂၀၁၃ ခုႏွစ္၊ ဧၿပီလမွာ ပထမဆံုးအႀကိမ္ သြားေရာက္ခဲ့ၿပီး အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဦးေဆာင္တဲ့အစိုးရ တက္လာ ၿပီးတဲ့ေနာက္ ၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာလမွာ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ ဂ်ပန္ ဒုတိယခရီးစဥ္ သြားခဲ့ပါတယ္။ ေနာက္ဆံုး သြားခဲ့တာကေတာ့ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလကျဖစ္ပါတယ္။

ဂ်ပန္ႏုိင္္ငံဟာ ျမန္မာႏုိင္ငံနဲ႔ ခုိင္မာတဲ့ဆက္ဆံေရးကို ေတာက္ေလွ်ာက္တည္ေဆာက္လာခဲ့တဲ့ ႏုိင္ငံတခုျဖစ္သလို အခုဆိုရင္ စီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈပိုင္းမွာေရာ၊ အကူအညီေပးမႈအပိုင္းမွာပါ ျမန္မာႏုိင္ငံအတြက္ အေရးပါတဲ့ႏုိင္ငံတခု ျဖစ္လာေနပါတယ္။

...................

ဂျပန်ဧကရာဇ် နန်းတက်ပွဲ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်

အောက်တိုဘာလ ၂၂ ရက်နေ့မှာလုပ်မယ့် ဂျပန်ဧကရာဇ် Naruhito နန်းတက်ပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်ဆိုတာ ဂျပန် NHK ရုပ်သံသတင်းဌာနရဲ့ အွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

နိုင်ငံ ၂၀၀ လောက်က အထူးဧည့်သည်တော်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို နန်းတက်ပွဲ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားပြီး အဲဒီထဲမှာ နိုင်ငံ ၅၀ လောက်က အထူးဧည့်သည်တော်တွေနဲ့ ဝန်ကြီးချုပ် Shinzo Abe တွေ့ဆုံဖို့ စီစဉ်ထား တယ်လို့ NHK သတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဌာနကို ကိုးကားပြီး NHK က နာမည်နဲ့တကွဖော်ပြထားတဲ့ တက်ရောက်မယ့် သူတွေထဲမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ ဗြိတိန် အိမ်ရှေ့မင်းသား Charles နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် Wang Qishan တို့ပါဝင်ပါတယ်။ တောင်ကိုရီးယား သမ္မတ Moon Jae-in အခမ်းအနားတက်ရောက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြပြီး သူ့ကိုယ်စား ဝန်ကြီးချုပ် Lee Nak-yon တက်ရောက်ဖွယ်ရှိပြီးတော့ ဝန်ကြီးချုပ် Abe နဲ့ ခဏတာ တွေ့ဆုံဖွယ်ရှိတယ်လို့ NHK ကရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တကယ်တမ်း ဂျပန်ဧကရာဇ်ဘုရင် နန်းတက်ပွဲကို သွားရောက်မယ်ဆိုရင် ဒါဟာ သူ့ရဲ့ ၄ ကြိမ်မြောက် ဂျပန်နိုင်ငံခရီးစဉ် ဖြစ်ပါလိမ့်မယ်။

၂၀၁၃ ခုနှစ်၊ ဧပြီလမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့အစိုးရ တက်လာ ပြီးတဲ့နောက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဂျပန် ဒုတိယခရီးစဉ် သွားခဲ့ပါတယ်။ နောက်ဆုံး သွားခဲ့တာကတော့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တောက်လျှောက်တည်ဆောက်လာခဲ့တဲ့ နိုင်ငံတခုဖြစ်သလို အခုဆိုရင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာရော၊ အကူအညီပေးမှုအပိုင်းမှာပါ မြန်မာနိုင်ငံအတွက် အရေးပါတဲ့နိုင်ငံတခု ဖြစ်လာနေပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဂ်ပန္ဧကရာဇ္ နန္းတက္ပြဲ အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္မည္ ဂ်ပန္ဧကရာဇ္ နန္းတက္ပြဲ အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္မည္ Reviewed by THITHTOOLWIN on 08:22 Rating: 5
Powered by Blogger.