တူရကီထုိးစစ္ေၾကာင႔္ ဆီးရီးယားေျမာက္ပိုင္း လူမႈဒုကၡအႏၱရာယ္ က်ေရာက္ႏိုင္

တူရကီထုိးစစ္ေၾကာင႔္ ဆီးရီးယားေျမာက္ပိုင္း လူမႈဒုကၡအႏၱရာယ္ က်ေရာက္ႏိုင္
ဆီးရီးယား အေရွ႕ေျမာက္ပိုင္းမွာ တူရကီရဲ့ စစ္ေရးက်ဴးေက်ာ္သိမ္းပိုက္မႈေတြ က်ယ္ျပန္႔လာတာနဲ႔အတူ ေဒသခံေတြဟာ ထရပ္ကားေတြ၊ လယ္ယာသံုးကားေတြ၊ ေမာ္ေတာ္ဆိုင္ကယ္ေတြနဲ႔ ေဘးလြတ္ရာ အသဲအသန္ထြက္ေျပးၾကရတာေၾကာင့္ ေဒသတြင္းဒုကၡသည္ေတြနဲ႔ ျပည့္လာသလို လူသားခ်င္းစာနာမႈဆိုင္ရာ စိုးရိမ္စရာလည္းတိုးလာေနပါတယ္။

တခ်ိန္က အေမရိကန္ေထာက္ပံ့မႈေပးခဲ့တဲ့ Kurds တပ္ေတြကို နယ္စပ္ေဒသကေန ရွင္းထုတ္ဖို႔ တူရကီက ေျမျပင္ထိုးစစ္ေတြေရာ ေလေၾကာင္းတိုက္ခိုက္မႈေတြပါ လုပ္ေနတာေၾကာင့္ ေဒသတြင္း သိန္းနဲ႔ခ်ီတဲ့ေဒသခံေတြအတြက္ အႏၱရာယ္ျဖစ္လာမွာကို ႏိုင္ငံတကာနဲ႔ ေဒသတြင္း အကူအညီေပးေရး အဖြဲ႔ေတြက စိုးရိမ္ေနၾကတာပါ။

Jordan ႏိုင္ငံ Amman က VOA သတင္းေထာက္ Dale Gavlak ေပးပို႔ထားတဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

ဆီးရီးယား အေရွ႕ေျမာက္ေဒသကို တူရကီက အျပင္းအထန္ တိုက္ခိုက္လာတာေၾကာင့္ အဲဒီမွာ ေနထုိင္ၾကတဲ့ Kurds ေတြ ဆီးရီးယားခရစ္ယန္ေတြနဲ႔ Yazidi ေဒသခံေတြဟာ အရင္တခါတုန္းကလိုပဲ သူတုိ႔ရဲ့ပစၥည္းေလးေတြကို ပလပ္စတစ္အိတ္ေလးေတြထဲထည့္ တႏိုင္တပိုင္ ထမ္းပိုးၿပီး ေျခက်င္ထြက္ေျပးသူက ထြက္ေျပး၊ ထရပ္ကားေတြ ေမာ္ေတာ္ဆိုင္ကယ္ေတြထဲ ရသေလာက္ ထည့္ၿပီးေျပးသူက ေျပးနဲ႔ ဝရုန္းသုန္းကား ျဖစ္ေနၾကပါတယ္။

လမ္းေတြဟာလည္း ထြက္ေျပးလာတဲ့ မိသားစု ရာေပါင္းမ်ားစြာနဲ႔ ျပည့္ၾကပ္ေနၿပီး လံုၿခံဳမႈရွိဖို႔ သူတို႔ကိုယ္တိုင္ ဘယ္ကိုသြားရမွန္း မသိဘူးလို႔ ေျပာေနၾကတာပါ။

တူရကီေတြရဲ့ ထိုးစစ္ စတင္လာတဲ့အတြက္ ဆီးရီးယားအေရွ႕ေျမာက္ပိုင္း ေဒသမွာ အရင္ကအိုင္အက္စ္ စစ္ေသြးၾကြေတြရဲ့ ရက္စက္မႈေတြ ခံခဲ့ရၿပီး ခဏခဏ အိုးအိမ္ေရႊ႕ေျပာင္း ခဲ့ၾကရတဲ့ ေဒသခံ ၂ သန္းေလာက္ရဲ့ လူေနမႈဘဝေတြ အတြက္ အထူးစုိးရိမ္ေၾကာင္း IRC ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႔ က ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

အီရတ္ႏိုင္ငံေျမာက္ပိုင္းမွာ အိုင္အက္စ္ စစ္ေသြးၾကြေတြရဲ့ တိုက္ခိုက္မႈေၾကာင့္ အိုးအိမ္ေရႊ႕ေျပာင္းၾကရတဲ့ အီရတ္ေတြကို အကူညီေပးတဲ့ Christian Aid Program ခရစ္ယံအကူညီေပးေရး အစီအစဥ္ေတြ လုပ္ေဆာင္ေနတဲ့ Dohuk ေဒသက ကက္သလစ္ဘုန္းေတာ္ႀကီး Emanuel Youkhana ကေတာ့ ဆီးရီးယာအေရွ႕ေျမာက္ပိုင္းက ဒုကၡသည္ေတြဟာ အနားက အီရတ္ႏို္င္ငံထဲကို စိမ့္ဝင္လာမယ္လို႔ သူေမွ်ာ္လင့္ထားေၾကာင္း VOA ကို ေျပာပါတယ္။

“ဆီးရီးယားတႏိုင္ငံလံုးမွာ ဒီအေရွ႕ေျမာက္ေဒသဟာ ႏွစ္ေပါင္းမ်ားစြာ အတည္ၿငိမ္ဆံုးနဲ႔ အၿငိမ္းခ်မ္းးဆံုးေဒသပါ။ စိတ္မေကာင္းစရာ ေျပာရရင္ ကံအေၾကာင္း မလွေတာ့လည္း အဆိုးဆံုးကို ေမွ်ာ္လင့္ေနရပါတယ္။ အီရတ္ဘက္ကေတာ့ အပစ္မဲ့တဲ့ အရပ္သားေတြ အတြက္ ဒီနယ္စပ္ေတြကို ဖြင့္ေပးထားမွာ ေသခ်ာပါတယ္။ က်ေနာ္တို႔ကေတာ့ ဒုကၡသည္ေတြ အလံုးအရင္းနဲ႔ ဝင္လာမယ္လို႔ ေမွ်ာ္လင့္ထားတာပါ။”

Father Youkhana နဲ႔ တျခားလူသားခ်င္းစာနာမႈ အကူညီေပးသူေတြကေတာ့ တူရကီသမၼတ Recep Tayyip Erdogan ေျပာတဲ့ တူရကီ နယ္စပ္တေလွ်ာက္က ေဘးကင္းဇံု ဆိုတာအတြက္ သံသယဝင္ေနသလို ေဝလည္းေဝဖန္ေနၾကပါတယ္။ သူက အဲဒီနယ္စပ္တေလွ်ာက္က Kurds ေတြ ခရစ္ယန္ေတြနဲ႔ Yazidis ေတြကို ေမာင္းထုတ္ၿပီး ဆီးရီးယား တျခားေနရာေတြက ဆူနီမူစလင္ ၂ သန္းေလာက္ကို သြင္းဖို႔ စီစဥ္ ေနတယ္ လို႔လည္း ေျပာပါတယ္။

“Erdogan ဟာ ဒီတခ်ီမွာေတာ့ အၾကမ္းဖက္သမားေတြကလြဲရင္ တျခားလူေတြ အားလံုးကို ဦးတည္လုပ္ေဆာင္ပံု ရပါတယ္။ တကယ္ေတာ့လည္း ဒါဟာ လူမ်ိဳးဘာသာ လူဦးေရ အေနထားေျပာင္းလဲဖို႔ လုပ္တဲ့မူဝါဒ တခုပါ။”

တခ်ိန္ထဲမွာပဲ အီရတ္ႏိုင္ငံ Irbil ေဒသက Kurd ေဒသဆိုင္ရာအစိုးရကေတာ့ အခုလို တူရကီရဲ့ ထိုးစစ္ေၾကာင့္ ထြက္ေျပးလာသူေတြ အားလံုးကို လက္ခံေနရာခ်ထားေပးဖုိ႔ လုပ္ႏုိင္စြမ္း သူတို႔မွာ မရွိဘူးလို႔ ေျပာပါတယ္။

ဒီသီတင္းပတ္ထဲ အထိ အေမရိကန္က အေထာက္ပံ့ေပးထားတဲ့ Kurds ဦးေဆာင္တဲ့ ဆီးရီးယား ဒီမုိကရက္တစ္ တပ္ဦး SDF တပ္ဖြဲ႔ေတြကေတာ့ ဆီးရီးယား အေရွ႕ေျမာက္ပိုင္း နယ္စပ္ေဒသေတြမွာ လူသားစာနာမႈကပ္ ဆိုက္ႏိုင္ေခ် ရွိေနတဲ့အတြက္ အကူညီေတြ ေပးၾကဖို႔ ႏုိင္ငံတကာ အသိုင္းအဝိုင္းကို ပန္ၾကားခဲ့ပါတယ္။

....................

{Unicode}

တူရကီထိုးစစ်ကြောင့် ဆီးရီးယားမြောက်ပိုင်း လူမှုဒုက္ခအန္တရာယ် ကျရောက်နိုင်

ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ တူရကီရဲ့ စစ်ရေးကျူးကျော်သိမ်းပိုက်မှုတွေ ကျယ်ပြန့်လာတာနဲ့အတူ ဒေသခံတွေဟာ ထရပ်ကားတွေ၊ လယ်ယာသုံးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဘေးလွတ်ရာ အသဲအသန်ထွက်ပြေးကြရတာကြောင့် ဒေသတွင်းဒုက္ခသည်တွေနဲ့ ပြည့်လာသလို လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်စရာလည်းတိုးလာနေပါတယ်။

တချိန်က အမေရိကန်ထောက်ပံ့မှုပေးခဲ့တဲ့ Kurds တပ်တွေကို နယ်စပ်ဒေသကနေ ရှင်းထုတ်ဖို့ တူရကီက မြေပြင်ထိုးစစ်တွေရော လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေတာကြောင့် ဒေသတွင်း သိန်းနဲ့ချီတဲ့ဒေသခံတွေအတွက် အန္တရာယ်ဖြစ်လာမှာကို နိုင်ငံတကာနဲ့ ဒေသတွင်း အကူအညီပေးရေး အဖွဲ့တွေက စိုးရိမ်နေကြတာပါ။

Jordan နိုင်ငံ Amman က VOA သတင်းထောက် Dale Gavlak ပေးပို့ထားတဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဆီးရီးယား အရှေ့မြောက်ဒေသကို တူရကီက အပြင်းအထန် တိုက်ခိုက်လာတာကြောင့် အဲဒီမှာ နေထိုင်ကြတဲ့ Kurds တွေ ဆီးရီးယားခရစ်ယန်တွေနဲ့ Yazidi ဒေသခံတွေဟာ အရင်တခါတုန်းကလိုပဲ သူတို့ရဲ့ပစ္စည်းလေးတွေကို ပလပ်စတစ်အိတ်လေးတွေထဲထည့် တနိုင်တပိုင် ထမ်းပိုးပြီး ခြေကျင်ထွက်ပြေးသူက ထွက်ပြေး၊ ထရပ်ကားတွေ မော်တော်ဆိုင်ကယ်တွေထဲ ရသလောက် ထည့်ပြီးပြေးသူက ပြေးနဲ့ ဝရုန်းသုန်းကား ဖြစ်နေကြပါတယ်။

လမ်းတွေဟာလည်း ထွက်ပြေးလာတဲ့ မိသားစု ရာပေါင်းများစွာနဲ့ ပြည့်ကြပ်နေပြီး လုံခြုံမှုရှိဖို့ သူတို့ကိုယ်တိုင် ဘယ်ကိုသွားရမှန်း မသိဘူးလို့ ပြောနေကြတာပါ။

တူရကီတွေရဲ့ ထိုးစစ် စတင်လာတဲ့အတွက် ဆီးရီးယားအရှေ့မြောက်ပိုင်း ဒေသမှာ အရင်ကအိုင်အက်စ် စစ်သွေးကြွတွေရဲ့ ရက်စက်မှုတွေ ခံခဲ့ရပြီး ခဏခဏ အိုးအိမ်ရွှေ့ပြောင်း ခဲ့ကြရတဲ့ ဒေသခံ ၂ သန်းလောက်ရဲ့ လူနေမှုဘဝတွေ အတွက် အထူးစိုးရိမ်ကြောင်း IRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်ရွှေ့ပြောင်းကြရတဲ့ အီရတ်တွေကို အကူညီပေးတဲ့ Christian Aid Program ခရစ်ယံအကူညီပေးရေး အစီအစဉ်တွေ လုပ်ဆောင်နေတဲ့ Dohuk ဒေသက ကက်သလစ်ဘုန်းတော်ကြီး Emanuel Youkhana ကတော့ ဆီးရီးယာအရှေ့မြောက်ပိုင်းက ဒုက္ခသည်တွေဟာ အနားက အီရတ်နိုင်ငံထဲကို စိမ့်ဝင်လာမယ်လို့ သူမျှော်လင့်ထားကြောင်း VOA ကို ပြောပါတယ်။

“ဆီးရီးယားတနိုင်ငံလုံးမှာ ဒီအရှေ့မြောက်ဒေသဟာ နှစ်ပေါင်းများစွာ အတည်ငြိမ်ဆုံးနဲ့ အငြိမ်းချမ်းးဆုံးဒေသပါ။ စိတ်မကောင်းစရာ ပြောရရင် ကံအကြောင်း မလှတော့လည်း အဆိုးဆုံးကို မျှော်လင့်နေရပါတယ်။ အီရတ်ဘက်ကတော့ အပစ်မဲ့တဲ့ အရပ်သားတွေ အတွက် ဒီနယ်စပ်တွေကို ဖွင့်ပေးထားမှာ သေချာပါတယ်။ ကျနော်တို့ကတော့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာမယ်လို့ မျှော်လင့်ထားတာပါ။”

Father Youkhana နဲ့ တခြားလူသားချင်းစာနာမှု အကူညီပေးသူတွေကတော့ တူရကီသမ္မတ Recep Tayyip Erdogan ပြောတဲ့ တူရကီ နယ်စပ်တလျှောက်က ဘေးကင်းဇုံ ဆိုတာအတွက် သံသယဝင်နေသလို ဝေလည်းဝေဖန်နေကြပါတယ်။ သူက အဲဒီနယ်စပ်တလျှောက်က Kurds တွေ ခရစ်ယန်တွေနဲ့ Yazidis တွေကို မောင်းထုတ်ပြီး ဆီးရီးယား တခြားနေရာတွေက ဆူနီမူစလင် ၂ သန်းလောက်ကို သွင်းဖို့ စီစဉ် နေတယ် လို့လည်း ပြောပါတယ်။

“Erdogan ဟာ ဒီတချီမှာတော့ အကြမ်းဖက်သမားတွေကလွဲရင် တခြားလူတွေ အားလုံးကို ဦးတည်လုပ်ဆောင်ပုံ ရပါတယ်။ တကယ်တော့လည်း ဒါဟာ လူမျိုးဘာသာ လူဦးရေ အနေထားပြောင်းလဲဖို့ လုပ်တဲ့မူဝါဒ တခုပါ။”

တချိန်ထဲမှာပဲ အီရတ်နိုင်ငံ Irbil ဒေသက Kurd ဒေသဆိုင်ရာအစိုးရကတော့ အခုလို တူရကီရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးလာသူတွေ အားလုံးကို လက်ခံနေရာချထားပေးဖို့ လုပ်နိုင်စွမ်း သူတို့မှာ မရှိဘူးလို့ ပြောပါတယ်။

ဒီသီတင်းပတ်ထဲ အထိ အမေရိကန်က အထောက်ပံ့ပေးထားတဲ့ Kurds ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဦး SDF တပ်ဖွဲ့တွေကတော့ ဆီးရီးယား အရှေ့မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ လူသားစာနာမှုကပ် ဆိုက်နိုင်ချေ ရှိနေတဲ့အတွက် အကူညီတွေ ပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားခဲ့ပါတယ်။

ေဒၚခင္မ်ဳိးသက္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
တူရကီထုိးစစ္ေၾကာင႔္ ဆီးရီးယားေျမာက္ပိုင္း လူမႈဒုကၡအႏၱရာယ္ က်ေရာက္ႏိုင္ တူရကီထုိးစစ္ေၾကာင႔္ ဆီးရီးယားေျမာက္ပိုင္း လူမႈဒုကၡအႏၱရာယ္ က်ေရာက္ႏိုင္ Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.