တိရစာၦန္အကိုက္ခံရရင္ ဘယ္လိုေစာင့္ေရွာက္မႈေပးမလဲ


Zawgyi
၁၀ ေအာက္တိုဘာ

တစ္ေန႔တာလႈပ္ရွားသြားလာရင္း ထိခိုက္မိတာေတြရွိႏိုင္သလို အခန္႔မသင့္တဲ့အခါမ်ိဳးဆိုရင္ တိရစာၦန္ေတြကိုက္တာမ်ိဳးကိုေတာင္ ခံရႏိုင္ပါတယ္။ ဒီလိုျဖစ္တဲ့အခါ ေဆး႐ုံကိုမျဖစ္မေနသြားၿပီး ေမးခိုင္ကာကြယ္ေဆးနဲ႔ လိုအပ္တဲ့ ကာကြယ္ေဆးေတြ ထိုးတာမ်ိဳးလုပ္ေပးဖို႔ လိုတယ္ဆိုေပမယ့္ ေဆး႐ုံေဆးခန္းမေရာက္ခင္မွာ အရင္ဆုံးအနာကို ေသခ်ာဂ႐ုစိုက္ဖို႔လိုပါမယ္။ ဒါေၾကာင့္ အခုတစ္ေခါက္ မေတာ္တဆ တိရစာၦန္ကိုက္ခံရတဲ့အခါ ဘယ္လိုမ်ိဳးလုပ္ေဆာင္ေပးသင့္လဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

တိရစာၦန္အကိုက္ခံရရင္

မေတာ္တဆ လမ္းမွာသြားလာရင္း ေခြးတို႔ေၾကာင္တို႔အကိုက္ခံရရင္ျဖစ္ျဖစ္ အိမ္မွာေမြးထားတဲ့ ေခြးေလးေတြေၾကာင္ေလးေတြနဲ႔ ေဆာ့ကစားရင္းျဖစ္ျဖစ္ ထိခိုက္မိႏိုင္ပါတယ္။ ဒီလိုထိခိုက္မိတဲ့ အခါမ်ိဳးမွာ –

လက္ကိုသန္႔စင္ေအာင္ေဆးေၾကာေပးပါ

ဒါကေတာ့ အနာျဖစ္လာရင္ မျဖစ္မေနလိုက္နာရမယ့္ အေျခခံစည္းမ်ဥ္းတစ္ရပ္ပါ။ အနာကို မကိုင္တြယ္ခင္မွာ အနာကို ထိေတြ႕မယ့္လက္ကို အရင္ဆုံးသန္႔စင္ေအာင္ေဆးေၾကာေပးတာ အနာကိုပိုးဝင္တာနဲ႔ အနာရင္းတာေတြျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ေရအလြယ္တကူ မရႏိုင္ဘူးဆိုရင္လည္း ေရမလိုလက္သန္႔ေဆးရည္နဲ႔လက္ကို သန္႔စင္ေပးပါ။

ေသြးတိတ္ေအာင္လုပ္ပါ

ထိခိုက္မိတဲ့အခါ ဒဏ္ရာေသြးထြက္မွာေတာ့ အေသအခ်ာပါ။ ကိုက္တဲ့အေကာင္ကႀကီးေလေလ အစြယ္ကႀကီးၿပီး ေသြးထြက္ႏိုင္ေျခက မ်ားေလေလပါ။ ဒါေၾကာင့္ တိရစာၦန္တစ္ေကာင္ေကာင္ အကိုက္ခံရတဲ့အခါ ထိုက္သင့္သေလာက္ေသြးထြက္ၿပီးသြားၿပီဆိုတာနဲ႔ ေသြးတိတ္ေအာင္လုပ္ရပါမယ္။ အနာေပၚကို ပတ္တီးစသန္႔သန္႔ေလးနဲ႔ ခပ္ဖြဖြေလးဖိေပးလိုက္ပါ။

အနာကိုအရင္သန္႔စင္ေပးပါ

ဘာေၾကာင့္ထိခိုက္မိမိ ေနာက္တစ္ခုေမ့ထားလို႔မျဖစ္တာက အနာကို သန္႔စင္ေဆးေၾကာဖို႔ပါ။ အေကာင္တစ္ေကာင္ေကာင္ ကိုက္တာခံရတဲ့အခါမွာလည္း အနာကို ေရေႏြးေႏြးေလးနဲ႔ ဆပ္ျပာအရင္သုံးၿပီး သန္႔စင္လိုက္ပါ။ ၿပီးသြားၿပီဆိုရင္ေတာ့ ဂြမ္းစမွာအရက္ျပန္တို႔ၿပီး သန္႔စင္ေဆးေၾကာေပးလိုက္ပါ။ အနာထဲမွာ ကပ္ညႇိေနတဲ့ဖုန္မႈန္႔ေတြနဲ႔ ျပင္ပအရာဝတၳဳေတြကို ဖယ္ထုတ္ေပးပါ။

တိရစာၦန္ေတြရဲ႕ခံတြင္းက ဘက္တီးရီးယားေတြ မ်ားျပားတာေၾကာင့္ျဖစ္ႏိုင္ရင္ အနာကို anti-baterial ဆပ္ျပာသုံးၿပီးအနာကို သန္႔စင္ေပးပါ။ အနာကိုဆားနဲ႔ေရေႏြးနဲ႔သုံးၿပီး ေဆးေၾကာေပးလို႔လည္း ရပါတယ္။

အနာကိုတစ္ခုခုနဲ႔ကာကြယ္ထားပါ

အနာကို ေသြးတိတ္ေအာင္လုပ္ၿပီး သန္႔စင္ေဆးေၾကာတာေတြၿပီးၿပီဆိုရင္ေတာ့ အနာကို antibiotics တစ္ခုခုလူးေပးပါ။ ၿပီးရင္ေတာ့ အနာကို ပိုးသတ္ထားတဲ့ ပတ္တီးစေလးနဲ႔ ဖုံးအုပ္ထားေပးပါ။ ဒီလိုလုပ္ေပးတာက အနာထဲကို ပိုးဝင္ကူးစက္မႈျဖစ္ႏိုင္ေျခ နည္းပါးေစႏိုင္ပါတယ္။

ေမးခိုင္ကာကြယ္ေဆးထိုးပါ

အေပၚမွာေျပာခဲ့တဲ့အဆင့္ေတြ အကုန္လုံးလုပ္ၿပီးၿပီဆိုရင္ေတာ့ ေနာက္ထပ္မျဖစ္မေနလုပ္ရမယ့္ အခ်က္တစ္ခုက ေမးခိုင္ကာကြယ္ေဆးထိုးဖို႔ပါ။ သာမန္အနာမ်ိဳးဆိုရင္ေတာ့ အနာကနက္တယ္၊ ျပင္းထန္တယ္၊ ညစ္ေပေနတဲ့အရာတစ္ခုခုနဲ႔ ထိခိုက္မိတဲ့အခါမ်ိဳးမွ ေမးခိုင္ကာကြယ္ေဆးထိုးဖို႔ လိုအပ္တာဆိုေပမယ့္ တိရစာၦန္ကိုက္ခံရတာဆိုရင္ မျဖစ္မေန ေမးခိုင္ေဆးထိုးဖို႔လိုပါမယ္။ ေနာက္တစ္ခ်က္က အိမ္မွာေမြးထားတာမဟုတ္တဲ့ တိရစာၦန္ကိုက္ခံရတာဆိုရင္ ေခြး႐ူးျပန္ကာကြယ္ေဆးထိုးဖို႔ပါ။

ဘယ္လိုအေကာင္ေတြကိုက္ရင္ ေခြး႐ူးျပန္ကာကြယ္ေဆးထိုးဖို႔လိုမွာလဲ

ေခြး

ေၾကာင္

လင္းႏို႔

ရွဥ့္

ေမ်ာက္

ေတာ႐ိုင္းတိရစာၦန္တစ္ေကာင္ေကာင္ အကိုက္ခံရတာဆိုရင္ ေခြး႐ူးျပန္ကာကြယ္ေဆးထိုးဖို႔လိုမွာပါ။ တိရစာၦန္ေတြရဲ႕ သြားေတြကမ်ားေသာအားျဖင့္ ဘက္တီးရီးယားေတြရွိေနႏိုင္တာေၾကာင့္ ျဖစ္ႏိုင္ရင္ေတာ့ တိရစာၦန္ေတြအကိုက္ခံရတာတဲ့အခါ ေခြး႐ူးျပန္ကာကြယ္ေဆးထိုးတာ အေကာင္းဆုံးပါ။
ဒီလိုအျခအေနေတြဆိုရင္ ခ်က္ခ်င္းေဆး႐ုံ၊ ေဆးခန္းသြားပါ
အခုလိုအေျခအေနမ်ိဳးဆိုရင္ေတာ့ ေပါ့ေပါ့ဆဆမေနဘဲ ေဆးခန္းကိုခ်က္ခ်င္းသြားဖို႔လိုပါမယ္။

ေတာ႐ိုင္းတိရစာၦန္တစ္ေကာင္ေကာင္ အကိုက္ခံရရင္
လမ္းေဘးမွာေနတဲ့ ေခြးေလးေတြ၊ ေၾကာင္ေလးေတြအကိုက္ခံရတာဆိုရင္
ေသြးအရမ္းထြက္ေနတာဆိုရင္
အကိုက္ခံရတဲ့ အနာတဝိုက္က ထုံေနမယ္၊ ထိလို႔ထိမွန္းမသိျဖစ္ေနမယ္ဆိုရင္
အကိုက္ခံရတဲ့အနာထဲမွာ ကိုက္တဲ့တိရစာၦန္ရဲ႕ သြားလိုမ်ိဳးအရာက်န္ေနခဲ့မယ္ဆိုရင္
အနာက အရမ္းျပင္းထန္ၿပီး ထိခိုက္မိတာအရမ္းမ်ားသြားမယ္ဆိုရင္

တိရစာၦန္အကိုက္ခံရတာက ကမာၻတလႊားမွာရင္ဆိုင္ႀကဳံေတြ႕လာရတဲ့ အဓိကက်န္းမာေရးျပႆနာ ျဖစ္လာေနပါတယ္။ အထူးသျဖင့္ေတာ့ ကေလးငယ္ေတြမွာ အျဖစ္မ်ားပါတယ္။ တိရစာၦန္အကိုက္ခံရတယ္ဆိုတဲ့ ေနရာမွာလည္း ကိုယ္ကသြားစမိတာေၾကာင့္ တိရစာၦန္က စိတ္တိုၿပီး ကိုက္တာမ်ိဳးရွိႏိုင္သလို ပုံမွန္အတိုင္းေနရင္းက တိရစာၦန္ကလာကိုက္တာမ်ိဳးလည္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ပဲကိုက္ကိုက္ အနာကို စနစ္တက်ထိန္းသိမ္းေစာင့္ေရွာက္ဖို႔လိုသလို ေမးခိုင္ကာကြယ္ေဆး၊ ေခြး႐ူးျပန္ကာကြယ္ေဆးနဲ႔ လိုအပ္တဲ့ ကုသေစာင့္ေရွာက္မႈေတြ လုပ္ေဆာင္ဖို႔လိုအပ္ပါမယ္။

အခုဆိုရင္ တိရစာၦန္အကိုက္ခံရတဲ့အခါ ဘယ္လိုျပဳစုေစာင့္ေရွာက္ရမလဲဆိုတာ သိေလာက္ၿပီ ထင္ပါတယ္။ လူတိုင္း အနာကင္းၿပီး အသက္ရွည္ၾကပါေစေၾကာင္း။

ေရးသားသူ - Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
Unicode

တိရစ္ဆာန်အကိုက်ခံရရင် ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

၁၀ အောက်တိုဘာ

တစ်နေ့တာလှုပ်ရှားသွားလာရင်း ထိခိုက်မိတာတွေရှိနိုင်သလို အခန့်မသင့်တဲ့အခါမျိုးဆိုရင် တိရစ္ဆာန်တွေကိုက်တာမျိုးကိုတောင် ခံရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံကိုမဖြစ်မနေသွားပြီး မေးခိုင်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာမျိုးလုပ်ပေးဖို့ လိုတယ်ဆိုပေမယ့် ဆေးရုံဆေးခန်းမရောက်ခင်မှာ အရင်ဆုံးအနာကို သေချာဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက် မတော်တဆ တိရစ္ဆာန်ကိုက်ခံရတဲ့အခါ ဘယ်လိုမျိုးလုပ်ဆောင်ပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

တိရစ္ဆာန်အကိုက်ခံရရင်

မတော်တဆ လမ်းမှာသွားလာရင်း ခွေးတို့ကြောင်တို့အကိုက်ခံရရင်ဖြစ်ဖြစ် အိမ်မှာမွေးထားတဲ့ ခွေးလေးတွေကြောင်လေးတွေနဲ့ ဆော့ကစားရင်းဖြစ်ဖြစ် ထိခိုက်မိနိုင်ပါတယ်။ ဒီလိုထိခိုက်မိတဲ့ အခါမျိုးမှာ –

လက်ကိုသန့်စင်အောင်ဆေးကြောပေးပါ

ဒါကတော့ အနာဖြစ်လာရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံစည်းမျဉ်းတစ်ရပ်ပါ။ အနာကို မကိုင်တွယ်ခင်မှာ အနာကို ထိတွေ့မယ့်လက်ကို အရင်ဆုံးသန့်စင်အောင်ဆေးကြောပေးတာ အနာကိုပိုးဝင်တာနဲ့ အနာရင်းတာတွေဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ ရေအလွယ်တကူ မရနိုင်ဘူးဆိုရင်လည်း ရေမလိုလက်သန့်ဆေးရည်နဲ့လက်ကို သန့်စင်ပေးပါ။

သွေးတိတ်အောင်လုပ်ပါ

ထိခိုက်မိတဲ့အခါ ဒဏ်ရာသွေးထွက်မှာတော့ အသေအချာပါ။ ကိုက်တဲ့အကောင်ကကြီးလေလေ အစွယ်ကကြီးပြီး သွေးထွက်နိုင်ခြေက များလေလေပါ။ ဒါကြောင့် တိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရတဲ့အခါ ထိုက်သင့်သလောက်သွေးထွက်ပြီးသွားပြီဆိုတာနဲ့ သွေးတိတ်အောင်လုပ်ရပါမယ်။ အနာပေါ်ကို ပတ်တီးစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးဖိပေးလိုက်ပါ။

အနာကိုအရင်သန့်စင်ပေးပါ

ဘာကြောင့်ထိခိုက်မိမိ နောက်တစ်ခုမေ့ထားလို့မဖြစ်တာက အနာကို သန့်စင်ဆေးကြောဖို့ပါ။ အကောင်တစ်ကောင်ကောင် ကိုက်တာခံရတဲ့အခါမှာလည်း အနာကို ရေနွေးနွေးလေးနဲ့ ဆပ်ပြာအရင်သုံးပြီး သန့်စင်လိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ ဂွမ်းစမှာအရက်ပြန်တို့ပြီး သန့်စင်ဆေးကြောပေးလိုက်ပါ။ အနာထဲမှာ ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ပေးပါ။

တိရစ္ဆာန်တွေရဲ့ခံတွင်းက ဘက်တီးရီးယားတွေ များပြားတာကြောင့်ဖြစ်နိုင်ရင် အနာကို anti-baterial ဆပ်ပြာသုံးပြီးအနာကို သန့်စင်ပေးပါ။ အနာကိုဆားနဲ့ရေနွေးနဲ့သုံးပြီး ဆေးကြောပေးလို့လည်း ရပါတယ်။

အနာကိုတစ်ခုခုနဲ့ကာကွယ်ထားပါ

အနာကို သွေးတိတ်အောင်လုပ်ပြီး သန့်စင်ဆေးကြောတာတွေပြီးပြီဆိုရင်တော့ အနာကို antibiotics တစ်ခုခုလူးပေးပါ။ ပြီးရင်တော့ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့ ဖုံးအုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာက အနာထဲကို ပိုးဝင်ကူးစက်မှုဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါတယ်။

မေးခိုင်ကာကွယ်ဆေးထိုးပါ

အပေါ်မှာပြောခဲ့တဲ့အဆင့်တွေ အကုန်လုံးလုပ်ပြီးပြီဆိုရင်တော့ နောက်ထပ်မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုက မေးခိုင်ကာကွယ်ဆေးထိုးဖို့ပါ။ သာမန်အနာမျိုးဆိုရင်တော့ အနာကနက်တယ်၊ ပြင်းထန်တယ်၊ ညစ်ပေနေတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမျိုးမှ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်တာဆိုပေမယ့် တိရစ္ဆာန်ကိုက်ခံရတာဆိုရင် မဖြစ်မနေ မေးခိုင်ဆေးထိုးဖို့လိုပါမယ်။ နောက်တစ်ချက်က အိမ်မှာမွေးထားတာမဟုတ်တဲ့ တိရစ္ဆာန်ကိုက်ခံရတာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ပါ။

ဘယ်လိုအကောင်တွေကိုက်ရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုမှာလဲ

ခွေး

ကြောင်

လင်းနို့

ရှဉ့်

မျောက်

တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရတာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုမှာပါ။ တိရစ္ဆာန်တွေရဲ့ သွားတွေကများသောအားဖြင့် ဘက်တီးရီးယားတွေရှိနေနိုင်တာကြောင့် ဖြစ်နိုင်ရင်တော့ တိရစ္ဆာန်တွေအကိုက်ခံရတာတဲ့အခါ ခွေးရူးပြန်ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပါ။
ဒီလိုအခြအနေတွေဆိုရင် ချက်ချင်းဆေးရုံ၊ ဆေးခန်းသွားပါ
အခုလိုအခြေအနေမျိုးဆိုရင်တော့ ပေါ့ပေါ့ဆဆမနေဘဲ ဆေးခန်းကိုချက်ချင်းသွားဖို့လိုပါမယ်။

တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရရင်
လမ်းဘေးမှာနေတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေအကိုက်ခံရတာဆိုရင်
သွေးအရမ်းထွက်နေတာဆိုရင်
အကိုက်ခံရတဲ့ အနာတဝိုက်က ထုံနေမယ်၊ ထိလို့ထိမှန်းမသိဖြစ်နေမယ်ဆိုရင်
အကိုက်ခံရတဲ့အနာထဲမှာ ကိုက်တဲ့တိရစ္ဆာန်ရဲ့ သွားလိုမျိုးအရာကျန်နေခဲ့မယ်ဆိုရင်
အနာက အရမ်းပြင်းထန်ပြီး ထိခိုက်မိတာအရမ်းများသွားမယ်ဆိုရင်

တိရစ္ဆာန်အကိုက်ခံရတာက ကမ္ဘာတလွှားမှာရင်ဆိုင်ကြုံတွေ့လာရတဲ့ အဓိကကျန်းမာရေးပြဿနာ ဖြစ်လာနေပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ တိရစ္ဆာန်အကိုက်ခံရတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ်ကသွားစမိတာကြောင့် တိရစ္ဆာန်က စိတ်တိုပြီး ကိုက်တာမျိုးရှိနိုင်သလို ပုံမှန်အတိုင်းနေရင်းက တိရစ္ဆာန်ကလာကိုက်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲကိုက်ကိုက် အနာကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလို မေးခိုင်ကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့လိုအပ်ပါမယ်။

အခုဆိုရင် တိရစ္ဆာန်အကိုက်ခံရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။ လူတိုင်း အနာကင်းပြီး အသက်ရှည်ကြပါစေကြောင်း။

ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တိရစာၦန္အကိုက္ခံရရင္ ဘယ္လိုေစာင့္ေရွာက္မႈေပးမလဲ တိရစာၦန္အကိုက္ခံရရင္ ဘယ္လိုေစာင့္ေရွာက္မႈေပးမလဲ Reviewed by THITHTOOLWIN on 01:40 Rating: 5
Powered by Blogger.