အျငင္းပြားဖြယ္ ေျပာဆိုခ်က္အတြက္ ပဲခူး၀န္ႀကီးခ်ဳပ္ ျပန္ေတာင္းပန္

Zawgyi
ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦး၀င္းသိန္းကို ေတြ႔ရစဥ္

ေအာက္တိုဘာလ ၅ ရက္ေန႔က ပဲခူးတိုင္း နတ္တလင္းၿမိဳ႕နယ္ ဒမငယ္သစ္ခ်ိဳျခံ၊ လူထု ေတြ႕ဆုံပြဲမွာ ေက်းရြာေဒသခံေတြ တင္ျပတဲ့ ဆရာ/ဆရာမေတြ ေနထိုင္ေရးနဲ႔ပတ္သက္ၿပီး ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦး၀င္းသိန္းရဲ႕ ေျပာၾကားခ်က္ဟာ ဒီရက္ပိုင္း အမ်ားျပည္သူၾကား ေဝဖန္ေျပာဆိုစရာ ျဖစ္လာပါတယ္။

ဝန္ႀကီးခ်ဳပ္က အဲဒီေတြ႕ဆံုပြဲမွာ ဆရာ၊ ဆရာမေတြ ဒီက ရြာသူ၊ ရြာသားေတြနဲ႔ အိမ္ေထာင္က်ေအာင္ လူငယ္ေလးေတြက ဆရာမေတြကို ရည္စားစကားလိုက္ေျပာၾကဆိုၿပီး ေျပာၾကားသြားခဲ့တာပါ။

"၀န္ထမ္းအိမ္ရာက မရွိတာေကာင္းတယ္ေနာ္၊ ဆရာ/ဆရာမေတြ အရပ္ထဲ ရြာထဲေနတဲ့အခါက်ေတာ့ ရြာသူ/ရြာသားေတြနဲ႔ အိမ္ေထာင္က် အဲဒါမွထြက္မသြားမွာေလ၊ ႏို႔မို႔ဆိုရင္ နယ္ေျပာင္းသြားမွာ ဟုတ္တယ္မလား၊ နယ္ျပန္သြားေတာ့ လိုအပ္ခ်က္ေတြျဖစ္သြားမယ္ ဟုတ္တယ္မလား၊ လူငယ္ေလးေတြက လိုက္ ရည္းစားစကားေျပာေပါ့ ဟုတ္လားေနာ့၊ အဲဒါမွျမဲမွာ"

၀န္ႀကီးခ်ဳပ္ရဲ႕ အခုလိုေျပာဆိုခဲ့တာကို လက္မခံႏုိင္လို႔ ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း၊ ႏိုင္ငံေတာ္အႀကီးအကဲေတြက အျမန္ဆံုးအေရးယူေပးဖို႔လိုေၾကာင္း အေျခခံပညာ ပညာေရးလုပ္သား သမဂၢမ်ား ဗဟို အလုပ္အမႈေဆာင္ ေကာ္မတီက ေၾကညာခ်က္ထုတ္ျပန္လုိက္တာျဖစ္ပါတယ္။

"ဒီဆရာ/ဆရာမေတြက လက္ရွိေျမျပင္မွာက ဒီအၾကမ္းဖက္မႈေတြက တကယ္ရွိေနတာေလ၊ ဆရာမေတြ ေနတဲ့ အေဆာင္တံခါးေတြ လာေခါက္တာေတြ၊ အထဲထိ၀င္ၿပီး အဓမၼျပဳက်င့္ဖို႔ ၾကံစည္တာေတြရွိတယ္၊ တခ်ိဳ႕ လူငယ္ေတြက်ေတာ့လည္း ဆရာမေတြကို ရည္းစားစကားေျပာတာေတြရွိတယ္ ျပန္မႀကိဳက္တဲ့အခါက်ေတာ့ ဘာဘ၀င္ျမင့္တာလဲ နင္တို႔က ဘာျဖစ္တယ္ ညာျဖစ္တယ္ဆုိၿပီးေတာ့ အေဆာင္ေတြေရွ႕မွာ ေအာ္တာေတြရွိတယ္၊ ေက်ာင္းထဲကို၀င္ၿပီးေတာ့ ေက်ာင္းတံခါးေတြ ရိုက္ဖြင့္တယ္၊ ေက်ာင္းစာသင္ခံုေတြ ရိုက္ခ်ိဳးတယ္၊ ေနာက္ မ်က္ႏွာၾကက္ေတြကို ေဖာက္တာေတြလုပ္တယ္ေပါ့၊ အဲဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ အမႈဖြင့္ထားတဲ့ျဖစ္စဥ္ေတြလည္း ရွိတယ္ေပါ့၊ အဲလိုအေျခအေနမ်ိဳးမွာ ပဲခူးတိုင္း၀န္ႀကီးခ်ဳပ္ ၀န္ႀကီးခ်ဳပ္ တစ္ေယာက္အေနနဲ႔ ကိုယ့္အရပ္ေဒသမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ဆရာ/ဆရာမေတြကို ဒီရပ္ရြာလူငယ္ေတြက မေလးမစားျပဳမႈေအာင္ ရည္းစားစကားလုိက္ေျပာေအာင္လို႔ စိတ္လႈံ႕ေဆာ္တဲ့ စကားကိုေျပာတာ လံုး၀မသင့္ေတာ္ဘူး၊ သင္ေနတဲ့ဆရာ/ဆရာမေတြအားလံုးကိုလည္း ေစာ္ကားရာ ေရာက္တယ္၊ ဘ၀လံုျခံဳမႈထိပါးေအာင္လည္း အားေပးအားေျမွာက္ျပဳရာ ေရာက္တယ္ေပါ့၊ ဒါေၾကာင့္မလို႔ ေၾကညာခ်က္ ထုတ္ျပန္တာျဖစ္ပါတယ္"

ေၾကညာခ်က္ထုတ္ျပန္ရာမွာပါ၀င္တဲ့ Generation Network ရဲ႕ ပညာေရးတာ၀န္ခံ ဦးၿဖိဳးေ၀ေအာင္ ေျပာသြားတာပါ။

ပဲခူးတိုင္း၀န္ႀကီးခ်ဳပ္ ဦး၀င္းသိန္းကေတာ့ သူ႔အေနနဲ႔ ေပ့ါေပါ့ပါးပါးေျပာခဲ့တာျဖစ္ေပမယ့္ နစ္နာတယ္လို႔ယူဆရင္ ေတာင္းပန္တယ္လို႔ RFA ကိုေျပာပါတယ္။

"ကၽြန္ေတာ္ကေတာ့ ေပါ့ေပါ့ပါးပါး ေျဖခဲ့တယ္၊ ဒီဟာအေပၚမွာ ကၽြန္ေတာ့္ဘက္က ဘာမွ Attention တစ္ခုမျဖစ္ဘူး Serious မျဖစ္ဘူးေပါ့၊ ဆရာ/ဆရာမေတြသည္ ေ၀းခံေခါင္သီတဲ့ေနရာေတြမွာ ေနရာေတြမျမဲၾကဘူး၊ မျမဲၾကတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ ေတာင္ေပၚေဒေတြမွာျမဲတဲ့ ဆရာ/ဆရာမေတြကို ကၽြန္ေတာ္တို႔ ေတြ႕တဲ့အခါၾကေတာ့ ဒါေတြေမးတဲ့အခါၾကေတာ့ သူတို႔က ေဒသခံေတြနဲ႔ အိမ္ေထာင္က်ၿပီးေတာ့မွ ျမဲေနၾကတာေတြျဖစ္တယ္ဆုိတာ ကၽြန္ေတာ္တို႔သြားေတြ႕တယ္ေပါ့ေနာ္၊ အဲဒါေလးအေပၚမွာ အေျခခံၿပီး ကၽြန္ေတာ္က ဒါေပါ့ေပါ့ပါးပါးေျပာတဲ့ သေဘာပါပဲခင္ဗ်၊ ကၽြန္ေတာ့္အေနနဲ႔ ေပါ့ေပါ့ပါးပါးေျပာေသာ္ျငားလည္းပဲ တစ္ဘက္က နစ္နာသူေတြဘက္မွာ Serious ျဖစ္တယ္ နစ္နာတယ္လုိ႔ ယူဆတယ္ဆုိရင္ ကၽြန္ေတာ့္အေနနဲ႔ ေတာင္းပန္ပါတယ္ဆုိတဲ့အေၾကာင္းလည္း ဒါကၽြန္ေတာ္ေျပာပါတယ္၊ ကၽြန္ေတာ့ဘက္ကေတာ့ ဒီအေပၚမွာ ခုနတုန္းကလို နစ္နာေအာင္ ေျပာတာမဟုတ္ဘူးေပါ့ေနာ္"

အေျခခံပညာက႑မွာ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ဝန္ထမ္းအိမ္ရာေတြ စီစဥ္ေပးမႈ အလြန္အားနည္းေနတဲ့ အတြက္ ရပ္ေဝးက ဆရာ/ဆရာမေတြဟာ ေက်းရြာေတြက ေဆာက္လုပ္ေပးတဲ့ တစ္ႏိုင္၊ တစ္ပိုင္အိမ္ေတြ၊ ရပ္ မိရပ္ဖနဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးေနအိမ္ေတြမွာ တည္းခိုေနထိုင္ၾကရတဲ့ အခက္အခဲေတြရွိေနပါတယ္။

အဲလိုေနထိုင္ေနရတဲ့ ဆရာမေတြရဲ႕အခက္အခဲနဲ႔ပတ္သက္ၿပီး ဧရာ၀တီတိုင္း၊ ဆင္မၿမိဳ႕အထက္တန္းေက်ာင္းရဲ႕ ဆရာမ ေဒၚဇာဇာေအာင္က

"အဲလိုေျပာတာေတာ့ အမ်ိဳးသမီးထု ပညာေရးလုပ္သားတစ္ခုလံုးကို ပါးစပ္နဲ႔ေပါ့ အၾကမ္းဖက္ခံလိုက္ရတာေပါ့၊ အဲ့လိုခံစားရပါတယ္၊ ႏိုင္ငံေတာ္အေနနဲ႔လည္း ဒီဆရာ/ဆရာမေတြရဲ႕လံုျခံဳေရး အထူး အေလးေပး ေဆာင္ရြက္ေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳး ေပါ့ေပါ့တန္တန္နဲ႔ ဒီလိုစကားမ်ိဳးေျပာတာကေတာ့ ဘယ္လိုမွမခံစားႏိုင္ဘူး၊ ျဖစ္ႏိုင္မယ္ဆုိရင္ေတာ့ ထိထိေရာက္ေရာက္ အေရးယူေပးေစခ်င္တယ္ေပါ့၊ ဆရာ/ဆရာမေတြအတြက္ ေနဖို႔ထုိင္ဖို႔ေနရာေတြက ေနရာတိုင္းမွာ မျပည့္စံုဘူး၊ နယ္ဘက္ေတြ မူလတန္းေက်ာင္းေတြမွာဆိုရင္ ဆရာ/ဆရာမေတြအတြက္ ေနဖို႔ေနရာ မစီစဥ္ေပးတဲ့အခါက်ေတာ့ သူမ်ားအိမ္မွာ ေနရတယ္၊ ၿပီးလို႔ရွိရင္ အဆင္ေျပသလိုေပါ့။ ရြာရဲ႕အစီအမံနဲ႔ပဲ ေနၾကရတဲ့အခါၾကေတာ့ တစ္ခါသမဂၢ ေတြ႕ဆံုမႈပြဲမွာ ဆရာမေလးတစ္ေယာက္ေျပာတာဆိုရင္ အဲလိုသူမ်ားအိမ္မွာေနေနရင္းနဲ႔ ယူလိုက္ရတယ္ ဆိုတဲ့အျဖစ္မ်ိဳးေတြလည္း ရွိတာပဲ၊ ကၽြန္မတာ၀န္က်တဲ့ေနရာ ေက်ာင္းရဲ႕ ေဘးပတ္၀န္းက်င္က ေက်ာင္းတစ္ေက်ာင္းမွာဆိုရင္ အဲလိုမ်ိဳးေပါ့ ဆရာမေလးႏွစ္ေယာက္ သင္ေနတဲ့အခါ အိမ္ကလည္း မလံုုုုျခံဳတဲ့အခါက်ေတာ့ ညဘက္မွာပဲ ဆရာမေတြရဲ႕အိမ္ကို ၀င္ၿပီးေတာ့ အဲလိုမ်ိဳး ဆရာမေလးေတြကို ဓားနဲ႔ေထာက္ၿပီးေတာ့ ၾကံစည္တာမ်ိဳးေတြအထိ ၾကံဳဖူးတယ္ေပါ့ေနာ္"

ေက်းရြာေတြက ဆရာ/ဆရာမေတြကို ပညာေရးဝန္ႀကီးဌာန ဒါမွမဟုတ္ ေက်းရြာက စီစဥ္ေပးရင္လည္း ေက်ာင္း ဝန္းထဲမွာပဲ စီစဥ္ေပးတာျဖစ္လို႔ အခ်ိဳ႕ေသာ လူေနအိမ္နဲ႔ေ၀းတဲ့ေနရာေတြမွာဆိုရင္ အၾကမ္းဖက္ခံရတာ ညစ္ညမ္းတဲ့စိတ္နဲ႔ အမ်ိဳးသမီးသုံးပစၥည္းမ်ား ခိုးယူခံရတာ၊ က်ဴးေက်ာ္ဝင္ေရာက္ခံရတာ၊ ေက်းရြာသားေတြနဲ႔ နီးစပ္ေအာင္ တမင္ ဖန္တီးယူၾကတာ၊ လူငယ္အခ်ိဳ႕ဆိုရင္ သူတို႔ကို မလုိက္ေလ်ာတဲ့ အမ်ိဳးသမီးပညာေရး ဝန္ထမ္းေတြကို ရိုင္းျပစြာ ေျပာဆိုဆက္ဆံတာ၊ ေက်ာင္းအိမ္မွာ ညစ္ညမ္းစာေတြေရးသားတာနဲ႔ အဓမၼျပဳက်င့္ရန္ ၾကံစည္တာေတြကို ေတြ႕ၾကံဳခံစားေနၾကရတယ္လို႔ ေၾကညာခ်က္မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

သတင္းကၽြတ္ ရံုးပိတ္ရက္ၿပီးတာနဲ႔ ပဲခူးတိုင္း၀န္ႀကီးခ်ဳပ္ကို အေရးယူေပးဖို႔အတြက္ ႏိုင္ငံေတာ္အဆင့္ အႀကီးအကဲေတြထံ တိုင္ၾကားစာေပးပုိ႔သြားမယ္လို႔ အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ား ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ ကိုမင္းမင္းထြဋ္က RFA ကို ဒီကေန႔ ေျပာပါတယ္။

"ပဲခူးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ အေနနဲ႔ေပါ့ေနာ္ လူထုေတြ႕ဆံုပြဲမွာ ေျပာတဲ့စကားေပါ့ေနာ္ ၀န္ထမ္း အိမ္ရာမရွိတာေကာင္းတယ္၊ ဆရာ/ဆရာမေတြ ရပ္ထဲရြာထဲေနေတာ့ ဒီကရြာသူရြာသားေတြနဲ႔ အိမ္ေထာင္က် ဒါမွျပန္မေျပာင္းရမွာ၊ ၀န္ထမ္းလိုအပ္ခ်က္ေတြရွိလို႔ရွိရင္ ရြာကလူငယ္ေတြ ရည္းစားစကားလုိက္ေျပာ ဒါမွျမဲမယ္ဆုိတာ ဒါဒီမိုကေရစီကို သြားေနတဲ့အေရြ႕တစ္ခုမွာ ဒီမိုကေရစီ ၀န္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႔ လံုး၀ မေျပာသင့္တဲ့စကားေပါ့ေနာ္၊ အဲဒါေၾကာင့္မလို႔ ကၽြန္ေတာ္တို႔က ကန္႔ကြက္ရတာပါ၊ ကၽြန္ေတာ္တို႔ဒါ သီတင္းကၽြတ္ပိတ္ရက္ေက်ာ္တာနဲ႔ တစ္ၿပိဳင္နက္တည္း ႏိုင္ငံေတာ္ အႀကီးအကဲေတြထံကို ပဲခူးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ကို ထိေရာက္စြာအေရးေပးဖို႔အတြက္ကို စာဆက္တင္ဖို႔ရွိပါတယ္ခင္ဗ်"

သမဂၢမ်ား ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက အမ်ိဳးသမီး ပညာေရးဝန္ထမ္း ဆရာမေတြရဲ႕ အၾကမ္းဖက္ခံရမႈေတြအပါအ၀င္ လုပ္ငန္းခြင္မွာ လက္ေတြ႕ၾကံဳေတြ႕ေနရတဲ့ အေျခအေနေတြကို သိရွိႏိုင္ဖို႔အတြက္ ေကာက္ယူေနတဲ့ "အမ်ိဳးသမီးပညာေရးဝန္ထမ္းမ်ား အၾကမ္းဖက္ခံရမႈႏွင့္ ဘဝ လုံျခဳံမႈဆိုင္ရာ သုေတသနစစ္တမ္း" ဟာလည္း ၇၅ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္လို႔ မၾကာခင္ထုတ္ျပန္သြားမယ္လို႔ ကိုမင္းမင္းထြဋ္ကဆိုပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္ကလည္း ဒီကေန႔ ရက္စဲြနဲ႔ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ရာမွာ သက္ဆိုင္ရာ ဆရာမမ်ားကို လူသိရွင္ၾကား ျပန္ေတာင္းပန္ဖို႔ ဝန္ႀကီးခ်ဳပ္ကို တုိက္တြန္းလိုက္ပါတယ္။ ပညာေရးဝန္ႀကီးဌာနကလည္း နိုင္ငံအႏံွ႔  ဆရာ၊ ဆရာမမ်ားရဲ႕ ေနထိုင္ေရးဆိုင္ရာ စစ္တမ္းေကာက္ၿပီး အစိုးရကို တင္ျပဖို႔လည္း ေတာင္းဆိုလုိက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ရဲ႕ ေျပာဆိုခ်က္ဟာ ဆရာ/ဆရာမေတြကို နွိမ့္ခ်တဲ့သေဘာ မရည္ရြယ္ဘူးလို႔ ယူဆရေပမယ့္ မသင့္ေတာ္ဘူးလုိ႔ NLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးညြန္႔က ေျပာပါတယ္။

"အဲဒါေတာ့ ရံုးမွာ ကၽြန္ေတာ္တို႔ အခုမွျပန္ေရာက္တာဆုိေတာ့ေလ ရံုးကလည္း ပိတ္ထားတာဆိုေတာ့ ရံုးကို တိုင္စာေရာက္မေရာက္ ကၽြန္ေတာ္ မသိပါဘူးခင္ဗ်၊ ေၾသာ္ ဒါကေတာ့သူ ရည္ရြယ္ခ်က္က ဆရာ/ဆရာမေတြကို နိမ္ခ်တဲ့သေဘာမ်ိဳး က်ား/မခြဲျခားတဲ့ သေဘာမ်ိဳးမရည္ရြယ္ဘူးလို႔ ကၽြန္ေတာ္တို႔ေတာ့ ထင္ပါတယ္၊ သို႔ေသာ္လည္း ဒီတာ၀န္အရွိဆံုး ပုဂၢိဳလ္တစ္ေယာက္က ေျပာလုိက္တာကေတာ့ ဒါ မသင့္ေတာ္ဘူးေပါ့ေလ"

ပဲခူးတိုင္း၀န္ႀကီးခ်ဳပ္ ဦး၀င္းသိန္းဟာ လူထုေတြ႕ဆံုပြဲေတြ၊ ေဒသခံေတြနဲ႔ ေတြ႕ဆံုတဲ့ပြဲေတြနဲ႔ ေဆြးေႏြးပြဲေတြမွာ ေျပာခဲ့တဲ့ ေပါ့ေပါ့တန္တန္စကားေတြေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ မၾကာခဏဆိုသလို ေ၀ဖန္ခံေနရသူ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ကလည္း ေဆာင္ရြက္ေပးရမယ့္ တာ၀န္ေတြပ်က္ကြက္လုိ႔ဆိုၿပီး သာယာ၀တီၿမိဳ႕ ေဒသခံေတြက ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးေရး ေတာင္းဆိုဆႏၵျပခံထားရပါတယ္ခင္ဗ်ာ။

RFA Burmese
https://www.rfa.org
----------------
Unicode
အငြင်းပွားဖွယ် ပြောဆိုချက်အတွက် ပဲခူးဝန်ကြီးချုပ် ပြန်တောင်းပန်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကို တွေ့ရစဉ်

အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ၊ လူထု တွေ့ဆုံပွဲမှာ ကျေးရွာဒေသခံတွေ တင်ပြတဲ့ ဆရာ/ဆရာမတွေ နေထိုင်ရေးနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောကြားချက်ဟာ ဒီရက်ပိုင်း အများပြည်သူကြား ဝေဖန်ပြောဆိုစရာ ဖြစ်လာပါတယ်။

ဝန်ကြီးချုပ်က အဲဒီတွေ့ဆုံပွဲမှာ ဆရာ၊ ဆရာမတွေ ဒီက ရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျအောင် လူငယ်လေးတွေက ဆရာမတွေကို ရည်စားစကားလိုက်ပြောကြဆိုပြီး ပြောကြားသွားခဲ့တာပါ။

"ဝန်ထမ်းအိမ်ရာက မရှိတာကောင်းတယ်နော်၊ ဆရာ/ဆရာမတွေ အရပ်ထဲ ရွာထဲနေတဲ့အခါကျတော့ ရွာသူ/ရွာသားတွေနဲ့ အိမ်ထောင်ကျ အဲဒါမှထွက်မသွားမှာလေ၊ နို့မို့ဆိုရင် နယ်ပြောင်းသွားမှာ ဟုတ်တယ်မလား၊ နယ်ပြန်သွားတော့ လိုအပ်ချက်တွေဖြစ်သွားမယ် ဟုတ်တယ်မလား၊ လူငယ်လေးတွေက လိုက် ရည်းစားစကားပြောပေါ့ ဟုတ်လားနော့၊ အဲဒါမှမြဲမှာ"

ဝန်ကြီးချုပ်ရဲ့ အခုလိုပြောဆိုခဲ့တာကို လက်မခံနိုင်လို့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ နိုင်ငံတော်အကြီးအကဲတွေက အမြန်ဆုံးအရေးယူပေးဖို့လိုကြောင်း အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟို အလုပ်အမှုဆောင် ကော်မတီက ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

"ဒီဆရာ/ဆရာမတွေက လက်ရှိမြေပြင်မှာက ဒီအကြမ်းဖက်မှုတွေက တကယ်ရှိနေတာလေ၊ ဆရာမတွေ နေတဲ့ အဆောင်တံခါးတွေ လာခေါက်တာတွေ၊ အထဲထိဝင်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်တာတွေရှိတယ်၊ တချို့ လူငယ်တွေကျတော့လည်း ဆရာမတွေကို ရည်းစားစကားပြောတာတွေရှိတယ် ပြန်မကြိုက်တဲ့အခါကျတော့ ဘာဘဝင်မြင့်တာလဲ နင်တို့က ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့ အဆောင်တွေရှေ့မှာ အော်တာတွေရှိတယ်၊ ကျောင်းထဲကိုဝင်ပြီးတော့ ကျောင်းတံခါးတွေ ရိုက်ဖွင့်တယ်၊ ကျောင်းစာသင်ခုံတွေ ရိုက်ချိုးတယ်၊ နောက် မျက်နှာကြက်တွေကို ဖောက်တာတွေလုပ်တယ်ပေါ့၊ အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ အမှုဖွင့်ထားတဲ့ဖြစ်စဉ်တွေလည်း ရှိတယ်ပေါ့၊ အဲလိုအခြေအနေမျိုးမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ကိုယ့်အရပ်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမတွေကို ဒီရပ်ရွာလူငယ်တွေက မလေးမစားပြုမှုအောင် ရည်းစားစကားလိုက်ပြောအောင်လို့ စိတ်လှုံ့ဆော်တဲ့ စကားကိုပြောတာ လုံးဝမသင့်တော်ဘူး၊ သင်နေတဲ့ဆရာ/ဆရာမတွေအားလုံးကိုလည်း စော်ကားရာ ရောက်တယ်၊ ဘဝလုံခြုံမှုထိပါးအောင်လည်း အားပေးအားမြှောက်ပြုရာ ရောက်တယ်ပေါ့၊ ဒါကြောင့်မလို့ ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်"

ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ Generation Network ရဲ့ ပညာရေးတာဝန်ခံ ဦးဖြိုးဝေအောင် ပြောသွားတာပါ။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ သူ့အနေနဲ့ ပေ့ါပေါ့ပါးပါးပြောခဲ့တာဖြစ်ပေမယ့် နစ်နာတယ်လို့ယူဆရင် တောင်းပန်တယ်လို့ RFA ကိုပြောပါတယ်။

"ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါး ဖြေခဲ့တယ်၊ ဒီဟာအပေါ်မှာ ကျွန်တော့်ဘက်က ဘာမှ Attention တစ်ခုမဖြစ်ဘူး Serious မဖြစ်ဘူးပေါ့၊ ဆရာ/ဆရာမတွေသည် ဝေးခံခေါင်သီတဲ့နေရာတွေမှာ နေရာတွေမမြဲကြဘူး၊ မမြဲကြတဲ့အခါကျတော့ ကျွန်တော်တို့ တောင်ပေါ်ဒေတွေမှာမြဲတဲ့ ဆရာ/ဆရာမတွေကို ကျွန်တော်တို့ တွေ့တဲ့အခါကြတော့ ဒါတွေမေးတဲ့အခါကြတော့ သူတို့က ဒေသခံတွေနဲ့ အိမ်ထောင်ကျပြီးတော့မှ မြဲနေကြတာတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့သွားတွေ့တယ်ပေါ့နော်၊ အဲဒါလေးအပေါ်မှာ အခြေခံပြီး ကျွန်တော်က ဒါပေါ့ပေါ့ပါးပါးပြောတဲ့ သဘောပါပဲခင်ဗျ၊ ကျွန်တော့်အနေနဲ့ ပေါ့ပေါ့ပါးပါးပြောသော်ငြားလည်းပဲ တစ်ဘက်က နစ်နာသူတွေဘက်မှာ Serious ဖြစ်တယ် နစ်နာတယ်လို့ ယူဆတယ်ဆိုရင် ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းလည်း ဒါကျွန်တော်ပြောပါတယ်၊ ကျွန်တော့ဘက်ကတော့ ဒီအပေါ်မှာ ခုနတုန်းကလို နစ်နာအောင် ပြောတာမဟုတ်ဘူးပေါ့နော်"

အခြေခံပညာကဏ္ဍမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းအိမ်ရာတွေ စီစဉ်ပေးမှု အလွန်အားနည်းနေတဲ့ အတွက် ရပ်ဝေးက ဆရာ/ဆရာမတွေဟာ ကျေးရွာတွေက ဆောက်လုပ်ပေးတဲ့ တစ်နိုင်၊ တစ်ပိုင်အိမ်တွေ၊ ရပ် မိရပ်ဖနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွေမှာ တည်းခိုနေထိုင်ကြရတဲ့ အခက်အခဲတွေရှိနေပါတယ်။

အဲလိုနေထိုင်နေရတဲ့ ဆရာမတွေရဲ့အခက်အခဲနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း၊ ဆင်မမြို့အထက်တန်းကျောင်းရဲ့ ဆရာမ ဒေါ်ဇာဇာအောင်က

"အဲလိုပြောတာတော့ အမျိုးသမီးထု ပညာရေးလုပ်သားတစ်ခုလုံးကို ပါးစပ်နဲ့ပေါ့ အကြမ်းဖက်ခံလိုက်ရတာပေါ့၊ အဲ့လိုခံစားရပါတယ်၊ နိုင်ငံတော်အနေနဲ့လည်း ဒီဆရာ/ဆရာမတွေရဲ့လုံခြုံရေး အထူး အလေးပေး ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုး ပေါ့ပေါ့တန်တန်နဲ့ ဒီလိုစကားမျိုးပြောတာကတော့ ဘယ်လိုမှမခံစားနိုင်ဘူး၊ ဖြစ်နိုင်မယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်ပေါ့၊ ဆရာ/ဆရာမတွေအတွက် နေဖို့ထိုင်ဖို့နေရာတွေက နေရာတိုင်းမှာ မပြည့်စုံဘူး၊ နယ်ဘက်တွေ မူလတန်းကျောင်းတွေမှာဆိုရင် ဆရာ/ဆရာမတွေအတွက် နေဖို့နေရာ မစီစဉ်ပေးတဲ့အခါကျတော့ သူများအိမ်မှာ နေရတယ်၊ ပြီးလို့ရှိရင် အဆင်ပြေသလိုပေါ့။ ရွာရဲ့အစီအမံနဲ့ပဲ နေကြရတဲ့အခါကြတော့ တစ်ခါသမဂ္ဂ တွေ့ဆုံမှုပွဲမှာ ဆရာမလေးတစ်ယောက်ပြောတာဆိုရင် အဲလိုသူများအိမ်မှာနေနေရင်းနဲ့ ယူလိုက်ရတယ် ဆိုတဲ့အဖြစ်မျိုးတွေလည်း ရှိတာပဲ၊ ကျွန်မတာဝန်ကျတဲ့နေရာ ကျောင်းရဲ့ ဘေးပတ်ဝန်းကျင်က ကျောင်းတစ်ကျောင်းမှာဆိုရင် အဲလိုမျိုးပေါ့ ဆရာမလေးနှစ်ယောက် သင်နေတဲ့အခါ အိမ်ကလည်း မလုံခြုံတဲ့အခါကျတော့ ညဘက်မှာပဲ ဆရာမတွေရဲ့အိမ်ကို ဝင်ပြီးတော့ အဲလိုမျိုး ဆရာမလေးတွေကို ဓားနဲ့ထောက်ပြီးတော့ ကြံစည်တာမျိုးတွေအထိ ကြုံဖူးတယ်ပေါ့နော်"

ကျေးရွာတွေက ဆရာ/ဆရာမတွေကို ပညာရေးဝန်ကြီးဌာန ဒါမှမဟုတ် ကျေးရွာက စီစဉ်ပေးရင်လည်း ကျောင်း ဝန်းထဲမှာပဲ စီစဉ်ပေးတာဖြစ်လို့ အချို့သော လူနေအိမ်နဲ့ဝေးတဲ့နေရာတွေမှာဆိုရင် အကြမ်းဖက်ခံရတာ ညစ်ညမ်းတဲ့စိတ်နဲ့ အမျိုးသမီးသုံးပစ္စည်းများ ခိုးယူခံရတာ၊ ကျူးကျော်ဝင်ရောက်ခံရတာ၊ ကျေးရွာသားတွေနဲ့ နီးစပ်အောင် တမင် ဖန်တီးယူကြတာ၊ လူငယ်အချို့ဆိုရင် သူတို့ကို မလိုက်လျောတဲ့ အမျိုးသမီးပညာရေး ဝန်ထမ်းတွေကို ရိုင်းပြစွာ ပြောဆိုဆက်ဆံတာ၊ ကျောင်းအိမ်မှာ ညစ်ညမ်းစာတွေရေးသားတာနဲ့ အဓမ္မပြုကျင့်ရန် ကြံစည်တာတွေကို တွေ့ကြုံခံစားနေကြရတယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

သတင်းကျွတ် ရုံးပိတ်ရက်ပြီးတာနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့အတွက် နိုင်ငံတော်အဆင့် အကြီးအကဲတွေထံ တိုင်ကြားစာပေးပို့သွားမယ်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ကိုမင်းမင်းထွဋ်က RFA ကို ဒီကနေ့ ပြောပါတယ်။

"ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အနေနဲ့ပေါ့နော် လူထုတွေ့ဆုံပွဲမှာ ပြောတဲ့စကားပေါ့နော် ဝန်ထမ်း အိမ်ရာမရှိတာကောင်းတယ်၊ ဆရာ/ဆရာမတွေ ရပ်ထဲရွာထဲနေတော့ ဒီကရွာသူရွာသားတွေနဲ့ အိမ်ထောင်ကျ ဒါမှပြန်မပြောင်းရမှာ၊ ဝန်ထမ်းလိုအပ်ချက်တွေရှိလို့ရှိရင် ရွာကလူငယ်တွေ ရည်းစားစကားလိုက်ပြော ဒါမှမြဲမယ်ဆိုတာ ဒါဒီမိုကရေစီကို သွားနေတဲ့အရွေ့တစ်ခုမှာ ဒီမိုကရေစီ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လုံး၀ မပြောသင့်တဲ့စကားပေါ့နော်၊ အဲဒါကြောင့်မလို့ ကျွန်တော်တို့က ကန့်ကွက်ရတာပါ၊ ကျွန်တော်တို့ဒါ သီတင်းကျွတ်ပိတ်ရက်ကျော်တာနဲ့ တစ်ပြိုင်နက်တည်း နိုင်ငံတော် အကြီးအကဲတွေထံကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ထိရောက်စွာအရေးပေးဖို့အတွက်ကို စာဆက်တင်ဖို့ရှိပါတယ်ခင်ဗျ"

သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အမျိုးသမီး ပညာရေးဝန်ထမ်း ဆရာမတွေရဲ့ အကြမ်းဖက်ခံရမှုတွေအပါအဝင် လုပ်ငန်းခွင်မှာ လက်တွေ့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ကောက်ယူနေတဲ့ "အမျိုးသမီးပညာရေးဝန်ထမ်းများ အကြမ်းဖက်ခံရမှုနှင့် ဘဝ လုံခြုံမှုဆိုင်ရာ သုတေသနစစ်တမ်း" ဟာလည်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ မကြာခင်ထုတ်ပြန်သွားမယ်လို့ ကိုမင်းမင်းထွဋ်ကဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ သက်ဆိုင်ရာ ဆရာမများကို လူသိရှင်ကြား ပြန်တောင်းပန်ဖို့ ဝန်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနကလည်း နိုင်ငံအနံှ့  ဆရာ၊ ဆရာမများရဲ့ နေထိုင်ရေးဆိုင်ရာ စစ်တမ်းကောက်ပြီး အစိုးရကို တင်ပြဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ ဆရာ/ဆရာမတွေကို နှိမ့်ချတဲ့သဘော မရည်ရွယ်ဘူးလို့ ယူဆရပေမယ့် မသင့်တော်ဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"အဲဒါတော့ ရုံးမှာ ကျွန်တော်တို့ အခုမှပြန်ရောက်တာဆိုတော့လေ ရုံးကလည်း ပိတ်ထားတာဆိုတော့ ရုံးကို တိုင်စာရောက်မရောက် ကျွန်တော် မသိပါဘူးခင်ဗျ၊ သြော် ဒါကတော့သူ ရည်ရွယ်ချက်က ဆရာ/ဆရာမတွေကို နိမ်ချတဲ့သဘောမျိုး ကျား/မခွဲခြားတဲ့ သဘောမျိုးမရည်ရွယ်ဘူးလို့ ကျွန်တော်တို့တော့ ထင်ပါတယ်၊ သို့သော်လည်း ဒီတာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်က ပြောလိုက်တာကတော့ ဒါ မသင့်တော်ဘူးပေါ့လေ"

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ လူထုတွေ့ဆုံပွဲတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့ပွဲတွေနဲ့ ဆွေးနွေးပွဲတွေမှာ ပြောခဲ့တဲ့ ပေါ့ပေါ့တန်တန်စကားတွေကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ မကြာခဏဆိုသလို ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း ဆောင်ရွက်ပေးရမယ့် တာဝန်တွေပျက်ကွက်လို့ဆိုပြီး သာယာဝတီမြို့ ဒေသခံတွေက ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြခံထားရပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org
အျငင္းပြားဖြယ္ ေျပာဆိုခ်က္အတြက္ ပဲခူး၀န္ႀကီးခ်ဳပ္ ျပန္ေတာင္းပန္ အျငင္းပြားဖြယ္ ေျပာဆိုခ်က္အတြက္ ပဲခူး၀န္ႀကီးခ်ဳပ္ ျပန္ေတာင္းပန္ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.