တစ္ေန႔တာအတြက္ အေရးပါတဲ့ မနက္စာကိုဘာေတြစားၾကမလဲ


ခႏၶာကိုယ္က်န္းမာၿပီး အားျပည့္ေနေစဖို႔က အိပ္ရာကေနႏိုးလာၿပီး မနက္ ၉ နာရီမတိုင္ခင္မွာ မနက္စာစားဖို႔လိုပါမယ္။ ဒီလိုမွလည္း ခႏၶာကိုယ္က တစ္ေန႔တာလုံးမွာ အားအင္ျပည့္ဝစြာနဲ႔ လႈပ္ရွားသြားလာႏိုင္မွာျဖစ္ပါတယ္။ ဒီေတာ့ တစ္ေန႔တာအတြက္ အေရးပါတဲ့ မနက္စာကို ဘာေတြမ်ားစားၾကမလဲ။ မနက္စာကို အာဟာရျပည့္ဝၿပီး က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မနက္စာျဖစ္ေအာင္ ဘာေတြစားမလဲဆိုတာကို ဒီေဆာင္းပါးေလးထဲမ်ာ ဖတ္ၾကည့္လိုက္ပါ။

အေကာင္းဆုံးေသာ မနက္စာ

မနက္ကို အေကာင္းဆုံးေသာအရာေတြနဲ႔စတင္ဖို႔ဆိုရင္ မနက္စာကိုလည္း ေကာင္းမြန္ျပည့္ဝစြာ စီစဥ္တတ္ဖို႔လိုပါမယ္။ ဒီေတာ့ မနက္စာကို ဘာေတြစားမလဲ…
မုန္႔ဟင္းခါး – ငါး၊ ဆန္မႈန္႔၊ ပဲမႈန္႔တို႔နဲ႔ အဓိကခ်က္ထားၿပီး ဆန္ကေနလုပ္ထားတဲ့ မုန္႔ဖတ္နဲ႔တြဲဖက္စားသုံးရတဲ့ မုန္႔ဟင္းခါးမွာ ကစီဓာတ္၊ ပ႐ိုတင္း နဲ႔ ဗီတာမင္ေတြျပည့္ဝစြာပါဝင္ေနတာေၾကာင့္ အာဟာရျပည့္ဝေစမွာပါ။

ထမင္းေၾကာ္

ထမင္းက ခႏၶာကိုယ္အတြက္လိုအပ္မယ့္ ကစီဓာတ္ကိုေပးစြမ္းႏိုင္သလို ထမင္းေၾကာ္ကို အသား၊ ပဲျပဳတ္၊ ၾကက္ဥတို႔နဲ႔ တြဲဖက္စားသုံးမယ္ဆိုရင္ ပ႐ိုတင္း၊ ဗီတာမင္ D နဲ႔ အမွ်င္ဓာတ္ေတြကိုပါရရွိေစႏိုင္မွာပါ။

ေကာ္ဖီ နဲ႔ ေပါင္မုန္႔မီးကင္

ေကာ္ဖီက ဓာတ္တိုးဆန္႔က်င္အာနိသင္ ႂကြယ္ဝတာေၾကာင့္ ႏွလုံးက်န္းမာေစႏိုင္သလို လန္းဆန္းမႈကိုပါရရွိႏိုင္မွာပါ။ ေပါင္မုန္႔ဆိုတဲ့ေနရာမွာလည္း ေပါင္မုန္႔အျဖဴထက္ ဂ်ဳံၾကမ္းနဲ႔လုပ္ထားတဲ့ ေပါင္မုန္႔ေတြက အမွ်င္ဓာတ္ႂကြယ္ဝေနမွာျဖစ္တာေၾကာင့္ အစာေျခစနစ္ကို က်န္းမာေစႏိုင္ပါတယ္။

Oatmeal

အမွ်င္ဓာတ္ႂကြယ္ဝစြာပါဝင္ေနသလို သံဓာတ္၊ ေဖာလိတ္ နဲ႔ အျခားေသာဗီတာမင္၊ သတၱဳဓာတ္ေတြႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အစာေျခစနစ္ကိုက်န္းမာေစသလို ႏွလုံးကိုလည္း က်န္းမာေစႏိုင္ပါတယ္။ ေသြးတြင္းကိုလက္စထေရာ က်ေစႏိုင္မယ့္ မနက္စာပါ။

ဂ်ဳံေခါက္ဆြဲျပဳတ္

မနက္ခင္းမွာ ၾကက္စြပ္ျပဳတ္ပူပူေလးထဲကို ဂ်ဳံေခါက္ဆြဲထည့္ျပဳတ္ၿပီးစားေပးတာက ပ႐ိုတင္း( အသားဓာတ္) အျပင္ ကစီဓာတ္ကိုပါရရွိေစႏိုင္ပါတယ္။ အသီးအ႐ြက္ေတြပါထည့္ၿပီး စားသုံးမယ္ဆိုရင္ အစာေျခစနစ္ က်န္းမာေစမယ့္ အမွ်င္ဓာတ္ကိုပါရရွိေစမွာပါ။

ေခါက္ဆြဲေၾကာ္၊ ၾကာဇံေၾကာ္

ဆန္နဲ႔လုပ္ထားတဲ့ ၾကာဇံ၊ ဂ်ဳံနဲ႔လုပ္ထားတဲ့ ေခါက္ဆြဲတို႔ကို အသား၊ အသီးအ႐ြက္၊ ၾကက္ဥတို႔နဲ႔တြဲစပ္မႈက အရသာရွိ႐ုံတင္မဟုတ္ဘဲ ပ႐ိုတင္း (အသားဓာတ္)၊ ကစီဓာတ္၊ အ႐ိုးေတြကိုသန္မာေစႏိုင္တဲ့ ဗီတာမင္ D နဲ႔ အစာေျခစနစ္ကို က်န္းမာေစႏိုင္တဲ့ အမွ်င္ဓာတ္ တို႔ကိုပါရရွိေစႏိုင္မွာပါ။

ႏြားႏို႔ နဲ႔ ကြတ္ကီး

ႏြားႏို႔မွာ ပ႐ိုတင္း (အသားဓာတ္)၊ အ႐ိုးနဲ႔သြားေတြႀကံ့ခိုင္ေစတဲ့ ကယ္လ္ဆီယမ္၊ ခႏၶာကိုယ္က်န္းမာဖို႔လိုအပ္တဲ့ ေရဓာတ္အျပင္ အျခားအေရးပါတဲ့ အာဟာရဓာတ္မ်ားစြာပါဝင္ေနပါတယ္။ ႏြားႏို႔ကို အုတ္ဂ်ဳံနဲ႔လုပ္ထားတဲ ့ကြတ္ကီးနဲ႔တြဲဖက္မႈက ႏွလုံးက်န္းမာေစၿပီး ေသြးတိုးနဲ႔ ဆီးခ်ိဳကိုပါ အထိေရာက္ဆုံးဟန္႔တားေပးႏိုင္တဲ့ မနက္စာျဖစ္လာေစမွာပါ။ အေၾကာင္းကေတာ့ အုတ္ဂ်ဳံမွာ ေသြးအားေကာင္းေစတဲ့ သံဓာတ္၊ ေကာ့ပါး၊ ဗီတာမင္ B1၊ ဗီတာမင္ B5 တို႔ပါဝင္ေနတာေၾကာင့္ အာဟာရျပည့္ဝၿပီး က်န္းမာတဲ့မနက္စာျဖစ္ေစမွာပါ။

ကဲ..မနက္ခင္းေလးကို အာဟာရျပည့္ဝၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ မနက္စာေလးနဲ႔ စတင္လိုက္ၾကရေအာင္လား……….

ေရးသားသူ Aye Thi Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
Unicode
တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကိုဘာတွေစားကြမလဲ

ခန္ဓာကိုယ်ကျန်းမာပြီး အားပြည့်နေစေဖို့က အိပ်ရာကနေနိုးလာပြီး မနက် ၉ နာရီမတိုင်ခင်မှာ မနက်စာစားဖို့လိုပါမယ်။ ဒီလိုမှလည်း ခန္ဓာကိုယ်က တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝစွာနဲ့ လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်။ ဒီတော့ တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကို ဘာတွေများစားကြမလဲ။ မနက်စာကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဖြစ်အောင် ဘာတွေစားမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမျာ ဖတ်ကြည့်လိုက်ပါ။

အကောင်းဆုံးသော မနက်စာ

မနက်ကို အကောင်းဆုံးသောအရာတွေနဲ့စတင်ဖို့ဆိုရင် မနက်စာကိုလည်း ကောင်းမွန်ပြည့်ဝစွာ စီစဉ်တတ်ဖို့လိုပါမယ်။ ဒီတော့ မနက်စာကို ဘာတွေစားမလဲ…
မုန့်ဟင်းခါး – ငါး၊ ဆန်မှုန့်၊ ပဲမှုန့်တို့နဲ့ အဓိကချက်ထားပြီး ဆန်ကနေလုပ်ထားတဲ့ မုန့်ဖတ်နဲ့တွဲဖက်စားသုံးရတဲ့ မုန့်ဟင်းခါးမှာ ကစီဓာတ်၊ ပရိုတင်း နဲ့ ဗီတာမင်တွေပြည့်ဝစွာပါဝင်နေတာကြောင့် အာဟာရပြည့်ဝစေမှာပါ။

ထမင်းကြော်

ထမင်းက ခန္ဓာကိုယ်အတွက်လိုအပ်မယ့် ကစီဓာတ်ကိုပေးစွမ်းနိုင်သလို ထမင်းကြော်ကို အသား၊ ပဲပြုတ်၊ ကြက်ဥတို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပရိုတင်း၊ ဗီတာမင် D နဲ့ အမျှင်ဓာတ်တွေကိုပါရရှိစေနိုင်မှာပါ။

ကော်ဖီ နဲ့ ပေါင်မုန့်မီးကင်

ကော်ဖီက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေနိုင်သလို လန်းဆန်းမှုကိုပါရရှိနိုင်မှာပါ။ ပေါင်မုန့်ဆိုတဲ့နေရာမှာလည်း ပေါင်မုန့်အဖြူထက် ဂျုံကြမ်းနဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေက အမျှင်ဓာတ်ကြွယ်ဝနေမှာဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

Oatmeal

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသလို သံဓာတ်၊ ဖောလိတ် နဲ့ အခြားသောဗီတာမင်၊ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရော ကျစေနိုင်မယ့် မနက်စာပါ။

ဂျုံခေါက်ဆွဲပြုတ်

မနက်ခင်းမှာ ကြက်စွပ်ပြုတ်ပူပူလေးထဲကို ဂျုံခေါက်ဆွဲထည့်ပြုတ်ပြီးစားပေးတာက ပရိုတင်း( အသားဓာတ်) အပြင် ကစီဓာတ်ကိုပါရရှိစေနိုင်ပါတယ်။ အသီးအရွက်တွေပါထည့်ပြီး စားသုံးမယ်ဆိုရင် အစာခြေစနစ် ကျန်းမာစေမယ့် အမျှင်ဓာတ်ကိုပါရရှိစေမှာပါ။

ခေါက်ဆွဲကြော်၊ ကြာဇံကြော်

ဆန်နဲ့လုပ်ထားတဲ့ ကြာဇံ၊ ဂျုံနဲ့လုပ်ထားတဲ့ ခေါက်ဆွဲတို့ကို အသား၊ အသီးအရွက်၊ ကြက်ဥတို့နဲ့တွဲစပ်မှုက အရသာရှိရုံတင်မဟုတ်ဘဲ ပရိုတင်း (အသားဓာတ်)၊ ကစီဓာတ်၊ အရိုးတွေကိုသန်မာစေနိုင်တဲ့ ဗီတာမင် D နဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ် တို့ကိုပါရရှိစေနိုင်မှာပါ။

နွားနို့ နဲ့ ကွတ်ကီး

နွားနို့မှာ ပရိုတင်း (အသားဓာတ်)၊ အရိုးနဲ့သွားတွေကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်၊ ခန္ဓာကိုယ်ကျန်းမာဖို့လိုအပ်တဲ့ ရေဓာတ်အပြင် အခြားအရေးပါတဲ့ အာဟာရဓာတ်များစွာပါဝင်နေပါတယ်။ နွားနို့ကို အုတ်ဂျုံနဲ့လုပ်ထားတဲ့ကွတ်ကီးနဲ့တွဲဖက်မှုက နှလုံးကျန်းမာစေပြီး သွေးတိုးနဲ့ ဆီးချိုကိုပါ အထိရောက်ဆုံးဟန့်တားပေးနိုင်တဲ့ မနက်စာဖြစ်လာစေမှာပါ။ အကြောင်းကတော့ အုတ်ဂျုံမှာ သွေးအားကောင်းစေတဲ့ သံဓာတ်၊ ကော့ပါး၊ ဗီတာမင် B1၊ ဗီတာမင် B5 တို့ပါဝင်နေတာကြောင့် အာဟာရပြည့်ဝပြီး ကျန်းမာတဲ့မနက်စာဖြစ်စေမှာပါ။

ကဲ..မနက်ခင်းလေးကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာလေးနဲ့ စတင်လိုက်ကြရအောင်လား……….

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တစ္ေန႔တာအတြက္ အေရးပါတဲ့ မနက္စာကိုဘာေတြစားၾကမလဲ တစ္ေန႔တာအတြက္ အေရးပါတဲ့ မနက္စာကိုဘာေတြစားၾကမလဲ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.