မိုင္းေငါ့ၿမိဳ႕နယ္ခြဲတြင္ သံဃာ ၃ပါး မိုင္းနင္းမိ

Zawgyi
ေအာက္တိုဘာလ ၁၄ ရက္ ၂၀၁၉

သၽွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ၿမိဳ႕နယ္ခြဲ ပန္တေမာ့ ေက်းရြာ တြင္ သီတင္းကၽြတ္လျပည့္ေန႔က သံဃာေတာ္ ၃ ပါး မိုင္းနင္းမိေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ ၁၃ ရက္ ည ၇ နာရီ ဝန္းက်င္အခ်ိန္က သံဃာေတာ္ ၃ ပါးသည္ နမ့္ဆန္ၿမိဳ႕နယ္ လြယ္ခေလးရြာ တြင္ ျပဳလုပ္မည့္ သံဃာေတာ္မ်ား ပူေဇာ္ပြဲအတြက္ႂကြရာ လမ္းတြင္ လက္လုပ္မိုင္းနင္းမိကာ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

“ မေန႔ည ၇ နာရီမွာျဖစ္တာ။ က်ေနာ္တို႔ဒီမနက္ မွ သြားေခၚနိုင္ခဲ့တယ္။ အခု သံဃာ ၃ပါး စလုံးက ေက်ာက္မဲျပည္သူ႔ေဆး႐ုံ ပို႔ေဆာင္ေပးထားတယ္” ဟု အိုမ္တေမာဝ္ လူမွု ကူညီေရး အသင္း မွ အဘမ္း က သၽွမ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

မိုင္းနင္းမိၿပီး ထိခိုက္ဒဏ္ရာရသည့္ သံဃာေတာ္မ်ားမွ သက္ေတာ္ ၂၈ ႏွစ္ ဝါေတာ္ ၈ ဝါ ရွိသည့္ ဦးေသာဘိတ သည္ မ်က္လုံး ႏွင့္ ရင္ဘတ္ဒဏ္ရာရရွိေၾကာင္း၊ သက္ေတာ္ ၂၇ ႏွစ္ ဝါေတာ္ ၇ ဝါ ရွိသည့္ ဦးစႏၵိမာ သည္ နာရြက္ ၊ ေပါင္ ႏွင့္ လက္မ်ား ထိခိုက္ဒဏ္ရာရရွိေၾကာင္း ၊ သက္ေတာ္ ၂၆ ႏွစ္ ဝါေတာ္ ၆ ဝါ ရွိ ဦးေခမိႏၵ သည္ ညာဘက္ ေျခဖမိုး၊ ေပါင္ တို႔တြင္ထိခိုက္ကာ ဒဏ္ရာ မစိုးရိမ္ရေၾကာင္း အဘမ္း ကေျပာသည္။

ယခုေအာက္တိုဘာလအတြင္း ေက်ာက္မဲခရိုင္အတြင္း ေျမျမဳပ္မိုင္းနင္းမိသူမ်ားမွာ သံဃာေတာ္ ၃ ပါးအျပင္ အရပ္သား ၄ ဦး စုစုေပါင္း ၇ ဦး ရွိၿပီး ၎တို႔အနက္ အရပ္သား ၂ ဦး (အမ်ိဳးသမီးမ်ား) မွာေသဆုံးခဲ့ေၾကာင္းသိရသည္။

ေက်ာက္မဲခရိုင္ အတြင္း စက္တင္ဘာ ႏွင့္ ေအာက္တိုဘာ လဆန္း အတြင္း ေျမျမဳပ္မိုင္းနင္းမိသူ ၁၀ ဦးအထက္ ရွိသြားၿပီ ျဖစ္ေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------
Unicode
မိုင်းငေါ့မြို့နယ်ခွဲတွင် သံဃာ ၃ပါး မိုင်းနင်းမိ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
အောက်တိုဘာလ ၁၄ ရက် ၂၀၁၉

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ပန်တမော့ ကျေးရွာ တွင် သီတင်းကျွတ်လပြည့်နေ့က သံဃာတော် ၃ ပါး မိုင်းနင်းမိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ ဝန်းကျင်အချိန်က သံဃာတော် ၃ ပါးသည် နမ့်ဆန်မြို့နယ် လွယ်ခလေးရွာ တွင် ပြုလုပ်မည့် သံဃာတော်များ ပူဇော်ပွဲအတွက်ကြွရာ လမ်းတွင် လက်လုပ်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ မနေ့ည ၇ နာရီမှာဖြစ်တာ။ ကျနော်တို့ဒီမနက် မှ သွားခေါ်နိုင်ခဲ့တယ်။ အခု သံဃာ ၃ပါး စလုံးက ကျောက်မဲပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်” ဟု အိုမ်တမောဝ် လူမှု ကူညီရေး အသင်း မှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသည့် သံဃာတော်များမှ သက်တော် ၂၈ နှစ် ဝါတော် ၈ ဝါ ရှိသည့် ဦးသောဘိတ သည် မျက်လုံး နှင့် ရင်ဘတ်ဒဏ်ရာရရှိကြောင်း၊ သက်တော် ၂၇ နှစ် ဝါတော် ၇ ဝါ ရှိသည့် ဦးစန္ဒိမာ သည် နာရွက် ၊ ပေါင် နှင့် လက်များ ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ သက်တော် ၂၆ နှစ် ဝါတော် ၆ ဝါ ရှိ ဦးခေမိန္ဒ သည် ညာဘက် ခြေဖမိုး၊ ပေါင် တို့တွင်ထိခိုက်ကာ ဒဏ်ရာ မစိုးရိမ်ရကြောင်း အဘမ်း ကပြောသည်။

ယခုအောက်တိုဘာလအတွင်း ကျောက်မဲခရိုင်အတွင်း မြေမြုပ်မိုင်းနင်းမိသူများမှာ သံဃာတော် ၃ ပါးအပြင် အရပ်သား ၄ ဦး စုစုပေါင်း ၇ ဦး ရှိပြီး ၎င်းတို့အနက် အရပ်သား ၂ ဦး (အမျိုးသမီးများ) မှာသေဆုံးခဲ့ကြောင်းသိရသည်။

ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ နှင့် အောက်တိုဘာ လဆန်း အတွင်း မြေမြုပ်မိုင်းနင်းမိသူ ၁၀ ဦးအထက် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မိုင္းေငါ့ၿမိဳ႕နယ္ခြဲတြင္ သံဃာ ၃ပါး မိုင္းနင္းမိ မိုင္းေငါ့ၿမိဳ႕နယ္ခြဲတြင္ သံဃာ ၃ပါး မိုင္းနင္းမိ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.