ဗစ္တိုးရီယားအမႈ ႏွစ္ဖက္အျပန္အလွန္တရားစြဲ


အျပန္အလွန္တရားစြဲဆိုမႈေတြ ပိုတိုးလာတဲ့ ဗစ္တိုးရီးယားသက္ငယ္မုဒိမ္းအမႈရဲ႕ ေနာက္ဆက္တြဲ အမႈေတြမွာ ျမန္မာနုိင္ငံရဲ႕ တရားစီရင္ေရးဟာ မည္သူ တဦးတေယာက္ရဲ႕မွ ၾသဇာအာဏာ လႊမ္းမိုးသက္ေရာက္မႈမရွိပဲ မွ်တတဲ့ တရားေရးစီရင္မႈေတြ ေပၚေပါက္လာေစဖို႔ ဥပေဒေဘာင္အတြင္းကေန ရပ္တည္ေဆာင္ရြက္သြားၾကမွာျဖစ္တယ္လို႔ ျမန္မာႏုိင္ငံ ေရွ႕ေနအသင္းမ်ားအဖြဲ႔ခ်ဳပ္က ေျပာဆိုလိုက္ပါတယ္။ မွန္ကန္တဲ့ တရားစီရင္ ဆံုးျဖတ္မႈ ေတြရဖို႔ တရားဥပေဒလမ္းေၾကာင္းအတုိင္း ဆက္သြားၾကမွာလို႔ ဒီကေန႔ ႐ံုးထုတ္မွာ သက္ဆိုင္ရာေရွ႕ေနေတြကေျပာဆိုခဲ့တာပါ။ ဆက္သြယ္စံုစမ္းထားတဲ့ မဆုမြန္ စုစည္း တင္ျပထားပါတယ္။

ေနျပည္ေတာ္မွာတည္ရွိတဲ့ Wisdom Hill ေန႔ကေလးထိန္းေက်ာင္းမွာ အသက္ ၂ ႏွစ္ေက်ာ္အရြယ္ မိန္းကေလးငယ္ေလး လိင္ပိုင္းဆုိင္ရာ အႏိုင္က်င့္ခံရတယ္ဆိုၿပီး စြပ္စြဲထားတဲ့ သက္ငယ္မုဒိမ္းအမႈဟာ ႏုိင္ငံေတာ္သမၼတ႐ံုးအပါအဝင္ ျမန္မာျပည္တဝွမ္းကျပည္သူေတြ စိတ္ပါဝင္စားစြာနဲ႔ ေစာင့္ၾကည့္ေနခဲ့ၾကတဲ့ အမႈျဖစ္ပါတယ္။ အမႈမွာလုိက္ပါေဆာင္ရြက္ရင္း တရားစြဲခံရတဲ့ေရွ႕ေနေတြ၊ စြပ္စြဲခံရၿပီး ဖမ္းဆီးထိန္းသိမ္းခံထားသူ ေက်ာင္းကားယာဥ္ေမာင္းေအာင္ၾကီးနဲ႔ သံသယျဖစ္ခံရသူညီအကိုႏွစ္ဦးအပါအဝင္ နစ္နာခဲ့ရသူ ဗစ္တိုးရီးယား ကာယကံရွင္ မိသားစုဝင္ေတြအတြက္ မွ်တတဲ့တရားစီရင္မႈရဖို႔ ႏွစ္ဘက္ ေရွ႕ေနေတြဘက္ကလည္း တရားဥပေဒလမ္းေၾကာင္းအတုိင္း ေဆာင္ရြက္သြားၾကမယ္လို႔ေျပာဆိုထားတာပါ။

ဒီကေန႔ ဒုတိယအၾကိမ္ ႐ံုးထုတ္လာတဲ့ ဗစ္တိုးရီးယားအမႈမွာ တရားစြဲဆိုခံရတဲ့ တရားခံေအာင္ၾကီးဘက္က လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနေဒၚစုဒါလီေအာင္ကို ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴးက တရားျပန္စြဲထားတဲ့အမႈမွာ ေဒၚစုဒါလီေအာင္ဘက္က အက်ိဳးေဆာင္ေရွ႕ေနအျဖစ္ လုိက္ပါေဆာင္ရြက္ေပးေနတဲ့ ျမန္မာနုိင္ငံေရွ႕ေနအသင္းမ်ားအဖြဲ႔ခ်ဳပ္က တရားလႊတ္ေတာ္ေရွ႕ေနဦးသိန္းသန္းဦးက လက္ရွိအမႈအေျခအေန အခုလိုေျပာျပပါတယ္။

အခုလိုအျပန္အလွန ္တရားစြဲဆိုမႈေတြ ပိုမ်ားလာတဲ့ အမ်ားျပည္သူက စိတ္ဝင္တစားေစာင့္ၾကည့္ေနတဲ့ ဗစ္တိုးရီးယားေလးအမႈမွာ လိုက္ပါ ေဆာင္ရြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေနေတြ အေနနဲ႔ ျမန္မာနုိင္ငံရဲ႕ တရားစီရင္ေရးဟာ မည္သည့္အဖြဲ႔အစည္း မည္သူ တဦးတေယာက္ရဲ႕မွ ၾသဇာအာဏာ လႊမ္းမိုးသက္ေရာက္မႈမရွိပဲ မွ်တတဲ့ တရားေရးစီရင္မႈေတြ ေပၚေပါက္လာေစဖို႔ ဥပေဒေဘာင္အတြင္းကေန ရပ္တည္ေဆာင္ရြက္သြားၾကမွာျဖစ္တယ္လို႔ ေရွ႕ေနၾကီးဦးသိန္းသန္းဦးက ေျပာပါတယ္။

“ ပိုစိန္ေခၚမႈေတြေတာ့ရင္ဆိုင္ရမွာပါ ဒါေပမယ့္ ဇာတ္သိမ္းကေတာ့ အမွန္တရားေအာင္ပြဲခံမယ္လို႔ က်ေနာ္တို႔ ယံုၾကည္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါျဖစ္ေနတဲ့ ျဖစ္စဥ္က က်ေနာ္တုိ႔က ဗစ္တိုးရီးယားေလးကိုလည္း ကိုယ္ခ်င္းစာတယ္။ မိသားစုကိုလည္း စာနာပါတယ္။ တဖက္ကလည္း စြပ္စြဲခံရတဲ့ ကေလးေတြက ၾကားထဲမွာပါေနတယ္ ဒါကလည္း က်ေနာ္တို႔ သူ႔မိဘကို အျပစ္မတင္ပါဘူး။ ကိုယ္ခ်င္းစာတယ္ ကိုယ့္သားသမီးေတြကို ကာကြယ္ခ်င္တယ္။ သူတို႔ တတ္ႏိုင္သမွ်လုပ္တယ္ ဒါကိုလည္း အျပစ္မတင္ဘူး။ အဲဒီ မိသားစု ၂ ခုထက္ပိုၿပီးေတာ့ အမွန္တကယ္ ျဖစ္ပြားေနတာက တရားစီရင္ေရးနဲ႔ပတ္သက္တဲ့ institution ေတြေပါ့ဗ်ာ ၊ တရားစီရင္မႈ ၊ ဥပေဒရံုးတို႔ ရဲတို႔ ဒီဘက္က တရားရံုးေတြအပါအ၀င္ေပါ့ဗ်ာ က်ေနာ္တုိ႔ ျဖစ္ပြားေနတဲ့ပံုမွာ ကိုင္တြယ္ေဆာင္ရြက္တဲ့အေပၚမွာ ဒါက ေတာ္ေတာ္အေရးႀကီးတယ္ အထူးသျဖင့္ သမၼတရံုးကလည္း စိတ္၀င္တစားေစာင့္ၾကည့္ေနတယ္၊ အမွန္တရားေပၚေပါက္ဖို႔ ဆိုတဲ့အေနအထားမွာ ဒါဟာ သာမန္အမႈမဟုတ္ဘူး။ သာမန္ျဖစ္စဥ္ ၂ ရပ္ထက္ နစ္နာသူရဲ႕ တဖက္က စြပ္စြဲခံရတာဆိုတာမ်ိဳးထက္ တရားစီရင္ေရး ပံုစံ အထူးသျဖင့္ Institution ေတြရဲ႕ တာ၀န္၀တၱရား ေက်တယ္ ၊ မေက်ဘူး ေဆာင္ရြက္တာမွာ ယံုၾကည္မႈ ရတယ္ မရဘူး ဆိုတဲ့ ျပႆနာ တရပ္ကို အေျဖရွာတာျဖစ္တယ္။ သာမန္ပုဂၢိဳလ္ေရးျပႆနာမဟုတ္ဘူး က်ေနာ္တုိ႔လည္း အဲဒီသေဘာပါပဲ။ ဒီမွာ ပါ၀င္ေဆာင္ရြက္တယ္ဆိုတာက တရားမွ်တမႈ ေပၚေပါက္ဖို႔အတြက္ ရည္စူးတာ အတတ္ႏိုင္ဆံုး ဒီမွာ Institution ေတြ ျမင္သာထင္သာတဲ့ လုပ္ကိုင္စြမ္းရည္ေတြ ရွိလာမယ္လို႔ ေမွ်ာ္လင့္လို႔ ပူးေပါင္းေဆာင္ရြက္တာျဖစ္ပါတယ္။ က်ေနာ္အဲဒါကို ေမွ်ာ္လင့္တယ္ခင္ဗ်။”

ဒါ့အျပင္ တရားစြဲခံရတဲ့ တရားလႊတ္ေတာ္ေရွ႕ေနေဒၚစုဒါလီေအာင္ဘက္ သူ႕ကိုတရားစြဲဆိုခဲ့တဲ့ Wisdom Hill ေန႔ကေလးထိန္းေက်ာင္းအုပ္ခ်ဳပ္ေရးမွဴး ေဒၚဥမၼာလိႈင္ကို ႏိုင္ငံသားမ်ားရဲ႕ လြတ္လပ္မႈနဲ႔ လူပုဂၢိဳလ္ဆိုင္ရာလံုျခံဳမႈကို အကာအကြယ္ေပးေရးႏိုင္လြတ္လံုပုဒ္မနဲ႔ တရားျပန္စြဲဆိုဖို႔ ျပင္ဆင္ေနတယ္လို႔လည္း ဦးသိန္းသန္းဦးကေျပာပါတယ္။

“ သူ႔ကို ရိုးရိုးသားသားေရွ႕ေနတေယာက္အေနနဲ႔ အမႈမွာ ေပၚေပါက္တဲ့အတြက္ သက္ေသထြက္ခ်က္နဲ႔ ျဖစ္စဥ္ကို မီဒီယာကို access to information အရ ျပန္ေျပာတဲ့ ကိစၥကို တရားစြဲခံရတာ ျဖစ္တယ္ ဒါ ဥပေဒခ်ိဳးေဖာက္တယ္လို႔ သူယူဆတဲ့အတြက္ ေဒၚစုဒါလီေအာင္က ျပန္တရားစြဲဖို႔ ျပင္ဆင္ေနပါတယ္။ သူ႔ကို ႏိုင္လြတ္လံုနဲ႔ ဖြင့္ထားတ့ဲ ကိစၥကိုေပါ့ေနာ္ ၂၀၁၇ ခုႏွစ္ ႏိုင္ငံသားမ်ားရဲ႕ လြတ္လပ္မႈနဲ႔ လူပုဂၢိဳလ္ဆိုင္ရာလံုျခံဳမႈကို အကာအကြယ္ေပးေရးႏိုင္လြတ္လံုပုဒ္မ ကိုထိပါးတယ္လို႔ သူယူဆတဲ့အတြက္ သူ႔ကို ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ အေထာက္အထားစာတမ္း သူေနတယ္ အဲဒါေတြျပည့္စံုရင္ေတာ့ သူေလ်ာက္ပါလိမ့္မယ္။”

ဗစ္တိုးရီးယားအမႈရံုးခ်ိန္းေတြ ဆက္တုိက္စစ္ေဆးလာခ်ိန္ ကာယကံရွင္ကေလးငယ္ ဗစ္တိုးရီးယားကိုယ္တိုင္ထြက္ဆိုခဲ့တဲ့ တရားရံုးခ်ိန္းအၿပီးမွာေတာ့ ထြက္ဆိုခဲ့တဲ့အတိုင္း သတင္းမီဒီယာကို ျပန္ေျပာခဲ့လို႔ဆိုၿပီး ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေဖာက္ဖ်က္မႈဥပေဒနဲ႔႔ တရားခံအျဖစ္စြပ္စြဲခံရသူဘက္က လုိက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနဦးခင္ေမာင္ေဇာ္၊ ေရွ႕ေနေဒၚစုဒါလီေအာင္၊ ဗစ္တိုးရီးယားဘက္က လုိက္ပါေဆာင္ရြက္ေပးေနတဲ့ တရားလိုေရွ႕ေန ေဒၚရြက္နုေအာင္ ဗစ္တိုးရီးယားရဲ႕ဖခင္ အေဒၚနဲ႔ဦးေလးအပါအဝင္ လိုက္ပါေဆာင္ရြက္ေပးသူဆရာဝန္တဦးတို႔ကိုပါ Wisdom Hill ေန႔ကေလးထိန္းေက်ာင္း အုပ္ခ်ဳပ္ေရးမွဴးေဒၚဥမၼာလိႈင္­က တရားစြဲဆိုခဲ့တဲ့အေျခအေနျဖစ္ပါတယ္။

လာမယ့္ေအာက္တိုဘာလ ၉ရက္ေန႔မွာေတာ့ Wisdom Hill ဗစ္တိုးရီးယားအမႈကို စစ္ေဆးဖို႔ရွိၿပီး လာမယ့္ေအာက္တိုဘာလ ၂၁ရက္ေန႔မွာ ေဒၚစုဒါလီေအာင္တို႔ တရားစြဲဆိုခံရတဲ့အမႈကို ျပန္လည္စစ္ေဆးဖို႔ရွိပါတယ္။

.....................

{Unicode}

ဗစ်တိုးရီယားအမှု နှစ်ဖက်အပြန်အလှန်တရားစွဲ

အပြန်အလှန်တရားစွဲဆိုမှုတွေ ပိုတိုးလာတဲ့ ဗစ်တိုးရီးယားသက်ငယ်မုဒိမ်းအမှုရဲ့ နောက်ဆက်တွဲ အမှုတွေမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ မည်သူ တဦးတယောက်ရဲ့မှ သြဇာအာဏာ လွှမ်းမိုးသက်ရောက်မှုမရှိပဲ မျှတတဲ့ တရားရေးစီရင်မှုတွေ ပေါ်ပေါက်လာစေဖို့ ဥပဒေဘောင်အတွင်းကနေ ရပ်တည်ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေအသင်းများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ မှန်ကန်တဲ့ တရားစီရင် ဆုံးဖြတ်မှု တွေရဖို့ တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်သွားကြမှာလို့ ဒီကနေ့ ရုံးထုတ်မှာ သက်ဆိုင်ရာရှေ့နေတွေကပြောဆိုခဲ့တာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် စုစည်း တင်ပြထားပါတယ်။

နေပြည်တော်မှာတည်ရှိတဲ့ Wisdom Hill နေ့ကလေးထိန်းကျောင်းမှာ အသက် ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်လေး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတယ်ဆိုပြီး စွပ်စွဲထားတဲ့ သက်ငယ်မုဒိမ်းအမှုဟာ နိုင်ငံတော်သမ္မတရုံးအပါအဝင် မြန်မာပြည်တဝှမ်းကပြည်သူတွေ စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်နေခဲ့ကြတဲ့ အမှုဖြစ်ပါတယ်။ အမှုမှာလိုက်ပါဆောင်ရွက်ရင်း တရားစွဲခံရတဲ့ရှေ့နေတွေ၊ စွပ်စွဲခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားသူ ကျောင်းကားယာဉ်မောင်းအောင်ကြီးနဲ့ သံသယဖြစ်ခံရသူညီအကိုနှစ်ဦးအပါအဝင် နစ်နာခဲ့ရသူ ဗစ်တိုးရီးယား ကာယကံရှင် မိသားစုဝင်တွေအတွက် မျှတတဲ့တရားစီရင်မှုရဖို့ နှစ်ဘက် ရှေ့နေတွေဘက်ကလည်း တရားဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားကြမယ်လို့ပြောဆိုထားတာပါ။

ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်လာတဲ့ ဗစ်တိုးရီးယားအမှုမှာ တရားစွဲဆိုခံရတဲ့ တရားခံအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်စုဒါလီအောင်ကို ကျောင်းအုပ်ချုပ်ရေးမှူးက တရားပြန်စွဲထားတဲ့အမှုမှာ ဒေါ်စုဒါလီအောင်ဘက်က အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံရှေ့နေအသင်းများအဖွဲ့ချုပ်က တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက လက်ရှိအမှုအခြေအနေ အခုလိုပြောပြပါတယ်။

အခုလိုအပြန်အလှန ်တရားစွဲဆိုမှုတွေ ပိုများလာတဲ့ အများပြည်သူက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဗစ်တိုးရီးယားလေးအမှုမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ မည်သည့်အဖွဲ့အစည်း မည်သူ တဦးတယောက်ရဲ့မှ သြဇာအာဏာ လွှမ်းမိုးသက်ရောက်မှုမရှိပဲ မျှတတဲ့ တရားရေးစီရင်မှုတွေ ပေါ်ပေါက်လာစေဖို့ ဥပဒေဘောင်အတွင်းကနေ ရပ်တည်ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ ရှေ့နေကြီးဦးသိန်းသန်းဦးက ပြောပါတယ်။

“ ပိုစိန်ခေါ်မှုတွေတော့ရင်ဆိုင်ရမှာပါ ဒါပေမယ့် ဇာတ်သိမ်းကတော့ အမှန်တရားအောင်ပွဲခံမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဖြစ်နေတဲ့ ဖြစ်စဉ်က ကျနော်တို့က ဗစ်တိုးရီးယားလေးကိုလည်း ကိုယ်ချင်းစာတယ်။ မိသားစုကိုလည်း စာနာပါတယ်။ တဖက်ကလည်း စွပ်စွဲခံရတဲ့ ကလေးတွေက ကြားထဲမှာပါနေတယ် ဒါကလည်း ကျနော်တို့ သူ့မိဘကို အပြစ်မတင်ပါဘူး။ ကိုယ်ချင်းစာတယ် ကိုယ့်သားသမီးတွေကို ကာကွယ်ချင်တယ်။ သူတို့ တတ်နိုင်သမျှလုပ်တယ် ဒါကိုလည်း အပြစ်မတင်ဘူး။ အဲဒီ မိသားစု ၂ ခုထက်ပိုပြီးတော့ အမှန်တကယ် ဖြစ်ပွားနေတာက တရားစီရင်ရေးနဲ့ပတ်သက်တဲ့ institution တွေပေါ့ဗျာ ၊ တရားစီရင်မှု ၊ ဥပဒေရုံးတို့ ရဲတို့ ဒီဘက်က တရားရုံးတွေအပါအဝင်ပေါ့ဗျာ ကျနော်တို့ ဖြစ်ပွားနေတဲ့ပုံမှာ ကိုင်တွယ်ဆောင်ရွက်တဲ့အပေါ်မှာ ဒါက တော်တော်အရေးကြီးတယ် အထူးသဖြင့် သမ္မတရုံးကလည်း စိတ်ဝင်တစားစောင့်ကြည့်နေတယ်၊ အမှန်တရားပေါ်ပေါက်ဖို့ ဆိုတဲ့အနေအထားမှာ ဒါဟာ သာမန်အမှုမဟုတ်ဘူး။ သာမန်ဖြစ်စဉ် ၂ ရပ်ထက် နစ်နာသူရဲ့ တဖက်က စွပ်စွဲခံရတာဆိုတာမျိုးထက် တရားစီရင်ရေး ပုံစံ အထူးသဖြင့် Institution တွေရဲ့ တာဝန်ဝတ္တရား ကျေတယ် ၊ မကျေဘူး ဆောင်ရွက်တာမှာ ယုံကြည်မှု ရတယ် မရဘူး ဆိုတဲ့ ပြဿနာ တရပ်ကို အဖြေရှာတာဖြစ်တယ်။ သာမန်ပုဂ္ဂိုလ်ရေးပြဿနာမဟုတ်ဘူး ကျနော်တို့လည်း အဲဒီသဘောပါပဲ။ ဒီမှာ ပါဝင်ဆောင်ရွက်တယ်ဆိုတာက တရားမျှတမှု ပေါ်ပေါက်ဖို့အတွက် ရည်စူးတာ အတတ်နိုင်ဆုံး ဒီမှာ Institution တွေ မြင်သာထင်သာတဲ့ လုပ်ကိုင်စွမ်းရည်တွေ ရှိလာမယ်လို့ မျှော်လင့်လို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ ကျနော်အဲဒါကို မျှော်လင့်တယ်ခင်ဗျ။”

ဒါ့အပြင် တရားစွဲခံရတဲ့ တရားလွှတ်တော်ရှေ့နေဒေါ်စုဒါလီအောင်ဘက် သူ့ကိုတရားစွဲဆိုခဲ့တဲ့ Wisdom Hill နေ့ကလေးထိန်းကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကို နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးနိုင်လွတ်လုံပုဒ်မနဲ့ တရားပြန်စွဲဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း ဦးသိန်းသန်းဦးကပြောပါတယ်။

“ သူ့ကို ရိုးရိုးသားသားရှေ့နေတယောက်အနေနဲ့ အမှုမှာ ပေါ်ပေါက်တဲ့အတွက် သက်သေထွက်ချက်နဲ့ ဖြစ်စဉ်ကို မီဒီယာကို access to information အရ ပြန်ပြောတဲ့ ကိစ္စကို တရားစွဲခံရတာ ဖြစ်တယ် ဒါ ဥပဒေချိုးဖောက်တယ်လို့ သူယူဆတဲ့အတွက် ဒေါ်စုဒါလီအောင်က ပြန်တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ သူ့ကို နိုင်လွတ်လုံနဲ့ ဖွင့်ထားတဲ့ ကိစ္စကိုပေါ့နော် ၂၀၁၇ ခုနှစ် နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးနိုင်လွတ်လုံပုဒ်မ ကိုထိပါးတယ်လို့ သူယူဆတဲ့အတွက် သူ့ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အထောက်အထားစာတမ်း သူနေတယ် အဲဒါတွေပြည့်စုံရင်တော့ သူလျောက်ပါလိမ့်မယ်။”

ဗစ်တိုးရီးယားအမှုရုံးချိန်းတွေ ဆက်တိုက်စစ်ဆေးလာချိန် ကာယကံရှင်ကလေးငယ် ဗစ်တိုးရီးယားကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ တရားရုံးချိန်းအပြီးမှာတော့ ထွက်ဆိုခဲ့တဲ့အတိုင်း သတင်းမီဒီယာကို ပြန်ပြောခဲ့လို့ဆိုပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဖောက်ဖျက်မှုဥပဒေနဲ့ တရားခံအဖြစ်စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးခင်မောင်ဇော်၊ ရှေ့နေဒေါ်စုဒါလီအောင်၊ ဗစ်တိုးရီးယားဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် ဗစ်တိုးရီးယားရဲ့ဖခင် အဒေါ်နဲ့ဦးလေးအပါအဝင် လိုက်ပါဆောင်ရွက်ပေးသူဆရာဝန်တဦးတို့ကိုပါ Wisdom Hill နေ့ကလေးထိန်းကျောင်း အုပ်ချုပ်ရေးမှူးဒေါ်ဥမ္မာလှိုင်­က တရားစွဲဆိုခဲ့တဲ့အခြေအနေဖြစ်ပါတယ်။

လာမယ့်အောက်တိုဘာလ ၉ရက်နေ့မှာတော့ Wisdom Hill ဗစ်တိုးရီးယားအမှုကို စစ်ဆေးဖို့ရှိပြီး လာမယ့်အောက်တိုဘာလ ၂၁ရက်နေ့မှာ ဒေါ်စုဒါလီအောင်တို့ တရားစွဲဆိုခံရတဲ့အမှုကို ပြန်လည်စစ်ဆေးဖို့ရှိပါတယ်။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဗစ္တိုးရီယားအမႈ ႏွစ္ဖက္အျပန္အလွန္တရားစြဲ ဗစ္တိုးရီယားအမႈ ႏွစ္ဖက္အျပန္အလွန္တရားစြဲ Reviewed by THITHTOOLWIN on 01:44 Rating: 5
Powered by Blogger.