ရန္ကုန္တိုင္း အစိုးရစီမံခြင့္ေျမကြက္ ၅၀၀ေက်ာ္ ေရာင္းခ်ေပးမည္

ရန္ကုန္တိုင္းလႊတ္ေတာ္ (MOI)
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ျမိဳ႕နယ္တခ်ိဳ႕က အစိုးရစီမံပိုင္ခြင့္ရွိတဲ႔ ေျမေတြထဲက ေျမကြက္ ၅၀၀ ေက်ာ္ကို လုပ္ငန္းသံုးနဲ႔ လူေနထုိင္ဖို႔တုိ႔အတြက္ ေရာင္းခ်ဖုိ႔ စတင္ စီစဥ္ေနပါၿပီ။ ဒီေျမေတြကို ေရာင္းခ်မယ့္အေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႔က ေအာက္တိုဘာလ ၂ရက္မွာ ေၾကညာခဲ႔ၿပီး ရန္ကုန္အေရွ႕ပိုင္းခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန စုေပါင္းရံုးမွာ ဒီကေန႔ ေလ်ွာက္လႊာေတြကို စတင္ေရာင္းခ်ခဲ႔ပါတယ္။ ရန္ကုန္တုိင္း လႊတ္ေတာ္ကုိ အသိေပးအေၾကာင္းၾကားျခင္းမရွိဘဲ အခုလုိ ေရာင္းခ်မယ့္ ေျမေတြဟာ က်ဴးေက်ာ္ေတြေၾကာင့္ ေနာက္ဆက္တြဲ ျပႆနာေတြရွိလာႏိုင္ေၾကာင္း ေဝဖန္ေနၾကတာလည္းရွိပါတယ္။ အျပည့္အစံုကို ကိုေဇာ္ထက္က ေပးပို႔ထားပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္း အရင္အစုိးရက သိမ္းထားခဲ့တဲ့ေျမေတြလုိ႔ သံသယရွိခံေနရတဲ့ ေျမကြက္ေတြကုိ ရန္ကုန္တုိင္းေဒသႀကီးအစုိးရက ဦးေဆာင္ၿပီး စိစစ္မႈေတြ ျပဳလုပ္ၿပီးတဲ့ေနာက္မွာ အခုလုိ ေရာင္းခ်ဖုိ႔ အစီအစဥ္ျဖစ္လာခဲ့တာပါ။

ဒီေျမကြက္ေတြကို ရန္ကုန္တိုင္းအစိုးရ ေျမစီမံခန္႔ခြဲမႈေကာ္မတီက ေရာင္းခ်တာျဖစ္လို႔ ယံုၾကည္စိတ္ခ် ႏုိင္ေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက မီဒီယာေတြကို ဒီေန႔ေျပာလိုက္တာပါ။

“ေရာင္းတာမွန္ပါတယ္။ သို႔ေသာ္လည္း ဒီေရာင္းတာသည္ တဦးတေယာက္တည္းနဲ႔မဟုတ္ပါဘူး အစိုးရအဖြဲ႔အစည္းအေနနဲ႔ ေရာင္းတဲ႔အတြက္ေၾကာင့္ အာမခံခ်က္ရွိပါတယ္။”

ျမိဳ႕သစ္ေတြတည္ခဲ႔တဲ႔အခ်ိန္ကေန ဒီေန႔အခ်ိန္အထိ လူေနအေဆာက္အဦး အေကာင္အထည္မေဖာ္ႏိုင္ဘဲ က်န္ေနတဲ႔ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ရွိတဲ႔ ေျမေတြကို ျပန္ေဖာ္ထုတ္ျပီး ေျမယာေလ်ာ္ေၾကးေတြေပးႏုိင္ဖုိ႔အတြက္ ဒီေျမေတြကုိ ေရာင္းခ်တာပါ။ အခုခ်ိန္ထိ ရန္ကုန္တိုင္းအစိုးရက ေျမယာေလ်ာ္ေၾကး က်ပ္ေငြ ၆.၉ ဘီလီယံေက်ာ္ ျပန္ေပးထားျပီး ၂၀၁၉-၂၀၂၀ ဘက္ဂ်က္မွာ က်ပ္ေငြ ၃၁ ဘီလီယံေလ်ာ္ဖို႔ လ်ာထားေၾကာင္း ရန္ကုန္တိုင္း စည္ပင္သာယာ အရာရွိတဦးက မီဒီယာေတြကိုေျပာပါတယ္။

“တဖက္ကလည္း ဒီေျမေတြကို တခ်ိန္ကာလက ေလ်ာ္ေၾကးတစံုတရာ မေပးဘဲနဲ႔ သိမ္းယူထားခဲ႔တဲ႔ အတြက္ေၾကာင့္ တခ်ိဳ႕လယ္သမားေတြက ျပန္ျပီးေတာ႔ ရလိုေၾကာင္း ေတာင္းထားတာ ရွိပါတယ္။ ဒါကိုလည္း က်ေနာ္တို႔က ရန္ကုန္တိုင္းမွာ လယ္ယာေျမနဲ႔ အျခားေျမမ်ား သိမ္းဆည္းခံရမႈ ျပန္လည္စိစစ္ေရး ေကာ္မတီကေနၿပီးေတာ႔ စိစစ္ထားတဲ႔ အမႈတြဲေပါင္း ၃၀၀၀ ေက်ာ္ရွိပါတယ္။ အဲဒီလို ေျမယာေလ်ာ္ေၾကး ေပးတဲ႔ဟာက ျပန္လည္ျပီးေတာ႔ ရရွိႏိုင္ဖို႔အတြက္ ပိုေနတဲ႔ေျမကြက္ေတြကို က်ေနာ္တို႔ ျပန္လည္ေရာင္းခ်ျခင္းျဖစ္ပါတယ္။”

ေျမကြက္ေတြကေတာ႔ ဒဂံုၿမိဳ႕သစ္ ၄ၿမိဳ႕နယ္၊ လႈိင္သာယာ၊ ေရႊျပည္သာနဲ႔ ေမွာ္ဘီ ျမိဳ႕နယ္ေတြက ေျမဧက ၈၅. ၅၉၂ ဧကေပၚက ေျမကြက္ေပါင္း ၆၀၀ နီးပါးကိုေရာင္းထုတ္သြားမွာျဖစ္ပါတယ္။ အမည္မေဖာ္လိုတဲ႔ ရန္ကုန္တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္တဦးကေတာ႔ ဒီကိစၥအေသးစိတ္ကို လႊတ္ေတာ္ပိုင္းက မသိရွိထားေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

ေျမမရွိတဲ႔သူေတြကို ေရာင္းခ်တာမ်ိဳးျဖစ္ရင္ ဒီကိစၥကိုေထာက္ခံေပမဲ႔ ဥပေဒအရ ရန္ကုန္တိုင္းလႊတ္ေတာ္ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔သာ ေဆာင္ရြက္သင့္ေၾကာင္း ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းျဖစ္သလို ရန္ကုန္ေစာင့္ၾကည့္အဖြဲ႔ တည္ေထာင္သူလည္း ျဖစ္တဲ႔ ေဒါက္တာညိဳညိဳသင္းက ဗြီအိုေအကို ေျပာပါတယ္။

“ဥပေဒအရေတာ႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႔က ဘယ္လိုစီမံကိန္းမ်ိဳးကိုပဲလုပ္လုပ္ လႊတ္ေတာ္ကိုတင္ျပျပီး လႊတ္ေတာ္ရဲ႕ခြင့္ျပဳခ်က္ရမွ လုပ္သင့္တာေပါ႔ေနာ္။ ဒါေၾကာင့္ ရည္ရြယ္ခ်က္ေကာင္းေသာ္လည္းပဲ လုပ္ထံုးလုပ္နည္း လြဲမွားတယ္ဆုိရင္ တကယ္တမ္းေနာက္ပိုင္းမွာ ႏိုင္ငံေတာ္ နစ္နာမႈေတြျဖစ္တယ္ဆိုရင္ တျခားေသာ ဥပေဒေတြနဲ႔ တည္ဆဲဥပေဒေတြနဲ႔ ၿငိစြန္းတာေတြ ျဖစ္လာႏို္င္တယ္ေလ။”

အခုရန္ကုန္တိုင္းအစိုးရ ေလ်ွာက္လႊာထုတ္ေရာင္းတဲ႔ ေျမကြက္ေတြဟာ လက္ေတြ႔ေျမျပင္အေျခအေနမွာ က်ဴးေက်ာ္ေနထုိင္သူေတြရွိေနေၾကာင္း ေျမကြက္ဝယ္ယူဖို႔ စံုစမ္းခဲ႔တဲ႔ ရန္ကုန္ေဒသခံတဦးကေျပာပါတယ္။

ဒုတိယအဆင့္အေနနဲ႔ ေျမာင္းတကာစက္မႈဇံုက စက္မႈေျမကြက္ ၂၀၀ နီးပါးကို ေဖာ္ထုတ္ဖို႔ရွိျပီး တတိယအဆင့္အေနနဲ႔ ဒဂံုအေရွ႕ပိုင္းနဲ႔ ဒဂံုဆိပ္ကမ္းက ေျမဧက ၉၃၀၀ မွာလူေနအိမ္နဲ႔ စီးပြားေရးဇံုေတြ အေကာင္အထည္ေဖာ္ဖို႔ရွိပါတယ္။ ဒါက အရင္အစိုးရလက္ထက္က စံျပစိုက္ပ်ိဳးေရးဇံုအတြက္ ကုမၸဏီၾကီး တခ်ိဳ႕ကိုခ်ေပးထားေပမဲ႔ အေကာင္အထည္မေပၚတာေၾကာင့္ ဒီထဲက ၈၀% ကို အစိုးရက ျပန္ယူဖို႔ရွိေၾကာင္း ဒီေန႔သတင္းစာရွင္းလင္းပြဲမွာ ရန္ကုန္တိုင္း စည္ပင္သာယာ အရာရွိတဦးက ေျပာခဲ႔ပါတယ္။

ေျမကြက္အက်ယ္ေတြကေတာ႔ ေပ ၄၀ x ၆၀ ကေန ေပ ၁၀၀ x ၁၂၀ ေျမကြက္ေတြ ပါပါတယ္။ ေလ်ွာက္လြာတေစာင္ကို တေသာင္းက်ပ္နဲ႔ ေရာင္းေပးေနၿပီး လာေလ်ွာက္တဲ႔သူဦးေရက ေမ ွ်ာ္လင့္ထားတာထက္ အဆမတန္ပိုမ်ားေနတယ္လို႔ ေျပာေနတာလည္းရွိပါတယ္။

ရန္ကုန္တိုင္းအစိုးရႀကီးက ပင္စင္စားေတြအတြက္ ေျမကြက္ခ်ေပးမဲ႔ကိစၥကိုလည္း လြန္ခဲ႔တဲ႔ သံုးႏွစ္ေလာက္က လုပ္ခဲ႔ၿပီး တေစာင္ကုိ တေထာင္က်ပ္နဲ႔ ေရာင္းခဲ႔တာမွာ ရန္ကုန္တိုင္းအစိုးရရံုးမွာ ေလ်ွာက္လႊာေပါင္း ၆၀၀ ေက်ာ္ေလာက္ ေရာင္းခ်ခဲ႔ရပါတယ္။ အဲဒီကိစၥ ကေန႔အခ်ိန္ထိ ဘာျဖစ္သြားတယ္ဆုိတဲ့ ေနာက္ဆက္တြဲ အေျခအေနေတြကုိ ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္းလည္း ရန္ကုန္ေျမယာကိစၥေတြကုိ ေစာင့္ၾကည့္ေနသူေတြက ေျပာပါတယ္။

....................

{Unicode}

ရန်ကုန်တိုင်း အစိုးရစီမံခွင့်မြေကွက် ၅၀၀ကျော် ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့က အစိုးရစီမံပိုင်ခွင့်ရှိတဲ့ မြေတွေထဲက မြေကွက် ၅၀၀ ကျော်ကို လုပ်ငန်းသုံးနဲ့ လူနေထိုင်ဖို့တို့အတွက် ရောင်းချဖို့ စတင် စီစဉ်နေပါပြီ။ ဒီမြေတွေကို ရောင်းချမယ့်အကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က အောက်တိုဘာလ ၂ရက်မှာ ကြေညာခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးမှာ ဒီကနေ့ လျှောက်လွှာတွေကို စတင်ရောင်းချခဲ့ပါတယ်။ ရန်ကုန်တိုင်း လွှတ်တော်ကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ အခုလို ရောင်းချမယ့် မြေတွေဟာ ကျူးကျော်တွေကြောင့် နောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်ကြောင်း ဝေဖန်နေကြတာလည်းရှိပါတယ်။ အပြည့်အစုံကို ကိုဇော်ထက်က ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရင်အစိုးရက သိမ်းထားခဲ့တဲ့မြေတွေလို့ သံသယရှိခံနေရတဲ့ မြေကွက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဦးဆောင်ပြီး စိစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ အခုလို ရောင်းချဖို့ အစီအစဉ်ဖြစ်လာခဲ့တာပါ။

ဒီမြေကွက်တွေကို ရန်ကုန်တိုင်းအစိုးရ မြေစီမံခန့်ခွဲမှုကော်မတီက ရောင်းချတာဖြစ်လို့ ယုံကြည်စိတ်ချ နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာတွေကို ဒီနေ့ပြောလိုက်တာပါ။

“ရောင်းတာမှန်ပါတယ်။ သို့သော်လည်း ဒီရောင်းတာသည် တဦးတယောက်တည်းနဲ့မဟုတ်ပါဘူး အစိုးရအဖွဲ့အစည်းအနေနဲ့ ရောင်းတဲ့အတွက်ကြောင့် အာမခံချက်ရှိပါတယ်။”

မြို့သစ်တွေတည်ခဲ့တဲ့အချိန်ကနေ ဒီနေ့အချိန်အထိ လူနေအဆောက်အဦး အကောင်အထည်မဖော်နိုင်ဘဲ ကျန်နေတဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေတွေကို ပြန်ဖော်ထုတ်ပြီး မြေယာလျော်ကြေးတွေပေးနိုင်ဖို့အတွက် ဒီမြေတွေကို ရောင်းချတာပါ။ အခုချိန်ထိ ရန်ကုန်တိုင်းအစိုးရက မြေယာလျော်ကြေး ကျပ်ငွေ ၆.၉ ဘီလီယံကျော် ပြန်ပေးထားပြီး ၂၀၁၉-၂၀၂၀ ဘက်ဂျက်မှာ ကျပ်ငွေ ၃၁ ဘီလီယံလျော်ဖို့ လျာထားကြောင်း ရန်ကုန်တိုင်း စည်ပင်သာယာ အရာရှိတဦးက မီဒီယာတွေကိုပြောပါတယ်။

“တဖက်ကလည်း ဒီမြေတွေကို တချိန်ကာလက လျော်ကြေးတစုံတရာ မပေးဘဲနဲ့ သိမ်းယူထားခဲ့တဲ့ အတွက်ကြောင့် တချို့လယ်သမားတွေက ပြန်ပြီးတော့ ရလိုကြောင်း တောင်းထားတာ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့က ရန်ကုန်တိုင်းမှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီကနေပြီးတော့ စိစစ်ထားတဲ့ အမှုတွဲပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ အဲဒီလို မြေယာလျော်ကြေး ပေးတဲ့ဟာက ပြန်လည်ပြီးတော့ ရရှိနိုင်ဖို့အတွက် ပိုနေတဲ့မြေကွက်တွေကို ကျနော်တို့ ပြန်လည်ရောင်းချခြင်းဖြစ်ပါတယ်။”

မြေကွက်တွေကတော့ ဒဂုံမြို့သစ် ၄မြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မှော်ဘီ မြို့နယ်တွေက မြေဧက ၈၅. ၅၉၂ ဧကပေါ်က မြေကွက်ပေါင်း ၆၀၀ နီးပါးကိုရောင်းထုတ်သွားမှာဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တဦးကတော့ ဒီကိစ္စအသေးစိတ်ကို လွှတ်တော်ပိုင်းက မသိရှိထားကြောင်း ဗွီအိုအေကို ပြောပါတယ်။

မြေမရှိတဲ့သူတွေကို ရောင်းချတာမျိုးဖြစ်ရင် ဒီကိစ္စကိုထောက်ခံပေမဲ့ ဥပဒေအရ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သလို ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူလည်း ဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက ဗွီအိုအေကို ပြောပါတယ်။

“ဥပဒေအရတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘယ်လိုစီမံကိန်းမျိုးကိုပဲလုပ်လုပ် လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်ရဲ့ခွင့်ပြုချက်ရမှ လုပ်သင့်တာပေါ့နော်။ ဒါကြောင့် ရည်ရွယ်ချက်ကောင်းသော်လည်းပဲ လုပ်ထုံးလုပ်နည်း လွဲမှားတယ်ဆိုရင် တကယ်တမ်းနောက်ပိုင်းမှာ နိုင်ငံတော် နစ်နာမှုတွေဖြစ်တယ်ဆိုရင် တခြားသော ဥပဒေတွေနဲ့ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းတာတွေ ဖြစ်လာနိုင်တယ်လေ။”

အခုရန်ကုန်တိုင်းအစိုးရ လျှောက်လွှာထုတ်ရောင်းတဲ့ မြေကွက်တွေဟာ လက်တွေ့မြေပြင်အခြေအနေမှာ ကျူးကျော်နေထိုင်သူတွေရှိနေကြောင်း မြေကွက်ဝယ်ယူဖို့ စုံစမ်းခဲ့တဲ့ ရန်ကုန်ဒေသခံတဦးကပြောပါတယ်။

ဒုတိယအဆင့်အနေနဲ့ မြောင်းတကာစက်မှုဇုံက စက်မှုမြေကွက် ၂၀၀ နီးပါးကို ဖော်ထုတ်ဖို့ရှိပြီး တတိယအဆင့်အနေနဲ့ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းက မြေဧက ၉၃၀၀ မှာလူနေအိမ်နဲ့ စီးပွားရေးဇုံတွေ အကောင်အထည်ဖော်ဖို့ရှိပါတယ်။ ဒါက အရင်အစိုးရလက်ထက်က စံပြစိုက်ပျိုးရေးဇုံအတွက် ကုမ္ပဏီကြီး တချို့ကိုချပေးထားပေမဲ့ အကောင်အထည်မပေါ်တာကြောင့် ဒီထဲက ၈၀% ကို အစိုးရက ပြန်ယူဖို့ရှိကြောင်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း စည်ပင်သာယာ အရာရှိတဦးက ပြောခဲ့ပါတယ်။

မြေကွက်အကျယ်တွေကတော့ ပေ ၄၀ x ၆၀ ကနေ ပေ ၁၀၀ x ၁၂၀ မြေကွက်တွေ ပါပါတယ်။ လျှောက်လွာတစောင်ကို တသောင်းကျပ်နဲ့ ရောင်းပေးနေပြီး လာလျှောက်တဲ့သူဦးရေက မေ ျှာ်လင့်ထားတာထက် အဆမတန်ပိုများနေတယ်လို့ ပြောနေတာလည်းရှိပါတယ်။

ရန်ကုန်တိုင်းအစိုးရကြီးက ပင်စင်စားတွေအတွက် မြေကွက်ချပေးမဲ့ကိစ္စကိုလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က လုပ်ခဲ့ပြီး တစောင်ကို တထောင်ကျပ်နဲ့ ရောင်းခဲ့တာမှာ ရန်ကုန်တိုင်းအစိုးရရုံးမှာ လျှောက်လွှာပေါင်း ၆၀၀ ကျော်လောက် ရောင်းချခဲ့ရပါတယ်။ အဲဒီကိစ္စ ကနေ့အချိန်ထိ ဘာဖြစ်သွားတယ်ဆိုတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း ရန်ကုန်မြေယာကိစ္စတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရန္ကုန္တိုင္း အစိုးရစီမံခြင့္ေျမကြက္ ၅၀၀ေက်ာ္ ေရာင္းခ်ေပးမည္ ရန္ကုန္တိုင္း အစိုးရစီမံခြင့္ေျမကြက္ ၅၀၀ေက်ာ္ ေရာင္းခ်ေပးမည္ Reviewed by THITHTOOLWIN on 01:46 Rating: 5
Powered by Blogger.