ကုလေအဂ်င္စီ ဖြံ႔ၿဖဳိးေရး စီမံကိန္းေတြ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကုိ တင္ျပရမည္

ကုလသမဂၢ ႏုိင္ငံတကာအကူညီေပးေရးအဖြဲ႔ဝင္ တစ္ဦးကို ေတြ႔ရစဥ္
Zawgyi
ျမန္မာႏုိင္ငံထဲမွာရွိတဲ့ ကုလသမဂၢ UN ေအဂ်င္စီေတြ၊ ႏုိင္ငံတကာ အကူညီေပးေရးအဖြဲ႔ေတြအေနနဲ႔ တုိင္းရင္း သားေဒသေတြမွာ ဖြံ႔ၿဖဳိးေရးအကူညီေပးေရးလုပ္ငန္းေတြ ေဆာင္ရြက္မယ္ဆုိရင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ တဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟုိဌာနကုိ အသိေပးၿပီးမွ ေဆာင္ရြက္ၾကဖုိ႔ ညႊန္ၾကားတယ္လုိ႔ သိရပါတယ္။

ကုလသမဂၢ၀န္ေဆာင္မႈရုံး UNOPS ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ ဌာေနကုိယ္စားလွယ္ Andrew Kirkwood က စာကုိ မေန႔က လက္ခံရရွိေၾကာင္း အတည္ျပဳေပးပါတယ္။ ယခင္က ကုလသမဂၢေအဂ်င္စီေတြ လုပ္ငန္းေတြ ေဆာင္ရြက္ မယ္ဆုိရင္ သက္ဆုိင္ရာ၀န္ႀကီးဌာန သုိ႔မဟုတ္ ျပည္ေထာင္စုအစုိးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေဆာင္ရြက္ၾကရတာျဖစ္ၿပီး၊ အခုတႀကိမ္မွာေတာ့ ၿငိမ္းခ်မ္းေရးဗဟုိဌာနကုိ ျဖတ္သန္းၿပီးမွ ေဆာင္ရြက္ၾကရမယ့္သေဘာျဖစ္တယ္လုိ႔ UN အဖြဲ႕စည္းမွာ တာ၀န္ထမ္းေဆာင္ေနသူေတြက ေျပာၾကပါတယ္။

ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေပးပုိ႔လုိက္တဲ့ညႊန္ၾကားစာမွာ ကုလအဖြဲ႕အစည္းေတြအေနနဲ႔ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕အစည္းေတြ သုိ႔မဟုတ္ တိုင္းရင္းသားႏုိင္ငံေရးပါတီေတြနဲ႔ သက္ဆုိင္ရာတုိင္းေဒသႀကီးေတြမွာ လုပ္ငန္းေတြေဆာင္ရြက္မယ္ဆုိရင္ သံတမန္နည္းလမ္းအရ ၿငိမ္းခ်မ္းေရးဗဟုိဌာနကုိ အသိေပးရမွာျဖစ္ေၾကာင္း ေရးသားထားပါတယ္။

ကုလသမဂၢဌာေနကုိယ္စားလွယ္ႏွင့္ လူသားခ်င္းစာနာေရး ညွိႏႈိင္းေရးမွဴးရုံးရဲ႕ ျပန္ၾကားေရးအရာရွိ ဦေအး၀င္း ကေတာ့ သူ႔အေနနဲ႔ သိရွိထားျခင္းမရွိေၾကာင္းနဲ႔ ဆက္လက္ေမးျမန္းေပးမယ္လုိ႔ အီးေမးလ္ကေန ျပန္ၾကားပါတယ္။

တစ္ႏုိင္ငံလုံး အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထုိးထားတဲ့ ALP အဖြဲ႕က ေဒၚေစာျမရာဇာလင္းကလည္း အစုိးရအေနနဲ႔ တုိင္းရင္းသားေတြကုိ ပုိမိုထိန္းခ်ဳပ္တာမ်ဳိး မလုပ္သင့္ဘူးလုိ႔ မွတ္ခ်က္ျပဳပါတယ္။

လက္နက္ကုိင္တုိင္းရင္းသားအေရး ကၽြမ္းက်င္သူ ရန္ကုန္အေျခစုိက္ ဦးေမာင္ေမာင္စုိးက အခုတပတ္အတြင္း ပုိ႔လုိက္တဲ့စာဟာ ၂၀၁၆ NLD တက္လာကတည္းက ခ်မွတ္ထားတဲ့မူျဖစ္ၿပီးေတာ့၊ ဗဟုိခ်ဳပ္ကုိင္မႈကုိ ဆက္လက္က်င့္သုံးတဲ့သေဘာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ျမန္မာ့မဟာဗ်ဴဟာႏွင့္ မူ၀ါဒေလ့လာေရး အင္စတီက်ဳ  ISP Myanmar ရဲ႕ ျပင္ပဆက္ဆံေရးအရာရွိ ဦးေအာင္သူၿငိမ္းက အစုိးရရဲ႕ေဆာင္ရြက္ခ်က္က ကုလအဖြဲ႕အစည္းေတြကုိ ထိန္းခ်ဳပ္ခ်င္တဲ့သေဘာမ်ဳိး ေတြ႕ရေၾကာင္းနဲ႔  ဒါေပမဲ့ တကယ့္လက္ေတြ႕မွာ ထိန္းခ်ဳပ္လုိ႔ရႏုိင္ေျခနည္းေၾကာင္းေျပာပါတယ္။

အခုလုိ တင္းက်ပ္လုိက္ျခင္းရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ျပည္တြင္းစစ္ေဘးေရွာင္ေတြရဲ႕ လူသားခ်င္း စာနာေထာက္ထားေရး အကူအညီေတြေပၚ သက္ေရာက္မႈရွိလာႏုိင္လို႔ သူက ေျပာပါတယ္။

ျမန္မာအေရးေလ့လာသူေတြကုိ ဆက္သြယ္ေမးျမန္းတဲ့အခါမွာ ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ ေဆာင္ရြက္ခ်က္က ဗဟုိခ်ဳပ္ကုိင္မႈစနစ္ကုိ ဦးတည္ေနေၾကာင္း၊ ကုလသမဂၢေအဂ်င္စီေတြရဲ႕ ေျမျပင္ေဆာင္ရြက္ခ်က္ေတြ ပုိၿပီးေႏွာင့္ေႏွးၾကန္႔ၾကာေစႏုိင္ေၾကာင္း သုံးသပ္ၾကပါတယ္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ အတြင္းေရးမွဴး အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ေဇာ္ဦးကုိ မေန႔က RFA ဆက္သြယ္ ေမးျမန္းတဲ့အခါ သူ႔အေနနဲ႔ သတင္းမီဒီယာကုိ ေျပာပုိင္ခြင့္မရွိဘူးလုိ႔ေျပာပါတယ္။

ႏုိင္ငံေတာ္သမၼတရုံးေျပာခြင့္ရ ဦးေဇာ္ေဌး လည္း လက္ခံေျဖၾကားျခင္းမရွိပါဘူး။ ျမန္မာႏုိင္ငံမွာ ကုလသမဂၢက လူသားခ်င္စာနာ ေပးေရးအကူအညီေတြကုိ ၁၉၄၈ ကတည္းကျဖစ္ၿပီးေတာ့ ျမန္မာနုိင္ငံနဲ႔ သက္ဆုိင္တဲ့ UN ဌာေနကုိယ္စားလွယ္ရံုးေပါင္း ၁၇ ခု ဖြင့္လွစ္ၿပီး ေဆာင္ရြက္ေနတယ္လုိ႔ ကုလသမဂၢဖြံ႕ၿဖဳိးတုိးတက္ေရးအစီအစဥ္ UNDP ရဲ႕ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
------------
Unicode
ကုလအေဂျင်စီ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ငြိမ်းချမ်းရေးကော်မရှင်ကို တင်ပြရမည်

ကုလသမဂ္ဂ နိုင်ငံတကာအကူညီပေးရေးအဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်
Photo: UNHCR

မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂ UN အေဂျင်စီတွေ၊ နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေအနေနဲ့ တိုင်းရင်း သားဒေသတွေမှာ ဖွံ့ဖြိုးရေးအကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကို အသိပေးပြီးမှ ဆောင်ရွက်ကြဖို့ ညွှန်ကြားတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဝန်ဆောင်မှုရုံး UNOPS ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Andrew Kirkwood က စာကို မနေ့က လက်ခံရရှိကြောင်း အတည်ပြုပေးပါတယ်။ ယခင်က ကုလသမဂ္ဂအေဂျင်စီတွေ လုပ်ငန်းတွေ ဆောင်ရွက် မယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ကြရတာဖြစ်ပြီး၊ အခုတကြိမ်မှာတော့ ငြိမ်းချမ်းရေးဗဟိုဌာနကို ဖြတ်သန်းပြီးမှ ဆောင်ရွက်ကြရမယ့်သဘောဖြစ်တယ်လို့ UN အဖွဲ့စည်းမှာ တာဝန်ထမ်းဆောင်နေသူတွေက ပြောကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လိုက်တဲ့ညွှန်ကြားစာမှာ ကုလအဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သို့မဟုတ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးတွေမှာ လုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင် သံတမန်နည်းလမ်းအရ ငြိမ်းချမ်းရေးဗဟိုဌာနကို အသိပေးရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေး ညှိနှိုင်းရေးမှူးရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦအေးဝင်း ကတော့ သူ့အနေနဲ့ သိရှိထားခြင်းမရှိကြောင်းနဲ့ ဆက်လက်မေးမြန်းပေးမယ်လို့ အီးမေးလ်ကနေ ပြန်ကြားပါတယ်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ALP အဖွဲ့က ဒေါ်စောမြရာဇာလင်းကလည်း အစိုးရအနေနဲ့ တိုင်းရင်းသားတွေကို ပိုမိုထိန်းချုပ်တာမျိုး မလုပ်သင့်ဘူးလို့ မှတ်ချက်ပြုပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ရန်ကုန်အခြေစိုက် ဦးမောင်မောင်စိုးက အခုတပတ်အတွင်း ပို့လိုက်တဲ့စာဟာ ၂၀၁၆ NLD တက်လာကတည်းက ချမှတ်ထားတဲ့မူဖြစ်ပြီးတော့၊ ဗဟိုချုပ်ကိုင်မှုကို ဆက်လက်ကျင့်သုံးတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု  ISP Myanmar ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းက အစိုးရရဲ့ဆောင်ရွက်ချက်က ကုလအဖွဲ့အစည်းတွေကို ထိန်းချုပ်ချင်တဲ့သဘောမျိုး တွေ့ရကြောင်းနဲ့  ဒါပေမဲ့ တကယ့်လက်တွေ့မှာ ထိန်းချုပ်လို့ရနိုင်ခြေနည်းကြောင်းပြောပါတယ်။

အခုလို တင်းကျပ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းစစ်ဘေးရှောင်တွေရဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေပေါ် သက်ရောက်မှုရှိလာနိုင်လို့ သူက ပြောပါတယ်။

မြန်မာအရေးလေ့လာသူတွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်က ဗဟိုချုပ်ကိုင်မှုစနစ်ကို ဦးတည်နေကြောင်း၊ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ မြေပြင်ဆောင်ရွက်ချက်တွေ ပိုပြီးနှောင့်နှေးကြန့်ကြာစေနိုင်ကြောင်း သုံးသပ်ကြပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးကို မနေ့က RFA ဆက်သွယ် မေးမြန်းတဲ့အခါ သူ့အနေနဲ့ သတင်းမီဒီယာကို ပြောပိုင်ခွင့်မရှိဘူးလို့ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး လည်း လက်ခံဖြေကြားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက လူသားချင်စာနာ ပေးရေးအကူအညီတွေကို ၁၉၄၈ ကတည်းကဖြစ်ပြီးတော့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ UN ဌာနေကိုယ်စားလှယ်ရုံးပေါင်း ၁၇ ခု ဖွင့်လှစ်ပြီး ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ကုလေအဂ်င္စီ ဖြံ႔ၿဖဳိးေရး စီမံကိန္းေတြ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကုိ တင္ျပရမည္ ကုလေအဂ်င္စီ ဖြံ႔ၿဖဳိးေရး စီမံကိန္းေတြ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကုိ တင္ျပရမည္ Reviewed by THITHTOOLWIN on 01:24 Rating: 5
Powered by Blogger.