တရုတ္-ျမန္မာ ရထားလမ္းစီမံကိန္း ေနအိမ္ေတြ ဖယ္ေပးရမွာ စုိးရိမ္

တရုတ္ႏိုင္ငံ ကူမင္းကေန မႏၱေလးအထိ အျမန္ရထားလမ္းေဖာက္လုပ္တဲ့ စီမံကိန္းေၾကာင့္ ပတ္၀န္းက်င္ထိခိုက္မႈ ဆန္းစစ္ျခင္းဆိုင္ရာ လူထုေတြ႕ဆံုပြဲ ပုသိမ္ႀကီးၿမိဳ႕မွာ ၂၀၁၉ ေအာက္တိုဘာ ၁၀ ရက္ေန႔ကက်င္းပစဥ္
Zawgyi
အေမရိကန္ေဒၚလာ ၈ ဘီလီယံခန္႔ အသုံးျပဳမယ့္ တရုတ္ႏိုင္ငံ ကူမင္း-မႏၱေလး အျမန္ရထားလမ္း ေဖာက္လုပ္ရာ စီမံကိန္းလမ္းတေလွ်ာက္မွာ တည္ရွိေနတဲ့ ေက်းရြာေတြက ေနအိမ္နဲ႔ ေျမယာေတြ  ဖယ္ရွားေပးရမွာကုိ ေဒသခံေတြ စုိးရိမ္ေနၾကပါတယ္။

ဒီကေန႔ မႏၱေလး၊ ပုသိမ္ႀကီးၿမိဳ႕နယ္မွာျပဳလုပ္တဲ့  ပတ္၀န္းက်င္ထိခိုက္မႈ ဆန္းစစ္ျခင္းဆိုင္ရာ လူထုေဆြးေႏြးပြဲကုိ တက္ေရာက္လာတဲ့ ရြာသားေတြက အခုလုိထုတ္ေဖာ္ေျပာဆုိၾကတာပါ။ အျမန္ရထားလမ္းစီမံကိန္းဟာ သမၼတ ရွီက်င့္ဖ်င္ရဲ႕ ပုိးခါးပတ္လမ္းမႀကီး One Belt One Road စီမံကိန္းရဲ႕ တစိတ္တေဒသျဖစ္ပါတယ္။

ဒီစီမံကိန္းအတြက္ ရထားလမ္းေဖာက္လုပ္ရာလမ္းတေလွ်ာက္က ေက်းရြာေတြ၊ ၿမိဳ႕နယ္ေတြကို သြားေရာက္ၿပီး အစုိးရတာ၀န္ရွိသူေတြက လူထုေတြ႔ဆံုပြဲလုပ္ၿပီး ရွင္းျပေနတာျဖစ္ပါတယ္။

ေတြ႔ဆံုပြဲကိုတက္ေရာက္လာတဲ့ ပုသိမ္ႀကီးၿမိဳ႕နယ္က ေဒသခံတစ္ေယာက္က သူ႔ရဲ႕စုိးရိမ္မႈကုိ ေျပာျပပါတယ္။

“စီမံကိ္န္းလုပ္ျဖစ္ရင္ ဘယ္ေဒသေတြ ဘယ္ေလာက္ဆံုးရံႈးသြားမွာလဲ၊ တန္ဖိုးရိွတဲ့လယ္ယာ ေတာ္ေတာ္မ်ားမ်ား က ဒီထဲမွာပါသြားမယ္ထင္ပါတယ္"

အိမ္အနီးမွာ မိုင္တိုင္အမွတ္ ရိုက္သြားတဲ႔အတြက္ ပုသိမ္ႀကီးၿမိဳ႕နယ္က ကိုေက်ာ္သူကလည္း သူ႔ေနအိမ္စီမံကိန္းထဲ ပါသြားၿပီး ဖယ္ရွားခံရမွာကုိ စုိးရိမ္ေနသူတစ္ဦးပါ။

လူထုေတြ႔ဆံုပြဲေတြလုပ္တဲ့အခါမွာလည္း ေဒသခံအမ်ားစုက ကာလေပါက္ေစ်းနဲ႔ ေျမယာေတြကို ေပးေလ်ာ္ဖို႔ အဓိကထားေတာင္းဆိုၾကတာကို အစုိးရရဲ႕ ကြင္းဆင္းစစ္တမ္းေကာက္ယူမႈ ရလဒ္ထုတ္ျပန္ခ်က္မွာ ေတြ႔ရိွရ ပါတယ္။

ေျမယာအေရးနဲ႔ ပတ္သက္လို႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး၀န္ႀကီးဌာနက တာ၀န္ရိွသူတစ္ဦးက ေျမ ယာေလ်ာ္ေၾကးကုိ ေကာ္မတီေတြရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ေပးမယ္လုိ႔ ေျပာပါတယ္။

“ပုသိမ္ႀကီးၿမိဳ႕နယ္မွာ ေျမယာေလ်ာ္ေၾကးေကာ္မတီေတြရိွပါတယ္။ သူတို႔ဆံုးျဖတ္ခ်က္နဲ႔ ေပးေလ်ာ္ မွာျဖစ္ပါတယ္"

လတ္တေလာမွာ ေလ႔လာေနတဲ့ ျဖစ္ႏိုင္ေျခေတြကို တရုတ္ကုမၸဏီ CREE (China Railway Eryuan Engineering Group ) လတ္တေလာဦးစီးေဆာင္ရြက္ေနေပမဲ့ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္တဲ့အခါ ႏိုင္ငံတကာ ကုမၸဏီေတြကုိ တင္ဒါေခၚသြားမွာျဖစ္တယ္လို႔ Ever Green Tech Environmental Service and Training ကုမၸဏီက အၾကံေပး ေဒါက္တာေက်ာ္စြာတင့္ ကေျပာပါတယ္။

“ပတ္၀န္းက်င္ထိခိုက္မႈဆန္းစစ္ျခင္းနဲ႔ ျဖစ္ႏို္င္စြမ္းအစီရင္ခံစာကို သက္ဆိုင္ရာ ႏိုင္ငံေတာ္အစိုးရကိုတင္ျပမယ္။ အစိုးရကလည္း အခ်က္လက္ေတြကိုၾကည့္ၿပီး လုပ္သင့္ မလုပ္သင့္ ဆံုးျဖတ္မယ္"

ဒီစီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွာ ျပည္ေထာင္စုအစိုးရအဖြဲ႔ စီးပြားေရးေကာ္မတီက ခြင့္ျပဳခ်က္နဲ႔ တရုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံတို႔က ပူးတြဲသေဘာတူေကာ္မတီ ဖြဲ႔စည္းခဲ့ၿပီးေနာက္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

ဒီရထားလမ္းစီမံကိန္းအေကာင္အထည္ေပၚရင္  မူဆယ္-မႏၱေလးကုိ ေန႔ခ်င္းျပန္သြားလုိ႔ရမယ္လုိ႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး၀န္ႀကီးဌာန (အထက္ျမန္မာျပည္္) က ဒုတိယအေထြေထြမန္ေနဂ်ာ ဦးေဌးလိႈင္က ေျပာပါတယ္။

“မူဆယ္က ေန႔ခ်င္းျပန္သြားလို႔ရမယ္၊ အျမန္နႈန္းကလည္း တစ္နာရီ မိုင္ ၁၀၀ ေလာက္သြားမွာ၊ ကားသမားေတြေတာ့ နည္းနည္းထိခိုက္မႈရိွမွာေပါ႔”

လတ္တေလာမွာေတာ႔ မႏၱေလး-လားရိႈးအထိသာ ရထားနဲ႔သြားလာႏိုင္တာျဖစ္သလို ေနာက္ထပ္အခ်ိန္ ႏွစ္ႏွစ္ခန္႔အၾကာမွာသာ ဒီစီမံကိန္းကိုအေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
Unicode

တရုတ်-မြန်မာ ရထားလမ်းစီမံကိန်း နေအိမ်တွေ ဖယ်ပေးရမှာ စိုးရိမ်


တရုတ်နိုင်ငံ ကူမင်းကနေ မန္တလေးအထိ အမြန်ရထားလမ်းဖောက်လုပ်တဲ့ စီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ ပုသိမ်ကြီးမြို့မှာ ၂၀၁၉ အောက်တိုဘာ ၁၀ ရက်နေ့ကကျင်းပစဉ်
Photo: Khaymani Win/RFA

အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် အသုံးပြုမယ့် တရုတ်နိုင်ငံ ကူမင်း-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ရာ စီမံကိန်းလမ်းတလျှောက်မှာ တည်ရှိနေတဲ့ ကျေးရွာတွေက နေအိမ်နဲ့ မြေယာတွေ  ဖယ်ရှားပေးရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီကနေ့ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာပြုလုပ်တဲ့  ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရွာသားတွေက အခုလိုထုတ်ဖော်ပြောဆိုကြတာပါ။ အမြန်ရထားလမ်းစီမံကိန်းဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ပိုးခါးပတ်လမ်းမကြီး One Belt One Road စီမံကိန်းရဲ့ တစိတ်တဒေသဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် ရထားလမ်းဖောက်လုပ်ရာလမ်းတလျှောက်က ကျေးရွာတွေ၊ မြို့နယ်တွေကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေက လူထုတွေ့ဆုံပွဲလုပ်ပြီး ရှင်းပြနေတာဖြစ်ပါတယ်။

တွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ ပုသိမ်ကြီးမြို့နယ်က ဒေသခံတစ်ယောက်က သူ့ရဲ့စိုးရိမ်မှုကို ပြောပြပါတယ်။

“စီမံကိန်းလုပ်ဖြစ်ရင် ဘယ်ဒေသတွေ ဘယ်လောက်ဆုံးရှုံးသွားမှာလဲ၊ တန်ဖိုးရှိတဲ့လယ်ယာ တော်တော်များများ က ဒီထဲမှာပါသွားမယ်ထင်ပါတယ်"

အိမ်အနီးမှာ မိုင်တိုင်အမှတ် ရိုက်သွားတဲ့အတွက် ပုသိမ်ကြီးမြို့နယ်က ကိုကျော်သူကလည်း သူ့နေအိမ်စီမံကိန်းထဲ ပါသွားပြီး ဖယ်ရှားခံရမှာကို စိုးရိမ်နေသူတစ်ဦးပါ။

လူထုတွေ့ဆုံပွဲတွေလုပ်တဲ့အခါမှာလည်း ဒေသခံအများစုက ကာလပေါက်ဈေးနဲ့ မြေယာတွေကို ပေးလျော်ဖို့ အဓိကထားတောင်းဆိုကြတာကို အစိုးရရဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူမှု ရလဒ်ထုတ်ပြန်ချက်မှာ တွေ့ရှိရ ပါတယ်။

မြေယာအရေးနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက မြေ ယာလျော်ကြေးကို ကော်မတီတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပေးမယ်လို့ ပြောပါတယ်။

“ပုသိမ်ကြီးမြို့နယ်မှာ မြေယာလျော်ကြေးကော်မတီတွေရှိပါတယ်။ သူတို့ဆုံးဖြတ်ချက်နဲ့ ပေးလျော် မှာဖြစ်ပါတယ်"

လတ်တလောမှာ လေ့လာနေတဲ့ ဖြစ်နိုင်ခြေတွေကို တရုတ်ကုမ္ပဏီ CREE (China Railway Eryuan Engineering Group ) လတ်တလောဦးစီးဆောင်ရွက်နေပေမဲ့ လက်တွေ့အကောင်အထည်ဖော်ဆောင်တဲ့အခါ နိုင်ငံတကာ ကုမ္ပဏီတွေကို တင်ဒါခေါ်သွားမှာဖြစ်တယ်လို့ Ever Green Tech Environmental Service and Training ကုမ္ပဏီက အကြံပေး ဒေါက်တာကျော်စွာတင့် ကပြောပါတယ်။

“ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနဲ့ ဖြစ်နိုင်စွမ်းအစီရင်ခံစာကို သက်ဆိုင်ရာ နိုင်ငံတော်အစိုးရကိုတင်ပြမယ်။ အစိုးရကလည်း အချက်လက်တွေကိုကြည့်ပြီး လုပ်သင့် မလုပ်သင့် ဆုံးဖြတ်မယ်"

ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးကော်မတီက ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ပူးတွဲသဘောတူကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီရထားလမ်းစီမံကိန်းအကောင်အထည်ပေါ်ရင်  မူဆယ်-မန္တလေးကို နေ့ချင်းပြန်သွားလို့ရမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (အထက်မြန်မာပြည်) က ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင်က ပြောပါတယ်။

“မူဆယ်က နေ့ချင်းပြန်သွားလို့ရမယ်၊ အမြန်နှုန်းကလည်း တစ်နာရီ မိုင် ၁၀၀ လောက်သွားမှာ၊ ကားသမားတွေတော့ နည်းနည်းထိခိုက်မှုရှိမှာပေါ့”

လတ်တလောမှာတော့ မန္တလေး-လားရှိုးအထိသာ ရထားနဲ့သွားလာနိုင်တာဖြစ်သလို နောက်ထပ်အချိန် နှစ်နှစ်ခန့်အကြာမှာသာ ဒီစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တရုတ္-ျမန္မာ ရထားလမ္းစီမံကိန္း ေနအိမ္ေတြ ဖယ္ေပးရမွာ စုိးရိမ္ တရုတ္-ျမန္မာ ရထားလမ္းစီမံကိန္း ေနအိမ္ေတြ ဖယ္ေပးရမွာ စုိးရိမ္ Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.