ရခိုင္ ရေသ့ေတာင္အနီး စစ္ကမ္းထိုးေရယာဥ္ တိုက္ခိုက္ခံရ

၂၀၁၇ တုန္းက ျမန္မာ့တပ္မေတာ္သားမ်ား ဘူးသီးေတာင္တြင္ ေရာက္ရွိစဥ္ သတင္းဓါတ္ပံု
Zawgyi
စစ္ေရးတင္းမာေနဆဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသဖက္မွာ တိုက္ပြဲေတြ အျပင္ဗုံးေပါက္ကြဲမွဳ ျဖစ္စဥ္ေတြလဲ ျဖစ္ပြားေန တာပါ။ ဒီေန႕မနက္ ရေသ့ေတာင္ျမိဳ႕နယ္ ေသာင္းဒရားေက်းရြာဖက္မွာ ျမန္မာစစ္တပ္ေရတပ္သေဘၤာကို AAရခိုင္လက္ နက္ကိုင္အဖြဲ႕ကေန ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံေတြနဲ႕တပ္မေတာ္တာ၀န္ရွိသူေတြကေျပာပါတယ္။ မင္းျပား ျမိဳ႕နယ္ဖက္မွာလဲ ႏွစ္ဖက္တိုက္ပြဲေတြျဖစ္ပြား ေနသလို ဘူးသီးေတာင္ျမိဳ႕က NLDရံုးနားမွာ ဗုံးေပါက္ကြဲမွဳလဲ ျဖစ္ပြားခဲ့ပါတယ္။ မတည္ျငိမ္ေသးတဲ့ ရခိုင္ျပည္နယ္အတြင္းေနာက္ဆုံးအေျခအေနကိုေတာ့ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္း အိန္ ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္ ၊ ေသာင္းဒရားေက်းရြာဖက္မွာ ျမန္မာေရတပ္သေဘၤာတစီးကို ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ကေန ဒီမနက္မွာ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႕ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးကေျပာပါတယ္။

“ေသာင္းဒရားဆိုတာေတာ့ ကြ်န္ေတာ္တို႕အဲဒီမွာ ကမ္းထိုးယာဥ္ေပါ့။ ကမ္းထိုးယာဥ္က ကြ်န္ေတာ္တို႕ေမယုျမစ္ အထက္ ပိုင္းေပါ့။ သြားတာေတာ့ရွိတယ္ တေနရာေပါ့။ သြားတဲ့အခါ AAကအေ၀းကေနလွမ္းပစ္တာ အဲဒီကမ္းနားတန္းက RPGနဲ႕ လွမ္းပစ္တာ ဘာမွမျဖစ္ဘူး။”

ေသာင္းဒရားေက်းရြာသားတဦးကေတာ့ AAအဖြဲ႕ကေန ေမယုျမစ္ထဲက တပ္မေတာ္ စစ္ေရယာဥ္ကိုပစ္ခတ္တာျဖစ္ျပီး သေဘၤာဘက္ကထိခိုက္မွဳအနည္းငယ္ရွိတယ္လို႕ေျပာပါတယ္။

“မနက္(၉)နာရီ၀န္းက်င္ေလာက္က ျမန္မာ့တပ္မေတာ္ေရတပ္သေဘၤာက ကြ်န္ေတာ္တို႕ ေသာင္းဒရားေက်းရြာ ေမယုျမစ္ ထဲမွာေပါ့။ အဲဒီကမ္းနားမွာ ႏွစ္ဖက္ထိေတြ႕မွဳျဖစ္ျပီးေတာ့ အဲဒီနားမွာ နည္းနည္းေလာက္ျဖစ္ခဲ့တယ္။ ဒီက ကုန္းေပၚကေပါ့။ ဟိုဖက္ကေရေၾကာင္း။ အဲဒီလိုမ်ိဳးထိေတြ႕မွဳျဖစ္ၾကတာ။ အဲဒီမွာေရတပ္သေဘၤာနဲနဲထိသြားတယ္။ ထိျပီးေတာ့ သူတို႕ ဟိုဟာ ျပန္ျပီးေတာ့တက္သြားတယ္အေပၚကိုေလ။”

ပစ္ခတ္ခံရတဲ့ေရတပ္သေဘၤာဟာ သမီးလွနဲ႕ေရမ်က္ေက်းရြာဘက္ကိုတက္လာျပီး ကမ္းတက္ပစ္ခတ္မႈ ေတြေၾကာင့္ ေရမ်က္ေက်းရြာသားေတြလဲရြာကေနတိမ္းေရွာင္ေနရပါတယ္။

ျပီးခဲ့တဲ့လေတြတုန္းကလဲ ေျမပုံျမိဳ႕နယ္ရေသ့ေတာင္ျမိဳ႕နယ္နဲ႕ စစ္ေတြျမိဳ႕နယ္ေတြဖက္မွာလဲ ျမန္မာေရတပ္ သေဘၤာ ေတြ မၾကာခဏဆိုသလိုတိုက္ခိုက္ခံေနရပါတယ္။

ဒီကေန႕မွာလဲမင္းျပားျမိဳ႕နယ္ဖက္မွာ ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႕ ထိန္ပင္အုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးညိဳေမာင္သိန္းကေျပာပါတယ္။

“ကြ်န္ေတာ္တို႕ထိန္ပင္အုပ္စုဖက္မွာ ေရႊက်င္ရြာ၏ ေျမာက္ဖက္(၄)မိုင္ေက်ာ္ပတ္၀န္းက်င္ေလာက္က လက္နက္သံေတြ ၾကားပါတယ္။ ေတာင္ကုန္းမွာပါ။ ကြ်န္ေတာ္တို႕ဒီ(၉)နာရီခြဲကေပါ့ၾကားရပါတယ္။ တနာရီေလာက္တိိတိၾကားလိုက္ပါ။”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက ဒီမနက္ မင္းျပားျမိဳ႕နယ္ဖက္ တိုက္ပြဲ ျဖစ္ပြားေၾကာင္း အခုလိုေျပာပါတယ္။

“မင္းျပားရဲ႕အေရွ႕ဖက္နား ပန္းေျမာင္းရဲ႕အေရွ႕ဖက္မွာေတာ့ ေန႕စဥ္နယ္ေျမရွင္းလင္းျပီးေတာ့မွ ထိေတြ႕မွဳ ေလးေတြ ရွိပါတယ္။ ဒီေန႕လဲ အဲဒီထိေတြ႕မွဳျဖစ္တာေတာ့ ဘာမွေတာ့ ထိခိုက္ဒဏ္ရာရတာမရွိဘူး။”

ရေသ့ေတာင္ျမိဳ႕နယ္အတြင္းေရတပ္သေဘၤာပစ္ခတ္မွဳနဲ႕ မင္းျပားျမိဳ႕နယ္ဖက္ တိုက္ပြဲအေျခအေနသိရွိဖို႕ AAျပန္ၾကား ေရးတာ၀န္ခံကိုဆက္သြယ္ခဲ့ေပမဲ့ဆက္သြယ္လို႕မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲအျပင္ ဗုံးေပါက္ကြဲမွဳေတြပါျဖစ္ေနတာပါ။

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ျမိဳ႕ ပန္းဇင္းေခ်ာင္း တံတားအေရွ႕ဘက္က NLD ရံုးသစ္အနီးမွာ ဒီေန႕မနက္မွာ ဗံုးတစ္ လံုးေပါက္ကြဲခဲ့တယ္လို႕ ဘူးသီးေတာင္မဲဆနၵနယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက အခုလိုေျပာပါတယ္။

“ဒီေန႕(၈)နာရီေက်ာ္မွာ ဘူးသီးေတာင္ရဲ႕အေရွ႕ဖက္ ကုလားပန္ဇင္းေခ်ာင္းရွိတယ္။ အဲဒီေခ်ာင္းတံတားရဲ႕အေရွ႕ဖက္မွာ နန္းရာကုန္းရြာမွာေပါက္တာ။ တလုံးထဲေပါက္တာ။ နန္းရာကုန္းဆိုတာက အဲဒီလမ္းကေန တပ္မ စကခ(၁၅)ကို သြားတဲ့ လမ္းေပါ့။ ကားလမ္းနားမွာေတာ့ NLDရံုး အသစ္ဖြင့္ထားတာရွိတယ္။ အဲဒီနားမွာေပါက္တယ္လို႕ေျပာတယ္။”

ဗံုးေပါက္ကြဲတဲ့ေနရာဟာ ရဲအပိုင္နယ္ေျမမဟုတ္ဘဲ နယ္ျခားေစာင့္တပ္အုပ္ခ်ဳပ္နယ္ေျမျဖစ္လို႕ ဘယ္အဖြဲ႕လက္ခ်က္ ဆိုတာ ရဲစခန္းကေန အတည္ျပဳခ်က္မေပးနိုင္ေၾကာင္း ဦးေမာင္ ေက်ာ္ဇံက ဆက္ေျပာပါတယ္။

“ထိခိုက္မွဳမရွိဘူးလို႕သိတယ္။ ဒါေပမဲ့ဒီသတင္းေတြက ဘူးသီးေတာင္ရဲေတြက အဲဒီေနရာကို သူတို႕အပိုင္နယ္ေျမ မဟုတ္ဘူး။ တံတားရဲ႕အေရွ႕ဖက္ဆို နယ္ျခားေစာင့္က ရဲကေစာင့္ေရွာက္တဲ့ ေနရာဆိုေတာ့ ရဲကိုစုံစမ္းသြားလဲ သူတို႕ ကအတည္မေပးနိုင္ဘူး။”

ဘူးသီးေတာင္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေရႊလွေအာင္ကေတာ့ ဘူးသီးေတာင္ျမိဳ႕အတြင္း ဒီမနက္မွာ ဗံုးေပါက္ကြဲေၾကာင္းအတည္ျပဳေျပာပါတယ္။

“ဒီအတိုင္းေပါက္သြားတာဘဲ။ တလုံးဘဲဟာ။ ထိခိုက္မွဳမရွိဘူး သူ႕ဟာသူ ဒီအတိုင္း လူလဲမရွိဘူး။ လမ္းေတာ့လမ္းေပၚ ဘဲ။ ဒါေပမဲ့လူျဖတ္သြား ျဖတ္လာမရွိတဲ့အခ်ိန္ေပါက္တာဘဲ။”

ဗံုးေပါက္ကြဲမွဳအတြင္း ကားလမ္းအနည္းငယ္ပ်က္စီးမွဳရွိခဲ့တယ္လို႕ေဒသခံတဦးကဆိုပါတယ္။

ျပီးခဲ့တဲ့ေအာက္တိုဘာလ(၇)ရက္ေန႕ကလဲ ေျမပုံျမိဳ႕နယ္ စညႇင္းေက်းရြာအုပ္စု၊ အင္ၾကင္းေက်းရြာက အမ်ိဳးသမီး တဦးဟာလဲ ေတာထဲမွာ ထင္းေခြရွာရာကေန ဗံုးေပါက္ကြဲျပီး ေျခေထာက္မွာ ဒဏ္ရာျပင္းထန္စြာရရွိခဲ့သလို ဒဏ္ရာ ရရွိတဲ့အမ်ိဳးသမီးကို အမ္းေဆးရံုကေန မေကြးေဆးရံုကိုပို႕ေဆာင္ကုသေနရပါတယ္။

ျမန္မာတပ္မေတာ္နဲ႕ ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕အၾကားျဖစ္ပြားတဲ့တိုက္ပြဲ(၁၀)လတာအတြင္း ဗံုးေပါက္ကြဲမွဳအပါ၀င္ အရပ္သားေသဆုံးမွဳ(၈၀)ေက်ာ္ရွိေနျပီး ထိခိုက္ဒဏ္ရာရရွိသူ(၁၂၀)ခန္႕ရွိေနျပီးလို႕ ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္ စားလွယ္ေတြကေျပာပါတယ္။

......................

{Unicode}

ရခိုင် ရသေ့တောင်အနီး စစ်ကမ်းထိုးရေယာဉ်တိုက်ခိုက်ခံရ

စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖက်မှာ တိုက်ပွဲတွေ အပြင်ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေလဲ ဖြစ်ပွားနေ တာပါ။ ဒီနေ့မနက် ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာဖက်မှာ မြန်မာစစ်တပ်ရေတပ်သင်္ဘောကို AAရခိုင်လက် နက်ကိုင်အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့တပ်မတော်တာဝန်ရှိသူတွေကပြောပါတယ်။ မင်းပြား မြို့နယ်ဖက်မှာလဲ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွား နေသလို ဘူးသီးတောင်မြို့က NLDရုံးနားမှာ ဗုံးပေါက်ကွဲမှုလဲ ဖြစ်ပွားခဲ့ပါတယ်။ မတည်ငြိမ်သေးတဲ့ရခိုင်ပြည်နယ်အတွင်းနောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်း အိန် ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာဖက်မှာ မြန်မာရေတပ်သင်္ဘောတစီးကို ရခိုင်လက်နက်ကိုင် AAအဖွဲ့ကနေ ဒီမနက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

“သောင်းဒရားဆိုတာတော့ ကျွန်တော်တို့အဲဒီမှာ ကမ်းထိုးယာဉ်ပေါ့။ ကမ်းထိုးယာဉ်က ကျွန်တော်တို့မေယုမြစ် အထက် ပိုင်းပေါ့။ သွားတာတော့ရှိတယ် တနေရာပေါ့။ သွားတဲ့အခါ AAကအဝေးကနေလှမ်းပစ်တာ အဲဒီကမ်းနားတန်းက RPGနဲ့ လှမ်းပစ်တာ ဘာမှမဖြစ်ဘူး။”

သောင်းဒရားကျေးရွာသားတဦးကတော့ AAအဖွဲ့ကနေ မေယုမြစ်ထဲက တပ်မတော် စစ်ရေယာဉ်ကိုပစ်ခတ်တာဖြစ်ပြီး သင်္ဘောဘက်ကထိခိုက်မှုအနည်းငယ်ရှိတယ်လို့ပြောပါတယ်။

“မနက်(၉)နာရီဝန်းကျင်လောက်က မြန်မာ့တပ်မတော်ရေတပ်သင်္ဘောက ကျွန်တော်တို့ သောင်းဒရားကျေးရွာ မေယုမြစ် ထဲမှာပေါ့။ အဲဒီကမ်းနားမှာ နှစ်ဖက်ထိတွေ့မှုဖြစ်ပြီးတော့ အဲဒီနားမှာ နည်းနည်းလောက်ဖြစ်ခဲ့တယ်။ ဒီက ကုန်းပေါ်ကပေါ့။ ဟိုဖက်ကရေကြောင်း။ အဲဒီလိုမျိုးထိတွေ့မှုဖြစ်ကြတာ။ အဲဒီမှာရေတပ်သင်္ဘောနဲနဲထိသွားတယ်။ ထိပြီးတော့ သူတို့ ဟိုဟာ ပြန်ပြီးတော့တက်သွားတယ်အပေါ်ကိုလေ။”

ပစ်ခတ်ခံရတဲ့ရေတပ်သင်္ဘောဟာ သမီးလှနဲ့ရေမျက်ကျေးရွာဘက်ကိုတက်လာပြီး ကမ်းတက်ပစ်ခတ်မှု တွေကြောင့် ရေမျက်ကျေးရွာသားတွေလဲရွာကနေတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းကလဲ မြေပုံမြို့နယ်ရသေ့တောင်မြို့နယ်နဲ့ စစ်တွေမြို့နယ်တွေဖက်မှာလဲ မြန်မာရေတပ် သင်္ဘော တွေ မကြာခဏဆိုသလိုတိုက်ခိုက်ခံနေရပါတယ်။

ဒီကနေ့မှာလဲမင်းပြားမြို့နယ်ဖက်မှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထိန်ပင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းကပြောပါတယ်။

“ကျွန်တော်တို့ထိန်ပင်အုပ်စုဖက်မှာ ရွှေကျင်ရွာ၏ မြောက်ဖက်(၄)မိုင်ကျော်ပတ်ဝန်းကျင်လောက်က လက်နက်သံတွေ ကြားပါတယ်။ တောင်ကုန်းမှာပါ။ ကျွန်တော်တို့ဒီ(၉)နာရီခွဲကပေါ့ကြားရပါတယ်။ တနာရီလောက်တိတိကြားလိုက်ပါ။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီမနက် မင်းပြားမြို့နယ်ဖက် တိုက်ပွဲ ဖြစ်ပွားကြောင်း အခုလိုပြောပါတယ်။

“မင်းပြားရဲ့အရှေ့ဖက်နား ပန်းမြောင်းရဲ့အရှေ့ဖက်မှာတော့ နေ့စဉ်နယ်မြေရှင်းလင်းပြီးတော့မှ ထိတွေ့မှု လေးတွေ ရှိပါတယ်။ ဒီနေ့လဲ အဲဒီထိတွေ့မှုဖြစ်တာတော့ ဘာမှတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။”

ရသေ့တောင်မြို့နယ်အတွင်းရေတပ်သင်္ဘောပစ်ခတ်မှုနဲ့ မင်းပြားမြို့နယ်ဖက် တိုက်ပွဲအခြေအနေသိရှိဖို့ AAပြန်ကြား ရေးတာဝန်ခံကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲအပြင် ဗုံးပေါက်ကွဲမှုတွေပါဖြစ်နေတာပါ။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ပန်းဇင်းချောင်း တံတားအရှေ့ဘက်က NLD ရုံးသစ်အနီးမှာ ဒီနေ့မနက်မှာ ဗုံးတစ် လုံးပေါက်ကွဲခဲ့တယ်လို့ ဘူးသီးတောင်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက အခုလိုပြောပါတယ်။

“ဒီနေ့(၈)နာရီကျော်မှာ ဘူးသီးတောင်ရဲ့အရှေ့ဖက် ကုလားပန်ဇင်းချောင်းရှိတယ်။ အဲဒီချောင်းတံတားရဲ့အရှေ့ဖက်မှာ နန်းရာကုန်းရွာမှာပေါက်တာ။ တလုံးထဲပေါက်တာ။ နန်းရာကုန်းဆိုတာက အဲဒီလမ်းကနေ တပ်မ စကခ(၁၅)ကို သွားတဲ့ လမ်းပေါ့။ ကားလမ်းနားမှာတော့ NLDရုံး အသစ်ဖွင့်ထားတာရှိတယ်။ အဲဒီနားမှာပေါက်တယ်လို့ပြောတယ်။”

ဗုံးပေါက်ကွဲတဲ့နေရာဟာ ရဲအပိုင်နယ်မြေမဟုတ်ဘဲ နယ်ခြားစောင့်တပ်အုပ်ချုပ်နယ်မြေဖြစ်လို့ ဘယ်အဖွဲ့လက်ချက် ဆိုတာ ရဲစခန်းကနေ အတည်ပြုချက်မပေးနိုင်ကြောင်း ဦးမောင် ကျော်ဇံက ဆက်ပြောပါတယ်။

“ထိခိုက်မှုမရှိဘူးလို့သိတယ်။ ဒါပေမဲ့ဒီသတင်းတွေက ဘူးသီးတောင်ရဲတွေက အဲဒီနေရာကို သူတို့အပိုင်နယ်မြေ မဟုတ်ဘူး။ တံတားရဲ့အရှေ့ဖက်ဆို နယ်ခြားစောင့်က ရဲကစောင့်ရှောက်တဲ့ နေရာဆိုတော့ ရဲကိုစုံစမ်းသွားလဲ သူတို့ ကအတည်မပေးနိုင်ဘူး။”

ဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကတော့ ဘူးသီးတောင်မြို့အတွင်း ဒီမနက်မှာ ဗုံးပေါက်ကွဲကြောင်းအတည်ပြုပြောပါတယ်။

“ဒီအတိုင်းပေါက်သွားတာဘဲ။ တလုံးဘဲဟာ။ ထိခိုက်မှုမရှိဘူး သူ့ဟာသူ ဒီအတိုင်း လူလဲမရှိဘူး။ လမ်းတော့လမ်းပေါ် ဘဲ။ ဒါပေမဲ့လူဖြတ်သွား ဖြတ်လာမရှိတဲ့အချိန်ပေါက်တာဘဲ။”

ဗုံးပေါက်ကွဲမှုအတွင်း ကားလမ်းအနည်းငယ်ပျက်စီးမှုရှိခဲ့တယ်လို့ဒေသခံတဦးကဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၇)ရက်နေ့ကလဲ မြေပုံမြို့နယ် စညှင်းကျေးရွာအုပ်စု၊ အင်ကြင်းကျေးရွာက အမျိုးသမီး တဦးဟာလဲ တောထဲမှာ ထင်းခွေရှာရာကနေ ဗုံးပေါက်ကွဲပြီး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သလို ဒဏ်ရာ ရရှိတဲ့အမျိုးသမီးကို အမ်းဆေးရုံကနေ မကွေးဆေးရုံကိုပို့ဆောင်ကုသနေရပါတယ်။

မြန်မာတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲ(၁၀)လတာအတွင်း ဗုံးပေါက်ကွဲမှုအပါဝင် အရပ်သားသေဆုံးမှု(၈၀)ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ(၁၂၀)ခန့်ရှိနေပြီးလို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်တွေကပြောပါတယ်။

ႏုိင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရခိုင္ ရေသ့ေတာင္အနီး စစ္ကမ္းထိုးေရယာဥ္ တိုက္ခိုက္ခံရ ရခိုင္ ရေသ့ေတာင္အနီး စစ္ကမ္းထိုးေရယာဥ္ တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 01:26 Rating: 5
Powered by Blogger.