ဗစ္တိုးရီးယားအမႈ - ေအာင္ႀကီးရဲ႕ အာမခံကို ပလပ္ေပးဖို႔ ဥပေဒအရာရွိ ေလွ်ာက္လဲ

Zawgyi
ဗစ္တိုးရီးယားအမႈ မွာ အမႈမွန္ အတိုင္း ျဖစ္ေရး လူထု ဆႏၵေဖာ္ထုတ္ပြဲေတြလည္း ျဖစ္ခဲ့
ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းက အသက္ ၃ ႏွစ္ အ႐ြယ္ ကေလးတစ္ဦး လိင္အဓမၼျပဳက်င့္ခံခဲ့ရတယ္ ဆိုတဲ့ ဗစ္တိုးရီးယားအမႈရဲ႕ ၈ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ေအာက္တိုဘာ လ ၉ ရက္ေန႔ ဒီေန႔ မနက္ပိုင္းမွာ ေနျပည္ေတာ္ ဒကၡိဏ ခ႐ိုင္တရား႐ုံးမွာ ဆက္လက္ စစ္ေဆးရာမွာ သံသယ တရားခံ အျဖစ္ ႐ုံးတင္ စစ္ေဆးခံေနရတဲ့ ကိုေအာင္ႀကီးကို အာမခံေပးဖို႔ ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းက သူ႔ရဲ႕ ေရွ႕ေနဘက္က တင္ျပထားတာကို ပလပ္ေပးဖို႔ ဒီေန႔ တရားခြင္မွာ ဥပေဒအရာရွိက ေလွ်ာက္လဲခဲ့ပါတယ္။

အမႈကို စစ္ေဆးေနတာ မၿပီးတဲ့ အခ်ိန္ သံသယ တရားခံကို အာမခံေပးဖို႔ ေစာေနေသးတယ္လို႔ ဥပေဒ အရာရွိက မွတ္ခ်က္ျပဳၿပီး တရားခံဘက္က တင္တဲ့ အာမခံကို ပလပ္ဖို႔ တင္ျပခဲ့တာလို႔ တရားခြင္ကို ကိုယ္တိုင္ နားေထာင္ သတင္းယူေနတဲ့ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

ကိုေအာင္ႀကီးဘက္က လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေတာ့ ဗစ္တိုးရီးယားအမႈ စစ္ေဆးခဲ့ရာမွာ အေရးပါတဲ့ သက္ေသ ၆ ဦးကို စစ္ေဆးၿပီးခ်ိန္အထိ ကိုေအာင္ႀကီး ျဖစ္ေၾကာင္း သက္ေသ ထင္ရွား မျပႏိုင္ေသးလို႔ သံသယ အက်ိဳးကို ခံစားခြင့္ေပးၿပီး အာမခံ ေပးဖို႔ ဒီေန႔ တရားခြင္မွာ ေလွ်ာက္လဲခဲ့ပါတယ္။

ကိုေအာင္ႀကီးရဲ႕ အာမခံ အတြက္ တရားခံ ေရွ႕ေန နဲ႔ အစိုးရ ေရွ႕ေန ဥပေဒ အရာရွိ တို႔ ရဲ႕ ႏွစ္ဘက္ ေလွ်ာက္လဲ ခ်က္ကို တရား႐ုံးက ၾကားနာခဲ့ၿပီး တစ္စုံတစ္ရာ အမိန႔္ခ်တာမ်ိဳးေတာ့ ဒီေန႔ တရားခြင္မွာ မျပဳလုပ္ခဲ့ပါဘူး။

ဒီေန႔ ႐ုံးခ်ိန္းမွာ Wisdom Hill ပုဂၢလိက ေက်ာင္းရဲ႕ မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ရဲ႕ ခင္ပြန္း ျဖစ္သူ ရဲအုပ္ ရန္ေနာင္စိုးနဲ႔ ေက်ာင္း ႀကိဳ/ပို႔ ယာဥ္ ဖယ္ရီကား ေမာင္းသူ ႏွစ္ဦးက တရားခြင္မွာ သက္ေသ အျဖစ္ ထြက္ဆိုခဲ့ပါတယ္။

ေနျပည္ေတာ္ သေျပကုန္းက Wisdom Hill ပုဂၢလိက ေက်ာင္းက မူႀကိဳေက်ာင္းသူ ကေလးငယ္ လိင္အဓမၼျပဳက်င့္ခံခဲ့ရတယ္ ဆိုတဲ့ အမႈ အတြက္ မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ရဲ႕ကိုယ္ပိုင္ ဝန္ထမ္း ကားေမာင္းဆရာ ျဖစ္သူ ကိုေအာင္ေက်ာ္မ်ိဳး (ေခၚ) ကိုေအာင္ႀကီးကို သံသယတရားခံအျဖစ္ ႐ုံးတင္စစ္ေဆးေနတာပါ။ ၿပီးခဲ့တဲ့ ေမလလယ္မွာ ျဖစ္ခဲ့တဲ့ ဒီအမႈအတြက္ ကိုေအာင္ႀကီးကို ရဲတပ္ဖြဲ႕ က ပထမ အႀကိမ္ ဖမ္းဆီး စစ္ေဆးခဲ့ၿပီး ႐ုံးတင္ တရားစြဲဆို ဖို႔ သက္ေသမလုံေလာက္ဘူး ဆိုၿပီး ဇြန္လထဲမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ဇူလိုင္လထဲမွာ ကိုေအာင္ႀကီးကို ထပ္မံဖမ္းဆီးၿပီး သံသယ တရားခံအျဖစ္ ႐ုံးတင္ စစ္ေဆးေနတာ ျဖစ္ပါတယ္။

လူအမ်ား စိတ္ဝင္စားမႈ အျမင့္ဆုံး ရွိေနတဲ့ ဒီအမႈမွာ ရဲတပ္ဖြဲ႕နဲ႔ ဥပေဒ႐ုံးက စစ္ေဆးေဆာင္႐ြက္ခ်က္ေတြ အေပၚ ျပည္သူလူထုၾကား ေမးခြန္းထုတ္မႈေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။ ဒါ့အျပင္ ျပစ္မႈ က်ဴးလြန္ခံခဲ့ရတဲ့ ကေလးငယ္နဲ႔ မိသားစု အပါအဝင္ အေရးႀကီး သက္ေသတခ်ိဳ႕ တရားခြင္မွာ သက္ေသထြက္ၿပီးေနာက္ပိုင္းမွာလည္း ႏွစ္ဖက္ ေရွ႕ေနေတြရဲ႕ မီဒီယာေျဖၾကားခ်က္ တခ်ိဳ႕က မိသားစုဂုဏ္သိကၡာ ညႇိဳးႏြမ္းေစၿပီး ကေလးသူငယ္ ထိခိုက္ နစ္နာေစတဲ့အတြက္ မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ဘက္က ႏွစ္ဘက္ ေရွ႕ေနေတြနဲ႔ ကာယကံရွင္ ဗစ္တိုးရီးယားရဲ႕ မိသားစုဝင္ေတြကိုပါ ရဲစခန္းမွာ အမႈဖြင့္ တိုင္ၾကားထားတဲ့ ျဖစ္စဥ္ေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------------
Unicode
ဗစ်တိုးရီးယားအမှု - အောင်ကြီးရဲ့ အာမခံကို ပလပ်ပေးဖို့ ဥပဒေအရာရှိ လျှောက်လဲ

ဗစ်တိုးရီးယားအမှု မှာ အမှုမှန် အတိုင်း ဖြစ်ရေး လူထု ဆန္ဒဖော်ထုတ်ပွဲတွေလည်း ဖြစ်ခဲ့

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးတစ်ဦး လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ၈ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၉ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ဆက်လက် စစ်ဆေးရာမှာ သံသယ တရားခံ အဖြစ် ရုံးတင် စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီးကို အာမခံပေးဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက သူ့ရဲ့ ရှေ့နေဘက်က တင်ပြထားတာကို ပလပ်ပေးဖို့ ဒီနေ့ တရားခွင်မှာ ဥပဒေအရာရှိက လျှောက်လဲခဲ့ပါတယ်။

အမှုကို စစ်ဆေးနေတာ မပြီးတဲ့ အချိန် သံသယ တရားခံကို အာမခံပေးဖို့ စောနေသေးတယ်လို့ ဥပဒေ အရာရှိက မှတ်ချက်ပြုပြီး တရားခံဘက်က တင်တဲ့ အာမခံကို ပလပ်ဖို့ တင်ပြခဲ့တာလို့ တရားခွင်ကို ကိုယ်တိုင် နားထောင် သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကတော့ ဗစ်တိုးရီးယားအမှု စစ်ဆေးခဲ့ရာမှာ အရေးပါတဲ့ သက်သေ ၆ ဦးကို စစ်ဆေးပြီးချိန်အထိ ကိုအောင်ကြီး ဖြစ်ကြောင်း သက်သေ ထင်ရှား မပြနိုင်သေးလို့ သံသယ အကျိုးကို ခံစားခွင့်ပေးပြီး အာမခံ ပေးဖို့ ဒီနေ့ တရားခွင်မှာ လျှောက်လဲခဲ့ပါတယ်။

ကိုအောင်ကြီးရဲ့ အာမခံ အတွက် တရားခံ ရှေ့နေ နဲ့ အစိုးရ ရှေ့နေ ဥပဒေ အရာရှိ တို့ ရဲ့ နှစ်ဘက် လျှောက်လဲ ချက်ကို တရားရုံးက ကြားနာခဲ့ပြီး တစ်စုံတစ်ရာ အမိန့်ချတာမျိုးတော့ ဒီနေ့ တရားခွင်မှာ မပြုလုပ်ခဲ့ပါဘူး။

ဒီနေ့ ရုံးချိန်းမှာ Wisdom Hill ပုဂ္ဂလိက ကျောင်းရဲ့ မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဖြစ်သူ ရဲအုပ် ရန်နောင်စိုးနဲ့ ကျောင်း ကြို/ပို့ ယာဉ် ဖယ်ရီကား မောင်းသူ နှစ်ဦးက တရားခွင်မှာ သက်သေ အဖြစ် ထွက်ဆိုခဲ့ပါတယ်။

နေပြည်တော် သပြေကုန်းက Wisdom Hill ပုဂ္ဂလိက ကျောင်းက မူကြိုကျောင်းသူ ကလေးငယ် လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ အမှု အတွက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ကိုယ်ပိုင် ဝန်ထမ်း ကားမောင်းဆရာ ဖြစ်သူ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးကို သံသယတရားခံအဖြစ် ရုံးတင်စစ်ဆေးနေတာပါ။ ပြီးခဲ့တဲ့ မေလလယ်မှာ ဖြစ်ခဲ့တဲ့ ဒီအမှုအတွက် ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ က ပထမ အကြိမ် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ရုံးတင် တရားစွဲဆို ဖို့ သက်သေမလုံလောက်ဘူး ဆိုပြီး ဇွန်လထဲမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လထဲမှာ ကိုအောင်ကြီးကို ထပ်မံဖမ်းဆီးပြီး သံသယ တရားခံအဖြစ် ရုံးတင် စစ်ဆေးနေတာ ဖြစ်ပါတယ်။

လူအများ စိတ်ဝင်စားမှု အမြင့်ဆုံး ရှိနေတဲ့ ဒီအမှုမှာ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးက စစ်ဆေးဆောင်ရွက်ချက်တွေ အပေါ် ပြည်သူလူထုကြား မေးခွန်းထုတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်ခံခဲ့ရတဲ့ ကလေးငယ်နဲ့ မိသားစု အပါအဝင် အရေးကြီး သက်သေတချို့ တရားခွင်မှာ သက်သေထွက်ပြီးနောက်ပိုင်းမှာလည်း နှစ်ဖက် ရှေ့နေတွေရဲ့ မီဒီယာဖြေကြားချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် ထိခိုက် နစ်နာစေတဲ့အတွက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ဘက်က နှစ်ဘက် ရှေ့နေတွေနဲ့ ကာယကံရှင် ဗစ်တိုးရီးယားရဲ့ မိသားစုဝင်တွေကိုပါ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - ေအာင္ႀကီးရဲ႕ အာမခံကို ပလပ္ေပးဖို႔ ဥပေဒအရာရွိ ေလွ်ာက္လဲ ဗစ္တိုးရီးယားအမႈ - ေအာင္ႀကီးရဲ႕ အာမခံကို ပလပ္ေပးဖို႔ ဥပေဒအရာရွိ ေလွ်ာက္လဲ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.