Kirin ဂ်ပန္ဘီယာကုမၸဏီကို သပိတ္ေမွာက္ေရးလႈပ္ရွားမႈ စတင္

Kirin Ichiban ကုမၸဏီ၏ တရားဝင္ အင္တာနက္စာမ်က္ႏွာ
Zawgyi

ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီလီမီတက္နဲ႔ ဖက္စက္လုပ္ကိုင္ေနတဲ့ နာမည္ႀကီး Kirin Ichiban ဂ်ပန္ ဘီယာကုမၸဏီရဲ႕ ထုတ္ကုန္ေတြကို သပိတ္ေမွာက္ဖို႔ အေမရိကန္ျပည္ေထာင္စု အေျခစိုက္ လူ႔အခြင့္အေရးအဖဲြ႔ေတြ ပါ၀င္တဲ့ Action Network က စတင္စည္းရံုးလႈပ္ရွားေနပါတယ္။

ႏိုင္ငံတကာ ရာဇ၀တ္မႈေတြက်ဴးလြန္ေၾကာင္း စြပ္စဲြခံထားရတဲ့ ျမန္မာစစ္တပ္နဲ႔ စီးပြားေရးအရ ပူးေပါင္း လုပ္ကိုင္တာကို အဆံုးသတ္ဖို႔ ဖိအားေပးတာျဖစ္ေၾကာင္း ဦးေဆာင္လႈပ္ရွားသူတဦးက ဗီြအိုေအကို ေျပာပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံု တင္ျပထားပါတယ္။

Kirin ဘီယာကုမၸဏီထုတ္ အေဖ်ာ္ယမာကာေတြကို သပိတ္ေမွာက္ၾကဖို႔ အေမရိကန္အေျခစိုက္ Action Network အြန္လိုင္း လက္မွတ္ေရးထိုးလႈပ္ရွားမႈကို ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း စတင္ ထားတာပါ။ Kirin လို ဘီယာကုမၸဏီအပါအ၀င္ နာမည္ႀကီး ဖက္ရွင္အ၀တ္အထည္ ကုမၸဏီေတြ၊ အျခား ႏိုင္ငံတကာစီးပြားေရးကုမၸဏီေပါင္း အနည္းဆံုး (၄၄)ခုဟာ ျမန္မာစစ္တပ္နဲ႔ တိုက္ရိုက္ ဒါမွမဟုတ္ သြယ္၀ိုက္ၿပီး စီးပြားေရးအရ ဖက္စပ္ လုပ္ကိုင္ေနေၾကာင္း ၾသဂုတ္လက ထုတ္ျပန္တဲ့ FFM ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္းရဲ႕ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ေၾကာင္း စြပ္စဲြ ခံထားရတဲ့ ျမန္မာစစ္တပ္နဲ႔ ဖက္စပ္လုပ္ကိုင္ေနတာကို Kirin ဂ်ပန္ဘီယာကုမၸဏီ အေနနဲ႔ ရပ္တန္႔ေရး အေမရိကန္ျပည္ေထာင္စုမွာ လႈပ္ရွားေဆာင္ရြက္ေနတဲ့ အေျခအေနကို ၀ါရွင္တန္ အေျခစိုက္ ICR ႏိုင္ငံတကာလႈပ္ရွားမႈအဖဲြ႕ အမႈေဆာင္ညႊန္ၾကားေရးမွဴး Simon Billenness က ဗီြအိုေအကို အခုလို ေျပာပါတယ္။

"Kirin ဘီယာ ကုမၸဏီကို ေတာင္းဆိုေနတာက ျမန္မာစစ္တပ္ပိုင္ ကုမၸဏီနဲ႔ပူးတဲြလုပ္ကိုင္ေနတာကို အဆံုးသတ္ဖို႔ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္ပိုင္ ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ျမန္မာ ဘီယာ၊ မႏၱေလး ဘီယာ ကုမၸဏီေတြနဲ႔ Kirin ဟာ ပူးေပါင္းလုပ္ကိုင္ေနတာပါ။ ဒါေၾကာင့္ Kirin အေနနဲ႔ ျမန္မာစစ္တပ္နဲ႔ မိတ္ဖက္စီးပြားေရးလုပ္ကိုင္ေနတာကို ရပ္တန္႔ေရး ဖိအားေပးဖို႔ Kirin ဘီယာနဲ႔ သူရဲ႕ အျခား စားေသာက္ကုန္ေတြကိုပါ သပိတ္ေမွာက္ၾကဖို႔ က်ေနာ္တို႔ စည္းရံုးလႈပ္ရွားေနတာပါ။"

ဒါအျပင္ Kirin ဘီယာကုမၸဏီက တာ၀န္ရွိသူေတြကိုလည္း သူတို႔လႈပ္ရွားမႈနဲ႔ ပတ္သက္လို႔ တိုက္ရိုက္ ဆက္သြယ္ေျပာဆိုဖို႔ ရွိတယ္လို႔ Simon Billenness ကဆိုပါတယ္။

"က်ေနာ္တို႔ Kirin ကုမၸဏီကိုလည္း ဆက္သြယ္မွာျဖစ္သလို၊ အေမရိကန္ျပည္ေထာင္စုမွာေတာ့ သူရဲ႕ ဖက္စပ္ကုမၸဏီျဖစ္တဲ့ Brooklyn ဘီယာကုမၸဏီနဲ႔ ေျမာက္ပိုင္း နယူးအဂၤလန္ေဒသက သူပိုင္တဲ့ Coca-Cola ပုလင္းသြင္းစက္ရံုနဲပ ျဖန္႔ခ်ိေရးလုပ္ငန္းရဲ႕ တာ၀န္ရွိသူေတြကိုဆက္သြယ္ၿပီး ဘာေၾကာင့္ သူတို႔ ကုမၸဏီ အေဖ်ာ္ယမကာေတြကို သပိတ္ေမွာက္တာလည္း ဆိုတာ စကားေျပာဖို႔ ႀကိဳးစားမွာျဖစ္ပါတယ္။"

ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္းက ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ ႏိုင္ငံျခားကုမၸဏီေပါင္း ၄၄ ခုေလာက္ရွိေနတဲ့အထဲက Kirin ကုမၸဏီကုိ အဓိကထား သပိတ္ေမွာက္ရတဲ့ အေၾကာင္းအရင္းကို သူက အခုလို ဆက္ၿပီးရွင္းျပပါတယ္။

"က်ေနာ္တို႔ Kirin ကုမၸဏီကုိ အဓိကထား ဖိအားေပးတဲ့ အေၾကာင္းအရင္းက လူအမ်ားသိေအာင္ နမူနာျပဖို႔ျဖစ္ပါတယ္။ Kirin ဟာ ျမန္မာစစ္တပ္ပိုင္ ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္ေနရံု မဟုတ္ပဲ AI ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖဲြ႔ႀကီးရဲ႕ ထုတ္ေဖၚခ်က္အရဆိုရင္ ျမန္မာစစ္တပ္ကို တိုက္ရိုက္ ေငြလႈဒါန္ းတာေတြ ရွိခဲ့ပါတယ္။ သူတို႔လႈဒါန္းတဲ့ အခ်ိန္ကလည္း ရိုဟင္ဂ်ာရြာေတြနဲ႔ အရပ္သားေတြကို ျမန္မာစစ္တပ္ကတိုက္ခိုက္ အၿပီးမွာ ျဖစ္ပါတယ္။ ဒါကိုၾကည့္ရင္ ကုမၸဏီဟာ ျမန္မာစစ္တပ္ကို ေငြေၾကးအရအေတာ္ေလး ေထာက္ပံ့ခဲ့တယ္ဆိုတာ ရွင္းပါတယ္။"

ဒါေၾကာင့္ ဂ်ပန္ ကုမၸဏီေတြအေနနဲ႕ ျမန္မာႏိုင္ငံကို သြားေရာက္ရင္းႏွီးျမွဳပ္ႏွံရာမွာ စစ္တပ္ပိုင္ စီးပြားေရးကုမၸဏီေတြကို အဓိကေရွာင္ရွားသင့္ေၾကာင္း Simon Billenness က အခုလို ေျပာပါတယ္။

"ဂ်ပန္ ကုမၸဏီေတြအေနနဲ႔ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ စိတ္၀င္စားေနၾကတယ္ဆိုတာ က်ေနာ္တို႔ သိပါတယ္။ အေနာက္ႏိုင္ငံ ကုမၸဏီေတြလို မဟုတ္ပဲ ျမန္မာစစ္တပ္ပိုင္ စီးပြားေရးကုမၸဏီေတြနဲ႔ ဖက္စက္လုပ္ကိုင္ဖုိ႔ ဂ်ပန္ကုမၸဏီေတြက ပိုၿပီး အလားအလာရွိေနတာပါ။ တကယ္လို႔သာ သူတို႔အေနနဲ႔ ျမန္မာစစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ ပူးတဲြအလုပ္လုပ္မယ္ဆိုရင္ သူတို႔ကုမၸဏီေတြရဲ႕ လုပ္ငန္းေတြ၊ ဂုဏ္သိကၡာ အႏၱရာယ္ရွိေနတယ္ဆိုတာ က်ေနာ္တို႔ အသိေပးခ်င္တာပါ။"

အခုလို ျမန္မာစစ္တပ္ပိုင္ ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္မႈကို အဆံုးသတ္ေစေရး ဖိအားေပးလႈပ္ရွားမႈ နဲ႔ပတ္သက္လို႔ ဗီြအိုေအက Kirin ဘီယာကုမၸဏီကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဒီသတင္း ေရးသားၿပီးခ်ိန္ထိ အေၾကာင္းျပန္ၾကားတာ မရွိေသးပါဘူး။

.....................

{Unicode}

Kirin ဂျပန်ဘီယာကုမ္ပဏီကို သပိတ်မှောက်ရေးလှုပ်ရှားမှု စတင်

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ ဖက်စက်လုပ်ကိုင်နေတဲ့ နာမည်ကြီး Kirin Ichiban ဂျပန် ဘီယာကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေ ပါဝင်တဲ့ Action Network က စတင်စည်းရုံးလှုပ်ရှားနေပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုတွေကျူးလွန်ကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ကိုင်တာကို အဆုံးသတ်ဖို့ ဖိအားပေးတာဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

Kirin ဘီယာကုမ္ပဏီထုတ် အဖျော်ယမာကာတွေကို သပိတ်မှောက်ကြဖို့ အမေရိကန်အခြေစိုက် Action Network အွန်လိုင်း လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စတင် ထားတာပါ။ Kirin လို ဘီယာကုမ္ပဏီအပါအဝင် နာမည်ကြီး ဖက်ရှင်အဝတ်အထည် ကုမ္ပဏီတွေ၊ အခြား နိုင်ငံတကာစီးပွားရေးကုမ္ပဏီပေါင်း အနည်းဆုံး (၄၄)ခုဟာ မြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး စီးပွားရေးအရ ဖက်စပ် လုပ်ကိုင်နေကြောင်း သြဂုတ်လက ထုတ်ပြန်တဲ့ FFM ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်းရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲ ခံထားရတဲ့ မြန်မာစစ်တပ်နဲ့ ဖက်စပ်လုပ်ကိုင်နေတာကို Kirin ဂျပန်ဘီယာကုမ္ပဏီ အနေနဲ့ ရပ်တန့်ရေး အမေရိကန်ပြည်ထောင်စုမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အခြေအနေကို ဝါရှင်တန် အခြေစိုက် ICR နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကို အခုလို ပြောပါတယ်။

"Kirin ဘီယာ ကုမ္ပဏီကို တောင်းဆိုနေတာက မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ပူးတွဲလုပ်ကိုင်နေတာကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာ ဘီယာ၊ မန္တလေး ဘီယာ ကုမ္ပဏီတွေနဲ့ Kirin ဟာ ပူးပေါင်းလုပ်ကိုင်နေတာပါ။ ဒါကြောင့် Kirin အနေနဲ့ မြန်မာစစ်တပ်နဲ့ မိတ်ဖက်စီးပွားရေးလုပ်ကိုင်နေတာကို ရပ်တန့်ရေး ဖိအားပေးဖို့ Kirin ဘီယာနဲ့ သူရဲ့ အခြား စားသောက်ကုန်တွေကိုပါ သပိတ်မှောက်ကြဖို့ ကျနော်တို့ စည်းရုံးလှုပ်ရှားနေတာပါ။"

ဒါအပြင် Kirin ဘီယာကုမ္ပဏီက တာဝန်ရှိသူတွေကိုလည်း သူတို့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် ဆက်သွယ်ပြောဆိုဖို့ ရှိတယ်လို့ Simon Billenness ကဆိုပါတယ်။

"ကျနော်တို့ Kirin ကုမ္ပဏီကိုလည်း ဆက်သွယ်မှာဖြစ်သလို၊ အမေရိကန်ပြည်ထောင်စုမှာတော့ သူရဲ့ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ Brooklyn ဘီယာကုမ္ပဏီနဲ့ မြောက်ပိုင်း နယူးအင်္ဂလန်ဒေသက သူပိုင်တဲ့ Coca-Cola ပုလင်းသွင်းစက်ရုံနဲပ ဖြန့်ချိရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတွေကိုဆက်သွယ်ပြီး ဘာကြောင့် သူတို့ ကုမ္ပဏီ အဖျော်ယမကာတွေကို သပိတ်မှောက်တာလည်း ဆိုတာ စကားပြောဖို့ ကြိုးစားမှာဖြစ်ပါတယ်။"

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ နိုင်ငံခြားကုမ္ပဏီပေါင်း ၄၄ ခုလောက်ရှိနေတဲ့အထဲက Kirin ကုမ္ပဏီကို အဓိကထား သပိတ်မှောက်ရတဲ့ အကြောင်းအရင်းကို သူက အခုလို ဆက်ပြီးရှင်းပြပါတယ်။

"ကျနော်တို့ Kirin ကုမ္ပဏီကို အဓိကထား ဖိအားပေးတဲ့ အကြောင်းအရင်းက လူအများသိအောင် နမူနာပြဖို့ဖြစ်ပါတယ်။ Kirin ဟာ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေရုံ မဟုတ်ပဲ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ထုတ်ဖေါ်ချက်အရဆိုရင် မြန်မာစစ်တပ်ကို တိုက်ရိုက် ငွေလှုဒါန် းတာတွေ ရှိခဲ့ပါတယ်။ သူတို့လှုဒါန်းတဲ့ အချိန်ကလည်း ရိုဟင်ဂျာရွာတွေနဲ့ အရပ်သားတွေကို မြန်မာစစ်တပ်ကတိုက်ခိုက် အပြီးမှာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို ငွေကြေးအရအတော်လေး ထောက်ပံ့ခဲ့တယ်ဆိုတာ ရှင်းပါတယ်။"

ဒါကြောင့် ဂျပန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ရင်းနှီးမြှုပ်နှံရာမှာ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေကို အဓိကရှောင်ရှားသင့်ကြောင်း Simon Billenness က အခုလို ပြောပါတယ်။

"ဂျပန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အနောက်နိုင်ငံ ကုမ္ပဏီတွေလို မဟုတ်ပဲ မြန်မာစစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေနဲ့ ဖက်စက်လုပ်ကိုင်ဖို့ ဂျပန်ကုမ္ပဏီတွေက ပိုပြီး အလားအလာရှိနေတာပါ။ တကယ်လို့သာ သူတို့အနေနဲ့ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ပူးတွဲအလုပ်လုပ်မယ်ဆိုရင် သူတို့ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ၊ ဂုဏ်သိက္ခာ အန္တရာယ်ရှိနေတယ်ဆိုတာ ကျနော်တို့ အသိပေးချင်တာပါ။"

အခုလို မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်မှုကို အဆုံးသတ်စေရေး ဖိအားပေးလှုပ်ရှားမှု နဲ့ပတ်သက်လို့ ဗွီအိုအေက Kirin ဘီယာကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီသတင်း ရေးသားပြီးချိန်ထိ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

 အင္ၾကင္းႏိုင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
Kirin ဂ်ပန္ဘီယာကုမၸဏီကို သပိတ္ေမွာက္ေရးလႈပ္ရွားမႈ စတင္ Kirin ဂ်ပန္ဘီယာကုမၸဏီကို သပိတ္ေမွာက္ေရးလႈပ္ရွားမႈ စတင္ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.