စိုက္ပ်ိဳးေမြးျမဴေရး ကုန္ေခ်ာေတြထုတ္မယ့္ နမ္က်င္စီးပြားေရးဇုန္

ကခ်င္လူမႈစီးပြား တိုးတက္ေရး နမ္က်င္ စီးပြားေရးဇုန္ အေထာက္အကူျဖစ္ေစဖို႔ ျပည္နယ္အစိုးရ ေမွ်ာ္လင့္
Zawgyi

တ႐ုတ္နဲ႔ အက်ိဳးတူ ပူးတြဲလုပ္ေဆာင္ေနတဲ့ နမ္က်င္စီးပြားေရးဇုန္ တည္ေဆာက္ေရး စီမံကိန္းမွာ လိုအပ္လာရင္ ကခ်င္ျပည္နယ္ အစိုးရက ကုမၸဏီတစ္ခု ထူေထာင္တာ ျဖစ္ေစ၊ ဒါမွမဟုတ္ ျပည္နယ္ အစိုးရက ကုမၸဏီတစ္ခုကို တာဝန္ေပးအပ္ၿပီးေတာ့ ျဖစ္ေစ ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕က ဘီဘီစီကို ေျပာပါတယ္။

ထိန္းခ်ဳန္းဟိန္႐ုန္ Tengchong Heng Yong ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီနဲ႔ ကခ်င္ျပည္နယ္ အစိုးရၾကား နားလည္မႈ ရယူထားတဲ့ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ အစိုးရ အဖြဲ႕ဝင္ ဘ႑ာအခြန္၊ စီမံကိန္းနဲ႔ စီးပြားေရး ဝန္ႀကီး ဦးေဝလင္းက ေျပာဆိုတာ ျဖစ္ပါတယ္။

စီမံကိန္း လက္ရွိ အေျခအေနမွာေတာ့ တ႐ုတ္ကုမၸဏီဘက္က လက္ေတြ႕က်က် ဘယ္ေလာက္လုပ္ႏိုင္မလဲ ဆိုတာကို ေျမျပင္အေျခအေန ကြင္းဆင္းေလ့လာ တာေတြ ျပဳလုပ္ေနပါတယ္။

တ႐ုတ္ဘက္က ဘယ္လို စက္႐ုံမ်ိဳးေတြ၊ ဘယ္လို လုပ္ငန္းမ်ိဳးေတြကို နမ္က်င္ စီးပြားေရးဇုန္မွာ လာၿပီး လုပ္ကိုင္မလဲ ဆိုတဲ့ အေသးစိတ္ လုပ္ေဆာင္မယ့္ အရာေတြ တင္ျပလာမွာကို ေစာင့္ေနတယ္လို႔ ဦးေဝလင္းက ဆိုပါတယ္။

အဲဒီ စီမံကိန္းကို ျမစ္ႀကီးနားနဲ႔ ၈ မိုင္ ဝန္းက်င္ အကြာ နမ္က်င္ဆိုတဲ့ ႐ြာအနီး ေျမအက်ယ္ ဧက ၄၇ဝဝ ထားရွိမယ္ ဆိုၿပီး စီစဥ္ထားပါတယ္။

 ျပည္နယ္အစိုးရ ကိုယ္စားလွယ္ဘက္က ေခါင္းေဆာင္ ဝန္ႀကီး ဦးေဝလင္း
နမ္က်င္မွာ ဘာေတြလုပ္မွာလဲ
နမ္က်င္ စီးပြားေရးဇုန္ ဆိုတာ အဓိက အားျဖင့္ေတာ့ ကခ်င္ျပည္နယ္က ေတာင္သူေတြ၊ စိုက္ပ်ိဳးေမြးျမဴေရး သမားေတြရဲ႕ ထုတ္ကုန္ေတြကို ကုန္ၾကမ္းအတိုင္း မဟုတ္ပဲ ကုန္ေခ်ာအထိ တန္ဖိုးျမႇင့္ထုတ္လုပ္ၿပီး တ႐ုတ္ဘက္ကို တင္ပို႔ ေရာင္းခ်ႏိုင္ဖို႔ ရည္႐ြယ္တာ ျဖစ္ပါတယ္။

"ဥပမာ ေျပာရရင္ - ေတာင္သူေတြကို ႀကံစိုက္ပ်ိဳးေစၿပီး၊ ဒါမွမဟုတ္ စိုက္ထားတဲ့ ႀကံေတြကို ဝယ္ယူၿပီး၊ နမ္က်င္ စီးပြားေရး ဇုန္ထဲ တည္ေဆာက္ ထားရွိမယ့္ သၾကားစက္ကေန သၾကားအျဖစ္ထိေရာက္ေအာင္ ျပဳလုပ္ၿပီးမွ ေရာင္းခ်ဖို႔ ျဖစ္တယ္" လို႔ ဒီစီမံကိန္းမွာ ျပည္နယ္ အစိုးရကိုယ္စား ဦးေဆာင္ ေနတဲ့ ဝန္ႀကီး ဦးေဝလင္းက ေျပာပါတယ္။

တခါ၊ ေမြးျမဴေရး သမားေတြ အတြက္ ဆိုရင္လည္း အမဲ၊ ၾကက္ အစရွိသျဖင့္ အသားေတြကို ႏိုင္ငံျခားပို႔ကုန္ အရည္အေသြး စီခ်ိန္မီ စနစ္တက် ထုတ္ပိုးၿပီးမွ တင္ပို႔ႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း ဦးေဝလင္းက ေျပာပါတယ္။

တ႐ုတ္သမၼတ ရွီက်င္းပင္ရဲ႕ မဟာဗ်ဴဟာေျမာက္ စီးပြားေရး စီမံကိန္းျဖစ္တဲ့ တကမာၻလုံးအႏွံ႔ ကုန္သြယ္ေရး လမ္းေၾကာင္း ကြန္ရက္ေတြ ခ်ိတ္ဆက္ေရး ရပ္ဝန္းနဲ႔လမ္းေၾကာင္း စီမံကိန္းရဲ႕ အစိတ္အပိုင္း၊ ျမန္မာႏိုင္ငံထဲ ထားရွိမယ့္ စီမံကိန္း တစ္ခု အျဖစ္နားလည္ရပါတယ္။

အဲဒီ နမ္က်င္ စီမံကိန္းကို အဆင့္ အပိုင္းအျခား ၃ ဆင့္နဲ႔ ေဆာင္႐ြက္ သြားမယ္လို႔ ဆိုပါတယ္။

ဧက ၄၇ဝဝ အက်ယ္မွာ ဧက ၁၆ဝဝ ကို ပထမအဆင့္၊ ေနာက္ ဧက ၁ဝဝဝ ကို ဒုတိယ အဆင့္၊ က်န္တဲ့ ဧကေတြကို တတိယ အဆင့္အေနနဲ႔ ေဖာ္ေဆာင္ သြားမယ့္ ၁၅ ႏွစ္ စီမံကိန္း ျဖစ္တယ္ ဆိုၿပီး ဦးေဝလင္းက ေျပာပါတယ္။

နယ္စပ္ကုန္သြယ္မႈ ဖြံ႕ၿဖိဳးေအာင္လည္း ႀကိဳးစားေန
ကခ်င္ျပည္နယ္ ၿမိဳ႕ေတာ္ ျမစ္ႀကီးနား အနီးမွာ တ႐ုတ္နဲ႔ဖက္စပ္ စီးပြားေရးဇုန္ တစ္ခု ေဖာ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္ ေမလကတည္း နားလည္မႈ စာခြၽန္လႊာ MoU လက္မွတ္ ေရးထိုးႏိုင္ခဲ့ပါတယ္။

ဒီၾကားကာလေတြထဲမွာ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈ ဘယ္ေလာက္ရွိလဲ ဆိုတာကို ျပည္နယ္ လႊတ္ေတာ္ထဲ ေမးခြန္းေတြ ေပၚေပါက္ခဲ့ဖူးပါတယ္။

ခိုင္မာတဲ့ သေဘာတူမႈေတြ ရရွိလာရင္ လႊတ္ေတာ္ကို အသိေပးၿပီး အတည္ျပဳခ်က္ ရယူသြားမယ္လို႔ ျပည္နယ္ အစိုးရဘက္က ေျဖၾကားခဲ့ပါတယ္။

နမ္က်င္ စီမံကိန္းနဲ႔ ပတ္သက္ၿပီး တိတိက်က် သိလိုတယ္ ဆိုတဲ့ ေဒသတြင္း ေျပာဆိုသံေတြ ရွိေနစဥ္မွာပဲ၊ ဒီႏွစ္ ၂ဝ၁၉ ဇူလိုင္ လဆန္းမွာေတာ့ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕က သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ပါတယ္။

အဲဒီ သတင္းစာရွင္းလင္းပြဲမွာေတာ့ MoU ထိုးၿပီး အေသးစိတ္ ညႇိႏႈိင္း ေဆြးေႏြးတာေတြ ျပဳလုပ္ေနတာမွာ အခ်က္ေပါင္း ၇ဝ ဝန္းက်င္ေလာက္ ညႇိႏႈိင္း ထားႏိုင္တယ္လို႔ ဝန္ႀကီး ဦးေဝလင္းက ေျပာခဲ့ပါတယ္။

ဒါေပမယ့္ တ႐ုတ္ ကုမၸဏီဘက္က ေျမျပင္ ကြင္းဆင္း ေလ့လာထားတဲ့ အစီရင္ခံစာ၊ လုပ္ငန္း အေသးစိတ္ Master Plan ေတြ တင္ျပလာတဲ့ အခါ အဲဒါေတြအေပၚ မူတည္ၿပီး ထပ္ၿပီး ေဆြးေႏြးရလိမ့္ ဦးမယ္လို႔ ဆိုပါတယ္။

 နမ္က်င္ စီမံကိန္း အေကာင္အထည္ေပၚဖို႔ ၁ ႏွစ္ ေလာက္ အခ်ိန္ ယူရႏိုင္တယ္လို႔ ေဒါက္တာခက္ေအာင္ေျပာ
ကခ်င္ျပည္နယ္ အစိုးရရဲ႕ ပိုင္ဆိုင္မႈ ဘယ္ေလာက္ ရွိမွာလဲ

စီမံကိန္း တည္ေဆာက္မယ့္ ေျမ ဧက ၄၇ဝဝ ဆိုတာ ကခ်င္ျပည္နယ္ အစိုးရက ပံ့ပိုးေပးရတာ ျဖစ္တာေၾကာင့္၊ အဲဒီ ေျမေတြကို တန္ဖိုးသတ္မွတ္မွာ ျဖစ္ပါတယ္။

အဲဒီ ေျမတန္ဖိုး ပမာဏဟာ ဒီစီမံကိန္းမွာ ကခ်င္ျပည္နယ္ အစိုးရရဲ႕ ပါဝင္မႈ ရွယ္ယာ အခ်ိဳးအစား ျဖစ္လာမွာပါ။

ဒါ့ေၾကာင့္ ကခ်င္ျပည္နယ္ အစိုးရ အေနနဲ႔ ဧက ၄၇ဝဝ ဆိုတဲ့ ေျမပမာဏကို ႏိုင္ငံေတာ္ စီမံကိန္းေျမ ျဖစ္လာႏိုင္ေအာင္ ေျမလြတ္ေျမ႐ိုင္း ဥပေဒနဲ႔ အညီ ေဆာင္႐ြက္ေနၿပီလို႔ ဦးေဝလင္းက ဘီဘီစီကို ေျပာပါတယ္။

ႏွစ္ရွည္ စိုက္ပ်ိဳးေျမေတြ အျဖစ္ ေလွ်ာက္ထားရယူ ထားေပမယ့္ တကယ္တမ္း ဘာမွ စိုက္မထားတဲ့ ေျမေတြကို ျပန္သိမ္းတာမ်ိဳး၊ စိုက္ပ်ိဳးသီးႏွံေတြ ရွိေနတဲ့ ေနရာေတြမွာလည္း ေလ်ာ္ေၾကးေပးတာမ်ိဳးေတြ လုပ္ေဆာင္ ျခင္းအားျဖင့္ အဲဒီ ဧက ၄၇ဝဝ ဆိုတဲ့ ေျမပမာဏကို ေဖာ္ေဆာင္မွာ ျဖစ္တယ္လို႔ ဦးေဝလင္းက ဆိုပါတယ္။

တ႐ုတ္ကုမၸဏီဘက္က အေသးစိတ္ အစီအစဥ္ေတြ တင္ျပလာတဲ့ အခါမွာေတာ့ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ ဗဟို MIC အဆင့္ထိ ကခ်င္ျပည္နယ္ အစိုးရက တင္ျပသြားရမွာ ျဖစ္ပါတယ္။

တ႐ုတ္-ျမန္မာ ဖက္စပ္ နမ္က်င္ စီပြားေရးဇုန္ လက္ေတြ႕ ဘယ္ေတာ့ ျဖစ္လာမလဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ ဦးေဝလင္းက ကာလအပိုင္းအျခား သတ္မွတ္ၿပီး ေျဖဆိုတာမ်ိဳး မလုပ္ပါဘူး။

တ႐ုတ္ဘက္က Master Plan တင္ျပလာမယ့္ အခ်ိန္၊ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕က ျပန္လည္ စိစစ္မယ့္ အခ်ိန္၊ တခါ MIC ကို တင္ျပတဲ့အခါ အဲဒီဘက္က သေဘာထားမွတ္ခ်က္ေတြ ရွိလာခဲ့ရင္ ျဖည့္ဆည္း လုပ္ေဆာင္ရမယ့္ အခ်ိန္ေတြ ရွိေသးတယ္လို႔ ဆိုပါတယ္။

ကခ်င္ျပည္နယ္ အစိုးရ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ခက္ေအာင္ကေတာ့ စီမံကိန္း ပထမအဆင့္ကို ေနာင္ တစ္ႏွစ္ေလာက္ အတြင္း စတင္လာႏိုင္ေကာင္းတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ဦးေဆာင္တဲ့ တဲ့ အစိုးရ လက္ထက္ ပထမ သက္တမ္း ႏွစ္ႏွစ္ခြဲတာ အတြင္းမွာ ျပည္နယ္ အတြင္း လမ္းပန္းဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္မီး တို႔လို အေျခခံ အေဆာက္အဦေတြ တည္ေဆာက္ေရးကို အာ႐ုံစိုက္ခဲ့တယ္လို႔ ေဒါက္တာ ခက္ေအာင္က ေျပာပါတယ္။

 ျမစ္စုံရပ္ထားခ်ိန္ တ႐ုတ္ရဲ႕ တျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြေတာ့ ကခ်င္မွာ ရွိေန

အခု ဒုတိယ ႏွစ္ႏွစ္ခြဲတာ ကာလ မွာေတာ့ လူေတြရဲ႕ လူမႈစီးပြား ဖြံ႕ၿဖိဳးေရးကို အာ႐ုံစိုက္ေနတဲ့ အတြက္ အခု နမ္က်င္ စီးပြားေရးဇုန္ဟာလည္း ျပည္နယ္ထဲက လူေတြ အလုပ္အကိုင္ ရရွိေရးကအစ၊ စိုက္ပ်ိဳးေမြးျမဴေရး ထုတ္ကုန္ေတြ ေစ်းကြက္ရလာႏိုင္မယ့္ အခြင့္အေရးေတြ ပံ့ပိုး ေပးလာႏိုင္တယ္လို႔ ေဒါက္တာ ခက္ေအာင္က ဆိုပါတယ္။

နမ္က်င္႐ြာထိ ေရာက္ခဲ့တဲ့ ဘီဘီစီ သတင္းေထာက္ကေတာ့ အဲဒီ ေနရာမွာ စီမံကိန္းနယ္ အျဖစ္ လႈပ္လႈပ္ရွားရွား ရွိမေနပဲ ေအးေဆး ၿငိမ္သက္ေနတယ္လို႔ ဆိုပါတယ္။

ျမစ္ႀကီးနားနဲ႔ နမ္က်င္ မိုင္အရ ခရီးေဝးလွတယ္ မဆိုႏိုင္ေပမယ့္ လက္ရွိ ဆက္သြယ္ထားတဲ့ လမ္းကေတာ့ သြားရခက္တယ္လို႔လည္း ဆိုပါတယ္။

နယ္ေျမတည္ၿငိမ္မႈကို ၾကည့္ရင္လည္း ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြ အထိ ေဒသခံ ကခ်င္ လက္နက္ကိုင္ KIA ရဲ႕ လႈပ္ရွားမႈေတြ နမ္က်င္ တဝိုက္မွာ ေတြ႕ေနခဲ့ရပါတယ္။

တခါ၊ စီးပြားေရးနဲ႔ ပတ္သက္ၿပီး တ႐ုတ္နဲ႔ၾကား တရားဝင္ နယ္စပ္ ကုန္သြယ္ေရးဂိတ္ ဖြင့္ထားတဲ့ ကန္ပိုင္တီ စခန္းလည္း ကခ်င္ျပည္နယ္ထဲ ရွိေနပါတယ္။

ဝိုင္းေမာ္ၿမိဳ႕နယ္ထဲမွာ ရွိတဲ့ အဲဒီ ကန္ပိုင္တီ စခန္းမွာလည္း ကုန္စည္ စီးဆင္းမႈ ပိုၿပီး ျမန္ဆန္ေခ်ာေမြ႕ေအာင္ ပစၥည္းေတြကို စစ္ေဆးတဲ့ စက္ကိရိယာေတြကို နည္းပညာ ျမႇင့္တာမ်ိဳးေတြ လုပ္ေဆာင္သြားဖို႔ ရွိသလို၊ ႏွစ္ႏိုင္ငံ နယ္စပ္ အခြန္လြတ္ဇုန္ ထူေထာင္ထားရွိဖို႔လည္း ဦးတည္ လုပ္ေဆာင္ေနတယ္လို႔ ကခ်င္ျပည္နယ္ အစိုးရက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-49979067
---------------
Unicode
စိုက်ပျိုးမွေးမြူရေး ကုန်ချောတွေထုတ်မယ့် နမ်ကျင်စီးပွားရေးဇုန်

 ကချင်လူမှုစီးပွား တိုးတက်ရေး နမ်ကျင် စီးပွားရေးဇုန် အထောက်အကူဖြစ်စေဖို့ ပြည်နယ်အစိုးရ မျှော်လင့်

တရုတ်နဲ့ အကျိုးတူ ပူးတွဲလုပ်ဆောင်နေတဲ့ နမ်ကျင်စီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းမှာ လိုအပ်လာရင် ကချင်ပြည်နယ် အစိုးရက ကုမ္ပဏီတစ်ခု ထူထောင်တာ ဖြစ်စေ၊ ဒါမှမဟုတ် ပြည်နယ် အစိုးရက ကုမ္ပဏီတစ်ခုကို တာဝန်ပေးအပ်ပြီးတော့ ဖြစ်စေ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ထိန်းချုန်းဟိန်ရုန် Tengchong Heng Yong ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနဲ့ ကချင်ပြည်နယ် အစိုးရကြား နားလည်မှု ရယူထားတဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးဝေလင်းက ပြောဆိုတာ ဖြစ်ပါတယ်။

စီမံကိန်း လက်ရှိ အခြေအနေမှာတော့ တရုတ်ကုမ္ပဏီဘက်က လက်တွေ့ကျကျ ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာကို မြေပြင်အခြေအနေ ကွင်းဆင်းလေ့လာ တာတွေ ပြုလုပ်နေပါတယ်။

တရုတ်ဘက်က ဘယ်လို စက်ရုံမျိုးတွေ၊ ဘယ်လို လုပ်ငန်းမျိုးတွေကို နမ်ကျင် စီးပွားရေးဇုန်မှာ လာပြီး လုပ်ကိုင်မလဲ ဆိုတဲ့ အသေးစိတ် လုပ်ဆောင်မယ့် အရာတွေ တင်ပြလာမှာကို စောင့်နေတယ်လို့ ဦးဝေလင်းက ဆိုပါတယ်။

အဲဒီ စီမံကိန်းကို မြစ်ကြီးနားနဲ့ ၈ မိုင် ဝန်းကျင် အကွာ နမ်ကျင်ဆိုတဲ့ ရွာအနီး မြေအကျယ် ဧက ၄၇ဝဝ ထားရှိမယ် ဆိုပြီး စီစဉ်ထားပါတယ်။

ပြည်နယ်အစိုးရ ကိုယ်စားလှယ်ဘက်က ခေါင်းဆောင် ဝန်ကြီး ဦးဝေလင်း
နမ်ကျင်မှာ ဘာတွေလုပ်မှာလဲ
နမ်ကျင် စီးပွားရေးဇုန် ဆိုတာ အဓိက အားဖြင့်တော့ ကချင်ပြည်နယ်က တောင်သူတွေ၊ စိုက်ပျိုးမွေးမြူရေး သမားတွေရဲ့ ထုတ်ကုန်တွေကို ကုန်ကြမ်းအတိုင်း မဟုတ်ပဲ ကုန်ချောအထိ တန်ဖိုးမြှင့်ထုတ်လုပ်ပြီး တရုတ်ဘက်ကို တင်ပို့ ရောင်းချနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

"ဥပမာ ပြောရရင် - တောင်သူတွေကို ကြံစိုက်ပျိုးစေပြီး၊ ဒါမှမဟုတ် စိုက်ထားတဲ့ ကြံတွေကို ဝယ်ယူပြီး၊ နမ်ကျင် စီးပွားရေး ဇုန်ထဲ တည်ဆောက် ထားရှိမယ့် သကြားစက်ကနေ သကြားအဖြစ်ထိရောက်အောင် ပြုလုပ်ပြီးမှ ရောင်းချဖို့ ဖြစ်တယ်" လို့ ဒီစီမံကိန်းမှာ ပြည်နယ် အစိုးရကိုယ်စား ဦးဆောင် နေတဲ့ ဝန်ကြီး ဦးဝေလင်းက ပြောပါတယ်။

တခါ၊ မွေးမြူရေး သမားတွေ အတွက် ဆိုရင်လည်း အမဲ၊ ကြက် အစရှိသဖြင့် အသားတွေကို နိုင်ငံခြားပို့ကုန် အရည်အသွေး စီချိန်မီ စနစ်တကျ ထုတ်ပိုးပြီးမှ တင်ပို့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဦးဝေလင်းက ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းဖြစ်တဲ့ တကမ္ဘာလုံးအနှံ့ ကုန်သွယ်ရေး လမ်းကြောင်း ကွန်ရက်တွေ ချိတ်ဆက်ရေး ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းရဲ့ အစိတ်အပိုင်း၊ မြန်မာနိုင်ငံထဲ ထားရှိမယ့် စီမံကိန်း တစ်ခု အဖြစ်နားလည်ရပါတယ်။

အဲဒီ နမ်ကျင် စီမံကိန်းကို အဆင့် အပိုင်းအခြား ၃ ဆင့်နဲ့ ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

ဧက ၄၇ဝဝ အကျယ်မှာ ဧက ၁၆ဝဝ ကို ပထမအဆင့်၊ နောက် ဧက ၁ဝဝဝ ကို ဒုတိယ အဆင့်၊ ကျန်တဲ့ ဧကတွေကို တတိယ အဆင့်အနေနဲ့ ဖော်ဆောင် သွားမယ့် ၁၅ နှစ် စီမံကိန်း ဖြစ်တယ် ဆိုပြီး ဦးဝေလင်းက ပြောပါတယ်။

နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးအောင်လည်း ကြိုးစားနေ

အချိန်ယူ ဆွေးနွေးနေတဲ့ စီမံကိန်း

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အနီးမှာ တရုတ်နဲ့ဖက်စပ် စီးပွားရေးဇုန် တစ်ခု ဖော်ဆောင်ဖို့ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် မေလကတည်း နားလည်မှု စာချွန်လွှာ MoU လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီကြားကာလတွေထဲမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိလဲ ဆိုတာကို ပြည်နယ် လွှတ်တော်ထဲ မေးခွန်းတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ခိုင်မာတဲ့ သဘောတူမှုတွေ ရရှိလာရင် လွှတ်တော်ကို အသိပေးပြီး အတည်ပြုချက် ရယူသွားမယ်လို့ ပြည်နယ် အစိုးရဘက်က ဖြေကြားခဲ့ပါတယ်။

နမ်ကျင် စီမံကိန်းနဲ့ ပတ်သက်ပြီး တိတိကျကျ သိလိုတယ် ဆိုတဲ့ ဒေသတွင်း ပြောဆိုသံတွေ ရှိနေစဉ်မှာပဲ၊ ဒီနှစ် ၂ဝ၁၉ ဇူလိုင် လဆန်းမှာတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာတော့ MoU ထိုးပြီး အသေးစိတ် ညှိနှိုင်း ဆွေးနွေးတာတွေ ပြုလုပ်နေတာမှာ အချက်ပေါင်း ၇ဝ ဝန်းကျင်လောက် ညှိနှိုင်း ထားနိုင်တယ်လို့ ဝန်ကြီး ဦးဝေလင်းက ပြောခဲ့ပါတယ်။

ဒါပေမယ့် တရုတ် ကုမ္ပဏီဘက်က မြေပြင် ကွင်းဆင်း လေ့လာထားတဲ့ အစီရင်ခံစာ၊ လုပ်ငန်း အသေးစိတ် Master Plan တွေ တင်ပြလာတဲ့ အခါ အဲဒါတွေအပေါ် မူတည်ပြီး ထပ်ပြီး ဆွေးနွေးရလိမ့် ဦးမယ်လို့ ဆိုပါတယ်။

 နမ်ကျင် စီမံကိန်း အကောင်အထည်ပေါ်ဖို့ ၁ နှစ် လောက် အချိန် ယူရနိုင်တယ်လို့ ဒေါက်တာခက်အောင်ပြော
ကချင်ပြည်နယ် အစိုးရရဲ့ ပိုင်ဆိုင်မှု ဘယ်လောက် ရှိမှာလဲ

စီမံကိန်း တည်ဆောက်မယ့် မြေ ဧက ၄၇ဝဝ ဆိုတာ ကချင်ပြည်နယ် အစိုးရက ပံ့ပိုးပေးရတာ ဖြစ်တာကြောင့်၊ အဲဒီ မြေတွေကို တန်ဖိုးသတ်မှတ်မှာ ဖြစ်ပါတယ်။

အဲဒီ မြေတန်ဖိုး ပမာဏဟာ ဒီစီမံကိန်းမှာ ကချင်ပြည်နယ် အစိုးရရဲ့ ပါဝင်မှု ရှယ်ယာ အချိုးအစား ဖြစ်လာမှာပါ။

ဒါ့ကြောင့် ကချင်ပြည်နယ် အစိုးရ အနေနဲ့ ဧက ၄၇ဝဝ ဆိုတဲ့ မြေပမာဏကို နိုင်ငံတော် စီမံကိန်းမြေ ဖြစ်လာနိုင်အောင် မြေလွတ်မြေရိုင်း ဥပဒေနဲ့ အညီ ဆောင်ရွက်နေပြီလို့ ဦးဝေလင်းက ဘီဘီစီကို ပြောပါတယ်။

နှစ်ရှည် စိုက်ပျိုးမြေတွေ အဖြစ် လျှောက်ထားရယူ ထားပေမယ့် တကယ်တမ်း ဘာမှ စိုက်မထားတဲ့ မြေတွေကို ပြန်သိမ်းတာမျိုး၊ စိုက်ပျိုးသီးနှံတွေ ရှိနေတဲ့ နေရာတွေမှာလည်း လျော်ကြေးပေးတာမျိုးတွေ လုပ်ဆောင် ခြင်းအားဖြင့် အဲဒီ ဧက ၄၇ဝဝ ဆိုတဲ့ မြေပမာဏကို ဖော်ဆောင်မှာ ဖြစ်တယ်လို့ ဦးဝေလင်းက ဆိုပါတယ်။

တရုတ်ကုမ္ပဏီဘက်က အသေးစိတ် အစီအစဉ်တွေ တင်ပြလာတဲ့ အခါမှာတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဗဟို MIC အဆင့်ထိ ကချင်ပြည်နယ် အစိုးရက တင်ပြသွားရမှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ ဖက်စပ် နမ်ကျင် စီပွားရေးဇုန် လက်တွေ့ ဘယ်တော့ ဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးဝေလင်းက ကာလအပိုင်းအခြား သတ်မှတ်ပြီး ဖြေဆိုတာမျိုး မလုပ်ပါဘူး။

တရုတ်ဘက်က Master Plan တင်ပြလာမယ့် အချိန်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြန်လည် စိစစ်မယ့် အချိန်၊ တခါ MIC ကို တင်ပြတဲ့အခါ အဲဒီဘက်က သဘောထားမှတ်ချက်တွေ ရှိလာခဲ့ရင် ဖြည့်ဆည်း လုပ်ဆောင်ရမယ့် အချိန်တွေ ရှိသေးတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ စီမံကိန်း ပထမအဆင့်ကို နောင် တစ်နှစ်လောက် အတွင်း စတင်လာနိုင်ကောင်းတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်တဲ့ တဲ့ အစိုးရ လက်ထက် ပထမ သက်တမ်း နှစ်နှစ်ခွဲတာ အတွင်းမှာ ပြည်နယ် အတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး တို့လို အခြေခံ အဆောက်အဦတွေ တည်ဆောက်ရေးကို အာရုံစိုက်ခဲ့တယ်လို့ ဒေါက်တာ ခက်အောင်က ပြောပါတယ်။

မြစ်စုံရပ်ထားချိန် တရုတ်ရဲ့ တခြား ရင်းနှီးမြှုပ်နှံမှုတွေတော့ ကချင်မှာ ရှိနေ
အခု ဒုတိယ နှစ်နှစ်ခွဲတာ ကာလ မှာတော့ လူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးကို အာရုံစိုက်နေတဲ့ အတွက် အခု နမ်ကျင် စီးပွားရေးဇုန်ဟာလည်း ပြည်နယ်ထဲက လူတွေ အလုပ်အကိုင် ရရှိရေးကအစ၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ ဈေးကွက်ရလာနိုင်မယ့် အခွင့်အရေးတွေ ပံ့ပိုး ပေးလာနိုင်တယ်လို့ ဒေါက်တာ ခက်အောင်က ဆိုပါတယ်။

နမ်ကျင်ရွာထိ ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်ကတော့ အဲဒီ နေရာမှာ စီမံကိန်းနယ် အဖြစ် လှုပ်လှုပ်ရှားရှား ရှိမနေပဲ အေးဆေး ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားနဲ့ နမ်ကျင် မိုင်အရ ခရီးဝေးလှတယ် မဆိုနိုင်ပေမယ့် လက်ရှိ ဆက်သွယ်ထားတဲ့ လမ်းကတော့ သွားရခက်တယ်လို့လည်း ဆိုပါတယ်။

နယ်မြေတည်ငြိမ်မှုကို ကြည့်ရင်လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အထိ ဒေသခံ ကချင် လက်နက်ကိုင် KIA ရဲ့ လှုပ်ရှားမှုတွေ နမ်ကျင် တဝိုက်မှာ တွေ့နေခဲ့ရပါတယ်။

တခါ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ကြား တရားဝင် နယ်စပ် ကုန်သွယ်ရေးဂိတ် ဖွင့်ထားတဲ့ ကန်ပိုင်တီ စခန်းလည်း ကချင်ပြည်နယ်ထဲ ရှိနေပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ရှိတဲ့ အဲဒီ ကန်ပိုင်တီ စခန်းမှာလည်း ကုန်စည် စီးဆင်းမှု ပိုပြီး မြန်ဆန်ချောမွေ့အောင် ပစ္စည်းတွေကို စစ်ဆေးတဲ့ စက်ကိရိယာတွေကို နည်းပညာ မြှင့်တာမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိသလို၊ နှစ်နိုင်ငံ နယ်စပ် အခွန်လွတ်ဇုန် ထူထောင်ထားရှိဖို့လည်း ဦးတည် လုပ်ဆောင်နေတယ်လို့ ကချင်ပြည်နယ် အစိုးရက ပြောပါတယ်။

BBC Burmese
https://www.bbc.com
စိုက္ပ်ိဳးေမြးျမဴေရး ကုန္ေခ်ာေတြထုတ္မယ့္ နမ္က်င္စီးပြားေရးဇုန္ စိုက္ပ်ိဳးေမြးျမဴေရး ကုန္ေခ်ာေတြထုတ္မယ့္ နမ္က်င္စီးပြားေရးဇုန္ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.