ဆင္းရဲမႈတိုက္ဖ်က္ေရးကူညီတဲ့ စီးပြားေရးပညာရွင္သုံးဦး Nobel ဆု ရရွိ

La Academia de Ciencias de Suecia anuncia a los ganadores del premio Nobel de Economía el 14 de octubre de 2019
Zawgyi
ကမာၻ႔ဆင္းရဲမဲြေတမႈတိုက္ဖ်က္ေရးမွာ ကူညီခဲ့တဲ့ စီးပြားေရးပညာ႐ွင္ ၃ ေယာက္ကို ၂၀၁၉ ခုႏွစ္အတြက္ စီးပြားေရးဆိုင္ရာ Nobel ဆုေပးဖုိ႔ ေ႐ြးခ်ယ္လိုက္ပါတယ္။

India ႏြယ္ဖြား အေမရိကန္ Abhijit Banerjee၊ ျပင္သစ္ႏြယ္ဖြား အေမရိကန္ Esther Duflo နဲ႔ အေမရိကန္လူမ်ဳိး Michael Kremer တို႔ကို စီးပြားေရးဆိုင္ရာ Nobel ဆုေပးလိုက္တယ္လို႔ သိပၸံဆိုင္ရာ Royal Swedish Academy ကဒီကေန႔ ေၾကညာခဲ့ပါတယ္။ စီးပြားေရး Nobel ဆုကို ရသူေတြထဲမွာ Esther Duflo ဟာ ဒုတိယေျမာက္အမ်ဳိးသမီးျဖစ္ပါတယ္။

စီးပြားေရးပညာ႐ွင္ေတြဟာ ဆင္းရဲမြဲေတမႈ တိုက္ဖ်က္ေရးကို အထိေရာက္ဆံုး နည္းလမ္းသစ္ေတြနဲ႔ ခ်ဥ္းကပ္ကိုင္တြယ္ခဲ့တယ္လို႔ ဆုေ႐ြးခ်ယ္သူေတြက ေျပာပါတယ္။ ကေလးငယ္ေတြရဲ႕ က်န္းမာေရး ဒါမွမဟုတ္ ပညာေရးကို တိုးတက္ေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတဲ့ လြယ္ကူတဲ့ေမးခြန္းမ်ဳိးနဲ႔စၿပီး ဆင္းရဲမြဲေတမႈ ျပႆနာကို ေျဖ႐ွင္းဖုိ႔ သူတုိ႔က ႀကိဳးစားခဲ့ၾကတယ္လို႔ ေျပာပါတယ္။ သူတုိ႔ရဲ႕ေဆာင္႐ြက္ခ်က္ေၾကာင့္ India ကေလးငယ္ ၅ သန္းေက်ာ္ကို ေက်ာင္းေတြမွာ စာေနာက္မက်ေအာင္ လက္တြဲေခၚတဲ့ အစီအစဥ္ေတြကို ထိထိေရာက္ေရာက္ လုပ္ေပးႏုိင္ခ့ဲသလို၊ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ က်န္းမာေရးဆိုင္ရာ ကာကြယ္ေစာင့္ေ႐ွာက္မႈအတြက္ ေငြေၾကး အေျမာက္အမ်ားသံုးၿပီး ပံ့ပိုးကူညီမႈေတြ လုပ္လာေစတယ္လို႔ ဆုေၾကညာစဥ္မွာ ေျပာၾကားသြားပါတယ္။

Nobel ဆုရတဲ့ စီးပြားေရးပညာ႐ွင္ ၃ ေယာက္အေနနဲ႔ ေဒၚလာ ၉ သိန္းေက်ာ္နဲ႔ ညီမွ်တဲ့ ဆုေၾကးကို ခဲြေဝ ရ႐ွိၾကမွာျဖစ္ပါတယ္။

Unicode

ကမ္ဘာ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ ကူညီခဲ့တဲ့ စီးပွားရေးပညာရှင် ၃ ယောက်ကို ၂၀၁၉ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ Nobel ဆုပေးဖို့ ရွေးချယ်လိုက်ပါတယ်။

India နွယ်ဖွား အမေရိကန် Abhijit Banerjee၊ ပြင်သစ်နွယ်ဖွား အမေရိကန် Esther Duflo နဲ့ အမေရိကန်လူမျိုး Michael Kremer တို့ကို စီးပွားရေးဆိုင်ရာ Nobel ဆုပေးလိုက်တယ်လို့ သိပ္ပံဆိုင်ရာ Royal Swedish Academy ကဒီကနေ့ ကြေညာခဲ့ပါတယ်။ စီးပွားရေး Nobel ဆုကို ရသူတွေထဲမှာ Esther Duflo ဟာ ဒုတိယမြောက်အမျိုးသမီးဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တွေဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အထိရောက်ဆုံး နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ကိုင်တွယ်ခဲ့တယ်လို့ ဆုရွေးချယ်သူတွေက ပြောပါတယ်။ ကလေးငယ်တွေရဲ့ ကျန်းမာရေး ဒါမှမဟုတ် ပညာရေးကို တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ လွယ်ကူတဲ့မေးခွန်းမျိုးနဲ့စပြီး ဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းဖို့ သူတို့က ကြိုးစားခဲ့ကြတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ဆောင်ရွက်ချက်ကြောင့် India ကလေးငယ် ၅ သန်းကျော်ကို ကျောင်းတွေမှာ စာနောက်မကျအောင် လက်တွဲခေါ်တဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့သလို၊ နိုင်ငံတော်တော်များများမှာ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုအတွက် ငွေကြေး အမြောက်အများသုံးပြီး ပံ့ပိုးကူညီမှုတွေ လုပ်လာစေတယ်လို့ ဆုကြေညာစဉ်မှာ ပြောကြားသွားပါတယ်။

Nobel ဆုရတဲ့ စီးပွားရေးပညာရှင် ၃ ယောက်အနေနဲ့ ဒေါ်လာ ၉ သိန်းကျော်နဲ့ ညီမျှတဲ့ ဆုကြေးကို ခွဲဝေ ရရှိကြမှာဖြစ်ပါတယ်။

ဗြီအိုုေအ (ျမန္မာဌာန)
https://burmese.voanews.com
ဆင္းရဲမႈတိုက္ဖ်က္ေရးကူညီတဲ့ စီးပြားေရးပညာရွင္သုံးဦး Nobel ဆု ရရွိ ဆင္းရဲမႈတိုက္ဖ်က္ေရးကူညီတဲ့ စီးပြားေရးပညာရွင္သုံးဦး Nobel ဆု ရရွိ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.