ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရ၊ တပ္မေတာ္တို႔ ေတြ႕မယ့္ ေအာက္တိုဘာေဆြးေႏြးပြဲ ေ႐ႊ႕ဆိုင္း

ရက္ေ႐ႊ႕ဆိုင္းထားေပမယ့္ ႏိုဝင္ဘာ ပထမအပတ္အတြင္းမွာ ျပန္လုပ္ဖို႔ကိုေတာ့ ႏွစ္ဖက္သေဘာတူထား၊ ေတြ႕မယ္ေနရာနဲ႔ အခ်ိန္အတိအက်ကိုေတာ့ မညႇိႏႈိင္းထားရေသး
Zawgyi
ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ အစိုးရဲ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန၊ တပ္မေတာ္ တို႔ေတြ႕ဆုံဖို႔ သေဘာတူထားတဲ့ ေအာက္တိုဘာ ေဆြးေႏြးပြဲကို ေ႐ႊ႕ဆိုင္းထားတယ္လို႔ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕ဝင္ ဦးလမိုင္းဂြန္ဂ်ာက ေအာက္တိုဘာ ၂၂ရက္မွာ ဘီဘီစီကို ေျပာပါတယ္။

ေတြ႕ဆုံမယ့္အခ်ိန္ေ႐ႊ႕ဆိုင္းထားတာကို ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြျဖစ္တဲ့ ကခ်င္၊ တအာင္း(ပေလာင္)၊ ရခိုင္နဲ႔ ကိုးကန႔္အဖြဲ႕တို႔ေတြလည္း သိထားၿပီးသြားၿပီလို႔ သူကေျပာပါတယ္။

ေအာက္တိုဘာမွာေတြ႕ဆုံဖို႔အတြက္ကို ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၇ရက္ေန႔ ေဆြးေႏြးပြဲမွာ ႏွစ္ဖက္ သေဘာ တူထားခဲ့တာျဖစ္ပါတယ္။

ရက္ေ႐ႊ႕ဆိုင္းထားေပမယ့္ ႏိုဝင္ဘာ ပထမအပတ္အတြင္းမွာ ျပန္လုပ္ဖို႔ကိုေတာ့ ႏွစ္ဖက္ သေဘာတူထား တယ္လို႔လည္း သူကေျပာပါတယ္။ ဒါေပမယ့္ ေတြ႕မယ္ေနရာနဲ႔ အခ်ိန္အတိအက်ကိုေတာ့ ႏွစ္ဖက္ မညႇိႏႈိင္းထားရေသးဘူးလို႔ ဆိုပါတယ္။

အစိုးရဘက္ကေတာ့ က်ိဳင္းတုံမွာပဲ ေဆြးေႏြးပြဲလုပ္ဖို႔ အဆိုျပဳထားပါတယ္။

ေအာက္တိုဘာ ၂၈၊ ၂၉ ရက္မွာေတာ့ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ အဖြဲ႕ ၁၀ ဖြဲ႕နဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနတို႔က ေတြ႕ဆုံၾကမွာအျပင္၊ အဲဒီမတိုင္မီ ေလ့လာေရးခရီးသြားတာေတြအပါ အဝင္ အစရွိတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြေၾကာင့္လို႔ ဦးလမိုင္ဂြန္ဂ်ာက ယူဆပါတယ္။

ေဆြးေႏြးဖို႔ရက္ေ႐ႊ႕ဆိုင္းေပမယ့္ ေျမာက္ပိုင္းအဖြဲ႕ေတြဘက္က အပစ္ရပ္စဲေရးထုတ္ျပန္ထားတာရယ္၊ တပ္မေတာ္ဘက္ကလည္း ထိန္းသိမ္းေဆာင္႐ြက္မႈေတြရွိေနတာေၾကာင့္ ႏွစ္ဘက္ထိေတြ႕ တိုက္ပြဲေတြ ျဖစ္ပြားလာႏိုင္ဖို႔ နည္းပါးတယ္လို႔ သူကေျပာပါတယ္။

ေအာက္ေျခတပ္ေတြအေနနဲ႔ေတာ့ အနည္းအက်ဥ္းထိေတြ႕မႈေတြေတာ့ျဖစ္ႏိုင္ေပမယ့္ ႀကီးႀကီးမားမား တိုက္ပြဲေတြျဖစ္စရာမရွိႏိုင္ဘူးလို႔ ဦးလမိုင္ဂြန္ဂ်ာက ေျပာပါတယ္။

အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔အၾကား တစ္ႏွစ္နီးပါးအၾကာ ျဖစ္ပြားေနတဲ့တိုက္ပြဲေတြအတြင္းမွာ အရပ္သားေသဆုံးမႈဟာ ၉၀ နီးပါးထိရွိလာေနၿပီး ဒဏ္ရာရရွိသူ ၁၃၀ ေက်ာ္အထိရွိ

ႏွစ္ဖက္ ေတြ႕ဆုံမႈ ၄ ႀကိမ္ထိရွိလာေပမယ့္လည္း ေဆြးေႏြးေနတဲ့ ႏွစ္ဖက္ သေဘာတူ အပစ္ခတ္ ရပ္စဲေရး မူၾကမ္းထဲက အခ်က္လက္ေတြကို ၿပီးျပတ္ေအာင္ေဆြးေႏြးႏိုင္တာမရွိေသးသလို၊ တပ္ေနရာခ် ထားေရး ေနရာမွာ ႏွစ္ဖက္ ေဆြးေႏြးမႈအက်ပ္အတည္းျဖစ္ေနပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔အၾကား တစ္ႏွစ္နီးပါးအၾကာ ျဖစ္ပြားေနတဲ့တိုက္ပြဲေတြအတြင္းမွာ အရပ္သားေသဆုံးမႈဟာ ၉၀ နီးပါးထိရွိလာေနၿပီး ဒဏ္ရာရရွိသူ ၁၃၀ ေက်ာ္အထိရွိလာေနၿပီျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းဘက္မွာေတာ့ ေျမာက္ပိုင္းညီေနာင္မဟာမိတ္အဖြဲ႕ေတြ၊ တအာင္း(ပေလာင္) လြတ္လပ္ေရးတပ္ အစရွိတဲ့အဖြဲ႕ေတြနဲ႔ တပ္မေတာ္တို႔အၾကား တိုက္ပြဲေတြျဖစ္ခဲ့တာေၾကာင့္လည္း အရပ္သားဆယ္ခ်ီၿပီး အသက္ဆုံးရႈံးတာ၊ ထိခိုက္ဒဏ္ရာရတာေတြရွိခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode
မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ တွေ့မယ့် အောက်တိုဘာဆွေးနွေးပွဲ ရွှေ့ဆိုင်း

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရက်ရွှေ့ဆိုင်းထားပေမယ့် နိုဝင်ဘာ ပထမအပတ်အတွင်းမှာ ပြန်လုပ်ဖို့ကိုတော့ နှစ်ဖက်သဘောတူထား၊ တွေ့မယ်နေရာနဲ့ အချိန်အတိအကျကိုတော့ မညှိနှိုင်းထားရသေး

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန၊ တပ်မတော် တို့တွေ့ဆုံဖို့ သဘောတူထားတဲ့ အောက်တိုဘာ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းထားတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်းဂွန်ဂျာက အောက်တိုဘာ ၂၂ရက်မှာ ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံမယ့်အချိန်ရွှေ့ဆိုင်းထားတာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်၊ တအာင်း(ပလောင်)၊ ရခိုင်နဲ့ ကိုးကန့်အဖွဲ့တို့တွေလည်း သိထားပြီးသွားပြီလို့ သူကပြောပါတယ်။

အောက်တိုဘာမှာတွေ့ဆုံဖို့အတွက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ရက်နေ့ ဆွေးနွေးပွဲမှာ နှစ်ဖက် သဘော တူထားခဲ့တာဖြစ်ပါတယ်။

ရက်ရွှေ့ဆိုင်းထားပေမယ့် နိုဝင်ဘာ ပထမအပတ်အတွင်းမှာ ပြန်လုပ်ဖို့ကိုတော့ နှစ်ဖက် သဘောတူထား တယ်လို့လည်း သူကပြောပါတယ်။ ဒါပေမယ့် တွေ့မယ်နေရာနဲ့ အချိန်အတိအကျကိုတော့ နှစ်ဖက် မညှိနှိုင်းထားရသေးဘူးလို့ ဆိုပါတယ်။

အစိုးရဘက်ကတော့ ကျိုင်းတုံမှာပဲ ဆွေးနွေးပွဲလုပ်ဖို့ အဆိုပြုထားပါတယ်။

အောက်တိုဘာ ၂၈၊ ၂၉ ရက်မှာတော့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနတို့က တွေ့ဆုံကြမှာအပြင်၊ အဲဒီမတိုင်မီ လေ့လာရေးခရီးသွားတာတွေအပါ အဝင် အစရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကြောင့်လို့ ဦးလမိုင်ဂွန်ဂျာက ယူဆပါတယ်။

ဆွေးနွေးဖို့ရက်ရွှေ့ဆိုင်းပေမယ့် မြောက်ပိုင်းအဖွဲ့တွေဘက်က အပစ်ရပ်စဲရေးထုတ်ပြန်ထားတာရယ်၊ တပ်မတော်ဘက်ကလည်း ထိန်းသိမ်းဆောင်ရွက်မှုတွေရှိနေတာကြောင့် နှစ်ဘက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ဖို့ နည်းပါးတယ်လို့ သူကပြောပါတယ်။

အောက်ခြေတပ်တွေအနေနဲ့တော့ အနည်းအကျဉ်းထိတွေ့မှုတွေတော့ဖြစ်နိုင်ပေမယ့် ကြီးကြီးမားမား တိုက်ပွဲတွေဖြစ်စရာမရှိနိုင်ဘူးလို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တစ်နှစ်နီးပါးအကြာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ အရပ်သားသေဆုံးမှုဟာ ၉၀ နီးပါးထိရှိလာနေပြီး ဒဏ်ရာရရှိသူ ၁၃၀ ကျော်အထိရှိ

နှစ်ဖက် တွေ့ဆုံမှု ၄ ကြိမ်ထိရှိလာပေမယ့်လည်း ဆွေးနွေးနေတဲ့ နှစ်ဖက် သဘောတူ အပစ်ခတ် ရပ်စဲရေး မူကြမ်းထဲက အချက်လက်တွေကို ပြီးပြတ်အောင်ဆွေးနွေးနိုင်တာမရှိသေးသလို၊ တပ်နေရာချ ထားရေး နေရာမှာ နှစ်ဖက် ဆွေးနွေးမှုအကျပ်အတည်းဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တစ်နှစ်နီးပါးအကြာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ အရပ်သားသေဆုံးမှုဟာ ၉၀ နီးပါးထိရှိလာနေပြီး ဒဏ်ရာရရှိသူ ၁၃၀ ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေ၊ တအာင်း(ပလောင်) လွတ်လပ်ရေးတပ် အစရှိတဲ့အဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့်လည်း အရပ်သားဆယ်ချီပြီး အသက်ဆုံးရှုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရ၊ တပ္မေတာ္တို႔ ေတြ႕မယ့္ ေအာက္တိုဘာေဆြးေႏြးပြဲ ေ႐ႊ႕ဆိုင္း ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ အစိုးရ၊ တပ္မေတာ္တို႔ ေတြ႕မယ့္ ေအာက္တိုဘာေဆြးေႏြးပြဲ ေ႐ႊ႕ဆိုင္း Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.