AA တပ္ခ်ဳပ္ရဲ႕ႏွမနဲ႔ ေယာက္ဖ အဖမ္းခံရၿပီး မိသားစုနဲ႔ အဆက္အသြယ္ မရေသး

ရကၡိဳင့္တပ္ေတာ္ AA ရဲ့ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္နိုင္ကို ေတြ႔ရစဥ္
Zawgyi
မေန႔က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ အဖမ္းခံလိုက္ရတဲ့ ရကၡိဳင့္တပ္ေတာ္ AA ရဲ့ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္နိုင္ရဲ႕ ညီမ မမိုးႏွင္းျဖဴနဲ႔ ေယာက္ဖျဖစ္သူ ကိုေက်ာ္ႏိုင္ တို႔နဲ႔ ပတ္သက္လို႔ ဒီေန႔ အခ်ိန္ထိ အဆက္ အသြယ္မရေသးသလို မည္သည့္အဖြဲ႔အစည္းက ဖမ္းသြားတယ္ဆိုတာ မသိရေသးဘူးလုိ႔ မိသားစု၀င္တစ္ဦးနဲ႔ AA ေျပာခြင့္ရသူတုိ႔က RFA ကို ဒီကေန႔ ေန႔လယ္ပိုင္းက ေျပာပါတယ္။

မေန႔က ေန႔လယ္ပိုင္း ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ကေန ျပန္လာတဲ့ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ ေယာက္ဖေတာ္စပ္သူ ကိုေက်ာ္ႏိုင္ဟာ သူ႔ကိုလာႀကိဳတဲ့ မမိုးႏွင္းျဖဴ၊ ေလးႏွစ္အရြယ္ သမီးျဖစ္သူတို႔နဲ႔အတူ ရန္ကုန္ေလဆိပ္မွာ အဖမ္းခံရတာပါ။

ညဖက္မွာေတာ့ မမိုးႏွင္းျဖဴနဲ႔ သမီးျဖစ္သူကို သူတို႔ေနထိုင္တဲ့ရပ္ကြက္ဆီ ရဲတပ္ဖြဲ႔ဝင္တခ်ဳိ႕ပါဝင္တဲ့ အာဏာပိုင္ေတြ က ေခၚလာၿပီး ကေလးကို ရပ္ကြက္လူႀကီးေတြကေနတဆင့္ ေဆြမ်ိဳးေတြဆီမွာ အပ္ထားၿပီးတဲ့ေနာက္ မမိုးႏွင္းျဖဴကို ျပန္ေခၚသြားတာျဖစ္ပါတယ္။

မိသားစု၀င္တစ္ဦးကေတာ့ သူတုိ႔လည္း အဆက္အသြယ္ရဖို႔ ႀကိဳးစားေနဆဲျဖစ္ၿပီး၊ ဘယ္မွာဖမ္းဆီးထိန္းသိမ္း ထားတာလဲဆုိတာကို မသိရေသးဘူးလို႔ RFA ကို ဒီေန႔ ေန႔လယ္မွာ ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ အေၾကာင္းရင္းကိုလည္း မသိရေသးပါဘူး။ ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္က မသိဘူးလို႔ ျငင္းဆုိပါတယ္။

"အဲဒါေတာ့ ကၽြန္ေတာ္တို႔လည္း မသိဘူးဗ်၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေမး ၾကည့္မွပဲသိမယ္၊ သူတို႔က ဟိုဘက္က စကၤာပူနဲ႔ဆက္စပ္ၿပီး လုပ္တာလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ကလုပ္တာေလ၊ ကၽြန္ေတာ္တို႔နဲ႔ ကေတာ့ မသိဘူးဗ်၊ အဲဒီစစစ္ကတည္းက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က case ကိုင္တာေရာ ေဆာင္ရြက္တာေရာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ေဆာင္ရြက္တာျဖစ္ပါတယ္၊ သူတို႔ေမးၾကည့္ရင္ေတာ့ ပိုသိႏုိင္ ပါတယ္ဗ်"

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဳးခ်ဳပ္ ေဇာ္မင္းထြန္း ေျပာသြားတာပါ။

သူတို႔ဟာ သာမန္ အရပ္သားေတြျဖစ္ၿပီး ဘယ္အဖြဲ႔အစည္းနဲ႔မွ ပတ္သက္တာမဟုတ္ဘူးလုိ႔ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ျပန္ၾကားေရး တာ၀န္ခံ ခိုင္သုခက RFA ကို ေျပာပါတယ္။

"သူတို႔ကိုဘာေၾကာင့္ ဘယ္လို ဘယ္သူကေခၚသြားလဲဆိုတာေတာ့ ကၽြန္ေတာ္တို႔လည္း မသိရေသးဘူးဗ်၊ သူတို႔ကေတာ့ ဒါသာမာန္အရပ္သားေတြပါပဲ၊ အဖြဲ႔အစည္းေတြနဲ႔လည္း ဘာမွပတ္သက္မႈရွိတဲ့ သူေတြမဟုတ္ဘူး၊ ULA ေခါင္းေဆာင္ေတြရဲ႕ မိသားစု၀င္ေတြကို လိုက္ၿပီးေတာ့ အဲလိုမ်ိဳး မဆီမဆိုင္ဒုကၡေပးေနတဲ့ဟာကေတာ့ ဒါေတာ္ေတာ္ေလး မျဖစ္သင့္တဲ့ကိစၥေပ့ါဗ်ာ၊ ဒါမလုပ္သင့္တဲ့ကိစၥျဖစ္တယ္၊ တစ္ျခားအစိုးရေတြ လက္ထက္မွာ လည္း အဲလိုမ်ဳိးေတြမလုပ္ဘူး၊ ဘယ္ႏိုင္ငံမွာမွ အဲလိုမ်ိဳးလုပ္တယ္ဆုိတာ သိပ္မရွိဘူးဗ်၊ အခုကေတာ့ အဲလိုမ်ိဳးမိသားစု ေဆြမ်ိဳးေတြကို လုိက္ဒုကၡေပးတယ္ဆိုတာကေတာ့ ဒါအစိုးရတစ္ရပ္ရဲ႕လုပ္နည္းလုပ္ဟန္ မဟုတ္ဘူးလို႔ ကၽြန္ေတာ္တို႔ကေတာ့ အဲလိုပဲျမင္တယ္ဗ်"

အခုလို AA ေခါင္းေဆာင္ေတြရဲ႕ မိသားစု၀င္ေတြကို လိုက္ၿပီးဖမ္းဆီးေနတာဟာ အစိုးရရဲ႕ ဂုဏ္သိကၡာကို ေဖာ္ျပေနတာျဖစ္လုိ႔ ဒီကိစၥေတြဟာ မျဖစ္သင့္ေၾကာင္း ခိုင္သုခ က ေျပာပါတယ္။

"ဒါကေတာ့ ဗမာအစိုးရရဲ႕ ဂုဏ္သိကၡာပဲဗ်၊ ေျပာမယ္ဆုိလို႔ရွိရင္ သူတို႔ရဲ႕စိတ္ဓာတ္ေရးရာေတြ ဘယ္ေလာက္အထိ ေအာက္တန္းက် သလဲဆိုတာကို ေဖာ္ျပေနတာျဖစ္တယ္၊ ဆိုေတာ့ သူတုိ႔ ေအာက္ တန္းက်သလို ကၽြန္ေတာ္တို႔ ေအာက္တန္းမက်ပါဘူး၊ ဗမာအစိုးရနဲ႔ ဗမာစစ္တပ္ဘက္က ဥပမာမတရားသတ္ျဖတ္လို႔ ကၽြန္ေတာ္တုိ႔ ဘက္က ျပန္သတ္မယ္ဆုိတာမ်ိဳး ကၽြန္ေတာ္တို႔ မလုပ္ပါဘူး၊ ေနာက္ၿပီးေတာ့ သူတို႔ဘက္ကဖမ္းဆီးတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္ တို႔ဘက္ကလည္း မိုက္မိုက္ရိုင္းရိုင္းလုပ္မယ္ဆိုတာမ်ိဳးေတာ့ ကၽြန္ေတာ္တို႔ မလုပ္ပါဘူး၊ ဒါသူလုပ္တဲ့သူရဲ႕ ဂုဏ္သိကၡာပဲဗ်"

RFA က ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ေျပာခြင့္ရသူ ရဲမွဴးႀကီး မ်ိဳးသူစိုးနဲ႔ အထူးစံုစမ္းစစ္ေဆးေရးဌာန ညႊန္ၾကားေရးမွဴး ဦးေအာင္မ်ိဳး တို႔ကို ဒီကေန႔ ညေနပိုင္းအထိ တယ္လီဖုန္းနဲ႔ ဆက္သြယ္ေနေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

ဇူလိုင္ ၁၀ ရက္ေန႔ကလည္း ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ရဲ႕ ညီျဖစ္သူ ကိုေအာင္ျမတ္ေက်ာ္ စကၤာပူႏိုင္ငံက ျပည္ႏွင္ ဒဏ္ေပးခံရၿပီး ရန္ကုန္ေလဆိပ္အေရာက္မွာ အထိန္းသိမ္းခံလိုက္ရပါတယ္။ အဲဒီျဖစ္စဥ္မွာ ရခုိင္လူငယ္ စုစုေပါင္း ရွစ္ေယာက္ကို ဖမ္းဆီးခံရတာျဖစ္ၿပီး  အၾကမ္းဖက္ဥပေဒနဲ႔ အေရးယူခံေနရပါတယ္။ သူတို႔လည္း စတင္ထိန္းသိမ္း ခံရတဲ့ေန႔ေတြမွာ မိသားစုနဲ႔ အဆက္အသြယ္ မရေပမယ့္ အမႈ တရားရံုးေရာက္သြားၿပီးေနာက္ပိုင္းမွာ မိသားစုကို အကန္႔အသတ္နဲ႔ ေတြ႔ဆံုခြင့္ ရေနပါတယ္။

AA ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္၊ ဗိုလ္မွဴးခ်ဳပ္ ညိဳထြန္းေအာင္၊ ဗိုလ္မွဴးႀကီး ေက်ာ္ဟန္နဲ႔ ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခတို႔ကို မတ္လကတည္းက ေျမာက္ဦးၿမိဳ႕နယ္မွာ အၾကမ္းဖက္မႈတိုက္ ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ထားတာလည္း ရွိပါတယ္။

တဖက္မွာလည္း AA က မႏၱေလးတိုင္း ဇီးပင္ႀကီးသင္တန္းေက်ာင္းကေန ေျမာက္ဦးကို ျပန္လာၾကတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ ၁၉ ေယာက္နဲ႔ အရပ္သားခရီးသည္ ၁၂ ေယာက္ကို ေအာက္တုိဘာ ၁၁ ရက္ေန႔က ဖမ္းဆီးထားပါတယ္။

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကေတာ့ သြားေနေပမယ့္ ဒီလိုအျပန္အလွန္ ဖမ္းဆီးေနျခင္းေၾကာင့္ လက္ေတ႔ြက်တဲ့ ျပႆနာေတြကိုေတာ့ ေျဖရွင္းႏုိင္မွာ မဟုတ္ဘူးလို႔ ႏိုင္ငံေရးနဲ႔စစ္ေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက သံုးသပ္ပါတယ္။

"ဖမ္းဆီးမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုအေၾကာင္းအခ်က္ေတြ အေပၚ အေျခခံၿပီး ဖမ္းလဲဆိုတာ ကၽြန္ေတာ္လည္း ေသခ်ာမသိေတာ့ ေျပာရခက္တယ္ဗ်၊ ဒါေပမဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကေတာ့ ဆက္ေဆြးေႏြးလို႔ရမွာပါ၊ ဘာလို႔လဲဆိုေတာ့ ဒီလိုဖမ္းဆီးမႈမ်ိဳးတင္ မကဘူး ျပည္တြင္းသ႑န္ တိုက္ပြဲမ်ိဳးေတြလည္း ျဖစ္ေနတဲ့အေျခ အေနမ်ိဳးရွိတဲ့အတြက္ေၾကာင့္မလို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကေတာ့ ဆက္ေဆြးေႏြးလို႔ရမွာပါ၊ အဲဒါေတြကေတာ့ တကယ္တမ္း ေဆြးေႏြး ပြဲမွာ ျပႆနာကို ေျဖရွင္းႏိုင္တယ္ဆိုလို႔ရွိရင္ေတာ့ ေျဖရွင္းလို႔ ရမွာပါ၊ ေဆြးေႏြးပြဲမွာ ေျဖရွင္းလုိ႔မရရင္ေတာ့ အဲကိစၥေတြလည္း ေျဖရွင္းလို႔ ရမွာမဟုတ္ပါဘူး"

ရခိုင္ျပည္နယ္မွာ AA နဲ႔ တပ္မေတာ္တုိ႔ တုိက္ပဲြျပင္းထန္ေနတာ တစ္ႏွစ္နီးပါးရွိလာပါၿပီ။

ဒီလို အခ်ိန္ၾကာလာတာနဲ႔အမွ် ႏွစ္ဖက္သံသယနဲ႔ ဖမ္းဆီးထိန္းသိမ္းခံရသူေတြ၊ တရားစဲြဆုိခံရသူေတြ အမ်ားအျပား ရွိေနၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------------
Unicode
AA တပ်ချုပ်ရဲ့နှမနဲ့ ယောက်ဖ အဖမ်းခံရပြီး မိသားစုနဲ့ အဆက်အသွယ် မရသေး

ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
Photo: RFA

မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမ မမိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင် တို့နဲ့ ပတ်သက်လို့ ဒီနေ့ အချိန်ထိ အဆက် အသွယ်မရသေးသလို မည်သည့်အဖွဲ့အစည်းက ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တစ်ဦးနဲ့ AA ပြောခွင့်ရသူတို့က RFA ကို ဒီကနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ပြန်လာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက်ဖတော်စပ်သူ ကိုကျော်နိုင်ဟာ သူ့ကိုလာကြိုတဲ့ မမိုးနှင်းဖြူ၊ လေးနှစ်အရွယ် သမီးဖြစ်သူတို့နဲ့အတူ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတာပါ။

ညဖက်မှာတော့ မမိုးနှင်းဖြူနဲ့ သမီးဖြစ်သူကို သူတို့နေထိုင်တဲ့ရပ်ကွက်ဆီ ရဲတပ်ဖွဲ့ဝင်တချို့ပါဝင်တဲ့ အာဏာပိုင်တွေ က ခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားပြီးတဲ့နောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားတာဖြစ်ပါတယ်။

မိသားစုဝင်တစ်ဦးကတော့ သူတို့လည်း အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲဖြစ်ပြီး၊ ဘယ်မှာဖမ်းဆီးထိန်းသိမ်း ထားတာလဲဆိုတာကို မသိရသေးဘူးလို့ RFA ကို ဒီနေ့ နေ့လယ်မှာ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်က မသိဘူးလို့ ငြင်းဆိုပါတယ်။

"အဲဒါတော့ ကျွန်တော်တို့လည်း မသိဘူးဗျ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မေး ကြည့်မှပဲသိမယ်၊ သူတို့က ဟိုဘက်က စင်္ကာပူနဲ့ဆက်စပ်ပြီး လုပ်တာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလုပ်တာလေ၊ ကျွန်တော်တို့နဲ့ ကတော့ မသိဘူးဗျ၊ အဲဒီစစစ်ကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က case ကိုင်တာရော ဆောင်ရွက်တာရော မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်တာဖြစ်ပါတယ်၊ သူတို့မေးကြည့်ရင်တော့ ပိုသိနိုင် ပါတယ်ဗျ"

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်း ပြောသွားတာပါ။

သူတို့ဟာ သာမန် အရပ်သားတွေဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမဟုတ်ဘူးလို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

"သူတို့ကိုဘာကြောင့် ဘယ်လို ဘယ်သူကခေါ်သွားလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူးဗျ၊ သူတို့ကတော့ ဒါသာမာန်အရပ်သားတွေပါပဲ၊ အဖွဲ့အစည်းတွေနဲ့လည်း ဘာမှပတ်သက်မှုရှိတဲ့ သူတွေမဟုတ်ဘူး၊ ULA ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို လိုက်ပြီးတော့ အဲလိုမျိုး မဆီမဆိုင်ဒုက္ခပေးနေတဲ့ဟာကတော့ ဒါတော်တော်လေး မဖြစ်သင့်တဲ့ကိစ္စပေ့ါဗျာ၊ ဒါမလုပ်သင့်တဲ့ကိစ္စဖြစ်တယ်၊ တစ်ခြားအစိုးရတွေ လက်ထက်မှာ လည်း အဲလိုမျိုးတွေမလုပ်ဘူး၊ ဘယ်နိုင်ငံမှာမှ အဲလိုမျိုးလုပ်တယ်ဆိုတာ သိပ်မရှိဘူးဗျ၊ အခုကတော့ အဲလိုမျိုးမိသားစု ဆွေမျိုးတွေကို လိုက်ဒုက္ခပေးတယ်ဆိုတာကတော့ ဒါအစိုးရတစ်ရပ်ရဲ့လုပ်နည်းလုပ်ဟန် မဟုတ်ဘူးလို့ ကျွန်တော်တို့ကတော့ အဲလိုပဲမြင်တယ်ဗျ"

အခုလို AA ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို လိုက်ပြီးဖမ်းဆီးနေတာဟာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ဖော်ပြနေတာဖြစ်လို့ ဒီကိစ္စတွေဟာ မဖြစ်သင့်ကြောင်း ခိုင်သုခ က ပြောပါတယ်။

"ဒါကတော့ ဗမာအစိုးရရဲ့ ဂုဏ်သိက္ခာပဲဗျ၊ ပြောမယ်ဆိုလို့ရှိရင် သူတို့ရဲ့စိတ်ဓာတ်ရေးရာတွေ ဘယ်လောက်အထိ အောက်တန်းကျ သလဲဆိုတာကို ဖော်ပြနေတာဖြစ်တယ်၊ ဆိုတော့ သူတို့ အောက် တန်းကျသလို ကျွန်တော်တို့ အောက်တန်းမကျပါဘူး၊ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဘက်က ဥပမာမတရားသတ်ဖြတ်လို့ ကျွန်တော်တို့ ဘက်က ပြန်သတ်မယ်ဆိုတာမျိုး ကျွန်တော်တို့ မလုပ်ပါဘူး၊ နောက်ပြီးတော့ သူတို့ဘက်ကဖမ်းဆီးတဲ့အတွက်ကြောင့် ကျွန်တော် တို့ဘက်ကလည်း မိုက်မိုက်ရိုင်းရိုင်းလုပ်မယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ မလုပ်ပါဘူး၊ ဒါသူလုပ်တဲ့သူရဲ့ ဂုဏ်သိက္ခာပဲဗျ"

RFA က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုး တို့ကို ဒီကနေ့ ညနေပိုင်းအထိ တယ်လီဖုန်းနဲ့ ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဇူလိုင် ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော် စင်္ကာပူနိုင်ငံက ပြည်နှင် ဒဏ်ပေးခံရပြီး ရန်ကုန်လေဆိပ်အရောက်မှာ အထိန်းသိမ်းခံလိုက်ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ရခိုင်လူငယ် စုစုပေါင်း ရှစ်ယောက်ကို ဖမ်းဆီးခံရတာဖြစ်ပြီး  အကြမ်းဖက်ဥပဒေနဲ့ အရေးယူခံနေရပါတယ်။ သူတို့လည်း စတင်ထိန်းသိမ်း ခံရတဲ့နေ့တွေမှာ မိသားစုနဲ့ အဆက်အသွယ် မရပေမယ့် အမှု တရားရုံးရောက်သွားပြီးနောက်ပိုင်းမှာ မိသားစုကို အကန့်အသတ်နဲ့ တွေ့ဆုံခွင့် ရနေပါတယ်။

AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခတို့ကို မတ်လကတည်းက မြောက်ဦးမြို့နယ်မှာ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာလည်း ရှိပါတယ်။

တဖက်မှာလည်း AA က မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ယောက်နဲ့ အရပ်သားခရီးသည် ၁၂ ယောက်ကို အောက်တိုဘာ ၁၁ ရက်နေ့က ဖမ်းဆီးထားပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ သွားနေပေမယ့် ဒီလိုအပြန်အလှန် ဖမ်းဆီးနေခြင်းကြောင့် လက်တေ့ွကျတဲ့ ပြဿနာတွေကိုတော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

"ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကြောင်းအချက်တွေ အပေါ် အခြေခံပြီး ဖမ်းလဲဆိုတာ ကျွန်တော်လည်း သေချာမသိတော့ ပြောရခက်တယ်ဗျ၊ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ဆက်ဆွေးနွေးလို့ရမှာပါ၊ ဘာလို့လဲဆိုတော့ ဒီလိုဖမ်းဆီးမှုမျိုးတင် မကဘူး ပြည်တွင်းသဏ္ဍန် တိုက်ပွဲမျိုးတွေလည်း ဖြစ်နေတဲ့အခြေ အနေမျိုးရှိတဲ့အတွက်ကြောင့်မလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ဆက်ဆွေးနွေးလို့ရမှာပါ၊ အဲဒါတွေကတော့ တကယ်တမ်း ဆွေးနွေး ပွဲမှာ ပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင်တော့ ဖြေရှင်းလို့ ရမှာပါ၊ ဆွေးနွေးပွဲမှာ ဖြေရှင်းလို့မရရင်တော့ အဲကိစ္စတွေလည်း ဖြေရှင်းလို့ ရမှာမဟုတ်ပါဘူး"

ရခိုင်ပြည်နယ်မှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေတာ တစ်နှစ်နီးပါးရှိလာပါပြီ။

ဒီလို အချိန်ကြာလာတာနဲ့အမျှ နှစ်ဖက်သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ တရားစွဲဆိုခံရသူတွေ အများအပြား ရှိနေပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
AA တပ္ခ်ဳပ္ရဲ႕ႏွမနဲ႔ ေယာက္ဖ အဖမ္းခံရၿပီး မိသားစုနဲ႔ အဆက္အသြယ္ မရေသး AA တပ္ခ်ဳပ္ရဲ႕ႏွမနဲ႔ ေယာက္ဖ အဖမ္းခံရၿပီး မိသားစုနဲ႔ အဆက္အသြယ္ မရေသး Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.