မႏၲေလး - ပုဂံ အျမန္ရထား ႏြားထိုးႀကီးၿမိဳ႕နယ္၌ လမ္းေခ်ာ္တိမ္းေမွာက္၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

Zawgyi
မႏၲေလး - ပုဂံခရီးသည္တင္ အျမန္ရထားသည္ ဝက္လူး ဘူတာႏွင့္ ႏြားထိုးႀကီးဘူတာၾကားတြင္ ရထားစက္ေခါင္း လမ္းေခ်ာ္မႈျဖစ္ပြားရာ တစ္ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာ ရခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၂၀ ရက္ နံနက္ ၀၀:၄၆ နာရီက မႏၲေလးဘူတာမွ ည ၉ နာရီ ထြက္ခြာလာေသာ မႏၲေလး - ပုဂံအမွတ္(၁၂၀ - အစုန္)သည္ ဝက္လူးဘူတာႏွင့္ ႏြားထိုးႀကီးဘူတာအၾကားတြင္ ရထားစက္ေခါင္း လမ္း ေခ်ာ္မႈျဖစ္ပြားခဲ့ရာ ရထားစက္ေခါင္းေပၚရွိ ရထားေမာင္း အကူ ဦးေက်ာ္ဦးတြင္ ရထားစက္ေခါင္း ႀကိတ္ခံရ၍ ေသဆုံးခဲ့ေၾကာင္း၊ ရထားေမာင္းႏွင္သူ ဦးေအာင္ႏိုင္တြင္ လက္ေမာင္းတစ္ဖက္ က်ိဳးပဲ့ျခင္းႏွင့္ အနည္းငယ္ ပြန္းပဲ့ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ ရထားေပၚတြင္ စီးနင္း လိုက္ပါလာသည့္ အျခားေသာ ရထားဝန္ထမ္းမ်ားႏွင့္ ခရီးသည္မ်ားမွာ ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

ရထားစက္ေခါင္းတိမ္းေမွာက္ရာသို႔ ႏြားထိုးႀကီး ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဒုရဲအုပ္ ေအာင္ေအာင္ႏိုင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ား၊ ႏြားထိုးႀကီးၿမိဳ႕နယ္ ငွက္ေပ်ာအိုင္ေက်း႐ြာ ပရဟိတ လူမႈကူညီေရးအသင္းမွ ဦးေအာင္ႏိုင္ဦးႏွင့္ အသင္းသား မ်ား၊ ေဒသခံျပည္သူမ်ားက ရထားရဲလုံၿခဳံေရးတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ပူးေပါင္း၍ ထိခိုက္ဒဏ္ရာရရွိသည့္ ရထားစက္ေခါင္းေမာင္းႏွင္သူ ဦးေအာင္ႏိုင္အား ေဆးဝါး ကုသရန္အတြက္ ႏြားထိုးႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္းႏွင့္ ခရီးသည္မ်ား ေပ်ာက္ဆုံးမႈ မရွိေစေရး လုံၿခဳံေရးတာဝန္မ်ား ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

တိမ္းေမွာက္သည့္ ရထားေပၚမွ ခရီးသည္မ်ားအား ခရီးၾကန္႔ၾကာမႈမျဖစ္ေစေရးအတြက္ ျမန္မာ့မီးရထားမွ ပုဂံ - မႏၲေလး ေျပးဆြဲသည့္ အမွတ္(၁၁၉ - အဆန္) အျမန္ ရထားျဖင့္ ပုဂံဘူတာသို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့သည္။

ရဲဝင္းႏိုင္
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
------------
Unicode
မန္တလေး - ပုဂံ အမြန်ရထား နွားထိုးကြီးမြို့နယ်၌ လမ်းချော်တိမ်းမှောက်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မန္တလေး - ပုဂံခရီးသည်တင် အမြန်ရထားသည် ဝက်လူး ဘူတာနှင့် နွားထိုးကြီးဘူတာကြားတွင် ရထားစက်ခေါင်း လမ်းချော်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် နံနက် ၀၀:၄၆ နာရီက မန္တလေးဘူတာမှ ည ၉ နာရီ ထွက်ခွာလာသော မန္တလေး - ပုဂံအမှတ်(၁၂၀ - အစုန်)သည် ဝက်လူးဘူတာနှင့် နွားထိုးကြီးဘူတာအကြားတွင် ရထားစက်ခေါင်း လမ်း ချော်မှုဖြစ်ပွားခဲ့ရာ ရထားစက်ခေါင်းပေါ်ရှိ ရထားမောင်း အကူ ဦးကျော်ဦးတွင် ရထားစက်ခေါင်း ကြိတ်ခံရ၍ သေဆုံးခဲ့ကြောင်း၊ ရထားမောင်းနှင်သူ ဦးအောင်နိုင်တွင် လက်မောင်းတစ်ဖက် ကျိုးပဲ့ခြင်းနှင့် အနည်းငယ် ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ရထားပေါ်တွင် စီးနင်း လိုက်ပါလာသည့် အခြားသော ရထားဝန်ထမ်းများနှင့် ခရီးသည်များမှာ ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ရထားစက်ခေါင်းတိမ်းမှောက်ရာသို့ နွားထိုးကြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်အောင်နိုင်နှင့် ရဲတပ်ဖွဲ့ဝင် များ၊ နွားထိုးကြီးမြို့နယ် ငှက်ပျောအိုင်ကျေးရွာ ပရဟိတ လူမှုကူညီရေးအသင်းမှ ဦးအောင်နိုင်ဦးနှင့် အသင်းသား များ၊ ဒေသခံပြည်သူများက ရထားရဲလုံခြုံရေးတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ထိခိုက်ဒဏ်ရာရရှိသည့် ရထားစက်ခေါင်းမောင်းနှင်သူ ဦးအောင်နိုင်အား ဆေးဝါး ကုသရန်အတွက် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ခရီးသည်များ ပျောက်ဆုံးမှု မရှိစေရေး လုံခြုံရေးတာဝန်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိမ်းမှောက်သည့် ရထားပေါ်မှ ခရီးသည်များအား ခရီးကြန့်ကြာမှုမဖြစ်စေရေးအတွက် မြန်မာ့မီးရထားမှ ပုဂံ - မန္တလေး ပြေးဆွဲသည့် အမှတ်(၁၁၉ - အဆန်) အမြန် ရထားဖြင့် ပုဂံဘူတာသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။

ရဲဝင်းနိုင်
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မႏၲေလး - ပုဂံ အျမန္ရထား ႏြားထိုးႀကီးၿမိဳ႕နယ္၌ လမ္းေခ်ာ္တိမ္းေမွာက္၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ မႏၲေလး - ပုဂံ အျမန္ရထား ႏြားထိုးႀကီးၿမိဳ႕နယ္၌ လမ္းေခ်ာ္တိမ္းေမွာက္၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.