ရခုိင္စစ္ေရွာင္တို႔ကို ေက်ာင္းသားသမဂၢ တုိက္ရိုက္လွဴခြင့္မရ

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြကို ကူညီဖို႔သြားတဲ့ ပခုကၠဴ ေက်ာင္းသားမဂၢအဖြဲ႔ကို ေတြ႔ရစဥ္
Zawgyi
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြကို လွဴဒါန္းဖို႔သြားတဲ့ ပခုကၠဴေက်ာင္းသားမဂၢ အဖြဲ႔ဟာ ဒုတိယအႀကိမ္ တားျမစ္ခံေနရၿပီး စစ္ေဘးေရွာင္ေတြကို တုိက္ရိုက္လွဴဒါန္းခြင့္မရခဲ့ဘူးလုိ႔ ပခုကၠဴေက်ာင္းသားမဂၢအဖြဲ႔ အတြင္းေရးမွဴး ကိုမ်ိဳးသူေအာင္က RFA ကို ေျပာပါတယ္။

ပခုကၠဴကေန ေအာက္တိုဘာ ၁၇ ရက္ေန႔က ထြက္ခြာလာတဲ့ ပခုကၠဴ ေက်ာင္းသားမဂၢအဖြဲ႔ဟာ အမ္းၿမိဳ႕အ၀င္ဂိတ္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက တားျမစ္ခံခဲ့ရၿပီးေနာက္ ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ဦးစံေက်ာ္လွ ေထာက္ခံခ်က္နဲ႔ မေန႔က ေန႔လယ္ပိုင္းမွာ ဆက္လက္ထြက္ခြာႏုိင္ခဲ့ေပမယ့္ ညဘက္မွာေတာ့ ထပ္ၿပီးတားျမစ္ခံရတာျဖစ္ပါတယ္။

လႊတ္ေတာ္ ဥကၠ႒က မင္းျပားၿမိဳ႕ေပၚအထိပဲ အကူအညီေပးႏုိင္တာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြထံသုိ႔ သြားေရာက္ခြင့္ မရတာလုိ႔ သိရပါတယ္။

မင္းျပားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးက လုံျခံဳေရးအရဆုိျပီး မေန႔ည ၇ နာရီက မင္းျပားၿမိဳ႕ထဲမွာ တားျမစ္ခဲ့တာျဖစ္ပါတယ္။

စစ္ေဘးေရွာင္ေတြအတြက္ လွဴဒါန္းမယ့္ပစၥည္းေတြကို အစိုးရက ဖဲြ႔စည္းထားတဲ့ အကူအညီေပးေရးအဖဲြ႔ထံကိုသာ အပ္ႏွံခဲ့ဖုိ႔ အုပ္ခ်ဳပ္ေရးမွဴးက ေျပာတယ္လို႔ ပခုကၠဴ ေက်ာင္းသားမဂၢအဖြဲ႔ အတြင္းေရးမွဴး ကိုမ်ဳိးသူေအာင္က ေျပာပါတယ္။

"တပ္မေတာ္ကေစာင့္တဲ့ဂိတ္ေတြရဲ႕ ဟုိဘက္ကုိ ေက်ာ္မသြားဘူးဆုိေတာ့ ကၽြန္ေတာ္တုိ႔က ဒီတပ္မေတာ္ ကေစာင့္တဲ့ ဂိတ္ေတြရဲ႕ဟုိဘက္က အေျခအေနကုိ ကၽြန္ေတာ္တုိ႔ လုံး၀ၾကည့္လုိ႔မရဘူး။ အဲဘက္မွာရွိေန တဲ့ျပည္သူေတြ ဘယ္လုိခံစားေနရလဲဆုိတာ မသိရဘူး။ ရခုိင္ျပည္ေဒသဟာ လူ႔အခြင့္အေရး လုံး၀ကင္းမ့ဲဇုန္လုိ႔ ေျပာလုိ႔ရတဲ့ အေျခအေနေရာက္သြားျပီ။ ဒီရြာမွာဆုိရင္ ျဖတ္ေလးျဖတ္နဲ႔ ျဖတ္ထားတယ္။ လမ္းပန္းဆက္ သြယ္ေရးျဖတ္တယ္။ အင္တာနက္လည္း ျဖတ္ထားတယ္။ က်န္းမာေရးေတာင္မွ ရုိးရာနည္းေတြနဲ႔ ကုသေနရတဲ့ အေျခအေနမွာရွိတယ္"

ဒီအဖဲြ႔ဟာ ျပည္နယ္အစိုးရအဖဲြ႔ရဲ႕ တရား၀င္ခြင့္ျပဳခ်က္လည္း မရထားဘူးလို႔ ဆုိပါတယ္။

ေက်ာင္းသားေတြကေတာ့ မင္းျပားျမဳိ႕ရဲ႕ အေရွ႕ေျမာက္ဘက္ျခမ္းက စစ္ေဘးသင့္ရြာေတြျဖစ္တဲ့ မင္းဖူးအုပ္စုနဲ႔ ဖုံသာအုပ္စုမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြကို ဆန္၊ ဆီ စားနပ္ရိကၡာနဲ႔ အဝတ္အထည္ေတြ ကုိယ္တုိင္သြားေရာက္ လွဴဒါန္းလုိတာျဖစ္ပါတယ္။

    ဒီရြာမွာဆုိရင္ ျဖတ္ေလးျဖတ္နဲ႔ ျဖတ္ထားတယ္

ျပည္နယ္အစုိးရက ခြင့္မျပဳလုိ႔ သြားခြင့္မရတဲ့အတြက္ ရခုိင္ အမ်ဳိးသားပါတီ၊ ခ်င္းေက်ာင္းသားသမဂၢနဲ႔ အစုိးရအဖြဲ႔တုိ႔က တဆင့္သာ လွဴဒါန္းရမွာပါ။

ဒီရြာေတြကုိ ေရာက္ဖုိ႔အတြက္ မင္းျပားျမဳိ႕ကေန စက္ေလွနဲ႔ ၁ နာရီေက်ာ္ခန္႔ သြားရမွာျဖစ္ၿပီး တပ္မေတာ္ရွိတဲ့ ရာေမာင္တံတားဂိတ္ကုိျဖတ္ၿပီး သြားရတာပါ။

ဒီရက္ပုိင္းအတြင္း ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္တုိ႔မွာ ျဖစ္ပြားခဲ့တဲ့အတြက္ လုံျခဳံေရးအရ စစ္ေဆးေရး တင္းၾကပ္ထားတာလုိ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးက ေျပာပါတယ္။

"မင္းျပားနဲ႔ ေျမာက္ဦးၾကားက လမ္းေပၚမွာေတာ့ မေအးခ်မ္းဘူးေလ။ ေစတနာနဲ႔ လုံျခဳံေရးေၾကာင့္ တားတာျဖစ္မွာပါ။ အျခားရည္ရြယ္ခ်က္ေတာ့ မရွိပါဘူး"

အဲဒီေဒသမွာရွိတဲ့ ေက်းရြာေပါင္း ၃၀ ေက်ာ္က လူေပါင္း တစ္ေသာင္းေက်ာ္္ခန္႔ကေတာ့ စစ္ေဘးေၾကာင့္ လယ္လုပ္စားလုိ႔ မရေတာ့တဲ့အတြက္ စားနပ္ရိကၡာ အခက္အခဲျဖစ္ေနတယ္၊ လာေရာက္ေထာက္ပံ့သူေတြလည္း ကန္႔သတ္ခံေနရတယ္လို႔ စစ္ေဘးေရွာင္ေတြကို အကူအညီေပးတဲ့လုပ္ငန္း ေဆာင္ရြက္တဲ့ ကုိအမ္းသားႀကီးက ေျပာပါတယ္။

"အစုိးရကေထာက္ပံ့တာေတာ့ မေတြ႔ပါဘူး။ ေထာက္ပံ့မယ္လုိ႔ ေျပာတာေတြလည္း မေတြ႔ဘူး။ ျပည္သူေတြက ေထာက္ပံ့ဖုိ႔သြားရင္လည္း အစုိးရက တားတာရွိပါတယ္။ ျပည္သူေတြကုိ သြားမယ္ဆုိရင္ မသြားနဲ႔ဆုိၿပီး လုံျခဳံေရးအေၾကာင္းျပ၊ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ျပည္သူေတြကုိ တားဆီးပိတ္ပင္တာေတြ ရွိပါတယ္"

စစ္ေရွာင္ေတြအတြက္ လုိအပ္ေနတဲ့ ရိကၡာေတြအတြက္ အရပ္ဖက္အဖဲြ႔အစည္းေတြ အလွဴရွင္ေတြက ကူညီျဖည့္ဆည္းေပးရာမွာ အစုိးရရဲ႕ခြင့္ျပဳခ်က္နဲ႔သာ အကူအညီေပးရမယ္ဆုိျပီး ျပီးခဲ့တဲ့ ဧျပီလ ပထမပတ္က ညႊန္ၾကားခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့တာပါ။ ေနရပ္စြန္႔ခြာထြက္ေျပးေနရသူေတြဟာ စားနပ္ရိကၡာ လိုအပ္ေနၿပီး အစိုးရက လက္ေတြ႔မွာ ကူညီတာ နည္းပါးေနေသးသလုိ အရပ္ဖက္က အကူအညီေတြ တားဆီးခံရတဲ့ အေျခအေနလည္း ရွိေနပါတယ္။

တုိက္ပြဲစျဖစ္ခ်ိန္ကာလကတည္းက ဒီေန႔အခ်ိန္အထိ ႏုိင္ငံေတာ္က သတ္မွတ္ေပးထားတဲ့ ႏႈန္းအရ ေထာက္ပ့ံကူညီ တာေတြ လုပ္ေနေပမယ့္ လမ္းပန္းဆက္သြယ္မႈ အခက္အခဲနဲ႕ လုံျခဳံေရး ခြင့္မျပဳတဲ့ေနရာေတြကုိေတာ့ အကူအညီ မေရာက္ႏုိင္ဘူးလုိ႔ ရခုိင္ျပည္နယ္ သဘာ၀ေဘးအႏၱရာယ္ စီမံခန္႔ခြဲေရး ဦးစီးဌာန ဦးစီးအရာရွိ ဦးရဲမင္းဦးက ေျပာပါတယ္။

"မင္းျပားဆုိရင္ ေျမာက္ဦးခရိုင္အထဲမွာ ပါတယ္ေလ။ ေျမာက္ဦးခရုိင္က ေဆာင္ရြက္ရမယ့္အလုပ္ေပါ့။ ေျမာက္ဦးခရုိင္ ဦးစီးမွဴးရုံးကေနၿပီး မင္းျပား၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ေျမပုံ၊ ကန္းေထာင္းႀကီးအထိ အဲဒီမွာရွိတဲ့ ဒုကၡသည္ေတြကုိ ႏုိင္ငံေတာ္က သတ္မွတ္ေပးထားတဲ့ ႏႈန္းထားအရ ေထာက္ပ့ံကူညီရမယ္ဆုိတဲ့ မူအတုိင္း ေျမာက္ဦးခရုိင္ ဦးစီးမွဴးရုံးကေန ေဆာင္ရြက္ေပးေနတာေတြေတာ့ ရွိပါတယ္"

အစုိးရက စစ္ေဘးေရွာင္တစ္ဦးကုိ က်ပ္ ၉ ေထာင္ႏႈန္းနဲ႔ လစဥ္ေထာက္ပံ့ေပးေနတာလို႔ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တႏွစ္နီးပါးၾကာလာျပီျဖစ္တဲ့ AA နဲ႔ တပ္မေတာ္တုိ႔ၾကား တုိက္ပဲြေၾကာင့္ စစ္ေဘးေရွာင္ သံုးေသာင္းခန္႔ရွိတယ္လို႔ အစိုးရစာရင္းေတြအရ သိရၿပီး၊ ရခိုင္တုိင္းရင္းသား မ်ဳိးႏြယ္စုမ်ား အစည္းအရံုး REC စာရင္းေတြအရကေတာ့ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူ ခုႏွစ္ေသာင္းနီးပါး ရွိေနပါတယ္။

အခုလို အကူအညီေပးေရးအဖဲြ႔ေတြ လြတ္လပ္စြာသြားလာလွဴဒါန္းခြင့္ မရွိတာေၾကာင့္ စစ္ေဘးေရွာင္ေတြဟာ စားနပ္ရိကၡာအခက္အခဲ ပိုမိုၾကံဳေတ႔ြေနရတာလို႔ လူမႈကူညီေရး အဖဲြ႔ေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
Unicode
ရခိုင်စစ်ရှောင်တို့ကို ကျောင်းသားသမဂ္ဂ တိုက်ရိုက်လှူခွင့်မရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီဖို့သွားတဲ့ ပခုက္ကူ ကျောင်းသားမဂ္ဂအဖွဲ့ကို တွေ့ရစဉ်
Photo: San Myat Shwe - facebook

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့သွားတဲ့ ပခုက္ကူကျောင်းသားမဂ္ဂ အဖွဲ့ဟာ ဒုတိယအကြိမ် တားမြစ်ခံနေရပြီး စစ်ဘေးရှောင်တွေကို တိုက်ရိုက်လှူဒါန်းခွင့်မရခဲ့ဘူးလို့ ပခုက္ကူကျောင်းသားမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုမျိုးသူအောင်က RFA ကို ပြောပါတယ်။

ပခုက္ကူကနေ အောက်တိုဘာ ၁၇ ရက်နေ့က ထွက်ခွာလာတဲ့ ပခုက္ကူ ကျောင်းသားမဂ္ဂအဖွဲ့ဟာ အမ်းမြို့အဝင်ဂိတ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တားမြစ်ခံခဲ့ရပြီးနောက် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ထောက်ခံချက်နဲ့ မနေ့က နေ့လယ်ပိုင်းမှာ ဆက်လက်ထွက်ခွာနိုင်ခဲ့ပေမယ့် ညဘက်မှာတော့ ထပ်ပြီးတားမြစ်ခံရတာဖြစ်ပါတယ်။

လွှတ်တော် ဥက္ကဋ္ဌက မင်းပြားမြို့ပေါ်အထိပဲ အကူအညီပေးနိုင်တာကြောင့် စစ်ဘေးဒုက္ခသည်တွေထံသို့ သွားရောက်ခွင့် မရတာလို့ သိရပါတယ်။

မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက လုံခြုံရေးအရဆိုပြီး မနေ့ည ၇ နာရီက မင်းပြားမြို့ထဲမှာ တားမြစ်ခဲ့တာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေအတွက် လှူဒါန်းမယ့်ပစ္စည်းတွေကို အစိုးရက ဖွဲ့စည်းထားတဲ့ အကူအညီပေးရေးအဖွဲ့ထံကိုသာ အပ်နှံခဲ့ဖို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ ပခုက္ကူ ကျောင်းသားမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုမျိုးသူအောင်က ပြောပါတယ်။

"တပ်မတော်ကစောင့်တဲ့ဂိတ်တွေရဲ့ ဟိုဘက်ကို ကျော်မသွားဘူးဆိုတော့ ကျွန်တော်တို့က ဒီတပ်မတော် ကစောင့်တဲ့ ဂိတ်တွေရဲ့ဟိုဘက်က အခြေအနေကို ကျွန်တော်တို့ လုံးဝကြည့်လို့မရဘူး။ အဲဘက်မှာရှိနေ တဲ့ပြည်သူတွေ ဘယ်လိုခံစားနေရလဲဆိုတာ မသိရဘူး။ ရခိုင်ပြည်ဒေသဟာ လူ့အခွင့်အရေး လုံးဝကင်းမဲ့ဇုန်လို့ ပြောလို့ရတဲ့ အခြေအနေရောက်သွားပြီ။ ဒီရွာမှာဆိုရင် ဖြတ်လေးဖြတ်နဲ့ ဖြတ်ထားတယ်။ လမ်းပန်းဆက် သွယ်ရေးဖြတ်တယ်။ အင်တာနက်လည်း ဖြတ်ထားတယ်။ ကျန်းမာရေးတောင်မှ ရိုးရာနည်းတွေနဲ့ ကုသနေရတဲ့ အခြေအနေမှာရှိတယ်"

ဒီအဖွဲ့ဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်လည်း မရထားဘူးလို့ ဆိုပါတယ်။

ကျောင်းသားတွေကတော့ မင်းပြားမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းက စစ်ဘေးသင့်ရွာတွေဖြစ်တဲ့ မင်းဖူးအုပ်စုနဲ့ ဖုံသာအုပ်စုမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆန်၊ ဆီ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ ကိုယ်တိုင်သွားရောက် လှူဒါန်းလိုတာဖြစ်ပါတယ်။

    ဒီရွာမှာဆိုရင် ဖြတ်လေးဖြတ်နဲ့ ဖြတ်ထားတယ်

ပြည်နယ်အစိုးရက ခွင့်မပြုလို့ သွားခွင့်မရတဲ့အတွက် ရခိုင် အမျိုးသားပါတီ၊ ချင်းကျောင်းသားသမဂ္ဂနဲ့ အစိုးရအဖွဲ့တို့က တဆင့်သာ လှူဒါန်းရမှာပါ။

ဒီရွာတွေကို ရောက်ဖို့အတွက် မင်းပြားမြို့ကနေ စက်လှေနဲ့ ၁ နာရီကျော်ခန့် သွားရမှာဖြစ်ပြီး တပ်မတော်ရှိတဲ့ ရာမောင်တံတားဂိတ်ကိုဖြတ်ပြီး သွားရတာပါ။

ဒီရက်ပိုင်းအတွင်း မြောက်ဦးနဲ့ ကျောက်တော်တို့မှာ ဖြစ်ပွားခဲ့တဲ့အတွက် လုံခြုံရေးအရ စစ်ဆေးရေး တင်းကြပ်ထားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"မင်းပြားနဲ့ မြောက်ဦးကြားက လမ်းပေါ်မှာတော့ မအေးချမ်းဘူးလေ။ စေတနာနဲ့ လုံခြုံရေးကြောင့် တားတာဖြစ်မှာပါ။ အခြားရည်ရွယ်ချက်တော့ မရှိပါဘူး"

အဲဒီဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၃၀ ကျော်က လူပေါင်း တစ်သောင်းကျော်ခန့်ကတော့ စစ်ဘေးကြောင့် လယ်လုပ်စားလို့ မရတော့တဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်၊ လာရောက်ထောက်ပံ့သူတွေလည်း ကန့်သတ်ခံနေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးတဲ့လုပ်ငန်း ဆောင်ရွက်တဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။

"အစိုးရကထောက်ပံ့တာတော့ မတွေ့ပါဘူး။ ထောက်ပံ့မယ်လို့ ပြောတာတွေလည်း မတွေ့ဘူး။ ပြည်သူတွေက ထောက်ပံ့ဖို့သွားရင်လည်း အစိုးရက တားတာရှိပါတယ်။ ပြည်သူတွေကို သွားမယ်ဆိုရင် မသွားနဲ့ဆိုပြီး လုံခြုံရေးအကြောင်းပြ၊ အကြောင်းအမျိုးမျိုးနဲ့ ပြည်သူတွေကို တားဆီးပိတ်ပင်တာတွေ ရှိပါတယ်"

စစ်ရှောင်တွေအတွက် လိုအပ်နေတဲ့ ရိက္ခာတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေ အလှူရှင်တွေက ကူညီဖြည့်ဆည်းပေးရာမှာ အစိုးရရဲ့ခွင့်ပြုချက်နဲ့သာ အကူအညီပေးရမယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ စားနပ်ရိက္ခာ လိုအပ်နေပြီး အစိုးရက လက်တွေ့မှာ ကူညီတာ နည်းပါးနေသေးသလို အရပ်ဖက်က အကူအညီတွေ တားဆီးခံရတဲ့ အခြေအနေလည်း ရှိနေပါတယ်။

တိုက်ပွဲစဖြစ်ချိန်ကာလကတည်းက ဒီနေ့အချိန်အထိ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ နှုန်းအရ ထောက်ပံ့ကူညီ တာတွေ လုပ်နေပေမယ့် လမ်းပန်းဆက်သွယ်မှု အခက်အခဲနဲ့ လုံခြုံရေး ခွင့်မပြုတဲ့နေရာတွေကိုတော့ အကူအညီ မရောက်နိုင်ဘူးလို့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။

"မင်းပြားဆိုရင် မြောက်ဦးခရိုင်အထဲမှာ ပါတယ်လေ။ မြောက်ဦးခရိုင်က ဆောင်ရွက်ရမယ့်အလုပ်ပေါ့။ မြောက်ဦးခရိုင် ဦးစီးမှူးရုံးကနေပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ကန်းထောင်းကြီးအထိ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေကို နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ နှုန်းထားအရ ထောက်ပံ့ကူညီရမယ်ဆိုတဲ့ မူအတိုင်း မြောက်ဦးခရိုင် ဦးစီးမှူးရုံးကနေ ဆောင်ရွက်ပေးနေတာတွေတော့ ရှိပါတယ်"

အစိုးရက စစ်ဘေးရှောင်တစ်ဦးကို ကျပ် ၉ ထောင်နှုန်းနဲ့ လစဉ်ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တနှစ်နီးပါးကြာလာပြီဖြစ်တဲ့ AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင် သုံးသောင်းခန့်ရှိတယ်လို့ အစိုးရစာရင်းတွေအရ သိရပြီး၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC စာရင်းတွေအရကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ခုနှစ်သောင်းနီးပါး ရှိနေပါတယ်။

အခုလို အကူအညီပေးရေးအဖွဲ့တွေ လွတ်လပ်စွာသွားလာလှူဒါန်းခွင့် မရှိတာကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအခက်အခဲ ပိုမိုကြုံတေ့ွနေရတာလို့ လူမှုကူညီရေး အဖွဲ့တွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ရခုိင္စစ္ေရွာင္တို႔ကို ေက်ာင္းသားသမဂၢ တုိက္ရိုက္လွဴခြင့္မရ ရခုိင္စစ္ေရွာင္တို႔ကို ေက်ာင္းသားသမဂၢ တုိက္ရိုက္လွဴခြင့္မရ Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.