မြိတ်တွင်ညီအစ်ကိုချင်းရန်ဖြစ်ရာ အစ်ကိုဖြစ်သူသေဆုံး


မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပါရမီ(၂)ရပ်တွင် စက်တင်ဘာလ ၁၈ရက်နေ့က ညီအစ်ကိုချင်းရန်ဖြစ်ရာ အစ်ကိုဖြစ်သူသေဆုံးသွားကြောင်းသိရပါတယ်။


ပါရမီ(၂)ရပ်၊ ဂန္ဓာမာ ၁ လမ်းတွင်နေထိုင်တဲ့ မြတ်ထွန်း (၂၅)နှစ်၊ က အရက်သေစာသောက်စားပြီး ညီဖြစ်သူ လပြည့် (၂၃)နှစ်၊အား ပုဆိန်ဖြင့် လိုက်လံခုတ်ရာမှ သံပိုက်ဖြင့် ပြန်လည်ခုခံရာ အစ်ကိုဖြစ်သူရဲ့ ဦးခေါင်းတွင် ပေါက်ပြဲဒါဏ်ရာရရှိပြီးချမ်းမြေ့ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့် မြိတ်ဆေးရုံကြီးသို့တင်ပို့ပေမယ့် စက်တင်ဘာလ ၁၉ ရက် ၊နံနက် ၉ နာရီခွဲခန့်တွင် အစ်ကိုဖြစ်သူမြတ်ထွန်းမှာ ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသိရပါတယ်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး လပြည့် ၂၃ နှစ်အား မြိတ်မြို့မရဲစခန်းမှ အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/
မြိတ်တွင်ညီအစ်ကိုချင်းရန်ဖြစ်ရာ အစ်ကိုဖြစ်သူသေဆုံး မြိတ်တွင်ညီအစ်ကိုချင်းရန်ဖြစ်ရာ အစ်ကိုဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.