ကန္သမၼတနဲ႔ ႏိုင္ငံျခားေခါင္းေဆာင္ တဦးအၾကားဆက္သြယ္မႈ ေအာက္လႊတ္ေတာ္ စစ္ေဆးမည္


အေမရိကန္သမၼတ Donald Trump နဲ႔ ႏိုင္ငံျခားေခါင္းေဆာင္ တေယာက္ၾကား ဆက္သြယ္မႈနဲ႔ ပတ္သက္လို႔ စိုးရိမ္ခဲ့သူတေယာက္က ေထာက္လွမ္းေရးကို အတြင္းသတင္းေပး တိုင္ၾကားခဲ့မႈနဲ႔ ပတ္သက္လို႔ ေထာက္လွမ္းေရး အသိုင္းအဝိုင္းရဲ႕ စစ္ေဆးေရးမွဴးခ်ဳပ္ Michael Atkinson ကို ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီမွာ ဒီကေန႔ တခါးပိတ္ေမးခြန္းထုတ္ဖုိ႔ ႐ွိေနပါတယ္။

သမၼတ Trump နဲ႔ ႏိုင္ငံျခားေခါင္းေဆာင္တေယာက္ၾကား ဆက္သြယ္ခဲ့မႈအတြင္း ကတိကဝတ္ေတြ ျပဳခဲ့ၾကတာဟာ စိုးရိမ္စရာျဖစ္တယ္လို႔ထင္ျမင္တဲ့ ေထာက္လွမ္းေရး တာဝန္႐ွိသူတေယာက္က ေထာက္လွမ္းေရး အသိုင္းအဝန္းကို တုိင္ၾကားခဲ့ေၾကာင္း Washington Post သတင္းစာႀကီးထဲမွာ ေဖာ္ျပခဲ့ၿပီးေနာက္မွာ ခုလို ေထာက္လွမ္းေရး စစ္ေဆးေရးမွဴးခ်ဳပ္ကို လႊတ္ေတာ္က ေခၚယူစစ္ေဆးမွာ ျဖစ္ပါတယ္။

သမၼတနဲ႔ ပတ္သက္လို႔ တိုင္ၾကားမႈက ဘယ္ေခါင္းေဆာင္နဲ႔ ဆက္သြယ္ခဲ့မႈနဲ႔ ဆိုင္သလဲ၊ ဘယ္လို ကတိကဝတ္မ်ဳိးေတြ ေပးခဲ့သလဲဆိုတဲ့ အေသးစိတ္ေတာ့ Washington Post သတင္းထဲမွာ ေျပာမထားပါဘူး။

အတြင္းသတင္းေပးတိုင္ၾကားခဲ့မႈဟာ ယံုၾကည္ စိတ္ခ်ရတယ္၊ အေရးတႀကီး ကိုင္တြင္ဖုိ႔ လိုအပ္တယ္လို႔ စစ္ေဆးေရးမွဴးခ်ဳပ္ Atkinson က ဆံုးျဖတ္ခဲ့တဲ့အတြက္ သိ႐ွိထားခ်က္ေတြကို ဥပေဒအရ လႊတ္ေတာ္ကို အစီရင္ခံဖုိ႔လိုအပ္တယ္လို႔ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္မတီဥကၠ႒ အမတ္ Adam Schiff ကေျပာၾကားပါတယ္။

အမ်ဳိးသားေထာက္လွမ္းေရးဌာန ယာယီၫႊန္ၾကားေရးမွဴး Joseph Maguire ကေတာ့ အေသးစိတ္တိုင္ၾကားခ်က္ေတြကို လႊတ္ေတာ္အမတ္ေတြကို အသိေပးဖုိ႔ ျငင္းဆန္ထားပါတယ္။

[Unicode Version]

အမေရိကန်သမ္မတ Donald Trump နဲ့ နိုင်ငံခြားခေါင်းဆောင် တယောက်ကြား ဆက်သွယ်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ခဲ့သူတယောက်က ထောက်လှမ်းရေးကို အတွင်းသတင်းပေး တိုင်ကြားခဲ့မှုနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ စစ်ဆေးရေးမှူးချုပ် Michael Atkinson ကို အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ ဒီကနေ့ တခါးပိတ်မေးခွန်းထုတ်ဖို့ ရှိနေပါတယ်။

သမ္မတ Trump နဲ့ နိုင်ငံခြားခေါင်းဆောင်တယောက်ကြား ဆက်သွယ်ခဲ့မှုအတွင်း ကတိကဝတ်တွေ ပြုခဲ့ကြတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ထင်မြင်တဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတယောက်က ထောက်လှမ်းရေး အသိုင်းအဝန်းကို တိုင်ကြားခဲ့ကြောင်း Washington Post သတင်းစာကြီးထဲမှာ ဖော်ပြခဲ့ပြီးနောက်မှာ ခုလို ထောက်လှမ်းရေး စစ်ဆေးရေးမှူးချုပ်ကို လွှတ်တော်က ခေါ်ယူစစ်ဆေးမှာ ဖြစ်ပါတယ်။

သမ္မတနဲ့ ပတ်သက်လို့ တိုင်ကြားမှုက ဘယ်ခေါင်းဆောင်နဲ့ ဆက်သွယ်ခဲ့မှုနဲ့ ဆိုင်သလဲ၊ ဘယ်လို ကတိကဝတ်မျိုးတွေ ပေးခဲ့သလဲဆိုတဲ့ အသေးစိတ်တော့ Washington Post သတင်းထဲမှာ ပြောမထားပါဘူး။

အတွင်းသတင်းပေးတိုင်ကြားခဲ့မှုဟာ ယုံကြည် စိတ်ချရတယ်၊ အရေးတကြီး ကိုင်တွင်ဖို့ လိုအပ်တယ်လို့ စစ်ဆေးရေးမှူးချုပ် Atkinson က ဆုံးဖြတ်ခဲ့တဲ့အတွက် သိရှိထားချက်တွေကို ဥပဒေအရ လွှတ်တော်ကို အစီရင်ခံဖို့လိုအပ်တယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ အမတ် Adam Schiff ကပြောကြားပါတယ်။

အမျိုးသားထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှူး Joseph Maguire ကတော့ အသေးစိတ်တိုင်ကြားချက်တွေကို လွှတ်တော်အမတ်တွေကို အသိပေးဖို့ ငြင်းဆန်ထားပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကန္သမၼတနဲ႔ ႏိုင္ငံျခားေခါင္းေဆာင္ တဦးအၾကားဆက္သြယ္မႈ ေအာက္လႊတ္ေတာ္ စစ္ေဆးမည္ ကန္သမၼတနဲ႔ ႏိုင္ငံျခားေခါင္းေဆာင္ တဦးအၾကားဆက္သြယ္မႈ ေအာက္လႊတ္ေတာ္ စစ္ေဆးမည္ Reviewed by THITHTOOLWIN on 03:00 Rating: 5
Powered by Blogger.