အင်ဒိုနီးရှား တောမီးလောင်မှု သံယသရှိသူ ၂၃၀ ကို ဖမ်းဆီး

Photo: Wahyudi / AFP
 အင်ဒိုနီးရှားက တောမီးလောင်ကျွမ်းမှုတွေနဲ့ ပတ်သက်ပြီး မီးစတင်ရှို့ခဲ့သူတွေလို့ သံယသရှိသူ ၂၃၀ ကို ဖမ်းဆီခဲ့ပြီးဖြစ်ကြောင်း အင်ဒိုနီးရှားရဲက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက သုံးဦးဟာ တောဆင်ရိုင်း ၄၀ ကျော် ကျက်စားတဲ့ Tesso Nilo သဘာဝဥယျာဉ်တောမှာ သီးနှံစိုက်ဖို့ မြေရှင်းနေစဉ် ဖမ်းဆီးခံရတာလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်ရတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံတဝှမ်း မီးလောင်နေရာ ၂၈၀၀ နီးပါးကို သဘာဝဘေးဒဏ်လျော့ပါးရေးအေဂျင်စီရဲ့ ဂြိုဟ်တုတွေက ပြီးခဲ့တဲ့ကြာသာပတေးနေ့က တွေ့ရှိခဲ့ပါတယ်။ အဲဒီမှတ်တမ်းတွေက မီးလောင်ပြင် ၉၉ ရာခိုင်နှုန်းဟာ ရှို့မီးတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံတဝှမ်း ဧက ရှစ်သိန်းကျော် တောမီးလောင်ကျွမ်းခဲ့ပြီး မီးငြိမ်းသတ်ဖို့အတွက် အစိုးရက လူ ၉၀၀၀ ကျော်ချထားခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အင်ဒိုနီးရှား တောမီးလောင်မှု သံယသရှိသူ ၂၃၀ ကို ဖမ်းဆီး အင်ဒိုနီးရှား တောမီးလောင်မှု သံယသရှိသူ ၂၃၀ ကို ဖမ်းဆီး Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.