ျမန္မာအိမ္အကူ ႏွိပ္စက္သူ စကၤာပူစုံတဲြ ေနာက္အမႈနဲ႔ ေထာင္ခ်ခံရ

ျမန္မာအိမ္အကူ ႏွိပ္စက္သူ စကၤာပူစုံတဲြ

စကၤာပူႏိုင္ငံမွာ ျမန္မာအိမ္အကူအမ်ဳိးသမီးကို ႏွိပ္စက္လို႔ ေထာင္က်ေနတဲ့ ဇနီးေမာင္ႏွံကို ေနာက္ထပ္ အင္ဒိုနီး႐ွားအိမ္အကူကို ႏွိပ္စက္မႈနဲ႔ ထပ္ၿပီး ေထာင္ဒဏ္အျပစ္ေပးခံရပါတယ္။

IT မန္ေနဂ်ာ Tay Wee Kiat အေနနဲ႔ အျပစ္ ၂ ခုေပါင္းအတြက္ ေထာင္ဒဏ္ ၆ ႏွစ္နဲ႔ ၁ လက်ခံရမွာျဖစ္သလို သူ႔ရဲ႕ဇနီး အေရာင္းမန္ေနဂ်ာ Chia Yun Ling အေနနဲ႔ ေထာင္ဒဏ္ ၄ ႏွစ္နဲ႔ ၁ လ စုစုေပါင္း က်ခံရေတာ့မွာျဖစ္ပါတယ္။ အိမ္အကူ ၂ ေယာက္လံုးကို ေပးရမယ့္ ေလွ်ာ္ေၾကးေငြ စကၤာပူေဒၚလာ ၁ ေသာင္း ၈ ေထာင္ေလာက္ကို မေပးတဲ့အတြက္ တရား႐ံုးက ေထာင္ဒဏ္ထဲမွာ ထည့္ေပါင္းခဲ့ပါတယ္။

ျမန္မာအိမ္အကူ အသက္ ၃၁ ႏွစ္အ႐ြယ္ မမိုးမိုးသန္းကုိ ႏွိပ္စက္မႈနဲ႔ ေလာေလာဆယ္ Tay Wee Kiat က ေထာင္ဒဏ္ ၂ ႏွစ္ခဲြ၊ သူ႔ဇနီးက ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ ၁၁ လ က်ေနတာျဖစ္ပါတယ္။ အဲဒီေထာင္ဒဏ္ေတြက်ခံၿပီးမွ အင္ဒိုနီး႐ွားအိမ္အကူ Ms. Fitriyah အမႈအတြက္ ေထာင္ဒဏ္ကို ဆက္က်ခံရမယ္လို႔ ဒီေန႔ တရား႐ံုးက ဆံုးျဖတ္ပါတယ္။ လင္မယား ၂ ေယာက္လံုး ေထာင္ဒဏ္ေတြကို အခုႏွစ္ မတ္လ ၂၇ ရက္ေန႔မွာ စတင္ခဲ့ၾကတာျဖစ္ပါတယ္။

သူတုိ႔အိမ္မွာ အိမ္အကူလုပ္ေနစဥ္က မမိုးမိုးသန္းကို အိမ္႐ွင္အမ်ဳိးသမီး Chia က အန္ဖတ္ကို ျပန္စားခိုင္းတာ၊ ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္တာအပါအဝင္ ႏွိပ္စက္ခဲ့ပါတယ္။ အိမ္႐ွင္အမ်ဳိးသား Tay ကလည္း မမိုးမိုးသန္းနဲ႔ Ms. Fitriyah တို႔ကို အျပန္အလွန္ ႐ိုက္ခိုင္းခဲ့သလို တေန႔ကို အႀကိမ္ ၁၀၀ ျပည့္ေအာင္ ဘုရား႐ွိခိုးခိုင္းခဲ့ပါတယ္။ မမိုးမိုးသန္းက ခရစ္ယာန္ဘာသာဝင္ျဖစ္ၿပီး၊ Ms. Fitriyah က အစၥလာမ္ဘာသာဝင္ ေတြျဖစ္ၾကပါတယ္။ မမိုးမိုးသန္းက သူတို႔အိမ္အကူအျဖစ္ ၂၀၁၁ ဇန္န၀ါရီလ (၇) ရက္ေန႔ကေန ၂၀၁၂ ႏို၀င္ဘာ (၁၂)ရက္ေန႔ထိ လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။ ထိုစဥ္ ၂၀၁၀ ဒီဇင္ဘာလထဲက အလုပ္လုပ္ေနတဲ့ အင္ဒိုနီးရွား အိမ္အကူ Fitriyah ကို အိမ္အလုပ္၀ိုင္းကူဖို႔ မမိုးသန္းကို ငွားရမ္းခဲ့တာျဖစ္ပါတယ္။

..................

{Unicode}

မြန်မာအိမ်အကူ နှိပ်စက်သူ စင်္ကာပူစုံတွဲ နောက်အမှုနဲ့ ထောင်ချခံရ
စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်အကူအမျိုးသမီးကို နှိပ်စက်လို့ ထောင်ကျနေတဲ့ ဇနီးမောင်နှံကို နောက်ထပ် အင်ဒိုနီးရှားအိမ်အကူကို နှိပ်စက်မှုနဲ့ ထပ်ပြီး ထောင်ဒဏ်အပြစ်ပေးခံရပါတယ်။

IT မန်နေဂျာ Tay Wee Kiat အနေနဲ့ အပြစ် ၂ ခုပေါင်းအတွက် ထောင်ဒဏ် ၆ နှစ်နဲ့ ၁ လကျခံရမှာဖြစ်သလို သူ့ရဲ့ဇနီး အရောင်းမန်နေဂျာ Chia Yun Ling အနေနဲ့ ထောင်ဒဏ် ၄ နှစ်နဲ့ ၁ လ စုစုပေါင်း ကျခံရတော့မှာဖြစ်ပါတယ်။ အိမ်အကူ ၂ ယောက်လုံးကို ပေးရမယ့် လျှော်ကြေးငွေ စင်္ကာပူဒေါ်လာ ၁ သောင်း ၈ ထောင်လောက်ကို မပေးတဲ့အတွက် တရားရုံးက ထောင်ဒဏ်ထဲမှာ ထည့်ပေါင်းခဲ့ပါတယ်။

မြန်မာအိမ်အကူ အသက် ၃၁ နှစ်အရွယ် မမိုးမိုးသန်းကို နှိပ်စက်မှုနဲ့ လောလောဆယ် Tay Wee Kiat က ထောင်ဒဏ် ၂ နှစ်ခွဲ၊ သူ့ဇနီးက ထောင်ဒဏ် ၃ နှစ်နဲ့ ၁၁ လ ကျနေတာဖြစ်ပါတယ်။ အဲဒီထောင်ဒဏ်တွေကျခံပြီးမှ အင်ဒိုနီးရှားအိမ်အကူ Ms. Fitriyah အမှုအတွက် ထောင်ဒဏ်ကို ဆက်ကျခံရမယ်လို့ ဒီနေ့ တရားရုံးက ဆုံးဖြတ်ပါတယ်။ လင်မယား ၂ ယောက်လုံး ထောင်ဒဏ်တွေကို အခုနှစ် မတ်လ ၂၇ ရက်နေ့မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့အိမ်မှာ အိမ်အကူလုပ်နေစဉ်က မမိုးမိုးသန်းကို အိမ်ရှင်အမျိုးသမီး Chia က အန်ဖတ်ကို ပြန်စားခိုင်းတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာအပါအဝင် နှိပ်စက်ခဲ့ပါတယ်။ အိမ်ရှင်အမျိုးသား Tay ကလည်း မမိုးမိုးသန်းနဲ့ Ms. Fitriyah တို့ကို အပြန်အလှန် ရိုက်ခိုင်းခဲ့သလို တနေ့ကို အကြိမ် ၁၀၀ ပြည့်အောင် ဘုရားရှိခိုးခိုင်းခဲ့ပါတယ်။ မမိုးမိုးသန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး၊ Ms. Fitriyah က အစ္စလာမ်ဘာသာဝင် တွေဖြစ်ကြပါတယ်။ မမိုးမိုးသန်းက သူတို့အိမ်အကူအဖြစ် ၂၀၁၁ ဇန်နဝါရီလ (၇) ရက်နေ့ကနေ ၂၀၁၂ နိုဝင်ဘာ (၁၂)ရက်နေ့ထိ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ် ၂၀၁၀ ဒီဇင်ဘာလထဲက အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား အိမ်အကူ Fitriyah ကို အိမ်အလုပ်ဝိုင်းကူဖို့ မမိုးသန်းကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာအိမ္အကူ ႏွိပ္စက္သူ စကၤာပူစုံတဲြ ေနာက္အမႈနဲ႔ ေထာင္ခ်ခံရ ျမန္မာအိမ္အကူ ႏွိပ္စက္သူ စကၤာပူစုံတဲြ ေနာက္အမႈနဲ႔ ေထာင္ခ်ခံရ Reviewed by THITHTOOLWIN on 01:47 Rating: 5
Powered by Blogger.