ဒဏ်ကြေးများတာကြောင့် ယာဉ်မောင်းတွေ အိန္ဒိယမှာဆန္ဒပြ

Photo: NARINDER NANU / AFP
 မော်တော်ယာဉ်ဒဏ်ကြေး အဆမတန်ပေးဆောင်ရတာတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်မောင်းတွေ မနေ့က ဆန္ဒပြကြပါတယ်။

အိန္ဒိယအစိုးရက စက်တင်ဘာ ၁ ရက်နေ့က ဥပဒေသစ်ထုတ်ပြန်ပြီး ဒဏ်ကြေး ၁၀ ဆ နီးပါး တိုးကောက်ခံလိုက်တဲ့အတွက် ကိုယ်ပိုင်ဘတ်စကားတွေအပါအဝင် ခရီးသည်တင်ယာဉ်တွေ၊ လန်ချားတွေနဲ့ အငှားမော်တော်ယာဉ်တချို့မထွက်ဘဲ ဆန္ဒပြခဲ့ကြတာပါ။ ဒီလိုဆန္ဒပြတာကြောင့် နယူးဒေလီကို ရထားနဲ့ရောက်လာကြသူတွေ ကားမရှိလို့ ဘူတာမှာ ပိတ်မိနေကြပါတယ်။


အစိုးရက အနိမ့်ဆုံးဒဏ်ကြေးကို ၁.၄ ဒေါ်လာကနေ ၇ ဒေါ်လာ တိုးမြှင့်လိုက်ပြီး လိုင်စင်မပါဘဲ ကားမောင်းသူတွေအတွက် ဒဏ်ငွေက ၁၄ ဒေါ်လာကနေ ၇၀ ဒေါ်လာအထိ တိုးမြှင့်လိုက်တာပါ။

သယ်ယူပို့ဆောင်ရေးဝန်ကြီးကတော့ အိန္ဒိယရဲ့ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့လမ်းတွေနဲ့ ယာဉ်မတော်မဆမှုတွေကို လျော့ချနိုင်ဖို့အတွက် ဒဏ်ကြေးငွေတွေ တိုးမြှင့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ ယာဉ်မတော်တဆမှုတွေကြောင့် နှစ်စဉ် လူ ၁ သိန်းကျော် သေဆုံးရပြီး ငါးသိန်းနီးပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဒဏ်ကြေးများတာကြောင့် ယာဉ်မောင်းတွေ အိန္ဒိယမှာဆန္ဒပြ ဒဏ်ကြေးများတာကြောင့် ယာဉ်မောင်းတွေ အိန္ဒိယမှာဆန္ဒပြ Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.