ရာသီဥတုေဖာက္ျပန္မႈ တားဆီးေရး ကမာၻတ၀န္း ဆႏၵျပလႈပ္ရွား


ကမာၻ႔ရာသီဥတု ေျပာင္းလဲေဖာက္ျပန္မႈကိုတားဆီးႏိုင္ဖုိ႔ တာဝန္႐ွိသူေတြ ကိုင္တြယ္ေဆာင္႐ြက္ၾကဖုိ႔ေတာင္းဆိုတဲ့ ကမာၻတဝန္း ဆႏၵျပပြဲေတြကို ဒီကေန႔ ျပဳလုပ္ေနၾကပါတယ္။ တနလၤာေန႔က်ရင္ New York ၿမိဳ႕မွာ ကုလသမဂၢ႐ံုးခ်ဳပ္မွာ စတင္မယ့္ ရာသီဥတုဆိုင္ရာ ညီလာခံမတိုင္ခင္ ႏုိင္ငံစံုမွာ ဆႏၵျပပြဲေတြကို အခ်ိန္ကိုက္ျပဳလုပ္ေနၾကတာပါ။

သဘာဝပတ္ဝန္းက်င္အေရးအတြက္ အပတ္စဥ္ ေက်ာင္းတရက္ဖ်က္ၿပီး ဆႏၵျပတဲ့ Sweden ႏိုင္ငံက ဆယ္ေက်ာ္သက္ လႈပ္႐ွားသူ Greta Thunberg ကိုေထာက္ခံမႈုျပတဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ဝါ႐ွင္တန္ၿမိဳ႕ေတာ္အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားက ေက်ာင္းသူ ေက်ာင္းသားေတြ ဒီကေန႔ စာသင္ခန္းေတြ မသြားဘဲ ဆႏၵျပၾကဖုိ႔ စီစဥ္ထားၾကပါတယ္။ အေစာပိုင္းကလည္း Australia ႏိုင္ငံတဝန္းက ေက်ာင္းသူ ေက်ာင္းသား ေထာင္ေသာင္းခ်ီ စာသင္ခန္းေတြထဲကေန လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

ေက်ာင္းစာေတြထဲမွာ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ျဖစ္တဲ့ အက်ဳိးဆက္ေတြကို သင္ေနရသလို ဒီ႔အတြက္ ကို္ယ္တုိင္ပါဝင္ေျပာင္းလဲဖုိ႔လိုတယ္ဆိုတာ သေဘာေပါက္တဲ့အတြက္ ဆႏၵျပရတာျဖစ္တယ္လို႔ ဆႏၵျပေက်ာင္းသူ ေက်ာင္းသားေတြက ေျပာၾကပါတယ္။ ေဟာင္ေကာင္၊ India၊ ဖိလစ္ပိုင္၊ ထိုင္း စတဲ့ အာ႐ွႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာလည္း ေက်ာင္းသား လူငယ္ေတြအပါအဝင္ ေထာင္နဲ႔ခ်ီ ေတာင္းဆိုဆႏၵျပၾကပါတယ္။

ထိုင္းသဘာဝပတ္ဝန္းက်င္ဆိုင္ရာ ဝန္ႀကီး႐ံုးေ႐ွ႕မွာ လူငယ္ ၂၀၀ ေလာက္က ေသခ်င္ေယာင္ေဆာင္ လဲေလ်ာင္းၿပီး ရာသီဥတုေဖာက္ျပန္ေနမႈအေပၚ အစိုးရက ကိုင္တြယ္ေဆာင္႐ြက္ဖုိ႔ ေတာင္းဆိုခဲ့ပါတယ္။ အာဖရိကတိုက္ ႏိုင္ငံတခ်ဳိ႕မွာလည္း အလားတူဆႏၵျပေနၾကပါတယ္။ ရာသီဥတုေဖာက္ျပန္ဆိုးက်ဳိးကို ကမာၻ႔ေနရတုိင္းမွာ တန္းတူခံစားေနရတာျဖစ္လို႔ ဆႏၵျပရတာျဖစ္တယ္လို႔ Kenya ႏိုင္ငံ Nairobi ၿမိဳ႕ေတာ္က ဆႏၵျပသူေတြက ေျပာပါတယ္။ ရာသီဥတု ေျပာင္းလဲေဖာက္ျပန္မႈတိုက္ဖ်က္ေရး ေက်ာင္းသားလူငယ္ေတြဦးေဆာင္တဲ့ ဆႏၵျပပြဲေတြကို လက္တင္အေမရိကနဲ႔ ဥေရာပႏိုင္ငံ ေတြမွာလည္း လုပ္ေနပါတယ္။

................

{Unicode}

ရာသီဥတုဖောက်ပြန်မှု တားဆီးရေး ကမ္ဘာတဝန်း ဆန္ဒပြလှုပ်ရှား

ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကိုတားဆီးနိုင်ဖို့ တာဝန်ရှိသူတွေ ကိုင်တွယ်ဆောင်ရွက်ကြဖို့တောင်းဆိုတဲ့ ကမ္ဘာတဝန်း ဆန္ဒပြပွဲတွေကို ဒီကနေ့ ပြုလုပ်နေကြပါတယ်။ တနင်္လာနေ့ကျရင် New York မြို့မှာကုလသမဂ္ဂရုံးချုပ်မှာ စတင်မယ့် ရာသီဥတုဆိုင်ရာ ညီလာခံမတိုင်ခင် နိုင်ငံစုံမှာ ဆန္ဒပြပွဲတွေကို အချိန်ကိုက်ပြုလုပ်နေကြတာပါ။

သဘာဝပတ်ဝန်းကျင်အရေးအတွက် အပတ်စဉ် ကျောင်းတရက်ဖျက်ပြီး ဆန္ဒပြတဲ့ Sweden နိုင်ငံက ဆယ်ကျော်သက် လှုပ်ရှားသူ Greta Thunberg ကိုထောက်ခံမှုုပြတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဝါရှင်တန်မြို့တော်အပါအဝင် မြို့တော်တော်များများက ကျောင်းသူ ကျောင်းသားတွေ ဒီကနေ့ စာသင်ခန်းတွေ မသွားဘဲ ဆန္ဒပြကြဖို့ စီစဉ်ထားကြပါတယ်။ အစောပိုင်းကလည်း Australia နိုင်ငံတဝန်းက ကျောင်းသူ ကျောင်းသား ထောင်သောင်းချီ စာသင်ခန်းတွေထဲကနေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းစာတွေထဲမှာ ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကို သင်နေရသလို ဒီ့အတွက် ကိုယ်တိုင်ပါဝင်ပြောင်းလဲဖို့လိုတယ်ဆိုတာ သဘောပေါက်တဲ့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြကျောင်းသူ ကျောင်းသားတွေက ပြောကြပါတယ်။ ဟောင်ကောင်၊ India၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့ အာရှနိုင်ငံ တော်တော်များများမှာလည်း ကျောင်းသား လူငယ်တွေအပါအဝင် ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြကြပါတယ်။

ထိုင်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးရုံးရှေ့မှာ လူငယ် ၂၀၀ လောက်က သေချင်ယောင်ဆောင် လဲလျောင်းပြီး ရာသီဥတုဖောက်ပြန်နေမှုအပေါ် အစိုးရက ကိုင်တွယ်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ အာဖရိကတိုက် နိုင်ငံတချို့မှာလည်း အလားတူဆန္ဒပြနေကြပါတယ်။ ရာသီဥတုဖောက်ပြန်ဆိုးကျိုးကို ကမ္ဘာ့နေရတိုင်းမှာ တန်းတူခံစားနေရတာဖြစ်လို့ ဆန္ဒပြရတာဖြစ်တယ်လို့ Kenya နိုင်ငံ Nairobi မြို့တော်က ဆန္ဒပြသူတွေက ပြောပါတယ်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတိုက်ဖျက်ရေး ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို လက်တင်အမေရိကနဲ့ ဥရောပနိုင်ငံ တွေမှာလည်း လုပ်နေပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရာသီဥတုေဖာက္ျပန္မႈ တားဆီးေရး ကမာၻတ၀န္း ဆႏၵျပလႈပ္ရွား ရာသီဥတုေဖာက္ျပန္မႈ တားဆီးေရး ကမာၻတ၀န္း ဆႏၵျပလႈပ္ရွား Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.