စစ္မီးၿငိမ္းေရး လက္ေတြ႔ေဖာ္ေဆာင္ေပးဖို႔ တိုင္းရင္းလူငယ္မ်ား ေတာင္းဆို

(ဓာတ္ပုံ - ဥေရာပလႊတ္ေတာ္သုေတသနဌာန)
ျမန္မာႏိုင္ငံမွာ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏိုင္ဖို႔ဆိုရင္ ခိုင္မာတဲ့ယံုၾကည္မႈ တည္ေဆာက္ၿပီး အျပန္အလွန္ ေလးစားအသိအမွတ္ျပဳမႈနဲ႔အတူ လက္ေတြ႔က်တဲ့ လုပ္ရပ္ေတြနဲ႔ သက္ေသျပဖို႔ လိုတယ္လို႔ ၿငိမ္းခ်မ္းေရးလႈပ္ရွားေနတဲ့ တုိင္းရင္းသားလူငယ္ေတြက ဒီကေန႔က်ေရာက္တဲ့ ႏုိင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔မွာ ေတာင္းဆိုလိုက္ၾကပါတယ္။ အခုလက္ရွိ အေျခအေနမွာ တိုင္းရင္းသား လက္နက္ကိုင္ေတြဘက္ကေရာ စစ္တပ္ဘက္ကပါ အပစ္ရပ္မယ္လို႔ ႏွစ္ဖက္ေၾကညာထားေပမယ့္ စစ္ေရးပဋိပကၡေတြ ဆက္ျပင္းထန္လာေနတဲ့ အေနအထားအေပၚ စိုးရိ္မ္မႈေတြလည္း ပိုျမင့္တက္လာေနတာပါ။ ျမန္မာႏိုင္ငံမွာ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏုိင္ဖို႔ ၿငိမ္းခ်မ္းေရးလႈပ္ရွားသူ တုိင္းရင္းသားလူငယ္ေတြရဲ႕ သေဘာထားအျမင္အမ်ိဳးမ်ိဳးကို မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ဒီကေန႔ စေနေန႔ စက္တင္ဘာလ ၂၁ ရက္ေန႔မွာ က်ေရာက္တဲ့ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္အျဖစ္ ကမာၻတဝွမ္း က်င္းပေနခ်ိန္ ျမန္မာႏုိင္ငံမွာလည္း KNU ကရင္အမ်ိဳးသားအစည္းအ႐ံုးလုိ တိုင္းရင္းသားအဖြဲ႔အစည္းေတြဘက္က ထုတ္ျပန္ ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္သလို ၿငိမ္းခ်မ္္းေရး လုိလားသူေတြဘက္ကလည္း ၿငိမ္းခ်မ္းေရးစကားဝိုင္းေတြ၊ ေဆြးေႏြးပြဲေတြ က်င္းပေနၾကပါတယ္။

ျမန္မာႏိုင္ငံတဝွမ္းလံုးမွာ မွီတင္းေနထိုင္ၾကတဲ့ တုိင္းရင္းသားျပည္သူအေပါင္း လိုလားေတာင့္တေနတဲ့ ၿငိမ္းခ်မ္းေရး အျမန္ဆံုး ရရွိခံစားႏိုင္ပါေစေၾကာင္းနဲ႔ ႏိုင္ငံသားေတြအတြက္ ေဘးကင္းလံုၿခံဳတဲ့ႏိုင္ငံ တည္ေဆာက္ႏိုင္ဖို႔ ဆုေတာင္းပါတယ္လို႔ တအာင္းေက်ာင္းသားလူငယ္ေတြက ဒီကေန႔က်ေရာက္တဲ့ ႏုိင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔မွာ သေဘာထား ထုတ္ျပန္သြားပါတယ္။

တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ျပည္သူလူထု ထိခိုက္ဒဏ္ရာရမႈနဲ႔ အရပ္သားေသဆံုးမႈေတြအေပၚ ႐ႈတ္ခ်ေၾကာင္းနဲ႔ ထာဝရၿငိမ္းခ်မ္းေရးရဖို႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါဝင္တဲ့ ေခါင္းေဆာင္ေတြအားလံုး လက္နက္နဲ႔မေျဖရွင္းဘဲ ႏုိင္ငံေရးနဲ႔ပဲ ေတြ႔ဆံုေဆြးေႏြးၾကဖို႔ သူတို႔က ေတာင္းဆုိပါတယ္။ တအာင္းေက်ာင္းသားနဲ႔ လူငယ္မ်ားအဖြဲ႔ TSYU ရဲ႕ ေတာင္းဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး အေထြေထြအတြင္းေရးမွဴး ေလြးလွား႐ိုင္းက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“ဒီေန႔ အဓိက ၿငိမ္းခ်မ္းေရးေန႔ ျဖစ္တယ္ဆုိတဲ့အေၾကာင္း ေရးထားတာရွိတယ္။ အခုလက္ရွိ တုိင္းရင္းသားလက္နက္ကုိင္ေတြေရာ တပ္မေတာ္ဘက္ကလည္း အပစ္အခတ္ရပ္စဲေရးကာလ ဆုိၿပီး ေၾကညာထားတဲ့အေပၚမွာ တဖက္မွာလည္း တုိင္ရင္းသားေဒသမွာ ဒီေန႔အထိ တုိက္ပြဲေတြ ဆက္ျဖစ္ေနေသးတယ္ဆိုတဲ့အေၾကာင္း က်မတို႔ ေဖာ္ျပထားပါတယ္။ အဲဒီမွာလည္း အဓိက ေတာင္းဆုိခ်က္ကေတာ့ အပစ္အခတ္ ရပ္စဲေရးကာလမွာ ခၽြင္းခ်က္မရွိဘဲ တုိက္ပြဲေတြ ရပ္ေပးဖုိ႔ တခုရယ္၊ ၿပီးလုိ႔ရွိရင္ အရပ္သားေတြကုိ ဦးတည္ၿပီးေတာ့ ပစ္ခတ္တဲ့ဟာမ်ဳိးေတြ မလုပ္ဖို႔ က်မတုိ႔ ေတာင္းဆုိထားတာရွိတယ္။ ၿပီးလို႔ရွိရင္ လက္နက္ေတြ ကိုင္ၿပီးမွ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ေနမယ့္အစား လက္နက္မကုိင္ဘဲနဲ႔ တျခားနည္းလမ္းေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကုိ အသုံးခ်ၿပီးေတာ့ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးရဖို႔ ဝုိင္းဝန္းလုပ္ေဆာင္ေပးဖုိ႔ ေတာင္းဆုိထားတာရွိတယ္။ လူငယ္ေတြေရာ၊ အမ်ဳိးသမီးေတြေရာ အကာအကြယ္ေပးဖုိ႔ ေတာင္းဆိုထားတာရွိတယ္။”

ျမန္မာႏိုင္ငံမွာ တုိင္းရင္းေဒသေတြမွာ စစ္မီးေတြၿငိမ္းၿပီး အမွန္တကယ္ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏုိင္ဖို႔ဆိုရင္ အျပန္အလွန္ အသိအမွတ္ျပဳမႈေတြနဲ႔ ခိုင္မာတဲ့ယံုၾကည္မႈ တည္ေဆာက္ႏိုင္ဖို႔က ႐ိုးသားမႈရွိဖို႔ အေရးအႀကီးဆံုးပါပဲလို႔လည္း ဆိုပါတယ္။ ၿငိမ္းခ်မ္းေရးလႈပ္ရွားသူ လူငယ္တဦးျဖစ္တဲ့ ကရင္နီျပည္ ေတာင္သူလယ္သမားသမဂၢရဲ႕ ဥကၠ႒ ခူးသူရယ္က အခုလိုေျပာပါတယ္။

“ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ရင္ တုိင္းရင္းသားေဒသေတြမွာ စစ္ေရးပဋိပကၡျဖစ္ေနတာ ႏွစ္ေပါင္း ၇၀ ေက်ာ္ေနၿပီ။ အဓိက အေျခခံအေၾကာင္းတရားကို ျပန္ရွာၾကည့္လိုက္ရင္ အျပန္အလွန္ အသိအမွတ္ျပဳမႈ အားနည္းလုိ႔ ျဖစ္လာတဲ့ ၿငိမ္းခ်မ္းေရး၊ အျပန္အလွန္ အသိအမွတ္ျပဳမႈ ကင္းမဲ့လုိ႔သာ ၿငိမ္းခ်မ္းေရးက လိုအပ္ေနတာေပါ့။ ဒီေနရာမွာ ၿငိမ္းခ်မ္းေရးက အရမ္းလိုအပ္ေနတယ္ဆုိတာကုိ သူတုိ႔ ႏုိင္ငံေခါင္းေဆာင္ေတြက တုိင္းရင္းသားေတြကုိ အသိအမွတ္ျပဳမယ္။ အျပန္အလွန္ အသိအမွတ္ျပဳၾကၿပီးေတာ့ ေလးစားတန္ဖုိးထားၾကမယ္ဆုိရင္ ၿငိမ္းခ်မ္းေရးဆုိတာ ျဖစ္လာမွာပါ။”

ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔မွာ တကမာၻလံုးမွာ အၾကမ္းမဖက္ၾကဖို႔ အပစ္ရပ္ထားၾကဖို႔ ႀကိဳးစားေနခ်ိန္ ျမန္မာႏုိင္ငံတြင္းမွာေတာ့ တုိက္ပြဲေတြ ျပင္းထန္ေနဆဲ အေနအထားအေပၚ တုိင္းရင္းသားလူငယ္ေတြဘက္ကေတာ့ လက္ေတြ႔က်တဲ့ လုပ္ရပ္ေတြနဲ႔ သက္ေသျပဖို႔လိုတယ္လို႔ ေျပာဆိုလုိက္တာပါ။

တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ တႏုိင္ငံလံုး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ေတြ ထိုးထားသလို အပစ္မရပ္္ရေသးတဲ့ တုိင္းရင္းသား လက္နက္ကိုင္တပ္ေတြနဲ႔ ႏွစ္ဖက္အပစ္ရပ္ပါမယ္ဆိုၿပီး အျပန္အလွန္ ထုတ္ျပန္ေၾကညာခ်က္ေတြ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ျပင္ေနၾကခ်ိန္မွာ တုိင္းရင္းေဒသေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနဆဲ အေနအထားေပၚမွာလည္း ကခ်င္လူငယ္အစည္းအ႐ံုးရဲ႕ ဥကၠ႒ ဆိုင္းႏုပန္က အခုလိုသံုးသပ္ပါတယ္။

“ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့မွ လုပ္ေနၾကတယ္ေပါ့။ ဒါေပမယ့္ တကယ္တမ္း က်မတို႔ ျမန္မာႏုိင္ငံ အေျခအေနကေတာ့ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး မရေသးဘူးေပါ့။ ၿပီးေတာ့ အခု ရခုိင္ဘက္မွာလည္း ဆုိးဆုိးရြားရြား စစ္ပြဲေတြက ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနတဲ့ဟာေတြရွိေနတယ္။ က်မတုိ႔ ကခ်င္မွာလည္း အပစ္အခတ္ရပ္စဲေရး လုပ္ထားၾကတယ္ ဆုိေပမယ့္ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို မတည္ေဆာက္ႏုိင္ေသးဘူးေပါ့။ ၿငိမ္းခ်မ္းေရးမွာ ဘယ္ေလာက္အထိ အင္တုိက္အားတုိက္ ပါဝင္သလဲဆုိတဲ့ဟာ ေမးခြန္းေတာ့ရွိတာေပါ့။ ဘာျဖစ္လို႔လဲဆုိေတာ့ လုပ္ေဆာင္တဲ့အပုိင္းမွာ က်မတုိ႔ဆုိလည္း ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္ေနၾကတယ္။ ဒါေပမယ့္ အစုိးရဘက္ကေန ၿငိမ္းခ်မ္းေရး လႈပ္ရွားမႈတုိင္းမွာ အၿမဲတမ္း တခုမဟုတ္တခု တားျမစ္ပိတ္ပင္တဲ့ဟာေတြ ေတြ႔ေနရတယ္။ ဒီလိုမ်ဳိးေတြပဲ လုပ္ေနမယ္ဆုိရင္ေတာ့ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ရရွိႏုိင္မွာ မဟုတ္ဘူး။ စစ္မွန္တဲ့ ဖက္ဒရယ္ႏုိင္ငံ တည္ေဆာက္ႏုိင္မွာ မဟုတ္ဘူး။ တကယ္တမ္း စစ္မွန္တဲ့ၿငိမ္းခ်မ္းေရး တည္ေဆာက္ဖုိ႔အတြက္ကေတာ့ အစုိးရဘက္ကေန ေျဖေလွ်ာ့ေပးရမယ့္ အပုိင္းေတြ ရွိသလို နားလည္လက္ခံေပးရမယ့္ အပုိင္းေတြလည္း ရွိတယ္လို႔ ျမင္တယ္။”

ဒီကေန႔မွာက်ေရာက္တဲ့ ႏုိင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္အျဖစ္လည္း ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံ႐ံုးဘက္က မိမိတို႔ရဲ႕ လူမႈအသိုက္အဝန္းေတြအတြက္ တေယာက္ခ်င္းစီ ေန႔စဥ္နဲ႔အမွ် ပါဝင္အက်ိဳးျပဳေနတဲ့ နည္းလမ္းေတြနဲ႔ ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးမွာ ပါဝင္သူေတြရဲ႕ စကားဝိုင္းေဆြးေႏြးပြဲ မႏၱေလးမွာ က်င္းပေနတာပါ။ ဒီလို ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးအႀကံဳျပဳေနၾကခ်ိန္မွာပဲ ရခုိင္နဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းဘက္မွာေတာ့ ဒီကေန႔မွာပဲ တုိက္ပြဲေတြက အျပင္းအထန္ ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

---------------------------

(Unicode)

စစ်မီးငြိမ်းရေး လက်တွေ့ဖော်ဆောင်ပေးဖို့ တိုင်းရင်းလူငယ်များ တောင်းဆို

တိုင်းရင်းဒေသတွေမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်ပြီး အပြန်အလှန် လေးစားအသိအမှတ်ပြုမှုနဲ့အတူ လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့ လိုတယ်လို့ ငြိမ်းချမ်းရေးလှုပ်ရှားနေတဲ့ တိုင်းရင်းသားလူငယ်တွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။ အခုလက်ရှိ အခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကရော စစ်တပ်ဘက်ကပါ အပစ်ရပ်မယ်လို့ နှစ်ဖက်ကြေညာထားပေမယ့် စစ်ရေးပဋိပက္ခတွေ ဆက်ပြင်းထန်လာနေတဲ့ အနေအထားအပေါ် စိုးရိမ်မှုတွေလည်း ပိုမြင့်တက်လာနေတာပါ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ငြိမ်းချမ်းရေးလှုပ်ရှားသူ တိုင်းရင်းသားလူငယ်တွေရဲ့ သဘောထားအမြင်အမျိုးမျိုးကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ စနေနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာတဝှမ်း ကျင်းပနေချိန် မြန်မာနိုင်ငံမှာလည်း KNU ကရင်အမျိုးသားအစည်းအရုံးလို တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က ထုတ်ပြန် ကြေညာချက်တွေ အသီးသီး ထုတ်ပြန်သလို ငြိမ်းချမ်းရေး လိုလားသူတွေဘက်ကလည်း ငြိမ်းချမ်းရေးစကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပနေကြပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံးမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်း လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိခံစားနိုင်ပါစေကြောင်းနဲ့ နိုင်ငံသားတွေအတွက် ဘေးကင်းလုံခြုံတဲ့နိုင်ငံ တည်ဆောက်နိုင်ဖို့ ဆုတောင်းပါတယ်လို့ တအာင်းကျောင်းသားလူငယ်တွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ သဘောထား ထုတ်ပြန်သွားပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူလူထု ထိခိုက်ဒဏ်ရာရမှုနဲ့ အရပ်သားသေဆုံးမှုတွေအပေါ် ရှုတ်ချကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့ ခေါင်းဆောင်တွေအားလုံး လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးနဲ့ပဲ တွေ့ဆုံဆွေးနွေးကြဖို့ သူတို့က တောင်းဆိုပါတယ်။ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ TSYU ရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး လွေးလှားရိုင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီနေ့ အဓိက ငြိမ်းချမ်းရေးနေ့ ဖြစ်တယ်ဆိုတဲ့အကြောင်း ရေးထားတာရှိတယ်။ အခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေရော တပ်မတော်ဘက်ကလည်း အပစ်အခတ်ရပ်စဲရေးကာလ ဆိုပြီး ကြေညာထားတဲ့အပေါ်မှာ တဖက်မှာလည်း တိုင်ရင်းသားဒေသမှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်ဆိုတဲ့အကြောင်း ကျမတို့ ဖော်ပြထားပါတယ်။ အဲဒီမှာလည်း အဓိက တောင်းဆိုချက်ကတော့ အပစ်အခတ် ရပ်စဲရေးကာလမှာ ချွင်းချက်မရှိဘဲ တိုက်ပွဲတွေ ရပ်ပေးဖို့ တခုရယ်၊ ပြီးလို့ရှိရင် အရပ်သားတွေကို ဦးတည်ပြီးတော့ ပစ်ခတ်တဲ့ဟာမျိုးတွေ မလုပ်ဖို့ ကျမတို့ တောင်းဆိုထားတာရှိတယ်။ ပြီးလို့ရှိရင် လက်နက်တွေ ကိုင်ပြီးမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေမယ့်အစား လက်နက်မကိုင်ဘဲနဲ့ တခြားနည်းလမ်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အသုံးချပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ လူငယ်တွေရော၊ အမျိုးသမီးတွေရော အကာအကွယ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။”

မြန်မာနိုင်ငံမှာ တိုင်းရင်းဒေသတွေမှာ စစ်မီးတွေငြိမ်းပြီး အမှန်တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် အပြန်အလှန် အသိအမှတ်ပြုမှုတွေနဲ့ ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်ဖို့က ရိုးသားမှုရှိဖို့ အရေးအကြီးဆုံးပါပဲလို့လည်း ဆိုပါတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ခူးသူရယ်က အခုလိုပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပဋိပက္ခဖြစ်နေတာ နှစ်ပေါင်း ၇၀ ကျော်နေပြီ။ အဓိက အခြေခံအကြောင်းတရားကို ပြန်ရှာကြည့်လိုက်ရင် အပြန်အလှန် အသိအမှတ်ပြုမှု အားနည်းလို့ ဖြစ်လာတဲ့ ငြိမ်းချမ်းရေး၊ အပြန်အလှန် အသိအမှတ်ပြုမှု ကင်းမဲ့လို့သာ ငြိမ်းချမ်းရေးက လိုအပ်နေတာပေါ့။ ဒီနေရာမှာ ငြိမ်းချမ်းရေးက အရမ်းလိုအပ်နေတယ်ဆိုတာကို သူတို့ နိုင်ငံခေါင်းဆောင်တွေက တိုင်းရင်းသားတွေကို အသိအမှတ်ပြုမယ်။ အပြန်အလှန် အသိအမှတ်ပြုကြပြီးတော့ လေးစားတန်ဖိုးထားကြမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာပါ။”

နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ တကမ္ဘာလုံးမှာ အကြမ်းမဖက်ကြဖို့ အပစ်ရပ်ထားကြဖို့ ကြိုးစားနေချိန် မြန်မာနိုင်ငံတွင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ အနေအထားအပေါ် တိုင်းရင်းသားလူငယ်တွေဘက်ကတော့ လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုတယ်လို့ ပြောဆိုလိုက်တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ ထိုးထားသလို အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ နှစ်ဖက်အပစ်ရပ်ပါမယ်ဆိုပြီး အပြန်အလှန် ထုတ်ပြန်ကြေညာချက်တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်နေကြချိန်မှာ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ အနေအထားပေါ်မှာလည်း ကချင်လူငယ်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဆိုင်းနုပန်က အခုလိုသုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ လုပ်နေကြတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်း ကျမတို့ မြန်မာနိုင်ငံ အခြေအနေကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးဘူးပေါ့။ ပြီးတော့ အခု ရခိုင်ဘက်မှာလည်း ဆိုးဆိုးရွားရွား စစ်ပွဲတွေက တော်တော်များများ ဖြစ်နေတဲ့ဟာတွေရှိနေတယ်။ ကျမတို့ ကချင်မှာလည်း အပစ်အခတ်ရပ်စဲရေး လုပ်ထားကြတယ် ဆိုပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးဘူးပေါ့။ ငြိမ်းချမ်းရေးမှာ ဘယ်လောက်အထိ အင်တိုက်အားတိုက် ပါဝင်သလဲဆိုတဲ့ဟာ မေးခွန်းတော့ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဆောင်တဲ့အပိုင်းမှာ ကျမတို့ဆိုလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေကြတယ်။ ဒါပေမယ့် အစိုးရဘက်ကနေ ငြိမ်းချမ်းရေး လှုပ်ရှားမှုတိုင်းမှာ အမြဲတမ်း တခုမဟုတ်တခု တားမြစ်ပိတ်ပင်တဲ့ဟာတွေ တွေ့နေရတယ်။ ဒီလိုမျိုးတွေပဲ လုပ်နေမယ်ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ တကယ်တမ်း စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ကတော့ အစိုးရဘက်ကနေ ဖြေလျှော့ပေးရမယ့် အပိုင်းတွေ ရှိသလို နားလည်လက်ခံပေးရမယ့် အပိုင်းတွေလည်း ရှိတယ်လို့ မြင်တယ်။”

ဒီကနေ့မှာကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဘက်က မိမိတို့ရဲ့ လူမှုအသိုက်အဝန်းတွေအတွက် တယောက်ချင်းစီ နေ့စဉ်နဲ့အမျှ ပါဝင်အကျိုးပြုနေတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးမှာ ပါဝင်သူတွေရဲ့ စကားဝိုင်းဆွေးနွေးပွဲ မန္တလေးမှာ ကျင်းပနေတာပါ။ ဒီလို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအကြုံပြုနေကြချိန်မှာပဲ ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာတော့ ဒီကနေ့မှာပဲ တိုက်ပွဲတွေက အပြင်းအထန် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

မဆုမြန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
စစ္မီးၿငိမ္းေရး လက္ေတြ႔ေဖာ္ေဆာင္ေပးဖို႔ တိုင္းရင္းလူငယ္မ်ား ေတာင္းဆို စစ္မီးၿငိမ္းေရး လက္ေတြ႔ေဖာ္ေဆာင္ေပးဖို႔ တိုင္းရင္းလူငယ္မ်ား ေတာင္းဆို Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.