မြိတ်မြို့နယ်တွင် ကုန်တင်ကားတစ်စီးတိမ်းမှောက် ၂ ဦးသေဆုံး


21.9.2019

မြိတ်မြို့နယ်၊ ပပြင်ကျေးရွာအုပ်စု၊ ရှောင်ကွင်းလမ်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ၊ ည ၇ နာရီခွဲခန့်က ကုန်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရပါတယ်။

မြိတ် မှ ရန်ကုန်သို့ထွက်ခွာသွားသည့် ၁၂ ဘီး ကုန်တင်ယာဉ်ဟာ ပပြင်ကျေးရွာအုပ်စု၊ဘဲမဒီကျေးရွာ ၊ဦးမင်းထွန်းရာဘာခြံအနီးကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားကြောင်း သိရပါတယ်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၂ ဦး သေဆုံးကြောင်းကနဦးသတင်းရပြီး ကျန်းမာရေးအထောက်အကူပြုယာဉ်များ ၊ မြိတ် မြို့နယ်မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်နေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ