ကျိုင်းတုံမှာ ပထွေးဖြစ်သူကို ဓားဖြင့် ခုတ်သတ်ပြီး မယားပါသား ထွက်ပြေး


တာချီလိတ်၊ စက်တင်ဘာ ၂၄

ကျိုင်းတုံမြို့နယ်၊ ပန်ဝိုးကျေးရွာမှာ ပထွေးဖြစ်သူကို မယားပါသားက စက်တင်ဘာလ ၂၂ရက်ကညပိုင်းက ဓားဖြင့်ခုတ်သတ်ကာ ထွက်ပြေးနေကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျိုင်းတုံမြို့နယ်၊ မိုင်းပတ်အထက်ကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာနေ ဦးအားထူဆိုသူ ဖြစ်ပြီး သေဆုံးသူဇနီး ဒေါ်မာရိယာရဲ့ ပထမအိမ်ထောင်နဲ့ ရရှိထားတဲ့ သားဖြစ်သူ သားကြီး(ခ)အားယာက စက်တင်ဘာလ ၂၂ရက် ညပိုင်းက ဓားဖြင့် ခုတ်သတ်ကာ ထွက်ပြေးသွားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရာညက သားကြီး(ခ)အားယာဟာ ဓားတစ်ချောင်းခါးကြားထိုးလျှက် မိခင်ဖြစ်သူ ဒေါ်မာရိယာထံ ဓားအိမ်လာတောင်းကြောင်း၊ မိခင်ဖြစ်သူက ဓားအိမ်သွားယူပေးနေစဉ် အိမ်ရှေ့ကနေ အော်သံကြားတာကြောင့် သွားရောက်ကြည့်ရှုရာ လက်ရှိခင်ပွန်းဖြစ်သူ ဦးအားထူမှာ ဓားဒဏ်ရာဖြင့် သေဆုံးနေတာကို တွေ့ရကြောင့် ရဲမှတ်တမ်းအရ သိရသည်။

ဓားနဲ့ခုတ်သတ်ခဲ့တဲ့ သားကြီး(ခ)အားယာကို ကျိုင်းတုံမြို့မရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃၀၂နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
ကျိုင်းတုံမှာ ပထွေးဖြစ်သူကို ဓားဖြင့် ခုတ်သတ်ပြီး မယားပါသား ထွက်ပြေး ကျိုင်းတုံမှာ ပထွေးဖြစ်သူကို ဓားဖြင့် ခုတ်သတ်ပြီး မယားပါသား ထွက်ပြေး Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.