သံသယတရားခံ ကိုအောင်ကြီး အာမခံ ရရှိရေး တရားလိုရှေ့နေနဲ့ တရားသူကြီး ဆုံးဖြတ်ချက်ပေါ် မူတည်


နေပြည်တော်၊ စက်တင်ဘာ ၂၄

ဒီကနေ့ ဒက္ခိဏခရိုင်တရားရုံးမှာ ဗစ်တိုးရီးယားအမှုကို (၇) ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်မေးခဲ့ပြီး သံသယ တ ရားခံ ကိုအောင်ကြီးရှေ့နေက ကိုအောင်ကြီး အာမခံ ရရှိနိုင်ဖို့အတွက် စတင်လျှောက်ထားခဲ့ ပါတယ်။

အာမခံလျှောက်ထားမှုကို တရားရုံးက လက်ခံခဲ့ပြီး လာမယ့်ရုံးချိန်းမှာ တစ်ဖက်ရှေ့နေက ကန့်ကွက်ခြင်းမရှိရင် ကိုအောင်ကြီး အာမခံရသွားမယ်လို့ ဆိုပါတယ်။

ကန့်ကွက်ခဲ့ရင်တော့ အာမခံ ရ၊ မရက တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်သွားမှာ ဖြစ်တယ်လို့ ကိုေ အာင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ကျတော့်ရဲ့ လျှောက်ထားတဲ့ အချက်ကိုတော့ ရုံးက လက်ခံထားလိုက်ပါတယ်။ ၄၉၇ အပိုဒ် ၂ နဲ့ လျှောက် တာပါ။ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်။ အခုတော့ ကြိုပြီးပြောလို့ မကောင်းဘူးပေါ့နော်။ လျှောက်လဲချက် ပေးတဲ့အခါမှာတော့ ကျနော်တို့ရဲ့ တင်ပြချက်တွေဟာ ဘယ်လောက် ခိုင်လုံသလဲဆိုတာ ရှေ့အချိန်းတွေမှာ ဆက်ပြီးပါပါမယ်။ ဟိုဖက်ကလည်း ဘယ်လောက်ထိ တင်ပြနိုင်သလဲဆို တာမသိဘူးပေါ့ဗျာ" လို့ ဦးခင်မောင်ဇော်က မီဒီယာတွေကို ပြောပါတယ်။

လာမယ့် (၈) ကြိမ်မြောက် ရုံးချိန်းကိုတော့ အောက်တိုဘာလ ၉ ရက်နေ့မှာ Wilsom Hill ကျောင်းက ယာဉ် မောင်းတွေကို စစ်မေးသွားဖို့ ရှိနေပါတယ်။

အောင်ပြည့်စုံ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သံသယတရားခံ ကိုအောင်ကြီး အာမခံ ရရှိရေး တရားလိုရှေ့နေနဲ့ တရားသူကြီး ဆုံးဖြတ်ချက်ပေါ် မူတည် သံသယတရားခံ ကိုအောင်ကြီး အာမခံ ရရှိရေး တရားလိုရှေ့နေနဲ့ တရားသူကြီး ဆုံးဖြတ်ချက်ပေါ် မူတည် Reviewed by THITHTOOLWIN on 01:02 Rating: 5
Powered by Blogger.