မိုးညှင်းမြို့နယ်၌ လယ်သူရင်းငှားဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်သည်ဟု သံသယရှိသူနှစ်ဦးကို တစ်လအကြာတွင် ဖော်ထုတ်ဖမ်းဆီး


မိုးညှင်း စက်တင်ဘာ ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လုံးတုံနယ်မြေရဲစခန်းအပိုင် ရွာသစ်ကျေးရွာလယ်တောတွင် ၂၀၁၉ ခုနှစ် ဩဂုတ်၂၂ ရက်က လယ်သူရင်းငှားလုပ်ကိုင်သူ ဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်ခဲ့သူဟု သံသယရှိသူနှစ်ဦးကို စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဩဂုတ်၂၂ ရက် နံနက်ပိုင်းက မိုးညှင်းမြို့နယ် ရွာသစ်ကျေးရွာတွင် လယ်သူရင်းငှား လုပ်ကိုင်နေသူ ဦးမျိုးသင်းဦး(၃၃ နှစ်)နှင့် ဒေါ်သီတာအေး(၃၃ နှစ်)တို့ ဇနီးမောင်နှံနှစ်ဦးသည် လယ်တဲတွင် ဓား၊ သေနတ်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး လုံးတုံနယ်မြေရဲစခန်းမှ လူသတ်မှုဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိရာ စက်တင်ဘာ၂၃ ရက် ညနေ ၅ နာရီက ပြစ်မှုကျူးလွန်သူဟု ယူဆရသူနှစ်ဦးဖြစ်သည့် မိုးညှင်းမြို့နယ် အင်းသာကျေးရွာနေ သက်ခိုင်ဦး(၄၆ နှစ်)နှင့် ဦးယော(ခ)သိန်းအောင်(၅၂ နှစ်)တို့နှစ်ဦးအား ၎င်းတို့၏နေအိမ်တွင် တူမီးသေနတ်နှစ်လက်နှင့်အတူ ရှာဖွေဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်၍ သက်ခိုင်ဦးနှင့် ဦးယော(ခ)သိန်းအောင်တို့ နှစ်ဦးအား လုံးတုံနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
https://www.facebook.com/MYANMAALINNNEWS
မိုးညှင်းမြို့နယ်၌ လယ်သူရင်းငှားဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်သည်ဟု သံသယရှိသူနှစ်ဦးကို တစ်လအကြာတွင် ဖော်ထုတ်ဖမ်းဆီး မိုးညှင်းမြို့နယ်၌ လယ်သူရင်းငှားဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်သည်ဟု သံသယရှိသူနှစ်ဦးကို တစ်လအကြာတွင် ဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.