တစ်လကြာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ ကြေညာ


တာချီလိတ်၊ စက်တင်ဘာ ၉

ပြည်တွင်း စစ်ပွဲတွေ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းတွေကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ အတွက် ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ MNDAA, AA နဲ့ TNLA တို့က စက်တင်ဘာလ ၉ရက်က စတင်ကာ အောက်တိုဘာလ ၈ရက်အထိ တဖတ်သက် အပစ်အခတ်ရပ်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တဖတ်သက် အပစ်ရပ်ကာလအတွင်း ၎င်းတို့ဘက်က လက်ဦးမှုရယူကာ တိုက်ခိုက်တာတွေ လုပ်ဆောင်သွားမှာ မဟုတ်ပေမယ့် တပ်မတော်ဘက်က စစ်ဆင်ရေးလုပ်ဆောင်တာ၊ ၎င်းတို့ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာရှိရင်တော့ ပြန်လည်ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တပ်မတော်ဘက်ကလည်း စစ်တိုင်း ၅တိုင်းမှာ တဖတ်သက် အပစ်ရပ်ကာလကို စက်တင်ဘာလ ၂၁ရက်အထိ သက်တမ်းတိုးမြှင့်ထားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ရက်နဲ့ ၁၇ရက်တွေမှာတော့ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ လိုအပ်နေတဲ့ မြောက်ပိုင်း ၄ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ထပ်မံတွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သတင်း - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
တစ်လကြာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ ကြေညာ တစ်လကြာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ ကြေညာ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.