ယာဉ်တိုက်ခံရမှုကြောင့် စက်ဘီးစီးနင်းနေသူ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင်သေဆုံး


လှည်းကူး စက်တင်ဘာ ၉

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဒရယ်ဘိုကျေးရွာ၊ ရွာလယ်ကွေ့အလွန်၊ မဟာဗောဓိပင်ဘုန်းကြီးကျောင်းရှေ့အရောက်တွင် စက်တင်ဘာ(၈)ရက် ညနေ(၅)နာရီခွဲအချိန်ခန့်က ယာဉ်တိုက်ခံရမှုကြောင့် စက်ဘီးစီးနင်းနေသူ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၈)ရက် ညနေ(၅)နာရီခွဲ ခန့်က ရန်ကုန်-ပဲခူးလမ်းအတိုင်း(လှည်းကူးဘက်မှ ပဲခူးဘက်)အနောက်မှအရှေ့သို့ ယာဉ်မောင်း သာထူးကျော်(၃၇)နှစ်(ဘ)ဦးမြင့်ဦး မောင်းနှင်လာသော 1G/------ မတ်တူးဝက်ဂွန် ခဲရောင်(ပိုင်)ယာဉ်သည် ဒရယ်ဘိုကျေးရွာ၊ ရွာလယ်ကွေ့အလွန်၊ မဟာဗောဓိပင်ဘုန်းကြီးကျောင်းရှေ့အရောက် ၎င်း၏ရှေ့ယာဘက်မှ ဦးရွှေမြ(၅၈)နှစ် စီးနင်းသွားနေသော စက်ဘီးအားတိုက်မိသဖြင့် ယာဉ်နှင့်စက်ဘီးပျက်စီးပြီး စက်ဘီးစီးနင်းသူ ဦးရွှေမြတွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ဝဲ/ယာ နားသွေးထွက်၊ ဝဲတံတောင်ပေါက်ပြဲ၊ ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သာထူးကျော်(၃၇)နှစ်အား လှည်းကူးမြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်တိုက်ခံရမှုကြောင့် စက်ဘီးစီးနင်းနေသူ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင်သေဆုံး ယာဉ်တိုက်ခံရမှုကြောင့် စက်ဘီးစီးနင်းနေသူ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင်သေဆုံး Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.