တောင်ကြီးမြို့၌ လမ်းပြုပြင်နေစဉ် လမ်းကြိတ်စက်မောင်းသူ ပြုတ်ကျသေဆုံး


တောင်ကြီး စက်တင်ဘာ ၂၀

တာယာရိုလာဘီးကြိတ်မိ၍လူတစ်ဦးသေဆုံး တောင်ကြီး စက်တင်ဘာ ၂၀ ရက် တောင်ကြီးမြို့မိုင်တိုင်အမှတ်(၁၁၇/၁)အနီးအနောက်မြို့ပတ်လမ်းဂေါက်ကွင်း ရှေ့တွင်စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီခွဲက လမ်းမယာဘက်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သိရသည်။


တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းခင်းပြုပြင်နေစဉ် တက္ကသိုလ်မီးပွိုင့်လမ်းဆုံဘက်မှ အနောက်မြို့ပတ်လမ်းအတိုင်း ဧရာဝတီလမ်းဆုံဘက်သို့ဇော်မျိုးဝင်း(၃၈)နှစ် လမ်းတိုင်းတာရေး လုပ်သားတောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီဝန်း(၂)မိုင်ရပ်တောင်ကြီးမြို့နေသူသည်ရပ်ထားသည့်တာယာရိုလာလမ်း ကြိတ်စက်(အဝါရောင်) ယာဉ်အားမြောက်မှတောင်ဘက်သို့ကျွမ်းကျင်မှုမရှိဘဲ တက်မောင်းစဉ် လမ်းလယ်ရှိမီးအလှဆင်တိုင်အား တိုက်မိပြီးနောက် လမ်းယာဘက်ရှိ ဂေါက်ကွင်း အုတ်နံရံအားထပ်မံ တိုက်မိစဉ်ယာဉ်မောင်းမှာပြုတ်ကျပြီး ဦးခေါင်းအား တာယာရိုလာ၏နောက်ဘီးဖြင့်တက်ကြိတ်မှုကြောင့် ဇော်မျိုးဝင်း သည်ဦးခေါင်းကွဲဒဏ်ရာရရှိ၍နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါတာယာရိုလာလမ်းကြိတ်စက် (အဝါရောင်)ယာဉ်အားမကျွမ်းကျင်ဘဲ မဆင်မခြင်မောင်းနှင်ဝင်ရောက်တိုက်မိပြီးမိမိကိုယ်ကိုဒဏ်ရာရသေဆုံးအောင် မောင်းနှင်သူယာဉ်မောင်းဇော်မျိုးဝင်း( ၃၈)နှစ် အား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ကြီးမြို့၌ လမ်းပြုပြင်နေစဉ် လမ်းကြိတ်စက်မောင်းသူ ပြုတ်ကျသေဆုံး တောင်ကြီးမြို့၌ လမ်းပြုပြင်နေစဉ် လမ်းကြိတ်စက်မောင်းသူ ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 01:50 Rating: 5
Powered by Blogger.