မြောက်ဒဂုံတွင် ကိုရီးယားနိုင်ငံသူကို ရိုက်နှက်၍ လက်ဝတ်ရတနာများ လုယက်ထွက်ပြေးနေသူအား ရွှေဘိုမြို့တွင် ဖမ်းဆီးရမိ


ရွှေဘို စက်တင်ဘာ ၎

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက် တွင်နေထိုင်သူ ကိုရီယားနိုင်ငံသူကို ရိုက်နှက်၍ လက်ဝတ်ရတနာများ လုယက်ထွက်ပြေးနေသူအား စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် စက်တင်ဘာ ၃ ရက် ည ၉ နာရီခွဲကဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်တွင် စက်တင်ဘာ ၂ ရက်က ဒဂုံမြောက် ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်း တိုက် A1 အခန်း ၅၀၁ တွင် တစ်ကိုယ်တည်းနေထိုင်သူ တောင်ကိုရီးယားနိုင်ငံသူ မစ္စစ်ကင်မင်းဆွတ် (သ) ၆၀ နှစ်ကို ၎င်းနေထိုင်ရာအခန်းသို့ အဲယားကွန်းဝန်ဆောင်မှုပေးရန် ရောက်ရှိ လာသူ မှ ရိုက်နှက်၍ လက်ဝတ်ရတနာများ လုယက်ယူဆောင် သွားခဲ့ကြောင်း သိရသည် ယင်းအမှုအား ဥပဒေအရအရေးယူပေးပါရန် ဒဂုံမြောက် မြို့မရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသောသူမှာ ရွှေဘိုမြို့တွင် တိမ်းရှောင်နေကြောင်း သတင်းအရ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်မောင် ကြီးကြပ်၍ ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆန်းဦး ဦးစီး တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရွှေဘိုမြို့ အမှတ်(၂) ရပ်ကွက် ဆီခြံလမ်းရှိ ၎င်းတိမ်းရှောင်နေသော နေအိမ်သို့ဝင်ရောက်ရှာဖွေဖမ်းဆီးရာ
ဒဂုံမြောက်မြို့မရဲစခန်းမှ အလိုရှိနေသာ မျိုးမြင့် (ခ) နေမျိုးအောင် (ခ) မောင်မျိုး (သ) ၂၇ နှစ် မင်းဘူး (စကု) မြို့ မကွေးတိုင်းဒေသကြီးနေသူအား ရွှေသော့ (၁) ချောင်း ရွှေဆွဲကြိုး(၂) ကုံး ပြုတ်နေသော (ပုလဲပါ)နားဆွဲ (၂) ရံ ရွှေလက်စွပ်မောင်းကွင်း (၂) ကွင်း ကျောက်ပါနားကွင်းအဝိုင်း(၁) စုံ ကျောက်နားဆွဲ (၁) စုံ ပုဆိန်ပုံပါ စတုဂံပုံဆွဲသီး(၁) ခု ရွှေထည်ပစ္စည်း များနှင့်အတူ သက်သေများရှေ့မှောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူကိုရိုက်နှက်၍ လက်ဝတ်ရတနာများ လုယက်၍ ထွက်ပြေးတိမ်းရှောင်နေသူမျိုးမြင့် (ခ) နေမျိုးအောင် (ခ) မောင်မျိုး (သ) ၂၇ နှစ် မင်းဘူး(စကု) မြို့ မကွေးတိုင်းဒေသကြီးနေထိုင်သူနှင့် သက်သေခံပစ္စည်း များကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ရွှေဘိုမြို့မရဲစခန်းမှသိရသည်။

မိုးသောက် (ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြောက်ဒဂုံတွင် ကိုရီးယားနိုင်ငံသူကို ရိုက်နှက်၍ လက်ဝတ်ရတနာများ လုယက်ထွက်ပြေးနေသူအား ရွှေဘိုမြို့တွင် ဖမ်းဆီးရမိ မြောက်ဒဂုံတွင် ကိုရီးယားနိုင်ငံသူကို ရိုက်နှက်၍ လက်ဝတ်ရတနာများ လုယက်ထွက်ပြေးနေသူအား ရွှေဘိုမြို့တွင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.