ယာဉ်​​ကြော​ပြောင်းပြန်​ ​မောင်းနှင်​​သောဆိုင်​ကယ်​အား ​မော်​​တော်​ယာဉ်​ဝင်​တိုက်​မိ ဆိုင်​ကယ်​စီးသူ ​သေဆုံး


ကျောင်းကုန်း စက်​တင်​ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်​ခရိုင်​ ကျောင်းကုန်းမြို့နယ်​ ရန်​ကုန်​-ပုသိမ်​ကားလမ်း အိမ်​မဲလမ်းဆုံ၌ယမန်​​နေ့ မွန်းလွဲ ၁ နာရီခွဲ​ခန့်တွင်​ ယာဉ်​တိုက်​မှုဖြစ်​ပွားရာ ဆိုင်​ကယ်​စီးသူ တစ်​ဦး​သေဆုံးမှု ဖြစ်​ပွားခဲ့သည်​။

ဖြစ်​စဉ်​မှာ တရားလို ဒုရဲအုပ်​ မျိုးမင်း​အေးသည်​ ကျောင်းကုန်းမြို့မ ရဲစခန်း၌ တာဝန်​မှုးတာဝန်​ ​ဆောင်​ရွက်​​နေစဉ်​ ယာဉ်​တိုက်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ သက်​​သေများနှင့်အတူ အခင်းဖြစ်​​နေရာသို့ သွား​ရောက်​စစ်​​ဆေးရာ ရန်​ကုန်​-ပုသိမ်​ကားလမ်းမိုင်​တိုင်​အမှတ်​ ၇၃/၂ နှင့် ၇၃/၃ ကြား၊ အိမ်​မဲလမ်းသွယ်​မှ ဆိုင်​ကယ်​ယာဉ်​​မောင်း ခင်​​ဇော်​ဦး(၃၈)နှစ်​မောင်းနှင်​ပြီး၊ နောက်​တွင်​ ဦး​အောင်​​ကျော်​မြင့်(၆၀)နှစ်​ လိုက်​ပါစီးနင်းလာ​သော အနက်​​ရောင်​ဆိုင်​ကယ်​မှာ ကားလမ်းမ ကြီး​ပေါ်သို့ ယာဉ်​​ကြော​ပြောင်းပြန်​ ထွက်​လာရာ ရန်​ကုန်​ဘက်​မှ ပုသိမ်​ဘက်​သို့ ယာဉ်​​ကြောအမှန်​​မောင်းနှင်​လာ​သော ခဲ​ရောင်​​မော်​​တော်​ယာဉ်​၏ ဝဲဘက်​​ရှေ့တည့်တည့် ဝင်​​ရောက်​တိုက်​မိရာ ​ဆိုင်​ကယ်​​နောက်​မှ စီးနင်းလာသူ ဦး​အောင်​​ကျော်​မြင့်မှ ကားဘီးကြားတွင်​ညပ်​ပြီး အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွားသဖြင့် ယာဉ်​မဆင်​မခြင်​ ​မောင်းနှင်​ခြင်းဖြင့် လူကိုထိခိုက်​​သေဆုံး​စေသူဆိုင်​ကယ်​ယာဉ်​​မောင်းအား ​ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်အ​ရေးယူ​ဆောင်​ရွက်​ထားကြောင်း သိရသည်​။

ဝင်းကြိုင်​(ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်​​ကြော​ပြောင်းပြန်​ ​မောင်းနှင်​​သောဆိုင်​ကယ်​အား ​မော်​​တော်​ယာဉ်​ဝင်​တိုက်​မိ ဆိုင်​ကယ်​စီးသူ ​သေဆုံး ယာဉ်​​ကြော​ပြောင်းပြန်​ ​မောင်းနှင်​​သောဆိုင်​ကယ်​အား ​မော်​​တော်​ယာဉ်​ဝင်​တိုက်​မိ ဆိုင်​ကယ်​စီးသူ ​သေဆုံး Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.