ကျောင်းကုန်းမြို့ ​ပေ(၄၀)တံတားအနီး ယာဉ်​တိုက်​မှုဖြစ်​ပွားရာ အမျိုးသမီးတစ်​ဦး ​သေဆုံး


ကျောင်းကုန်း စက်​တင်​ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်​ခရိုင်​၊​​ကျောင်းကုန်းမြို့နယ်​၊ ဂုန်​မင်းအုပ်​စု၊ဂုန်​မင်း​ကျေးရွာ ​ပေ(၄၀)တံတားအနီးတွင်​ ယ​နေ့ နံနက်​ ၁၁ နာရီ ၄၅ မိနစ် အချိန်​က ယာဉ်​တိုက်​မှု ဖြစ်​ပွားရာ အမျိုးသမီးတစ်​ဦး ​သေဆုံးမှု ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ တရားလို ဒုရဲအုပ်​လှမိုးသည်​ လှည်းဆိပ်​ရဲကင်းစခန်းတွင်​ တာဝန်​မှူးတာဝန်​​ဆောင်​ရွက်​​နေစဉ်​ ယာဉ်​တိုက်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ သက်​​သေများနှင့်အတူ အခင်းဖြစ်​​နေရာသို့ သွား​ရောက်​စစ်​​ဆေးရာ ရန်​ကုန်​-ပုသိမ်​ ကားလမ်း၊မိုင်​တိုင်​အမှတ်​ ၈၇/၅ နှစ်​ ၈၇/၆ ကြား၊ဒါးကဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်း ​ဇော်​မင်းလွင်​(၄၅)နှစ်​ ​မောင်းနှင်​ပြီး၊ယာဉ်​​ပေါ်တွင်​ မနွဲ့ရီဝင်း နှင့် မနှင်းဝေလွင်​ တို့နှစ်​ဦးလိုက်​ပါလာ​သောအပြာ​ရောင်​သုံးဘီးဆိုင်​ကယ်​သည်​ ရန်​ကုန်​ဘက်​မှ ဒါးကဘက်​သို့မျက်​နှာချင်းဆိုင်​ ယာဉ်​​ကြောမှ ဦးသက်​​ဆွေ ​မောင်းနှင်​လာ​သော အနက်​​ရောင်​​မော်​​တော်​ယာဉ်​၏ ယာဉ်​​ကြောဘက်​သို့ စလစ်​ဖြစ်​ကာဝင်​​ရောက်​တိုက်​မိသဖြင့် သုံးဘီးယာဉ်​​မောင်းနှင့် မနွဲ့ရီဝင်း တို့နှစ်​ဦးမှာ ထိခိုက်​ဒဏ်​ရာရရှိသွားပြီး၊ မနှင်း​ဝေလွင်​(၁၈)နှစ်​မှာအခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွား​သော​ကြောင့် ယာဉ်​မဆင်​မခြင်​ ​မောင်းနှင်​ခြင်းဖြင့် လူကိုထိခိုက်​​သေဆုံး​စေသူ သုံးဘီးယာဉ်​​မောင်းအား ​ကျောင်းကုန်းမြို့မ ရဲစခန်းက အမှုဖွင့်အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း မြို့မရဲစခန်းက သိရသည်​။

ဝင်းကြိုင်​(ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောင်းကုန်းမြို့ ​ပေ(၄၀)တံတားအနီး ယာဉ်​တိုက်​မှုဖြစ်​ပွားရာ အမျိုးသမီးတစ်​ဦး ​သေဆုံး ကျောင်းကုန်းမြို့ ​ပေ(၄၀)တံတားအနီး ယာဉ်​တိုက်​မှုဖြစ်​ပွားရာ အမျိုးသမီးတစ်​ဦး ​သေဆုံး Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.