ျမန္္မာခရီးသြားသတိေပးခ်က္မ်ားနဲ႔ လံုၿခံဳေရးစိုးရိမ္ခ်က္

ရန္ကုန္ၿမိဳ႕
ေနျပည္ေတာ္၊ ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕ၾကီးေတြမွာ တိုက္ခိုက္မႈေတြျဖစ္လာႏိုင္ေျခ သတိေပးထားတဲ့ အစိုးရ လံုျခံဳေရးနဲ႔ ႏိုင္ငံေရးဌာနရဲ႕ ညႊန္ၾကားခ်က္ဆိုၿပီး လူမႈကြန္ရက္မွာ သတင္းထြက္ေပၚလာတာဟာ တိုင္းျပည္မွာ စိုးရိမ္စရာျဖစ္ေနၿပီး မတည္ၿငိမ္မႈေတြျဖစ္ေနတဲ့ပံုစံနဲ႔ ႏိုင္ငံေရးအရ ရည္ရြယ္ခ်က္ရွိရွိၿခိမ္းေျခာက္မႈအျဖစ္ အကဲခတ္သူေတြက သံုးသပ္ၾကပါတယ္။ အေမရိကန္၊ ၿဗိတိန္စတဲ့ႏုိင္ငံေတြဘက္ကလည္း တိုက္ခုိက္မႈေတြျဖစ္လာႏိုင္တယ္ဆိုၿပီး ရက္စြဲနဲ႔တကြ သူ႔ႏိုင္ငံသားေတြအေပၚ ခရီးသြား အထူးသတိေပးခ်က္ ထုတ္ျပန္ေနတာပါ။ ျမန္မာႏုိင္ငံရဲ႕ လက္ရွိလံုျခံဳေရး အေျခအေနအေပၚ အျမင္သံုးသပ္ခ်က္ေတြကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ျပည္ေထာင္စုနယ္ေျမအတြင္း လံုျခံဳေရးအထူးဂ႐ုျပဳေဆာင္ရြက္သြားရန္ဆိုၿပီး ႏိုင္ငံေတာ္သမၼတ႐ံုး ႏုိင္ငံေရးနဲ႔လံုျခံဳေရးဌာနၾကီး လွ်ိဳ႕ဝွက္ဆိုတဲ့ ညႊန္ၾကားခ်က္ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေပၚထြက္လာၿပီးတဲ့ေနာက္ စက္တင္ဘာ၂၆ နဲ႔ ေအာက္တိုဘာ ၁၆ ၊ ေအာက္တိုဘာ၂၆ ရက္ေန႔ေတြမွာ ဗံုးခြဲတိုက္ခိုက္မႈေတြ ျဖစ္ႏုိင္တယ္ဆိုၿပီး အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္ႏိုင္ငံေတြဘက္ကလည္း ခရီးသြား သတိေပးခ်က္ေတြ ထုတ္ျပန ္လာေနတာပါ။ ဒီညႊန္ၾကားခ်က္ေတြဟာ အမွန္ဟုတ္မဟုတ္ သီးျခားအတည္ျပဳလို႔မရသလို၊ အစိုးရဘက္ကလည္း ဒါကို ျငင္းလည္းမျငင္း အတည္ျပဳေျပာဆိုတာလည္း မရိွပါဘူး။

အခုလိုလွ်ိဳ႕ဝွက္ညႊန္ၾကားခ်က္ ကို ေပါက္ၾကားတဲ့ပံုစံနဲ႔ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႕လာတဲ့အေနအထားဟာ တုိင္းျပည္ မတည္မၿငိမ္ျဖစ္ ေနတယ္ဆိုတာကို ႏုိင္ငံေရးအရ ရည္ရြယ္ခ်က္ရွိရွိ ျခိမ္းေျခာက္မႈအျဖစ္နဲ႔ ယူဆသူေတြလည္း ရွိပါတယ္။ အြန္လိုင္းမွာပ်ံံ႕ႏွံ႕ေနတဲ့ လွ်ိဳ႕ဝွက္ညႊန္ၾကားခ်က္ထဲ -ထိုင္းႏုိင္ငံ မယ္ေဟာင္ေဆာင္ ဘဲကေလာ့ဒုကၡသည္စခန္းတြင္းက တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြရဲ႕ အစည္းအေဝးကေန ေနျပည္ေတာ္မွာ ေဖာက္ခြဲမႈလုပ္ဖို႔ရက္သတ္မွတ္ခဲ့ၾကတယ္ဆိုတဲ့ စာထဲ NCA အပစ္ရပ္ထုိးၿပီးသား တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔တခ်ိဳ႕ နာမည္ကိုပါ ထည္သြင္းေဖာ္ျပခ်က္ အေပၚမွာ ရခိုင္အမ်ိဳးသားေကာင္စီ ANC ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္ အခုလိုသံုးသပ္ပါတယ္။

“အခု ပ်ံ႕ေနတဲ့ ကိစၥကေတာ့ KIA အဖြဲ႔ရယ္၊ AA အဖြဲ႔အျပင္ေပါ့ေလ ဒီNCA လက္မွတ္ေရးထိုးထားတဲ့ KNU အဖြဲ႔ေတြပါ ပါေနတယ္ဆိုတဲ့အခါက်ေတာ့ ဒီကိစၥက ေတာ္ေတာ္ေလးကို သံုးသပ္စရာေတြ ျဖစ္ေနတယ္။ ဒါကိုဘယ္သူက ဘယ္လိုထုတ္ျပန္ၿပီးေတာ့ ျပည္သူလူထုအတြင္းကို ပ်ံ႕ႏွံ႔ေရာက္ရွိသြားတာလဲ ဆိုတာကလည္း သံုးသပ္စရာေကာင္းတယ္။ အရင္ကေတာ့ စစ္အစိုးရ လက္ထက္မွာ လုပ္ေလ့လုပ္ထရွိတဲ့ ႏိုင္ငံေရးအရေပါ့ေနာ္ အာရံုလႊဲတယ္ဆိုတဲ့အေနအထားမ်ိဳးလည္း က်ေနာ္တို႔ သံုးသပ္စရာရွိတယ္။ အခုက တိုင္းျပည္မွာ မတည္ၿငိမ္မႈေတြ ပိုၿပီးေတာ့ ျဖစ္ေနတယ္။ ဒီမတည္ၿငိမ္မႈေတြကေနၿပီးေတာ့ အက်ိဳးအျမတ္ထုတ္လိုတဲ့ ႏိုင္ငံေရးအရ အသံုးခ်လိုတဲ့ အင္အားစုေတြရွိတယ္ဆိုတာ အကဲျဖတ္လို႔ရတယ္လို႔ က်ေနာ့္အေနနဲ႔ ရႈျမင္မိတယ္။”

ျမန္မာႏုိင္ငံမွာ လံုျခံဳေရးတာဝန္ယူထားတဲ့အဖြဲ႔အစည္းေတြျဖစ္တဲ့ တပ္မေတာ္နဲ႔ ျပည္ထဲေရး နယ္လံုစတဲ့ ဌာနေတြဘက္က လံုျခံဳေရးဆိုင္ရာ အခ်က္အလက္က ်ိဳးေပါက္မႈျဖစ္ခဲ့တယ္ဆိုရင္ ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ၾကီးေတြရဲ႕ လံုျခံဳေရးအေပၚ ေမးခြန္းထုတ္စရာျဖစ ္လာေနတယ္လို႔လည္း သံုးသပ္ပါတယ္။
“ဒါေတြက တမင္ ရည္ရြယ္ခ်က္ရွိရွိနဲ႔ လုပ္ေနတယ္လို႔ သံုးသပ္ပါတယ္။ ေဖာက္ခြဲေရးေတြလုပ္မယ္ ဘာညာဆိုၿပီးေတာ့ဗ်ာ အစိုးရဌာနဆိုင္ရာေတြကေန စာေတြထြက္လာတဲ့ ပံုစံက ဒီလံုၿခံဳေရးသတင္းကို ဘယ္သူက ေပးတာလဲ။ ဒီတိုင္းျပည္မွာ အဓိက ၂၀၀၈ ဖြဲ႔စည္းပံုအရ အုပ္ခ်ဳပ္ေနတာက NLD အစိုးရလို႔ ဆိုေပမယ့္ လံုၿခံဳေရးနဲ႔ ကာကြယ္ေရးဆိုၿပီးေတာ့ အေၾကာင္းျပကိုင္ထားတဲ့ ျပည္ထဲေရးတို႔၊ ကာကြယ္ေရးဌာနတို႔ ၊ နယ္လံု၀န္ႀကီးတို႔ဆိုတာေတြက လံုၿခံဳေရးနဲ႔ ပတ္သက္ၿပီးေတာ့ အဓိက သူတို႔ကိုင္ထားတာျဖစ္တယ္။ ဒီ လံုၿခံဳေရးနဲ႔ ပတ္သက္တဲ့သတင္းေတြ အကုန္လံုးကေတာ့ တပ္မေတာ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိတယ္လို႔ ျမင္တယ္။ ဆိုေတာ့ ဒီလိုထြက္လာတဲ့ သတင္းေတြအရကေနၿပီးေတာ့ ဒီစိုးရိမ္စရာေတြျဖစ္ေအာင္ဆိုၿပီး ပိုၿပီးမွ အက်ယ္ခ်ဲ႕တယ္လို႔ က်ေနာ္သံုးသပ္မိတယ္။”

ဒါ့အျပင္ ဖြဲ႔စည္းပံုျပင္ဆင္ေရး လႊတ္ေတာ္တြင္း တပ္၊ အတိုက္ခံပါတီနဲ႔ အာဏာရပါတီတို႔ၾကား ထိပ္တိုက္ျဖစ္မႈေတြရဲ႕ ေနာက္ဆက္တြဲမတည္မၿငိမ္ျဖစ္တဲ့ အက်ိဳးဆက္ေတြအျဖစ္လည္း ဦးထြန္းေဇာ္က႐ႈ႕ျမင္ပါတယ္။

“အထူးသျဖင့္ကေတာ့ လႊတ္ေတာ္ထဲမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒေပါ့ေနာ္ ျပင္ဆင္ေရး လမ္းေၾကာင္းေပၚမွာ တပ္နဲ႔ အခု NLD အစိုးရနဲ႔ အဆင္မေျပဘူး။ ထိပ္တိုက္ေတြ႔မႈေတြ ၊ ပြတ္တိုက္မႈေတြ ျဖစ္ေနတယ္။ က်ေနာ္တို႔တိုင္းျပည္ရဲ႕ အေျခခံ ႏိုင္ငံေရး ျပႆနာက ၿခံဳၾကည့္လိုက္ရင္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပႆနာပဲ။ ဖြဲ႔စည္းပံုအေျခခံဆိုင္ရာဥပေဒ အၾကပ္အတည္း ျဖစ္တယ္။ က်ေနာ္တို႔ တိုင္းျပည္က အဲဒီအက်ပ္အတည္းကေနၿပီးေတာ့ ေက်ာ္လြန္ဖို႔ဆိုရင္ ဖြဲ႔စည္းပံုအေျခခံဥပေဒေျပာင္းလဲမွပဲ ရမယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ရိုးရိုးသားသားေတာ့ မဟုတ္ဘူး ၊ လူထုေတြကို ေျခာက္လန္႔ၿပီးေတာ့ တိုင္းျပည္မတည္မၿငိမ္ျဖစ္ေအာင္ လုပ္ၿပီး ႏိုင္ငံေရးထြက္ေပါက္ရွာလိုတဲ့ အင္အားစုေတြ ရွိေနတယ္လို႔ အဲလိုပဲ သံုးသပ္မိပါတယ္။”

အေမရိကန္ျပည္ေထာင္စုရဲ႕ လံုျခံဳေရးသတိေပးခ်က္ထဲ တိုက္ခိုက္မႈေတြျဖစ္လာႏုိင္ေျခရွိတဲ့ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၱေလး စတဲ့ေနရာေတြမွာ အထူးသတိထား သြားလာၾကဖို႔ သတိေပးထားတာပါ။ ဒီအေပၚမွာမႏၱေလးၿမိဳ႕ရဲ႕ လံုျခံဳေရးအေနအထားနဲ႔ ေဒသခံေတြရဲ႕စိုးရိမ္မႈ အေျခအေန ဘယ္လိုရွိပါသလဲဆိုတာကို မႏၱေလးၿမိဳ႕ခံ လူ႔အခြင့္အေရး ေရွ႕ေနၾကီး ဦးသိန္းသန္းဦးကေတာ့ စိုးရိမ္စရာမရွိတဲ့ ေျခာက္လွန္႔မႈသက္သက္အျဖစ္သာ ရႈ႕ျမင္ေၾကာင္း အခုလိုေျပာပါတယ္။

“ေျခာက္လန္႔လို႔မရႏိုင္ဘူး။ ေကာလဟလေတြ ေသြးခြဲရန္တိုက္တဲ့ကိစၥေတြ ေခ်ာက္ခ်ရန္တိုက္တာေတြ ဆရာကေတာ့ သိပ္ၿပီးစိတ္မပူဘူး ။ အေမရိကန္နဲ႔ ၿဗိတိန္က ဘယ္အေျခခံ အခ်က္အလက္ေတြေပၚ မူတည္ၿပီး ထုတ္သလဲဆိုတာေတာ့ မေျပာတတ္ဘူး။ တခုခုမ်ား ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ လုပ္မယ္ဆိုရင္ေတာ့ အင္မတန္ႀကီးက်ယ္တဲ့ တံု႔ၿပန္ရမွာၾကီး ျဖစ္သြားမွာေပါ့ေနာ္။ ‘

ေနျပည္ေတာ္မွာ ဗံုးခြဲတုိက္ခိုက္မႈေတြလုပ္ႏုိင္တယ္လို႔ လူမႈကြန္ယက္ေပၚမွာ ၿခိမ္းေျခာက္မႈေတြ ႐ွိေနတယ္လို႔ဆိုၿပီး ၿဗိတိန္ႏိုင္ငံျခားေရးဌာနက ၿဗိတိန္ႏိုင္ငံသားေတြအေနနဲ႔ျမန္မာႏိုင္ငံထဲမွာ ဘယ္ေနရာပဲသြားသြား ခရီးသြားသတိ႐ွိၾကဖုိ႔နဲ႔ အေျခအေနေတြကို မ်က္ေျခမျပတ္ဖုိ႔လည္း ႏိုင္ငံတကာက တိုက္တြန္းထားၾကတာလည္းျဖစ္ပါတယ္။ ျမန္မာႏို္င္ငံမွာ ၂၀၁၃ ခုႏွစ္ ေအာက္တိုဘာလတုန္းက ရန္ကုန္အပါအ၀င္ ၿမိဳ႕ႀကီးအခ်ိဳ႕မွာ အေသးစားေပါက္ကဲြမႈေတြျဖစ္ၿပီး လူအေသအေပ်ာက္ရိွခဲ့ဖူးပါတယ္။

.......................

{Unicode}

မြန်မာခရီးသွားသတိပေးချက်များနဲ့ လုံခြုံရေးစိုးရိမ်ချက်

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြေ သတိပေးထားတဲ့ အစိုးရ လုံခြုံရေးနဲ့ နိုင်ငံရေးဌာနရဲ့ ညွှန်ကြားချက်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းထွက်ပေါ်လာတာဟာ တိုင်းပြည်မှာ စိုးရိမ်စရာဖြစ်နေပြီး မတည်ငြိမ်မှုတွေဖြစ်နေတဲ့ပုံစံနဲ့ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိခြိမ်းခြောက်မှုအဖြစ် အကဲခတ်သူတွေက သုံးသပ်ကြပါတယ်။ အမေရိကန်၊ ဗြိတိန်စတဲ့နိုင်ငံတွေဘက်ကလည်း တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ်ဆိုပြီး ရက်စွဲနဲ့တကွ သူ့နိုင်ငံသားတွေအပေါ် ခရီးသွား အထူးသတိပေးချက် ထုတ်ပြန်နေတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရေး အခြေအနေအပေါ် အမြင်သုံးသပ်ချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စုနယ်မြေအတွင်း လုံခြုံရေးအထူးဂရုပြုဆောင်ရွက်သွားရန်ဆိုပြီး နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနဲ့လုံခြုံရေးဌာနကြီး လျှို့ဝှက်ဆိုတဲ့ ညွှန်ကြားချက် လူမှုကွန်ရက်စာမျက်နှာမှာ ပေါ်ထွက်လာပြီးတဲ့နောက် စက်တင်ဘာ၂၆ နဲ့ အောက်တိုဘာ ၁၆ ၊ အောက်တိုဘာ၂၆ ရက်နေ့တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတွေဘက်ကလည်း ခရီးသွား သတိပေးချက်တွေ ထုတ်ပြန ်လာနေတာပါ။ ဒီညွှန်ကြားချက်တွေဟာ အမှန်ဟုတ်မဟုတ် သီးခြားအတည်ပြုလို့မရသလို၊ အစိုးရဘက်ကလည်း ဒါကို ငြင်းလည်းမငြင်း အတည်ပြုပြောဆိုတာလည်း မရှိပါဘူး။

အခုလိုလျှို့ဝှက်ညွှန်ကြားချက် ကို ပေါက်ကြားတဲ့ပုံစံနဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့အနေအထားဟာ တိုင်းပြည် မတည်မငြိမ်ဖြစ် နေတယ်ဆိုတာကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှုအဖြစ်နဲ့ ယူဆသူတွေလည်း ရှိပါတယ်။ အွန်လိုင်းမှာပျံံ့နှံ့နေတဲ့ လျှို့ဝှက်ညွှန်ကြားချက်ထဲ -ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဘဲကလော့ဒုက္ခသည်စခန်းတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကနေ နေပြည်တော်မှာ ဖောက်ခွဲမှုလုပ်ဖို့ရက်သတ်မှတ်ခဲ့ကြတယ်ဆိုတဲ့ စာထဲ NCA အပစ်ရပ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နာမည်ကိုပါ ထည်သွင်းဖော်ပြချက် အပေါ်မှာ ရခိုင်အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် အခုလိုသုံးသပ်ပါတယ်။

“အခု ပျံ့နေတဲ့ ကိစ္စကတော့ KIA အဖွဲ့ရယ်၊ AA အဖွဲ့အပြင်ပေါ့လေ ဒီNCA လက်မှတ်ရေးထိုးထားတဲ့ KNU အဖွဲ့တွေပါ ပါနေတယ်ဆိုတဲ့အခါကျတော့ ဒီကိစ္စက တော်တော်လေးကို သုံးသပ်စရာတွေ ဖြစ်နေတယ်။ ဒါကိုဘယ်သူက ဘယ်လိုထုတ်ပြန်ပြီးတော့ ပြည်သူလူထုအတွင်းကို ပျံ့နှံ့ရောက်ရှိသွားတာလဲ ဆိုတာကလည်း သုံးသပ်စရာကောင်းတယ်။ အရင်ကတော့ စစ်အစိုးရ လက်ထက်မှာ လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးအရပေါ့နော် အာရုံလွှဲတယ်ဆိုတဲ့အနေအထားမျိုးလည်း ကျနော်တို့ သုံးသပ်စရာရှိတယ်။ အခုက တိုင်းပြည်မှာ မတည်ငြိမ်မှုတွေ ပိုပြီးတော့ ဖြစ်နေတယ်။ ဒီမတည်ငြိမ်မှုတွေကနေပြီးတော့ အကျိုးအမြတ်ထုတ်လိုတဲ့ နိုင်ငံရေးအရ အသုံးချလိုတဲ့ အင်အားစုတွေရှိတယ်ဆိုတာ အကဲဖြတ်လို့ရတယ်လို့ ကျနော့်အနေနဲ့ ရှုမြင်မိတယ်။”

မြန်မာနိုင်ငံမှာ လုံခြုံရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်နဲ့ ပြည်ထဲရေး နယ်လုံစတဲ့ ဌာနတွေဘက်က လုံခြုံရေးဆိုင်ရာ အချက်အလက်က ျိုးပေါက်မှုဖြစ်ခဲ့တယ်ဆိုရင် နေပြည်တော်အပါအဝင် မြို့ကြီးတွေရဲ့ လုံခြုံရေးအပေါ် မေးခွန်းထုတ်စရာဖြစ ်လာနေတယ်လို့လည်း သုံးသပ်ပါတယ်။
“ဒါတွေက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်လို့ သုံးသပ်ပါတယ်။ ဖောက်ခွဲရေးတွေလုပ်မယ် ဘာညာဆိုပြီးတော့ဗျာ အစိုးရဌာနဆိုင်ရာတွေကနေ စာတွေထွက်လာတဲ့ ပုံစံက ဒီလုံခြုံရေးသတင်းကို ဘယ်သူက ပေးတာလဲ။ ဒီတိုင်းပြည်မှာ အဓိက ၂၀၀၈ ဖွဲ့စည်းပုံအရ အုပ်ချုပ်နေတာက NLD အစိုးရလို့ ဆိုပေမယ့် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုပြီးတော့ အကြောင်းပြကိုင်ထားတဲ့ ပြည်ထဲရေးတို့၊ ကာကွယ်ရေးဌာနတို့ ၊ နယ်လုံဝန်ကြီးတို့ဆိုတာတွေက လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အဓိက သူတို့ကိုင်ထားတာဖြစ်တယ်။ ဒီ လုံခြုံရေးနဲ့ ပတ်သက်တဲ့သတင်းတွေ အကုန်လုံးကတော့ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ မြင်တယ်။ ဆိုတော့ ဒီလိုထွက်လာတဲ့ သတင်းတွေအရကနေပြီးတော့ ဒီစိုးရိမ်စရာတွေဖြစ်အောင်ဆိုပြီး ပိုပြီးမှ အကျယ်ချဲ့တယ်လို့ ကျနော်သုံးသပ်မိတယ်။”

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင်း တပ်၊ အတိုက်ခံပါတီနဲ့ အာဏာရပါတီတို့ကြား ထိပ်တိုက်ဖြစ်မှုတွေရဲ့ နောက်ဆက်တွဲမတည်မငြိမ်ဖြစ်တဲ့ အကျိုးဆက်တွေအဖြစ်လည်း ဦးထွန်းဇော်ကရှု့မြင်ပါတယ်။

“အထူးသဖြင့်ကတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော် ပြင်ဆင်ရေး လမ်းကြောင်းပေါ်မှာ တပ်နဲ့ အခု NLD အစိုးရနဲ့ အဆင်မပြေဘူး။ ထိပ်တိုက်တွေ့မှုတွေ ၊ ပွတ်တိုက်မှုတွေ ဖြစ်နေတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ အခြေခံ နိုင်ငံရေး ပြဿနာက ခြုံကြည့်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာပဲ။ ဖွဲ့စည်းပုံအခြေခံဆိုင်ရာဥပဒေ အကြပ်အတည်း ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်က အဲဒီအကျပ်အတည်းကနေပြီးတော့ ကျော်လွန်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှပဲ ရမယ်။ ကျနော်တို့အနေနဲ့ကတော့ ရိုးရိုးသားသားတော့ မဟုတ်ဘူး ၊ လူထုတွေကို ခြောက်လန့်ပြီးတော့ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် လုပ်ပြီး နိုင်ငံရေးထွက်ပေါက်ရှာလိုတဲ့ အင်အားစုတွေ ရှိနေတယ်လို့ အဲလိုပဲ သုံးသပ်မိပါတယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးသတိပေးချက်ထဲ တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြေရှိတဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့နေရာတွေမှာ အထူးသတိထား သွားလာကြဖို့ သတိပေးထားတာပါ။ ဒီအပေါ်မှာမန္တလေးမြို့ရဲ့ လုံခြုံရေးအနေအထားနဲ့ ဒေသခံတွေရဲ့စိုးရိမ်မှု အခြေအနေ ဘယ်လိုရှိပါသလဲဆိုတာကို မန္တလေးမြို့ခံ လူ့အခွင့်အရေး ရှေ့နေကြီး ဦးသိန်းသန်းဦးကတော့ စိုးရိမ်စရာမရှိတဲ့ ခြောက်လှန့်မှုသက်သက်အဖြစ်သာ ရှု့မြင်ကြောင်း အခုလိုပြောပါတယ်။

“ခြောက်လန့်လို့မရနိုင်ဘူး။ ကောလဟလတွေ သွေးခွဲရန်တိုက်တဲ့ကိစ္စတွေ ချောက်ချရန်တိုက်တာတွေ ဆရာကတော့ သိပ်ပြီးစိတ်မပူဘူး ။ အမေရိကန်နဲ့ ဗြိတိန်က ဘယ်အခြေခံ အချက်အလက်တွေပေါ် မူတည်ပြီး ထုတ်သလဲဆိုတာတော့ မပြောတတ်ဘူး။ တခုခုများ ဘယ်လိုအကြောင်းပြချက်နဲ့ လုပ်မယ်ဆိုရင်တော့ အင်မတန်ကြီးကျယ်တဲ့ တုံ့ပြန်ရမှာကြီး ဖြစ်သွားမှာပေါ့နော်။ ‘

နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်နိုင်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ဆိုပြီး ဗြိတိန်နိုင်ငံခြားရေးဌာနက ဗြိတိန်နိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံထဲမှာ ဘယ်နေရာပဲသွားသွား ခရီးသွားသတိရှိကြဖို့နဲ့ အခြေအနေတွေကို မျက်ခြေမပြတ်ဖို့လည်း နိုင်ငံတကာက တိုက်တွန်းထားကြတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလတုန်းက ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အသေးစားပေါက်ကွဲမှုတွေဖြစ်ပြီး လူအသေအပျောက်ရှိခဲ့ဖူးပါတယ်။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္္မာခရီးသြားသတိေပးခ်က္မ်ားနဲ႔ လံုၿခံဳေရးစိုးရိမ္ခ်က္ ျမန္္မာခရီးသြားသတိေပးခ်က္မ်ားနဲ႔ လံုၿခံဳေရးစိုးရိမ္ခ်က္ Reviewed by THITHTOOLWIN on 00:10 Rating: 5
Powered by Blogger.