ျမန္မာ့အေရးဆံုးျဖတ္ခ်က္ ကုလလူ႔အခြင့္အေရးေကာင္စီ မဲခဲြအတည္ျပဳ

ျမန္မာ့အေရးဆံုးျဖတ္ခ်က္ ကုလလူ႔အခြင့္အေရးေကာင္စီ မဲခဲြအတည္ျပဳ
ဒီကေန႔ က်င္းပတဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာေတာ့ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြနဲ႔ ျမန္မာႏို္င္ငံတြင္း လူနည္းစုလူမ်ိဳးေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္တဲ့ အဆိုျပဳ ဆံုးျဖတ္ခ်က္ကို မဲခဲြ အတည္ျပဳခဲ့ပါတယ္။ ျမန္မာအစိုးရကိုယ္စားလွယ္ဖက္ကေတာ့ ဒီ အဆိုျပဳခ်က္ကို ကန္႔ကြက္ခဲ့သလို၊ ဆံုးျဖတ္ခ်က္ေတြဟာ တဖက္သပ္ျဖစ္တဲ့သတင္းအခ်က္အလက္ေတြအေပၚ အေျခခံထားတယ္လို႔ ေခ်ပခဲ့ပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ျမန္မာ့အေရးဆံုးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ ကိုသားညြန္႔ဦး ေျပာျပမွာပါ။

ျမန္မာ့လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ဒီဆံုးျဖတ္ခ်က္မူၾကမ္းကိုေတာ့ အီးယူ ဥေရာပသမဂၢနဲ႔ OIC အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္မႈအဖဲြ႔တို႔ ပူးတဲြ တင္သြင္းတာျဖစ္ပါတယ္။ မဲခဲြ ဆံုးျဖတ္ရမွာေတာ့ ေထာက္ခံမဲ ၃၂ မဲ၊ ကန္႔ကြက္မဲ ၁၂ မဲ ၾကားေန ၇ မဲနဲ႔ ဆံုးျဖတ္ခ်က္မူၾကမ္းကို အတည္ျပဳလိုက္ပါတယ္။ ျမန္မာႏို္င္ငံတြင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို တာ၀န္ယူ တာ၀န္ခံဖို႔နဲ႔၊ ႏိုင္ငံတကာအေနနဲ႔လည္း ဒီအေပၚ မွ်တတဲ့ တရားစီရင္ေရးအျမန္ဆံုးျဖစ္လာဖို႔ တိုက္တြန္းေတာင္းဆိုထားတယ္လို႔ OIC အဖဲြ႔ ကိုယ္စားျပဳ ပါကစၥတန္ႏိုင္ငံ ကိုယ္စားလွယ္က မူၾကမ္းမဲမခဲြခင္မွာ အခုလို ေျပာဆိုတင္ျပခဲ့ပါတယ္။

“ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ တာ၀န္ရိွသူေတြအေပၚ မွ်တတဲ့ တရားစီရင္ေရးျဖစ္လာဖို႔ လိုအပ္တဲ့ ဥပေဒေၾကာင္းအရ အေရးယူေဆာင္ရြက္မႈေတြကို အျမန္လုပ္ေဆာင္ဖို႔ က်ေနာ္တုိ႔ ေတာင္းဆိုပါတယ္။ ရိုဟင္ဂ်ာမြတ္ဆလင္ေတြအေရးကိစၥကို လူသားခ်င္းစာနာမႈအေျခခံသက္သက္နဲ႔ ကိုင္တြယ္လို႔မရပါဘူး၊ သူတို႔ရဲ႕ေမြးရာပါ ႏိုင္ငံသားအခြင့္အေရးနဲ႔ပါ ေျဖရွင္း ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ ဒါကို ဒီ အဆိုျပဳခ်က္ထဲမွာ တိုက္တြန္းထားပါတယ္။”

ဒီ ဆံုးျဖတ္ခ်က္မူၾကမ္းကို ျမန္မာႏို္င္ငံဖက္ကေတာ့ ျပင္းျပင္းထန္ထန္ကန္႔ကြက္လိုက္ပါတယ္။ တဖက္သပ္ဆန္တဲ့ သတင္းအခ်က္အလက္ေတြ၊ မမွန္ကန္တဲ့သတင္းအခ်က္အလက္ေတြကို အေျခခံထားတဲ့ ကုလသမဂၢ အစီရင္ခံစာေပၚ မူတည္ၿပီးေတာ့ ဒီ ဆံုးျဖတ္ခ်က္ထြက္လာတဲ့အတြက္ ဒါကို လက္မခံႏိုင္ဘူးလို႔ ဂ်နီဗာ ကုလသမဂၢဌာနဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာဆိုတုံ႔ျပန္ပါတယ္။

“ အခု ဆံုးျဖတ္ခ်က္မူၾကမ္းဟာ ႏို္င္ငံေရးပေယာဂပါၿပီး စိတ္ပ်က္စရာေကာင္းတာမို႔ က်ေနာ္တို႔အေနနဲ႔ လံုး၀ကို ကန္႔ကြက္ ပယ္ခ်ပါတယ္။ ဘာေၾကာင့္ အခုလို ကန္႔ကြက္သလဲေျပာရရင္ ပထမဆံုး အခ်က္ကေတာ့ အခုလို ႏိုင္ငံတႏိုင္ငံခ်င္းကို ကြက္ၿပီး ဆံုးျဖတ္ခ်က္ေတြ ခ်ေနတဲ့အေပၚမွာ ျမန္မာႏိုင္ငံအေနနဲ႔ မူ အားျဖင့္ ကန္႔ကြက္ထားပါတယ္။”

ဒီ ဆံုးျဖတ္ခ်က္အေပၚ ကန္႔ကြက္တဲ့အထဲမွာ ျမန္မာ့အိမ္နီးခ်င္း တရုတ္ႏို္င္ငံလည္း ပါပါတယ္။ ႐ခိုင္အေရး ဒုကၡသည္အေရးေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာအေနနဲ႔ အျပဳသေဘာခ်ည္းကပ္သင့္ၿပီး၊ အခုလို ႏို္င္ငံတကာတရားရံုးမွာ စီရင္ဖို႔ ေျပာေနတာေတြဟာ တဖက္မွာ အဆိုးဘက္ကို ဦးတည္သြားႏိုင္တယ္လို႔ ေ၀ဖန္ပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ ရခိုင္အေရးမွာ အေျဖထြက္ေအာင္ အျပဳသေဘာေဆာင္ခ်ည္းကပ္ေနတယ္လို႔လည္း တရုတ္ကိုယ္စားလွယ္က ေျပာသြားပါတယ္။

“ တရုတ္၊ ဘဂၤလားေဒ့ရွ္၊ျမန္မာ ႏို္င္ငံျခားေရး၀န္ႀကီး သံုးပြင့္ဆိုင္ ေဆြးေႏြးပဲြကို တတိယ အႀကိမ္အျဖစ္နဲ႔ နယူးေယာက္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ကပဲ လုပ္ခဲ့ပါတယ္။ ဒုကၡသည္ေတြေနရပ္ျပန္ေရးနဲ႔ ရခိုင္အေရးနဲ႔ ပတ္သက္လို႔ ဒီ အစည္းအေ၀းကေန အခ်က္သံုးခ်က္ ရခဲ့ပါတယ္။ ဒုကၡသည္ေတြ ေစာလ်င္စြာ ေနရပ္ျပန္ေရးအတြက္ ႏိုင္ငံသံုးႏိုင္ငံလံုးရဲ႕ ႏိုင္ငံေရးစိတ္ဆႏၵရိွၾကပါတယ္။ ဒုကၡသည္ေတြျပန္ေရးကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ေဆာင္ရြက္္ဖို႔ ျမန္မာေရာ ဘဂၤလားေဒ့ရ္ွကပါ သေဘာတူထားပါတယ္။”

ေဒသတြင္းႏိုင္ငံလည္း ျမန္မာနဲ႔ ဆက္ဆံေရးနီးကပ္တဲ့ႏိုင္ငံတႏိုင္ငံျဖစ္တဲ့ ဂ်ပန္ႏို္င္ငံကေတာ့ ဒီဆံုးျဖတ္ခ်က္မူၾကမ္းကို အခ်ိန္ယူေလ့လာခြင့္မရတာေၾကာင့္ ၾကားေနအျဖစ္ မဲေပး ရပ္တည္ခဲ့ပါတယ္။ အခု ဆံုးျဖတ္ခ်က္မူၾကမ္းထဲမွာေတာ့ ျမန္မာႏို္င္ငံတြင္းက ႐ိုဟင္ဂ်ာမြတ္ဆလင္နဲ႕ လူနည္းစုေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ဆက္ရိွေနတယ္ဆိုတဲ့သတင္းေတြအေပၚမွာ စိုးရိမ္မကင္းျဖစ္ေၾကာင္း ေဖာ္ျပခဲ့သလို၊ ေနာက္ထပ္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ဟန္႔တားႏိုင္ဖို႕ရာ ၿပီးခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ လြတ္လပ္တဲ့ တရားေရးအရ အေရးယူဖို႔ တိုက္တြန္းထားပါတယ္။ ဒါ့အျပင္ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖဲြ႕ရဲ႕ အစီရင္ခံစာေတြကို ကုလသမဂၢအေထြေထြညီလာခံကို လဲႊေျပာင္း ေပးအပ္သြားဖို႔ကိုလည္း ဆံုးျဖတ္ထားပါတယ္။ ျမန္မာအစိုးရကိုလည္း ကုလသမဂၢရဲ႕ လူ႔အခြင့္အေရးစံုစမ္းေရးမွဴးေတြနဲ႔ တဲြလုပ္ဖို႔ တိုက္တြန္းထားပါတယ္။

ျမန္မာအစိုးရဖက္ကေတာ့ ကုလသမဂၢက နိုင္ငံတကာက သံုးႏႈန္းတဲ့ ႐ိုဟင္ဂ်ာဆိုတဲ့ စကားရပ္ကို လက္္မခံသလို၊ ကုလသမဂၢ လူ႔အခြင့္အေရးတာ၀န္ရိွသူေတြကိုလည္း ျမန္မာႏို္င္ငံတြင္း ေပးမ၀င္ခဲ့ပါဘူး။

...................

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ မဲခွဲအတည်ပြု


ဒီကနေ့ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာတော့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အဆိုပြု ဆုံးဖြတ်ချက်ကို မဲခွဲ အတည်ပြုခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ဖက်ကတော့ ဒီ အဆိုပြုချက်ကို ကန့်ကွက်ခဲ့သလို၊ ဆုံးဖြတ်ချက်တွေဟာ တဖက်သပ်ဖြစ်တဲ့သတင်းအချက်အလက်တွေအပေါ် အခြေခံထားတယ်လို့ ချေပခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦး ပြောပြမှာပါ။

မြန်မာ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကိုတော့ အီးယူ ဥရောပသမဂ္ဂနဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ ပူးတွဲ တင်သွင်းတာဖြစ်ပါတယ်။ မဲခွဲ ဆုံးဖြတ်ရမှာတော့ ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ ကြားနေ ၇ မဲနဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူ တာဝန်ခံဖို့နဲ့၊ နိုင်ငံတကာအနေနဲ့လည်း ဒီအပေါ် မျှတတဲ့ တရားစီရင်ရေးအမြန်ဆုံးဖြစ်လာဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့ OIC အဖွဲ့ ကိုယ်စားပြု ပါကစ္စတန်နိုင်ငံ ကိုယ်စားလှယ်က မူကြမ်းမဲမခွဲခင်မှာ အခုလို ပြောဆိုတင်ပြခဲ့ပါတယ်။

“ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအပေါ် မျှတတဲ့ တရားစီရင်ရေးဖြစ်လာဖို့ လိုအပ်တဲ့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုတွေကို အမြန်လုပ်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေအရေးကိစ္စကို လူသားချင်းစာနာမှုအခြေခံသက်သက်နဲ့ ကိုင်တွယ်လို့မရပါဘူး၊ သူတို့ရဲ့မွေးရာပါ နိုင်ငံသားအခွင့်အရေးနဲ့ပါ ဖြေရှင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ဒီ အဆိုပြုချက်ထဲမှာ တိုက်တွန်းထားပါတယ်။”

ဒီ ဆုံးဖြတ်ချက်မူကြမ်းကို မြန်မာနိုင်ငံဖက်ကတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။ တဖက်သပ်ဆန်တဲ့ သတင်းအချက်အလက်တွေ၊ မမှန်ကန်တဲ့သတင်းအချက်အလက်တွေကို အခြေခံထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာပေါ် မူတည်ပြီးတော့ ဒီ ဆုံးဖြတ်ချက်ထွက်လာတဲ့အတွက် ဒါကို လက်မခံနိုင်ဘူးလို့ ဂျနီဗာ ကုလသမဂ္ဂဌာနဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုတုံ့ပြန်ပါတယ်။

“ အခု ဆုံးဖြတ်ချက်မူကြမ်းဟာ နိုင်ငံရေးပယောဂပါပြီး စိတ်ပျက်စရာကောင်းတာမို့ ကျနော်တို့အနေနဲ့ လုံးဝကို ကန့်ကွက် ပယ်ချပါတယ်။ ဘာကြောင့် အခုလို ကန့်ကွက်သလဲပြောရရင် ပထမဆုံး အချက်ကတော့ အခုလို နိုင်ငံတနိုင်ငံချင်းကို ကွက်ပြီး ဆုံးဖြတ်ချက်တွေ ချနေတဲ့အပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ မူ အားဖြင့် ကန့်ကွက်ထားပါတယ်။”

ဒီ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့အထဲမှာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံလည်း ပါပါတယ်။ ရခိုင်အရေး ဒုက္ခသည်အရေးတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ အပြုသဘောချည်းကပ်သင့်ပြီး၊ အခုလို နိုင်ငံတကာတရားရုံးမှာ စီရင်ဖို့ ပြောနေတာတွေဟာ တဖက်မှာ အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လို့ ဝေဖန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရခိုင်အရေးမှာ အဖြေထွက်အောင် အပြုသဘောဆောင်ချည်းကပ်နေတယ်လို့လည်း တရုတ်ကိုယ်စားလှယ်က ပြောသွားပါတယ်။

“ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊မြန်မာ နိုင်ငံခြားရေးဝန်ကြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို တတိယ အကြိမ်အဖြစ်နဲ့ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ရက်ကပဲ လုပ်ခဲ့ပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လို့ ဒီ အစည်းအဝေးကနေ အချက်သုံးချက် ရခဲ့ပါတယ်။ ဒုက္ခသည်တွေ စောလျင်စွာ နေရပ်ပြန်ရေးအတွက် နိုင်ငံသုံးနိုင်ငံလုံးရဲ့ နိုင်ငံရေးစိတ်ဆန္ဒရှိကြပါတယ်။ ဒုက္ခသည်တွေပြန်ရေးကို ဖြစ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ဖို့ မြန်မာရော ဘင်္ဂလားဒေ့ရ်ှကပါ သဘောတူထားပါတယ်။”

ဒေသတွင်းနိုင်ငံလည်း မြန်မာနဲ့ ဆက်ဆံရေးနီးကပ်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်မူကြမ်းကို အချိန်ယူလေ့လာခွင့်မရတာကြောင့် ကြားနေအဖြစ် မဲပေး ရပ်တည်ခဲ့ပါတယ်။ အခု ဆုံးဖြတ်ချက်မူကြမ်းထဲမှာတော့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမွတ်ဆလင်နဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတယ်ဆိုတဲ့သတင်းတွေအပေါ်မှာ စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့သလို၊ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားနိုင်ဖို့ရာ ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လွတ်လပ်တဲ့ တရားရေးအရ အရေးယူဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေကို ကုလသမဂ္ဂအထွေထွေညီလာခံကို လွဲှပြောင်း ပေးအပ်သွားဖို့ကိုလည်း ဆုံးဖြတ်ထားပါတယ်။ မြန်မာအစိုးရကိုလည်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးစုံစမ်းရေးမှူးတွေနဲ့ တွဲလုပ်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရဖက်ကတော့ ကုလသမဂ္ဂက နိုင်ငံတကာက သုံးနှုန်းတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားရပ်ကို လက်မခံသလို၊ ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ရှိသူတွေကိုလည်း မြန်မာနိုင်ငံတွင်း ပေးမဝင်ခဲ့ပါဘူး။

သားၫြန္႔ဦး / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ့အေရးဆံုးျဖတ္ခ်က္ ကုလလူ႔အခြင့္အေရးေကာင္စီ မဲခဲြအတည္ျပဳ ျမန္မာ့အေရးဆံုးျဖတ္ခ်က္ ကုလလူ႔အခြင့္အေရးေကာင္စီ မဲခဲြအတည္ျပဳ Reviewed by THITHTOOLWIN on 00:12 Rating: 5
Powered by Blogger.