မော်လမြိုင်နှင့် လမိုင်းမြို့တို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀၀ ခန့် ပျက်စီး


မော်လမြိုင် စက်တင်ဘာ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်တင်ဘာ ၂ ရက် ည ၁၀ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက် များဖြစ်သော ဖက်တန်းရပ်ကွက်တွင် ၇၃ အိမ်၊ အောက်ကျင်း ရပ်ကွက်တွင် ၅၉ အိမ်၊ ကျိုက်ဖနဲရပ်ကွက်တွင် ၁၄၇ အိမ်၊ ရွှေမြိုင်သီရိရပ်ကွက်တွင် ၁၈၅ အိမ်၊ ဇေယျာသီရိရပ်ကွက်တွင် ၇၈ အိမ်၊ လှိုင်ရပ်ကွက်တွင် ၃၃ အိမ်၊ ညောင်ပင်ဆိပ်ရပ်ကွက်တွင် နှစ်အိမ် စုစုပေါင်း ၅၇၇ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလူနေအိမ်များအပြင် အ.ထ.က(၈)၊ အ.လ.က (၁)၊ အ.ထ.က(ခွဲ)၊ အ.လ.က(၃)၊ အ.မ.က(ဇေယျာသီရိ)၊ အ.မ.က(ထန်းပင်ကုန်း)နှင့် အ.မ.က(ဝတ်သစ်) ကျောင်းများ တွင် ကျောင်းဆောင်အမိုးများလန်ခြင်း၊ မျက်နှာကြက်နှင့် ဒိုင်းများပျက်စီးခြင်း၊ ပြတင်းပေါက်မှန်များကွဲခြင်း၊ ပရိဘောဂ များ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးဦးစီး ဌာနမှ သိရသည်။
အလားတူ လမိုင်းမြို့၌ ယမန်နေ့ ည ၉ နာရီခန့်က လေဆင် နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် မြို့မ(၁)ရပ်ကွက် ရဲစခန်းဝင်းတွင် သစ်ပင်ကြီးများ ပြိုလဲကျခြင်း၊ မြို့မ(၁)ရပ်ကွက် ကျိုက်ဇူ ဘုရားဝင်းတွင် သွပ်အမိုးများ ပျက်စီးလွင့်ပါခြင်း၊ မော့ကနင် ကျေးရွာ ကားဆိပ်ပိုင်းတွင် လူနေအိမ် ၃၉ လုံး သွပ်အမိုးများ လွင့်စဉ်ခြင်း၊ မော့ကနင်ကျေးရွာ အလက(ခွဲ)တွင် သွပ်အမိုးများ လွင့်စဉ်ခဲ့ကြောင်း သိရသည်။

လေဘေးအန္တရာယ် ကျရောက်ခဲ့သော ရပ်ကွက်များ၊ ကျောင်းများသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများက သွားရောက်၍ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ရှင်းလင်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး အရေးပေါ်လိုအပ်ချက်များ ဆောင် ရွက်ပေးခဲ့ကာ ဘေးဒဏ်သင့်ပြည်သူများအား အမြန်ဆုံး ထောက်ပံ့ကူညီပေးနိုင်ရေး စီစဉ် ညွှန်ကြားခဲ့ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မော်လမြိုင်နှင့် လမိုင်းမြို့တို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀၀ ခန့် ပျက်စီး မော်လမြိုင်နှင့် လမိုင်းမြို့တို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၀၀ ခန့် ပျက်စီး Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.