အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ် တစ်ဘက်ယာဉ်ကြောမှ ယာဉ်အားတိုက်မိ၍ လူသေဆုံးမှုဖြစ်ပွား


ကျိုက်ထို စက်တင်ဘာ ၎

ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာတွင် စက်တင်ဘာ ၃ ရက် ညနေ ၃နာရီခန့်၌ အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ်မှတစ်ဘက်ယာဉ်ကြောမှ ယာဉ်အား ဝင်ရာက်တိုက်မိ၍ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး ထွန်းအေးသိန်း ကျိုက်ထိုမြို့မရဲစခန်းမှ ဒုရဲအုပ်ယဉ်ယဉ်လှိုင်နှင့်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ ကင်မွန်းချောင်း ကျေးရွာဘက်မှ ကျိုက်ထို ဘက်သို့နေလင်းအောင် (၃၆)နှစ် ဇေယျာမွန် ရပ်ကွက် ကျိုက်ထိုမြို့နေသူ မောင်းနှင်ပြီး နောက်တွင် ကတုံး(ခ)သန်းဇော်ထွန်း (၃၉)နှစ် မြောက်ပိုင်းရပ်ကွက်နေသူတို့ စီးနင်းလာသည့် Kenbo အမျိုးအစား အနက်ရောင်ဆိုင်ကယ်မှာ ကင်မွန်းချောင်း ကားလမ်း တောင်ကလေးကျေးရွာ ဗျာဒိတ်တော်ကွေ့ အရောက်၌အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ကျိုက်ထိုဘက်မှ ကင်မွန်းချောင်းကျေးရွာဘက်သို့ နိုင်လင်းအောင် ကော့စံနိုင် ရပ်ကွက်နေသူမောင်းနှင်လာသည့် 4E/----- NISSAN VANETTE အဖြူရောင် ယာဉ်အား ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်း နေလင်းအောင်နှင့် ကတုံး(ခ)သန်းဇော်ထွန်း တို့မှာအခင်းဖြစ်နေရာ၌ သေဆုံးပြီး ယာဉ်ပေါ်ပါ ဒေါ်စန်းစန်းဝင်း နှင့် ဝင်းနန္ဒာခိုင်တို့မှာ ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းမှသေဆုံးသူ နေလင်းအောင် အား အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ် တစ်ဘက်ယာဉ်ကြောမှ ယာဉ်အားတိုက်မိ၍ လူသေဆုံးမှုဖြစ်ပွား အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ် တစ်ဘက်ယာဉ်ကြောမှ ယာဉ်အားတိုက်မိ၍ လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.