ျမန္မာကိုယ္စားလွယ္ ကုလ ညီလာခံ မိန္႔ခြန္းေျပာမည္


အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး မေန႔ ေသာၾကာေန႔မွာ ေယဘုယ်သေဘာ ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီေန႔မွာလည္း ျမန္မာကုိယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ျမန္မာႏုိင္ငံကိုယ္စား အေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာဖုိ႔ ရွိပါတယ္။ ကုလသမဂၢ အေထြေထြ ညီလာခံမွာ သတင္းယူဖို႔ ေရာက္ေနတဲ့ ဗြီအုိေအ ဝုိင္းေတာ္သား ကိုေက်ာ္ေက်ာ္သိန္းကုိ ညီလာခံရဲ႕ ဒီေန႔အေျခအေနနဲ႔ ပတ္သက္ၿပီး ေမးၾကည့္ေတာ့ သူက အခုလိုေျပာပါတယ္။

ကုိေက်ာ္ေက်ာ္သိန္း - ဒီေန႔ကေတာ့ ျမန္မာကုိယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္ေပါ့ေလ၊ ျမန္မာႏုိင္ငံကို ကုိယ္စားျပဳၿပီး တက္ေရာက္ေနတဲ့ ျမန္မာကုိယ္စားလွယ္ အဖြဲ႔ထဲက ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ျမန္မာႏုိင္ငံကို ကုိယ္စားျပဳၿပီးေတာ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ဒီေန႔မိန္႔ခြန္းေျပာဖို႔ ရွိပါတယ္။ ဒီေန႔ဆုိတဲ့ ေနရာမွာ အေမရိကန္စံေတာ္ခ်ိန္ ေန႔လယ္ေစာင္းပိုင္း ျဖစ္မယ္လို႔ ထင္ပါတယ္။ အစီအစဥ္ အရကေတာ့ ညေန သိပ္မေစာင္းခင္ေပါ့ေလ။ အဲဒီအခ်ိန္မွာ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ မိန္႔ခြန္းေျပာပါလိမ့္မယ္။

ၿပီးခဲ့တဲ့ရက္ေတြမွာလည္း ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အေထြေထြညီလာခံ မိန္႔ခြန္းေတြထဲမွာ မေလးရွားဝန္ႀကီးခ်ဳပ္၊ ေသာၾကာေန႔ကဆုိရင္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ စသည္အားျဖင့္ ျမန္မာႏုိင္ငံက အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာဆုိသြားတာေတြ ရွိတဲ့အခါၾကေတာ့ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြကလည္း ျမန္မာႏုိင္ငံဘက္က ရပ္တည္ခ်က္ကို ေျပာမယ္လို႔ ေမွ်ာ္လင့္လုိ႔ ရပါတယ္။

နန္းေလာဝ္ - အဲေတာ့ ဦးေက်ာ္တင့္ေဆြ ေျပာမယ့္ မိန္႔ခြန္းမွာေရာ ဘာေတြေျပာမယ္လို႔ ခန္႔မွန္းလို႔ရပါသလဲ။

ကိုေက်ာ္ေက်ာ္သိန္း - အၾကမ္းဖ်င္း ခန္႔မွန္းၾကည့္ရတာကေတာ့ ၿပီးခဲ့တဲ့ ရက္ပုိင္းေတြက တျခားေခါင္းေဆာင္ေတြ ေျပာတဲ့ မိန္႔ခြန္းေတြထဲမွာ ျမန္မာႏုိင္ငံအေပၚကို၊ အထူးသျဖင့္ေတာ့ ႐ုိဟင္ဂ်ာဒုကၡသည္အေရးေပ့ါေလ၊ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ကုိင္တြယ္ေျဖရွင္းဖို႔ ျမန္မာအစုိးရကုိ ဖိအားေပး ေျပာဆုိတာေတြ ရွိတဲ့အခါၾကေတာ့ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ အေနနဲ႔ ျမန္မာႏုိင္ငံဘက္က လက္ရွိ လုပ္ေဆာင္ေနတာေတြ၊ ကုလသမဂၢ အပါအဝင္ ဘဂၤလားေဒ့ရွ္နဲ႔ေရာ တျခား ႏုိင္ငံတကာ၊ အာဆီယံ စသည္အားျဖင့္ ပူးေပါင္းလုပ္ေဆာင္ေနတာေတြကုိ ထည့္သြင္း ေျပာဆုိမယ္လို႔ ခန္႔မွန္းရပါတယ္။ ျမန္မာႏုိင္ငံဘက္က ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး ျပင္ဆင္ထားတာေတြကို ထည့္သြင္းေျပာဆုိမယ္လို႔ ခန္႔မွန္းရပါတယ္။

လက္ရွိက ႏုိင္ငံတကာ မ်က္ႏွာစာမွာ ဒုကၡသည္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံအေနနဲ႔က သံတမန္ေရးပုိင္းမွာ အနည္းငယ္ အားနည္းေနတဲ့ပုံ ရွိတဲ့အခါၾကေတာ့ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ အေနနဲ႔ ဘယ္ေလာက္ ခုိင္ခုိင္မာမာ အားေကာင္းေကာင္း ျပန္လည္ေခ်ပ ေျပာဆုိႏုိင္မယ္ ဆုိတာကိုေတာ့ က်ေနာ္တုိ႔ မိန္႔ခြန္းထဲမွာပဲ ေစာင့္ၾကည့္ရမွာပါ။ ဒီေနရာမွာ အထူးေျပာဖုိ႔ လိုတာကေတာ့ ျမန္မာအစုိးရ အေနနဲ႔က ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကို လက္ခံမထားပါဘူး။ ျမန္မာအစုိးရ အေနနဲ႔ကေတာ့ ရခုိင္ျပည္နယ္ေျမာက္ပုိင္းက မြတ္စလင္လူနည္းစုလုိ႔ တရားဝင္ ေျပာဆုိသုံးစြဲပါတယ္။ ႐ုိဟင္ဂ်ာဆုိတာကို ျမန္မာအစိုးရ အေနနဲ႔ တရားဝင္ လက္ခံထားျခင္း မရွိဘူးဆုိတာကုိေတာ့ အထူးေျပာဖုိ႔ လိုပါလိမ့္မယ္။

နန္းေလာဝ္ - ကုလညီလာခံ က်င္းပေနတဲ့ အနီးတဝုိက္မွာ မေန႔ကေတာ့ လုံၿခဳံေရးေတြ အထူးတင္းက်ပ္ထားတယ္လို႔ သိရပါတယ္။ ဒီေန႔လုံၿခဳံေရး အေျခအေနကေရာ ဘယ္လိုရွိပါသလဲရွင့္။

ကိုေက်ာ္ေက်ာ္သိန္း - ေသာၾကာေန႔ ညေနပုိင္း ကုလသမဂၢ အေထြေထြညီလာခံ က်င္းပတဲ့ ကုလသမဂၢ႐ုံးခ်ဳပ္နား ေရာက္တဲ့အခ်ိန္မွာေတာ့ အေတာ္ကုိ လုံၿခဳံေရး တင္းက်ပ္ပါတယ္။ ရဲအင္အားလည္း ေတာ္ေတာ္ ထူထူထဲထဲ ခ်ထားတယ္။ လမ္းပိတ္ထားတာလည္း ေတာ္ေတာ္ကိုမ်ားပါတယ္။ အရင္ႏွစ္ေတြကထက္ေတာင္ ပိုမ်ားတယ္၊ လုံၿခဳံေရး ပိုတင္းက်ပ္တယ္လို႔ ေျပာလုိ႔ရပါတယ္။ ဒီေန႔ စေန မနက္ပုိင္းမွာကေတာ့ လမ္းေတြလည္း ျပန္ဖြင့္ေနတဲ့ပုံရွိပါတယ္။ အကာအရံ အတားအဆီးေတြလည္း ျပန္ၿပီးေတာ့ ဖယ္ေနတာ ေတြ႔ရပါတယ္။ ျဖစ္ႏုိင္တာကေတာ့ ၿပီးခဲ့တဲ့ရက္ေတြမွာ ကမၻာ့အထင္ကရ ေခါင္းေဆာင္ႀကီးေတြေပါ့ေလ၊ ႏုိင္ငံႀကီးေတြက ေခါင္းေဆာင္ေတြ မိန္႔ခြန္းေျပာၿပီးသြားတဲ့ အခါၾကေတာ့ လုံၿခဳံေရး အတန္ငယ္ ျပန္ၿပီးေတာ့ ေလွ်ာ့လုိက္တဲ့သေဘာမ်ဳိး က်ေနာ္ ေတြ႔ရပါတယ္ဗ်။

----------------------------

(Unicode)

မြန်မာကိုယ်စားလှယ် ကုလ ညီလာခံ မိန့်ခွန်းပြောမည်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မနေ့ သောကြာနေ့မှာ ယေဘုယျသဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့မှာလည်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံကိုယ်စား အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းကို ညီလာခံရဲ့ ဒီနေ့အခြေအနေနဲ့ ပတ်သက်ပြီး မေးကြည့်တော့ သူက အခုလိုပြောပါတယ်။

ကိုကျော်ကျော်သိန်း - ဒီနေ့ကတော့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ပေါ့လေ၊ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ထဲက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီနေ့မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ဒီနေ့ဆိုတဲ့ နေရာမှာ အမေရိကန်စံတော်ချိန် နေ့လယ်စောင်းပိုင်း ဖြစ်မယ်လို့ ထင်ပါတယ်။ အစီအစဉ် အရကတော့ ညနေ သိပ်မစောင်းခင်ပေါ့လေ။ အဲဒီအချိန်မှာ ဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောပါလိမ့်မယ်။

ပြီးခဲ့တဲ့ရက်တွေမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အထွေထွေညီလာခံ မိန့်ခွန်းတွေထဲမှာ မလေးရှားဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ သောကြာနေ့ကဆိုရင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် စသည်အားဖြင့် မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုသွားတာတွေ ရှိတဲ့အခါကြတော့ ဝန်ကြီး ဦးကျော်တင့်ဆွေကလည်း မြန်မာနိုင်ငံဘက်က ရပ်တည်ချက်ကို ပြောမယ်လို့ မျှော်လင့်လို့ ရပါတယ်။

နန်းလောဝ် - အဲတော့ ဦးကျော်တင့်ဆွေ ပြောမယ့် မိန့်ခွန်းမှာရော ဘာတွေပြောမယ်လို့ ခန့်မှန်းလို့ရပါသလဲ။

ကိုကျော်ကျော်သိန်း - အကြမ်းဖျင်း ခန့်မှန်းကြည့်ရတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တခြားခေါင်းဆောင်တွေ ပြောတဲ့ မိန့်ခွန်းတွေထဲမှာ မြန်မာနိုင်ငံအပေါ်ကို၊ အထူးသဖြင့်တော့ ရိုဟင်ဂျာဒုက္ခသည်အရေးပေ့ါလေ၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရကို ဖိအားပေး ပြောဆိုတာတွေ ရှိတဲ့အခါကြတော့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အနေနဲ့ မြန်မာနိုင်ငံဘက်က လက်ရှိ လုပ်ဆောင်နေတာတွေ၊ ကုလသမဂ္ဂ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ရော တခြား နိုင်ငံတကာ၊ အာဆီယံ စသည်အားဖြင့် ပူးပေါင်းလုပ်ဆောင်နေတာတွေကို ထည့်သွင်း ပြောဆိုမယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ပြင်ဆင်ထားတာတွေကို ထည့်သွင်းပြောဆိုမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိက နိုင်ငံတကာ မျက်နှာစာမှာ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့က သံတမန်ရေးပိုင်းမှာ အနည်းငယ် အားနည်းနေတဲ့ပုံ ရှိတဲ့အခါကြတော့ ဝန်ကြီး ဦးကျော်တင့်ဆွေ အနေနဲ့ ဘယ်လောက် ခိုင်ခိုင်မာမာ အားကောင်းကောင်း ပြန်လည်ချေပ ပြောဆိုနိုင်မယ် ဆိုတာကိုတော့ ကျနော်တို့ မိန့်ခွန်းထဲမှာပဲ စောင့်ကြည့်ရမှာပါ။ ဒီနေရာမှာ အထူးပြောဖို့ လိုတာကတော့ မြန်မာအစိုးရ အနေနဲ့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားပါဘူး။ မြန်မာအစိုးရ အနေနဲ့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်လူနည်းစုလို့ တရားဝင် ပြောဆိုသုံးစွဲပါတယ်။ ရိုဟင်ဂျာဆိုတာကို မြန်မာအစိုးရ အနေနဲ့ တရားဝင် လက်ခံထားခြင်း မရှိဘူးဆိုတာကိုတော့ အထူးပြောဖို့ လိုပါလိမ့်မယ်။

နန်းလောဝ် - ကုလညီလာခံ ကျင်းပနေတဲ့ အနီးတဝိုက်မှာ မနေ့ကတော့ လုံခြုံရေးတွေ အထူးတင်းကျပ်ထားတယ်လို့ သိရပါတယ်။ ဒီနေ့လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိပါသလဲရှင့်။

ကိုကျော်ကျော်သိန်း - သောကြာနေ့ ညနေပိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပတဲ့ ကုလသမဂ္ဂရုံးချုပ်နား ရောက်တဲ့အချိန်မှာတော့ အတော်ကို လုံခြုံရေး တင်းကျပ်ပါတယ်။ ရဲအင်အားလည်း တော်တော် ထူထူထဲထဲ ချထားတယ်။ လမ်းပိတ်ထားတာလည်း တော်တော်ကိုများပါတယ်။ အရင်နှစ်တွေကထက်တောင် ပိုများတယ်၊ လုံခြုံရေး ပိုတင်းကျပ်တယ်လို့ ပြောလို့ရပါတယ်။ ဒီနေ့ စနေ မနက်ပိုင်းမှာကတော့ လမ်းတွေလည်း ပြန်ဖွင့်နေတဲ့ပုံရှိပါတယ်။ အကာအရံ အတားအဆီးတွေလည်း ပြန်ပြီးတော့ ဖယ်နေတာ တွေ့ရပါတယ်။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ရက်တွေမှာ ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးတွေပေါ့လေ၊ နိုင်ငံကြီးတွေက ခေါင်းဆောင်တွေ မိန့်ခွန်းပြောပြီးသွားတဲ့ အခါကြတော့ လုံခြုံရေး အတန်ငယ် ပြန်ပြီးတော့ လျှော့လိုက်တဲ့သဘောမျိုး ကျနော် တွေ့ရပါတယ်ဗျ။

ေက်ာ္ေက်ာ္သိန္း/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာကိုယ္စားလွယ္ ကုလ ညီလာခံ မိန္႔ခြန္းေျပာမည္ ျမန္မာကိုယ္စားလွယ္ ကုလ ညီလာခံ မိန္႔ခြန္းေျပာမည္ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.